Stay at Home ကြေညာထားသည့် မြို့နယ်များမှ အခြေခံပညာကျောင်းများနှင့်ရာဂါဖြစ်ပွားမှုများနေသည့် ကျောင်းများကို ခေတ္တယာယီပိတ်ထား

 721

ပုံစာ- ခေတ္တယာယီပိတ်ထားသည့် လှည်းကူးမြို့နယ်ရှိ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း

NP News - ဇွန် ၁၈
Stay at Home ကြေညာထားသည့် မြို့နယ်များမှ အခြေခံပညာပညာကျောင်းများနှင့် ရောဂါဖြစ်ပွားမှုများပြားနေသည့် ကျောင်းများကို ခေတ္တယာယီပိတ်ထားကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၈ ရက်တွင် ပြောသည်။

လက်ရှိအချိန်တွင် Stay at Home ကြေညာထားသည့် မြို့နယ်များနှင့် ရောဂါဖြစ်ပွားမှုများခဲ့သည့် အခြေခံပညာပညာကျောင်းများဖြစ်သည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လက်ပံတန်းကျောင်း၊ ဖြူးမြို့နယ်ရှိ ဘုရားလဟာ အထက်တန်းကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်ရှိ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းတို့ကို ခေတ္တယာယီပိတ်ထားပြီး ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနှနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ပြည်ပနိုင်ငံများမှ COVID-19 ရောဂါ နိုင်ငံအတွင်း ကူးစက်ဝင်ရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် ပြည်ပမှ ဝင်ရောက်လာသူများမှတဆင့် အခြားသူများသို့ ကူးစက်မှုမရှိစေရေး နှင့် COVID-19 ရောဂါအတည်ပြုလူနာ၏ အနီးကပ်ထိတွေ့သူများကို အသွားအလာ (၁ဝ) ရက် ကန့်သတ်ထား၍ (၃) ရက်နှင့် (၇) ရက်မြောက်တို့တွင် ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်သည်ဟုဆိုသည်။

ရောဂါဖြစ်ပွားမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာသည့် မြို့နယ်များကို နေအိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် ထည့်သွင်း၍ မြို့နယ်အတွင်းနှင့် အခြားမြို့နယ်များသို့ ကူးစက်မှုမရှိစေရန် ကာကွယ်ထိန်းချုပ်လျက်ရှိကာ ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော တနင်္သာရီတိုင်းဒေသကြီးမှ အခြားပြည်နယ်၊ တိုင်းဒေသကြီးများသို့ ခရီးထွက်ခွာမည့်သူများကိုလည်း COVID – 19 ရောဂါမရှိမှသာ ခရီးသွားလာရန် ခွင့်ပြုမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသနှင့် ဆက်စပ်နေသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 ရောဂါစစ်ဆေးခြင်းအား PCR နည်းပညာနှင့် စစ်ဆေးနိုင်သော Gene-X-pert စက်များဖြင့် စစ်ဆေးနိုင်ရန် ဆောင်ရွက်ထားသည့်အပြင် မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ လှူဒါန်းသော MA-6000 PCR Analyzer စက်တပ်ဆင်ခြင်း၊ မော်လမြိုင်မြိုကတွှု် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်သည်ဟု သတင်းထုတ်ပြန်ထား သည်။

#NPNews

Related news

© 2021. All rights reserved.