မြန်မာအပေါ်ချမှတ်တဲ့ဆုံးဖြတ်ချက်အသစ်အတွက် အိန္ဒိယ၊ ရုရှား၊ တရုတ်၊ ဘင်္ဂလားဒေရှ့်နဲ့ အာရှနိုင်ငံအများစုက ကုလသမဂ္ဂကို ပြစ်တင်ဝေဖန်

 1926

ဂျန်ဇက် (NP News) - ဇွန် ၂၀

မြန်မာနိုင်ငံအပေါ် ဇွန်လ ၁၉ ရက်နေ့ကချမှတ်ခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးဆုံးဖြတ်ချက် အသစ်ကိုကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ရုရှားနဲ့တရုတ်တို့အပြင် ဘင်္ဂလားဒေရှ်နိုင်ငံလည်းပါဝင်တဲ့ အာရှဒေသနိုင်ငံအများစုက အပြစ်တင်ဝေဖန်လိုက်ကြောင်းသိရပါတယ်။

မြန်မာအရေးနဲ့ပတ်သက်တဲ့ကုလသမဂ္ဂအစည်းအဝေးဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း (၁၁၉)နိုင်ငံက ထောက်ခံခဲ့ပြီး ဘီလာရုစ်နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကာ ရုရှား၊တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ဘင်္ဂလားဒေရှ့်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း(၃၆)နိုင်ငံက မဲမပေးဖို့ဆုံးဖြတ် ခဲ့ကြောင်းသိရပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်က " မြန်မာ အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအစည်းဝေးဆုံးဖြတ်ချက်အသစ်ဟာ အိမ်နီးချင်းနိုင်ငံ
တွေ၊ ဒေသအတွင်းနိုင်ငံတွေနဲ့ တိုင်ပင်မှုမရှိဘဲ အလျင်စလိုနိုင်လွန်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့သဘောထားအမြင်တွေ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ပါဝင်တာမျိုးမရှိခဲ့ဘူး။ အိန္ဒိယနိုင်ငံအနေနဲ့မြန်မာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့အစည်းအဝေးဆုံးဖြတ်ချက် ချမှတ်မှုကိုယုံကြည်မှုမရှိပါဘူး။ ကူညီရာမရောက်တဲ့ဆုံးဖြတ်ချက်မျိုး ဖြစ်တယ်။ အဲဒီကုလသမဂ္ဂရဲ့ဆုံးဖြတ်ဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အဖြေရအောင် အာဆီယံရဲ့ကြိုးပမ်းမှုတွေကို တန်ပြန်သက်ရောက်မှုတွေဖြစ်လာနိုင်တယ် " လို့ ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ် T.S. Tirumurti က မြန်မာအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ
အစည်းအဝေးဆုံးဖြတ်ချက်ကိုချမှတ်ရမှာ အိမ်နီးချင်း နိုင်ငံတွေ၊ဒေသအတွင်းရှိနိုင်ငံတွေ
အပြင် မြန်မာနဲ့နီးစပ်မှုရှိတဲ့နိုင်ငံများနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးကိုသာ အားပေး
ထောက်ခံကြောင်း၊ အဲဒီကုလသမဂ္ဂဆုံးဖြတ်ချက်အသစ်ဟာ အိမ်နီးချင်းနိုင်ငံတွေ
ဒေသအတွင်းနိုင်ငံတွေရဲ့အားပေးထောက်ခံမှုမရှိကြောင်း အတိအလင်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေရ်ှ့နိုင်ငံရဲ့ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် RababFatima ကမြန်မာအရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက် အသစ်ကို အလွန်အမင်းစိတ်ပျက်မိကြောင်း၊ အဲဒီဆုံးဖြတ်ချက်အသစ်ဟာ မျှော်လင့်ချက်
တွေကိုဝေးကွာခဲ့သလိုဖြစ်ခဲ့ရကြောင်း ဆိုပါတယ်။ကုလသမဂ္ဂဆိုင်ရာ ရုရှား ဒုတိယအမြဲတမ်း ကိုယ်စားလှယ်က မြန်မာအရေးနဲ့ပတ်သက်ပြီးချမှတ်တဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက် အသစ်ဟာ နိုင်ငံရေးသဘောပါဝင်နေပြီး တဖက်စောင်းနင်းဘက်လိုက်မှုတွေရှိနေကြောင်း ဝေဖန်
ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုတိယအမြဲတမ်းကိုယ်စားလှယ် Polyanskiy က " ဆုံးဖြတ်ချက်မှာပါတဲ့အကြောင်းအရာတွေကို ဆွေးနွေးရမယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ရေးသားသူဟာ မျှတတဲ့ချဉ်းကပ်မှုမျိုးမရှိတဲ့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်နေတဲ့
ဖြစ်ရပ်မှန်များရဲ့သဘောသဘာဝ၊ အခက်အခဲအရှုပ်အထွေးတွေကို နားလည်နိုင်စွမ်းရှိတဲ့ သင့်လျော်တဲ့ပုံစံမျိုးမပြနိုင်ဘူး။ ဆုံးဖြတ်ချက်မူကြမ်းရေးသားသူဟာ နိုင်ငံအချို့ရဲ့ ဦးစားပေးလိုတဲ့အကြောင်းအရာတွေကို တွန်းအားပေးလုပ်ဆောင်ထားတယ်။
အဲဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာ လက်တွေ့အမှန်တရားနဲ့ကွဲပြားနေတာတွေရှိနေတဲ့အပြင် ဘက်လိုက်မှုအချို့လည်း ပါဝင်နေတယ်။ ဒါ့အပြင် ဆုံးဖြတ်ချက်မူကြမ်းထဲမှာ
နိုင်ငံအချို့ဖြစ်လိုတဲ့ နိုင်ငံရေးသဘောဆန်တဲ့အကြောင်းအရာတွေ ပါဝင်နေတယ် " လို့ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ပြသနာကို ဖြေရှင်းရေးဟာ အရာရာလိုက်လံပိတ်ဆို့တားမြစ်ခြင်းတွေ၊ ကန့်သတ်ရှုတ်ချခြင်းတွေအပါအဝင် မြေပြင်အရှိတရာအပေါ်အခြေခံမခံတဲ့ လုပ်ဆောင်မှုမျိုး၊ ုဆုံးဖြတ်ချက်မျိုးတွေသာ လုပ်ဆောင်နေရင် ဒါဟာ ကူညီရာမရောက်ဘဲ မြန်မာနိုင်ငံကို တည်ငြိမ်တဲ့နိုင်ငံတစ်ခုမဖြစ်စေဘဲ ပျက်စီးယိုယွင်းသွားအောင် ရည်ရွယ်ချက်ရှိရှိ ဝိုင်းဝန်းဖျက်ဆီးပစ်နေတာပဲ ဖြစ်သွားနိုင်တယ်လို့ အာရှနိုင်ငံအများစုက တူညီစွာရှုမြင်လာကြပါတယ်။

Related news

© 2021. All rights reserved.