အိန္ဒိယသာမက ဂျပန်ကလည်း မြန်မာနိုင်ငံအပေါ် တရုတ်က အပြည့်အဝသြဇာလွှမ်မိုးသွားမှာ စိုးရိမ်နေ
735
ရောင်နီ (NP News) - ဇွန် ၂၃
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူရာပေါင်းများစွာသည် ရန်ကုန်ရှိ ဂျပန်သံရုံးအပြင်ဘက်တွင်စုရုံးကြဆန္ဒပြသည့်အခါ ဂျပန်သံအမတ် Ichiro Maruyama သည် အစိုးရမှ ပြင်းထန်သောသတိပေးချက်ဖြင့် ထိန်းသိမ်းထားသော အရပ်သားခေါင်းဆောင်များ
အား ချက်ချင်းလွှတ်ပေးရန် စစ်တပ်ကိုတောင်းဆိုခဲ့သည်။
ဒီမိုကရေစီလိုလားသူ ဆန္ဒပြသူများက တပ်မတော်ဟုလူသိများသော မြန်မာစစ်တပ်အား ဖိအားပေးရန် ဂျပန်က ခိုင်မာသည့် အရေးယူဆောင်ရွက်မှု ပြုလိမ့်မည်ဟု မျှော်လင့်ခဲ့ကာ လက်ခုပ်သြဘာပေးခဲ့သည်။ သို့သော် ထိုအချိန်ကတည်းက ဂျပန်သည် ပိတ်ဆို့အရေးယူမှုများ ( Boycott ) ချမှတ်ရန် သို့မဟုတ် ဆက်လက်ဆောင်ရွက်နေကြသော အခြေခံစီမံကိန်းများကို ရပ်ဆိုင်းရန် တောင်းဆိုမှုများကို ငြင်းပယ်ခဲ့ပါသည်။ ပြောရမည်ဆိုလျှင် စစ်အစိုးရနှင့် လူသားချင်းစာနာမှုဆိုင်ရာ မဟုတ်သည့် သဘောတူညီမှုအသစ်များ မလုပ်ဆောင်ကာ ရှောင်ရှားနေခြင်း ဖြစ်သည်။ အချို့သြဇာရှိသည့် ဂျပန်အကြီးအကဲ တစ်ချို့မှာပင်လျှင် စစ်အစိုးရကိုလက်ခံလိုသည့် အရိပ်အယောင်များ မြင်နေရသည်။ ဂျပန်ထိပ်တန်းနိုင်ငံရေး သမားများနှင့် စီးပွားရေးခေါင်းဆောင်များ ပါဝင်သည့် ဂျပန် - မြန်မာ အစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူး Yusuke Watanabe က ပြီးခဲ့သည့်လက တိုကျိုသည် တပ်မတော်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားဒီမိုကရေစီနိုင်ငံများအကြား ပေါင်းကူးတံတား
အဖြစ် ရပ်တည်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် “ အဆက်မပြတ်အဆက်အသွယ်ရှိသည့် နိုင်ငံခြားသားအနည်းစုထဲမှတစ်ဦး” ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ စစ်တပ်အပေါ် ဘဏ္ဍာရေးဖိအားပေးရန် ဂျပန်ရဲ့တွန့်ဆုတ်မှုသည် သမ္မတဂျိုးဘိုင်ဒန် ရင်ဆိုင်ရသော ခက်အခဲများကို ပြသနေသည်။ အထူးသဖြင့် ဂျပန်နှင့်
အိန္ဒိယအတွက် စစ်အစိုးရအပေါ် ပြင်းထန်သော အရေးယူမှုများသည် တရုတ်၏ဒေသဆိုင်ရာ သြဇာကိုတိုးမြှင့်စေနိုင်မည်ဖြစ်သည်။ ယင်းအခက်အခဲကို ၎င်းတို့စဉ်းစားခဲ့ကြပုံပေါ်သည်။
၎င်းတို့ဟာ Xinjiang မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတွေကို အရေးယူပိတ်ဆို့မှုမှာ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းခြင်းမရှိ ရှောင်ရှားခဲ့သည်။ Kyushu တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Nobuhiro Aizawa က "ဂျပန်တွေဟာ ဥပဒေတွေကိုမယုံဘူး" ဟုပြောကြားခဲ့သည်။ ဂျပန်အမြင်တွင် အုပ်ချုပ်မှု၏ အခြေခံမူကို သင်လက်မခံလျှင် စီးပွားရေးအရ အောင်မြင်မည်မဟုတ်၊ သင်သာ စီးပွားရေးအရမအောင်မြင်ဘူးဆိုရင် အာဏာကိုဆက်ထိန်းထားနိုင်မှာမဟုတ်ဘူး”လို့ ယူဆထားကြသည် ဖြစ်သည်။
ဂျပန်သည် စစ်တပ်အား အကြမ်းဖက်မှု ရပ်တန့်ရန်၊ အခြေအနေကို ထိန်းသိမ်းထားရန်နှင့် ဒီမိုကရေစီပြန်လည် ထူထောင်ရန်တိုက်တွန်းခဲ့သည်။ ၂၀၁၉ ခုနှစ်က သံအမတ် Maruyama သည် ရခိုင်ပြည်နယ်အနောက်ပိုင်းရှိ ဘင်္ဂါလီများအပေါ် မြန်မာတို့ရဲ့ ရက်စက်စွာသတ်ဖြတ်မှု များနှင့်ပတ်သက်ပြီး နိုင်ငံတကာတရားရုံးတွင်“ လူမျိုးတုံးသတ်ဖြတ်မှုသည် မြန်မာနိုင်ငံ တွင်မရှိ” ဟုပြောကြားခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သူမည်သူ့ကိုမဆို တရားစွဲဆိုရန်အတွက် မြန်မာစစ်တပ်က ၎င်းရဲ့ကတိကို တည်လိမ့်မယ်လို့ အပြည့်အဝ
ယုံကြည်ကြောင်း ၎င်းကဆိုခဲ့သည်။ ဂျပန်သည် စစ်တပ်အပေါ် ပိုမိုတင်းကြပ်သော ဆောင်ရွက်မှုများမပြုလုပ်နိုင်သည့် အဓိကအချက်တစ်ခုဟာ မြန်မာနိုင်ငံအပေါ် တရုတ်က အပြည့်အ၀ သြဇာညောင်းသွားမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။ ဂျပန်နိုင်ငံ၏ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးသည် ဒုတိယကမ္ဘာစစ်ခေတ်ကို ပြန်သွားနေသည်။ ခေတ်သစ်မြန်မာနိုင်ငံ၏ ဒီမိုကရေစီလွတ်လပ်ရေးအတွက် တိုက်ပွဲတွင် တိုကျိုအစိုးရက ကူညီပေးခဲ့သည်။ ဂျပန်သည် ၁၉၄၅ ခုနှစ်အထိ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက ၎င်းတို့ကို ဆန့်ကျင်ကာ လွတ်လပ်ရေး ပြန်လည်ရယူနိုင်ခဲ့ပေမယ့် ကာလရှည်ကြာတဲ့ စစ်အုပ်ချုပ်မှုအောက်မှာပင် ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့်အခါ ဂျပန်နိုင်ငံသည် အဆင့်မြင့်စီမံကိန်းများနှင့်အတူ ရန်ကုန်စတော့အိတ်ချိန်းနှင့် နိုင်ငံတွင် တစ်ခုတည်းသော အထူးစီးပွားရေးဇုန် တည်ထောင်ရန် အစိုးရစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းခဲ့သည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီညွှန်ကြားမှု ဦးစီးဌာန၏ အချက်အလက်များအရ ဧပြီလအထိ ဂျပန်သည် စင်ကာပူနှင့် တရုတ်နောက်ကွယ်တွင် တတိယအကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနိုင်ငံဖြစ်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံနီးပါးထိ ရင်းနှီးမြုပ်နှံခဲ့သည်ဟု သိရသည်။
သို့သော်ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်မှစ၍ လုံခြုံရေးတပ်ဖွဲ့များက ရာနှင့်ချီသော ဆန္ဒပြသူများကိုသတ်ဖြတ်ထိန်းသိမ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကုမ္ပဏီများသည် စစ်တပ်နှင့် ချိတ်ဆက်ထားသည့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းရန် ပြင်းထန်သော ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့ထဲတွင် Kirin Holdings ကုမ္ပဏီလည်း ပါဝင်သည်။ အာဏာသိမ်းပြီး နောက် ရက်အနည်းငယ်အကြာတွင် လွန်ခဲ့သော ၆ နှစ်က ဒေါ်လာ ၅၆၀ သန်းဖြင့် အစုရှယ်ယာများကို ဝယ်ယူခဲ့ပြီး၊ မြန်မာနိုင်ငံ၏ အကြီးဆုံးဘီယာကုမ္ပဏီဖြစ်သည့် စစ်အစိုးရပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ်အကျိုးတူ ပူးပေါင်းမှုကို အဆုံးသတ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ကြေငြာချက်တစ်ခုအရတော့ ကုမ္ပဏီသည် ယင်းအစီအစဉ်ကိုရပ်ဆိုင်းရန် "အရေးတကြီးဆောင်ရွက်နေသည်" ဖြစ်သော်လည်း မည်သည့်အချိန်မှာ အကောင်အထည်ဖော်သွားမလဲဆိုတာတော့ မသိသေးဟု ပြောကြားခဲ့သည်။
စင်္ကာပူ၏ ISEAS-Yusof Ishak Institute မှ အဖွဲ့ဝင် Moe Thuzar က ဂျပန်အစိုးရအနေဖြင့် မြန်မာ့စီးပွားရေးနှင့် လူမှုလုံခြုံရေးအတွက် စစ်တပ်အား အတင်းအကျပ်ဒဏ်ခတ်ခြင်းထက် ပိုမို၍ စိုးရိမ်ပူပန်နေကြောင်း၊ ဒီနေရာမှာ ထက်ဝက်အတိုင်းအတာဟာ အပြုသဘောဆောင်တဲ့ ရလဒ်ကို စေ့စပ်ညှိနှိုင်းဖို့အတွက် ရည်ရွယ်တာဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။
( The Print ၏ Not just India, even Japan is worried about ceding influence to China in Myanmar ကို ဆီလျော်သလို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)