ဂျပန်နိုင်ငံသို့သွားမည့်သူများ Covid-19 ကင်းစင်ကြောင်းထောက်ခံစာကို မဖြစ်မနေယူရမည်
707
NP News - ဇွန် ၂၃
ဂျပန်နိုင်ငံသို့ ဇူလိုင်လ ၁ရက်နေ့နောက်ပိုင်းသွားမည့်သူများအနေဖြင့် Covid-19 ကင်းစင်ကြောင်း ထောက်ခံစာကို မဖြစ်မနေယူရမည်ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၌ PCR စစ်ဆေးမှုခံယူရန် အခက်အခဲမရှိတော့သည့်အခြေအနေဟု အသိအမှတ်ပြုလိုက်သည့်အတွက် ဇူလိုင်လ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာမည့်လေယာဉ်ခရီးစဉ်များအားလုံး (ANA တိုက်ရိုက်လေယာဉ်ခရီးစဉ်၊ အခြားတစ်ဆင့် ပြောင်းစီးလေယာဉ်ခရီးစဉ်စသည့် မည်သည့်လေယာဉ်ခရီးစဉ်မဆို)တွင် စီးနင်းလိုက်ပါမည့်သူများသည် PCR စစ်ဆေးမှုပေါ်အခြေခံသည့် မြန်မာနိုင်ငံမှမထွက်ခွာခင် ၇၂ နာရီမတိုင်ခင် စစ်ဆေးထားသော Covid-19 ကင်းစင်ကြောင်းထောက်ခံစာကို မဖြစ်မနေယူဆောင်သွားရန် လိုအပ်ကြောင်းထုတ်ပြန်ထားသည်။ ယခင် PCR စစ် ဆေးမှုခံယူရန် အခက်အခဲရှိချိန်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကောင်စစ်ဌာနမှ ထုတ်ပေးသော ထောက်ခံစာ (Consular Letter) ဖြင့် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြည်ဝင်/ ပြည်ပြန်ဝင်ခြင်းကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဂျပန်နိုင်ငံသို့ရောက်ရှိပြီးပါကလည်း ဂျပန်သို့ရောက်ရှိပြီး နောက်တစ်ရက်မှစ၍ ၁၄ ရက် ကြာ မိမိအိမ်၌ သီးသန့်နေထိုင်ရမည်ဖြစ်ကြောင်းသိရသည်။
#NPNews