သင်္ကြန်ပွဲတော်အတွက် ကျန်းမာရေးဆိုင်ရာ သတိပြုလိုက်နာရမည့်အချက်များကို တိုက်တွန်း

 128

စော(NP News)- မတ် ၂၉
မကြာခင်ကျရောက်မည့် ရိုးရာအတာသင်္ကြန်ပွဲတော်အတွက် ကျန်းမာရေးဆိုင်ရာ သတိပြုလိုက်နာရမည့်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ယခုရက်ပိုင်းအတွင်း အသိပေးတိုက်တွန်း ထုတ်ပြန်ထားသည်။
အဆိုပါဝန်ကြီးဌာနက အပူဒဏ်အန္တရာယ်မှကာကွယ်ရန်အတွက် နေ့လယ်ပိုင်းနေရောင်ပြင်းထန်ချိန်တွင် အရိပ်ရသည့် နေရာများတွင်နားနေရန်၊ အပြင်ထွက်ပါက ထီး၊ ဦးထုပ် စသည်တို့ကိုအသုံးပြုရန်၊ ရေဓာတ်ခန်း ခြောက်မှုမှကာကွယ်ရန် သန့်ရှင်းသည့်သောက်ရေကို မကြာခဏသောက်ရန် နှင့် အရက်သောက်သုံးခြင်း သည် အပူဒဏ်အန္တရာယ် ပိုမိုပြင်းထန်စွာခံစားရနိုင်သည်ကို အထူးသတိပြုရန် ထုတ်ပြန်ထားသည်။
ထို့ပြင် ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်ရန်အတွက် ရေကစားရာတွင် သန့် ရှင်းသောရေကိုသာ အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ ရေကစားရာတွင် အသုံးပြုသောရေကို သောက် ခြင်းမပြုသင့်ရန်၊ ရေကစားသည့်အချိန်တွင် မျက်လုံး၊ နား၊ ပါးစပ်ထဲသို့ ရေများမဝင်စေရန် သတိပြုသင့်ကြောင်းနှင့် ဖိအားမြင့်၊ အားပြင်းသည့်ရေပန်းဖြင့် မျက်နှာကို တိုက်ရိုက်ပက်ခြင်းမှ ရှောင်ကြဉ်ကြရန် အသိပေးတိုက်တွန်းထားသည်။
အလားတူ ထိခိုက်ဒဏ်ရာနှင့် မတော်တဆမှုများ ကာကွယ်ရန်အတွက် စိုစွတ်လျက်ရှိသော လမ်းများတွင် ချော် လဲနိုင်၍ သတိပြုခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်း၊ အရက်သေစာ သောက်သုံး၍ ယာဉ်မောင်းနှင်ခြင်းမှ လုံးဝရှောင်ကြည်ရန် ထုတ်ပြန်ထားသည်။
ထို့ပြင် တကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ရန် လက်များကို မကြာခဏ ဆေးကြောရန်၊ လတ်ဆတ်ပြီး သန့် ရှင်းသော အစားအစာများကိုသာ စားသုံးရန်၊ အစားအသောက်ရောင်းချသူများအနေဖြင့် တကိုယ်ရေ သန့်ရှင်းရေးသတိပြုဆောင်ရွက်ရန်၊ အစားအစားများကို ယင်နားခြင်းနှင့် အခြားအညစ်အကြေးများ မဝင်ရောက်နိုင်ရန်စနစ်တကျဖုံးအုပ်သင့်ကြောင်း ဖော်ပြထားသည်။
အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းနှင့် ထိခိုက်ဒါဏ်ရာတစ်စုံတရာ ရရှိပါက နီးစပ်ရာကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း သို့မဟုတ် ပြည်သူ့ဆေးရုံသို့ အမြန်ဆက်သွယ်၍ ဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
သၾကၤန္ပြဲေတာ္အတြက္ က်န္းမာေရးဆိုင္ရာ သတိျပဳလိုက္နာရမည့္အခ်က္မ်ားကို တိုက္တြန္း
ေစာ(NP News)- မတ္ ၂၉
မၾကာခင္က်ေရာက္မည့္ ႐ိုးရာအတာသၾကၤန္ပြဲေတာ္အတြက္ က်န္းမာေရးဆိုင္ရာ သတိျပဳလိုက္နာရမည့္အခ်က္မ်ားကို က်န္းမာေရးဝန္ႀကီးဌာနက ယခုရက္ပိုင္းအတြင္း အသိေပးတိုက္တြန္း ထုတ္ျပန္ထားသည္။
အဆိုပါဝန္ႀကီးဌာနက အပူဒဏ္အႏၲရာယ္မွကာကြယ္ရန္အတြက္ ေန႔လယ္ပိုင္းေနေရာင္ျပင္းထန္ခ်ိန္တြင္ အရိပ္ရသည့္ ေနရာမ်ားတြင္နားေနရန္၊ အျပင္ထြက္ပါက ထီး၊ ဦးထုပ္ စသည္တို႔ကိုအသုံးျပဳရန္၊ ေရဓာတ္ခန္း ေျခာက္မႈမွကာကြယ္ရန္ သန႔္ရွင္းသည့္ေသာက္ေရကို မၾကာခဏေသာက္ရန္ ႏွင့္ အရက္ေသာက္သုံးျခင္း သည္ အပူဒဏ္အႏၲရာယ္ ပိုမိုျပင္းထန္စြာခံစားရႏိုင္သည္ကို အထူးသတိျပဳရန္ ထုတ္ျပန္ထားသည္။
ထို႔ျပင္ ေရမွတစ္ဆင့္ကူးစက္တတ္ေသာေရာဂါမ်ားမွ ႀကိဳတင္ကာကြယ္ရန္အတြက္ ေရကစားရာတြင္ သန႔္ ရွင္းေသာေရကိုသာ အသုံးျပဳႏိုင္ေရးေဆာင္႐ြက္ရန္၊ ေရကစားရာတြင္ အသုံးျပဳေသာေရကို ေသာက္ ျခင္းမျပဳသင့္ရန္၊ ေရကစားသည့္အခ်ိန္တြင္ မ်က္လုံး၊ နား၊ ပါးစပ္ထဲသို႔ ေရမ်ားမဝင္ေစရန္ သတိျပဳသင့္ေၾကာင္းႏွင့္ ဖိအားျမင့္၊ အားျပင္းသည့္ေရပန္းျဖင့္ မ်က္ႏွာကို တိုက္႐ိုက္ပက္ျခင္းမွ ေရွာင္ၾကဥ္ၾကရန္ အသိေပးတိုက္တြန္းထားသည္။
အလားတူ ထိခိုက္ဒဏ္ရာႏွင့္ မေတာ္တဆမႈမ်ား ကာကြယ္ရန္အတြက္ စိုစြတ္လ်က္ရွိေသာ လမ္းမ်ားတြင္ ေခ်ာ္ လဲႏိုင္၍ သတိျပဳျခင္း၊ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလိုက္နာျခင္း၊ အရက္ေသစာ ေသာက္သုံး၍ ယာဥ္ေမာင္းႏွင္ျခင္းမွ လုံးဝေရွာင္ၾကည္ရန္ ထုတ္ျပန္ထားသည္။
ထို႔ျပင္ တကိုယ္ေရသန႔္ရွင္းေရးေကာင္းမြန္ရန္ လက္မ်ားကို မၾကာခဏ ေဆးေၾကာရန္၊ လတ္ဆတ္ၿပီး သန႔္ ရွင္းေသာ အစားအစာမ်ားကိုသာ စားသုံးရန္၊ အစားအေသာက္ေရာင္းခ်သူမ်ားအေနျဖင့္ တကိုယ္ေရ သန႔္ရွင္းေရးသတိျပဳေဆာင္႐ြက္ရန္၊ အစားအစားမ်ားကို ယင္နားျခင္းႏွင့္ အျခားအညစ္အေၾကးမ်ား မဝင္ေရာက္ႏိုင္ရန္စနစ္တက်ဖုံးအုပ္သင့္ေၾကာင္း ေဖာ္ျပထားသည္။
အပူဒဏ္ေၾကာင့္ပင္ပန္းႏြမ္းနယ္ျခင္းႏွင့္ ထိခိုက္ဒါဏ္ရာတစ္စုံတရာ ရရွိပါက နီးစပ္ရာက်န္းမာေရး ေစာင့္ေရွာက္မႈ ေဆးခန္း သို႔မဟုတ္ ျပည္သူ႔ေဆး႐ုံသို႔ အျမန္ဆက္သြယ္၍ ေဆးကုသမႈ ခံယူသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.