လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး ရေပက်ခံကားများဖြင့် ရေပက်ကစား ခြင်းမပြုရန်သတိပေး

 360

Pearl (NP News) - မတ် ၂၆
၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) သင်္ကြန်တွင် နိုင်ငံ တစ်ဝန်း၌ လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အလှပြယာဉ်များ ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းကို မပြုလုပ်ကြရန် စီမံထားရှိကြောင်း နိုင်ငံပိုင်သတင်းစာများမှတဆင့် သတိပေးထုတ်ပြန်ထားသည်။
ထို့အတူ ယိမ်းအကအဖွဲ့ များ ကပြခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးသူမ များအား ခေါင်းလျှော်၊ လက်သည်းညှပ်ပေးခြင်း၊ ဆေးဝါးများ လှူဒါန်းခြင်း၊ ငါးလွှတ်ခြင်း စသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရမပျက် အလှူဒါနပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။
နေပြည်တော်အနေဖြင့် လမ်းလျှောက်သင်္ကြန် ပွဲတော်များကို နေပြည်တော်ရင်ပြင်၊ ပျဉ်းမနားမြို့ ရှမ်းကန်ပတ်လည်၊ တပ်ကုန်းနှင့် လယ်ဝေးမြို့တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်၊ မြို့တော် ခန်းမရှေ့နှင့် ခရိုင် / မြို့နယ်များတွင် လည်းကောင်း၊ မန္တလေးမြို့တွင် နန်းမြို့ ကျုံးပတ်ပတ်လည်၊ မိတ္ထီလာ ကန်ပတ်လည်နှင့် နိုင်ငံတစ်ဝန်းမှခရိုင် / မြို့နယ်များတွင်လည်းကောင်း ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ ကမ်းနားလမ်း၊ ကန်သာယာရေကန်အနီးရှိ ချစ်သူ လမ်းကြား၊ ဇွဲကပင်ပန်းခြံရှေ့တို့တွင် လမ်းလျှောက်သင်္ကြန်နှင့် သဲသောင်ပြင်သင်္ကြန် တို့ကို လည်းကောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကန်သာယာဗိုလ်ချုပ်လမ်း ပေါ်၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ကမ်းနားလမ်းတစ်လျှောက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်မဏ္ဍပ် များ ဆောင်ရွက်ပြီး ခရိုင်နှင့် အမြို့မြို့အနယ်နယ်တွင်လည်း သတ်မှတ်နေရာများ တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ချင်းပြည်နယ် ဟားခါးမြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ရခိုင် ပြည်နယ် စစ်တွေမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ခရိုင်/မြို့နယ်အသီးသီးတို့တွင် လည်း လမ်းလျှောက်သင်္ကြန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကျင်းပမည့်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပို၍ နိုင်ငံတော် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအတူ ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွ ဆင်နွှဲကြမည့် အနှစ်သာရရှိသည့်ပွဲတော်ကြီးတစ်ခုဖြစ်ပြီး မြို့ကြီးအသီးသီးအပြင် ခရိုင် ၊ မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာအထိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ ပြုလုပ်ပြီး နိုင်ငံကျော် အနုပညာရှင်များ၊ အဆိုကျော်များ၊ ဒေသခံအဆိုတော်များဖြင့် ဖျော်ဖြေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္မ်ားကို ဦးစားေပးေဆာင္႐ြက္မည္ျဖစ္ၿပီး ေရပက္ခံကားမ်ားျဖင့္ ေရပက္ကစား ျခင္းမျပဳရန္သတိေပး
Pearl (NP News) - မတ္ ၂၆
၂၀၂၆ ခုႏွစ္ (၁၃၈၇ ခုႏွစ္) သၾကၤန္တြင္ ႏိုင္ငံ တစ္ဝန္း၌ လမ္းေလွ်ာက္သၾကၤန္ပြဲေတာ္မ်ားကို ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အလွျပယာဥ္မ်ား ၊ ေရပက္ခံကားမ်ားျဖင့္ ေရပက္ကစားျခင္းကို မျပဳလုပ္ၾကရန္ စီမံထားရွိေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားမွတဆင့္ သတိေပးထုတ္ျပန္ထားသည္။
ထို႔အတူ ယိမ္းအကအဖြဲ႕ မ်ား ကျပျခင္း၊ စတုဒိသာေကြၽးေမြးျခင္း၊ လူႀကီးသူမ မ်ားအား ေခါင္းေလွ်ာ္၊ လက္သည္းညႇပ္ေပးျခင္း၊ ေဆးဝါးမ်ား လႉဒါန္းျခင္း၊ ငါးလႊတ္ျခင္း စသည့္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အႏွစ္သာရမပ်က္ အလႉဒါနျပဳလုပ္ျခင္းမ်ားကိုလည္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း လည္း သိရသည္။
ေနျပည္ေတာ္အေနျဖင့္ လမ္းေလွ်ာက္သၾကၤန္ ပြဲေတာ္မ်ားကို ေနျပည္ေတာ္ရင္ျပင္၊ ပ်ဥ္းမနားၿမိဳ႕ ရွမ္းကန္ပတ္လည္၊ တပ္ကုန္းႏွင့္ လယ္ေဝးၿမိဳ႕တို႔တြင္လည္းေကာင္း၊ ရန္ကုန္ၿမိဳ႕တြင္ ျပည္သူ႔ရင္ျပင္၊ ဦးဝိစာရအဝိုင္းမွ အလုံလမ္းတစ္ေလွ်ာက္၊ ၿမိဳ႕ေတာ္ ခန္းမေရွ႕ႏွင့္ ခ႐ိုင္ / ၿမိဳ႕နယ္မ်ားတြင္ လည္းေကာင္း၊ မႏၲေလးၿမိဳ႕တြင္ နန္းၿမိဳ႕ က်ဳံးပတ္ပတ္လည္၊ မိတၳီလာ ကန္ပတ္လည္ႏွင့္ ႏိုင္ငံတစ္ဝန္းမွခ႐ိုင္ / ၿမိဳ႕နယ္မ်ားတြင္လည္းေကာင္း ျပည္သူမ်ား ေပ်ာ္႐ႊင္စြာ ပါဝင္ဆင္ႏႊဲႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ကရင္ျပည္နယ္ ဘားအံၿမိဳ႕ ကမ္းနားလမ္း၊ ကန္သာယာေရကန္အနီးရွိ ခ်စ္သူ လမ္းၾကား၊ ဇြဲကပင္ပန္းၿခံေရွ႕တို႔တြင္ လမ္းေလွ်ာက္သၾကၤန္ႏွင့္ သဲေသာင္ျပင္သၾကၤန္ တို႔ကို လည္းေကာင္း ၊ စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕ရွိ ကန္သာယာဗိုလ္ခ်ဳပ္လမ္း ေပၚ၌ လည္းေကာင္း၊ မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕၌ ကမ္းနားလမ္းတစ္ေလွ်ာက္၊ မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ ကမ္းနားလမ္းတစ္ေလွ်ာက္၊ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕ ကမ္းနားလမ္းတစ္ေလွ်ာက္တြင္လည္းေကာင္း လမ္းေလွ်ာက္သၾကၤန္မ႑ပ္ မ်ား ေဆာင္႐ြက္ၿပီး ခ႐ိုင္ႏွင့္ အၿမိဳ႕ၿမိဳ႕အနယ္နယ္တြင္လည္း သတ္မွတ္ေနရာမ်ား တြင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕၊ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕၊ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕၊ တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕၊ ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕၊ ရခိုင္ ျပည္နယ္ စစ္ေတြၿမိဳ႕၊ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ႏွင့္ ခ႐ိုင္/ၿမိဳ႕နယ္အသီးသီးတို႔တြင္ လည္း လမ္းေလွ်ာက္သၾကၤန္အတြက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခုႏွစ္က်င္းပမည့္ပြဲေတာ္သည္ သာမန္ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခုထက္ပို၍ ႏိုင္ငံေတာ္ အစိုးရ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားအတူ ပူးေပါင္းၿပီး စိတ္သစ္၊ လူသစ္၊ ႏိုင္ငံေရးအခင္းအက်င္းသစ္မ်ားျဖင့္ အတူတကြ ဆင္ႏႊဲၾကမည့္ အႏွစ္သာရရွိသည့္ပြဲေတာ္ႀကီးတစ္ခုျဖစ္ၿပီး ၿမိဳ႕ႀကီးအသီးသီးအျပင္ ခ႐ိုင္ ၊ ၿမိဳ႕ နယ္၊ ရပ္ကြက္၊ ေက်း႐ြာအထိ လမ္းေလွ်ာက္သၾကၤန္မ႑ပ္မ်ား ျပဳလုပ္ၿပီး ႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ား၊ အဆိုေက်ာ္မ်ား၊ ေဒသခံအဆိုေတာ္မ်ားျဖင့္ ေဖ်ာ္ေျဖေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.