လူမည်းအမျိုးသား George Floyd ကို သတ်ခဲ့သည့် ရဲဝန်ထမ်းကို ထောင်ဒဏ် ၂၂ နှစ်ခွဲချမှတ်

 761

ရောင်နီ ( NP News ) - ဇွန် ၂၆
လူမည်းအမျိုးသား George Floyd ကို သတ်မှုဖြင့် ၂ဝ၂ဝ ခုနှစ်၊ မေလက ဖမ်းဆီးခံခဲ့ရသည့် ရဲအရာရှိ Derek Chauvin ကို ထောင်ဒဏ် ၂၂ နှစ်ခွဲချမှတ်လိုက်ပြီဖြစ်ကြောင်း ဘီဘီစီသတင်းဖော်ပြချက်အရသိရသည်။ အဆိုပါ လူမည်းအမျိုးသားကို ရဲအရာရှိက ဖမ်းဆီးနေရင်း လူသတ်မှုကျူးလွန်ခဲ့သည့် ဗီဒီယိုဖိုင်သည် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ရဲအရာရှိဟောင်းDerek Chauvin သည် လူမည်း George Floyd ကို ဒုတိယအဆင့် ရည်ရွယ်ချက်ရှိရှိ သေဆုံးစေမှု၊ တတိယဒီဂရီလူသတ်မှု နှင့် ဒုတိယဒီဂရီလူသတ်မှု ပြစ်ချက်များကို တရားသူကြီးများက တွေ့ရှိခဲ့ပြီးနောက် ယခုစီ ရင်ချက်ကို ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ စီရင်ချက်သည် အမေရိကန်လူမည်းများအပေါ် ရဲ တပ်ဖွဲ့၏ မညီမျှစွာပြုမူခြင်းကို ပြစ်တင်ရှုတ်ချမှုတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လာကြသည်။ Chauvin ၏ ပြစ်ဒဏ်သည် အမေရိကန် ပြည်ထောင်စုတွင် တရားမဝင် သေစေနိုင်သည့် အင်အားကို အသုံးပြုခဲ့သည့် ရဲအရာ ရှိဟောင်းတစ်ဦးအနေဖြင့် သက်တမ်းအရှည်ဆုံး ပြစ်ဒဏ်ဖြစ်ကြောင်း မီနီဆိုးဒါးရှေ့နေချုပ် Keith Ellison က ပြောသည်။

ယင်းကဲ့သို့ လူသတ်မှု ကိစ္စရပ်များတွင် ရဲအရာရှိများကို အောင်မြင်စွာတရားစွဲဆိုနိုင်ရန်အလွန်ရှားပါပြီး အိမ်ဖြူတော်တွင် Floyd ၏ မိသားစုနှင့် အကြိမ်ပေါင်းများစွာ စကားပြောခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က "ဒီပြစ်ဒဏ်ဟာ သင့်လျော်ပါတယ်"ဟုပြောသည်။

ပြစ်ဒဏ်ချမှတ်ခြင်းမပြုမီက Chauvin ၏ မိခင်သည် သူ၏သားအပြစ်ကင်းစင်မှုကို အခိုင်အမာပြောဆိုခဲ့ပြီး Chauvin ကိုယ်တိုင်ကလည်း Floyd မိသားစုကို ဝမ်းနည်းကြောင်းပြောကြားခဲ့သည်။ Hennepin ကောင်တီခရိုင်တ ရားသူကြီး Peter Cahill က Floyd မိသားစု၏ နာကျင်မှုကို အသိအမှတ်ပြုရန် အရေးကြီးကြောင်းပြောကြားခဲ့ပြီး ကမ္ဘာအနှံ့အပြားတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ယခုကိစ္စသည် မည်သူ့ဘက်မှ အနည်းငယ်ယိမ်းယိုင်ခြင်းမရှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Chauvin သည် ရက်စက်စွာပြုမူခဲ့ပြီး သူ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခဲ့ခြင်းကြောင့် ပြင်းထန်သည့် ပြစ် ဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း Cahill က ပြောသည်။ Floyd ကိုဖမ်းဆီးမှုတွင်ပါဝင်ခဲ့သည့် နောက်ထပ်ရဲအရာရှိသုံးဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ထားပြီး Floyd ကို သတ်စေရန်ကူညီလှုံ့ဆော်မှုဖြင့် ၎င်းတို့ ၃ ဦးလုံးသည် လာမည့်နှစ်တွင် ရုံးတင်စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.