စစ်တပ်သတင်းပေး(ဒလန်) ဟု နာမည်ကြီးနေသည့် ထန်တလန်မြို့နယ် ဒုရဲအုပ် ဟိန်းဝေဇင်လတ် ကို ထန်တလန် CDF မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြ

530

NP News - ဇူလိုင် ၆
ထန်တလင်မြို့ပေါ်တွင် စစ်တပ်သတင်းပေး(ဒလန်) ဟု နာမည်ကြီးသူ ထန်တလန်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဟိန်းဝေဇင်လတ် ကို ထန်တလန် CDF အဖွဲ့သားများမှ ဇူလိုင်လ ၅ ရက် နေ့လည်ပိုင်းက လမ်းလယ်ခေါင်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်အရ ဇူလိုင်လ ၅ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်က ထန်တလန်မြို့နယ် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဟိန်းဝေဇင်လတ် သည် ထန်းတလန်မြို့ အမှတ်(၃) ၊Lung Tial ရပ်ကွက်အတွင်း ဆိုင်ကယ်မောင်း နှင်လာစဉ် CDF အဖွဲ့ဝင်များမှ သေနတ်တို ၂၁ ကျည်မျိုးအစားဖြင့် ၎င်းအား ကားလမ်းမပေါ်တွင် လေးချက်တိတိ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထန်တလန်မြို့တွင် အကြမ်းဖက်စစ်တပ်ကို အမြဲတမ်းသတင်းပေးသူ၊ CDM များ ခြိမ်းခြောက်နေသူ၊ အများ ပြည်သူစားနပ်ရိက္ခာသယ်ယူမှုနဲ့ ခရီးသွားပြည်သူများ ရစ်စားနေသူ ထန်တလန်မြို့နယ် ရဲစခန်းဒုရဲအုပ် ဗိုလ်လေး (ခေါ်) ဟိန်းဝေဇင်လတ် ကို ၂ဝ၂၁ ခုနှစ် ဇူလိုင်(၅) ရက်နေ့ ထန်တလန်မြို့တွင် CDF-Thantlang မှ ပစ်သတ်လိုက်သည်” ဟု ထန်တလန် CDF က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ထန်တလန်မြို့တွင်းရှိ CDM ပြုလုပ်ထားသူများကို ခြိမ်းခြောက်သူများ၊ စစ်ကောင်စီ သတင်းပေး (ဒလန်) များကိုလည်း ၎င်းတို့မှ ဆက်လက်စောင့်ကြည့်နေကြောင်းနှင့် ပြည်သူများမှလည်း ဝင်ရောက်ပူးပေါင်းပေးကြစေ လိုကြောင်း ပြောသည်။
#NPNews