NDF ပါတီ တွင် ဒေါက်တာမျိုးဆက်သွေးက CEC အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူမည်

 474

သန့်ဇင်(NP News)-ဩဂုတ် ၁၈
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) တွင် ဒေါက်တာမျိုးဆက်သွေးက CEC အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ကာယကံရှင် ဒေါက်တာ မျိုးဆက်သွေး က ၎င်း ၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)သည် ဒေါက်တာမျိုးဆက်သွေးအား ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ ဝင်အဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း ယမန်နေ့(ဩဂုတ်လ ၁၇ရက်)ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြိုင်တဲ့ပါတီနဲ့လည်းလက်တွဲချင်တယ်။ နောက်ပြီးတော့ နိုင်ငံရေးမှာ ဘက်ပေါင်းစုံရှိကြတာကိုး ကျွန်တော် တို့ ကတော့ အမျိုးသားရေးဘက်ကလာခဲ့တဲ့လူတွေမဟုတ်ဘူးပေါ့နော်။ ဒီမိုကရေစီလူ့အခွင့်အရေးဘက်ကို ပိုပြီးအားသန်တဲ့လူတွေ ဆိုတော့ ကျွန်တော်နဲ့ကိုက်ညီမဲ့ပါတီကိုစဉ်းစားတဲ့အခါမှာ အများကြီးမရှိဘူး။ (၂) ခု၊ (၃) ခုလောက်ပဲရှိတယ်ပေါ့နော်။ အဲဒီထဲကမှာ ပါတီခေါင်းဆောင်မှုအပိုင်းကိုသွားမယ်လို့ စဉ်းစားတဲ့အခါမှာ NDFနဲ့က ကျွန်တော်နဲ့က ဝန်ထမ်းဘဝထဲက ပုဂ္ဂိုလ်ရေးခင်ခဲ့တယ်။ အဲဒီကလူတွေနဲ့ကလည်း အခုနိုင်ငံရေးလုပ်စဉ်ကာလတစ်လျှောက်လုံးမှာလည်း ပြိုင်ဘက်တွေလိုမဟုတ်ပဲနဲ့ ညီအစ်ကိုတွေလို ခင်နေကြတာပေါ့နော်။ ပန်းတိုင်လည်းတူတယ်။ အတွဲညီတယ်လို့ ယူဆလို့ဝမ်းသာပါတယ်။ လိုလိုလားလား ဝမ်းပန်းတသာ ကြိုဆိုကြ တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ဒေါက်တာမျိုးဆက်သွေးက NP News ကို ပြောသည်။
ဒေါက်တာမျိုးဆက်သွေးသည် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်က ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းသာခြားကာ အမျိုးသားဒီမိုကရက်တစ် အင်အားစုပါတီ (NDF)သို ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အမျိုးသားဒီမိုကရက်တစ် အင်အားစုပါတီ (NDF)သည် လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
NDF ပါတီ တြင္ ေဒါက္တာမ်ိဳးဆက္ေသြးက CEC အတြင္းေရးမႉးအဖြဲ႕ဝင္ အျဖစ္ တာဝန္ယူမည္
သန႔္ဇင္(NP News)-ဩဂုတ္ ၁၈
အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ (NDF) တြင္ ေဒါက္တာမ်ိဳးဆက္ေသြးက CEC အတြင္းေရးမႉးအဖြဲ႕ဝင္အျဖစ္ တာဝန္ယူမည္ ျဖစ္ေၾကာင္း ကာယကံရွင္ ေဒါက္တာ မ်ိဳးဆက္ေသြး က ၎ ၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။
အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ(NDF)သည္ ေဒါက္တာမ်ိဳးဆက္ေသြးအား ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၏ အတြင္းေရးမႉးအဖြဲ႕ ဝင္အျဖစ္ တာဝန္ေပးအပ္ခဲ့ေၾကာင္း ယမန္ေန႔(ဩဂုတ္လ ၁၇ရက္)ရက္ ေန႔စြဲျဖင့္ ထုတ္ျပန္ထားသည္။
“တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ၿပိဳင္တဲ့ပါတီနဲ႔လည္းလက္တြဲခ်င္တယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံေရးမွာ ဘက္ေပါင္းစုံရွိၾကတာကိုး ကြၽန္ေတာ္ တို႔ ကေတာ့ အမ်ိဳးသားေရးဘက္ကလာခဲ့တဲ့လူေတြမဟုတ္ဘူးေပါ့ေနာ္။ ဒီမိုကေရစီလူ႔အခြင့္အေရးဘက္ကို ပိုၿပီးအားသန္တဲ့လူေတြ ဆိုေတာ့ ကြၽန္ေတာ္နဲ႔ကိုက္ညီမဲ့ပါတီကိုစဥ္းစားတဲ့အခါမွာ အမ်ားႀကီးမရွိဘူး။ (၂) ခု၊ (၃) ခုေလာက္ပဲရွိတယ္ေပါ့ေနာ္။ အဲဒီထဲကမွာ ပါတီေခါင္းေဆာင္မႈအပိုင္းကိုသြားမယ္လို႔ စဥ္းစားတဲ့အခါမွာ NDFနဲ႔က ကြၽန္ေတာ္နဲ႔က ဝန္ထမ္းဘဝထဲက ပုဂၢိဳလ္ေရးခင္ခဲ့တယ္။ အဲဒီကလူေတြနဲ႔ကလည္း အခုႏိုင္ငံေရးလုပ္စဥ္ကာလတစ္ေလွ်ာက္လုံးမွာလည္း ၿပိဳင္ဘက္ေတြလိုမဟုတ္ပဲနဲ႔ ညီအစ္ကိုေတြလို ခင္ေနၾကတာေပါ့ေနာ္။ ပန္းတိုင္လည္းတူတယ္။ အတြဲညီတယ္လို႔ ယူဆလို႔ဝမ္းသာပါတယ္။ လိုလိုလားလား ဝမ္းပန္းတသာ ႀကိဳဆိုၾက တဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္”ဟု ေဒါက္တာမ်ိဳးဆက္ေသြးက NP News ကို ေျပာသည္။
ေဒါက္တာမ်ိဳးဆက္ေသြးသည္ ၿပီးခဲ့သည့္ ဩဂုတ္ ၁၀ရက္က ေဒါက္တာသက္သက္ခိုင္ ဦးေဆာင္ေသာ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP) ႏႈတ္ထြက္ခဲ့ျခင္းျဖစ္ၿပီး ရက္ပိုင္းသာျခားကာ အမ်ိဳးသားဒီမိုကရက္တစ္ အင္အားစုပါတီ (NDF)သို ဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။
အမ်ိဳးသားဒီမိုကရက္တစ္ အင္အားစုပါတီ (NDF)သည္ လာမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုအဆင့္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.