ပြည်သူများကို မီတာခမပေးဆောင်ရန်ပြောဆိုခြင်းသည် အလှည့်ကျမီးပေးရသည်အထိ ဖြစ်ပေါ်လာစေရန်ဆောင်ရွက်နေခြင်းဖြစ်ဟုဆို
470
NP News - ဇူလိုင် ၉
ပြည်သူများကို ဓာတ်အားခမပေးချေကြရန် နှင့် လျှပ်စစ်ဓာတ်အားခများ ကောက်ခံခြင်း ရပ်တန့်ရန် အထူးအသိ ပေးခြင်းဆိုသည့် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့(ဖ.ဆ.လ.တ)၏ ဆောင်ရွက်ချက်သည် ပြည်သူများ လျှပ် စစ်မီးလျော့နည်းရရှိကာ မီးများအလှည့်ကျပေးရသည်အထိ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သုံးသပ်ရသည်ဟု စစ်ကောင်စီ ၏ လက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်က ထုတ်ပြန်လိုက်သည်။
အဆိုပါ လုပ်ဆောင်ချက်ကြောင့် ပြည်သူများသုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ဆက်လက်ထုတ်လုပ်ဖြန့်ဖြူး ပေးရန်အတွက် ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရသော သဘာဝဓာတ်ငွေ့ နှင့် LNG ဓာတ်အားခများအ တွက် ဝင်ငွေမရရှိပါက အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်စေရန် နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည့်အပြင် ပုဂ္ဂလိကပိုင်စက်ရုံများမှလည်း လျှပ်စစ်ဓာတ်အားများကို ဝယ်ယူဖြန့် ဖြူးပေးနေရသဖြင့် မိဘပြည်သူများမှ မိမိတို့သုံးစွဲခဲ့သည့် လျှပ်စစ်ဓာတ်အားခများကို ပေးသွင်းမှသာလျှင် စဉ်ဆက်မပြတ် ဓာတ်အားထုတ် လုပ်ဝယ်ယူဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မီးသုံးစွဲသူပြည်သူလူထုများ အထိုက်အလျောက်သက်သာမှုဖြစ်စေရန်အတွက် ၂ဝ၂ဝ ပြည့်နှစ် ဧပြီလမှစတင် ၍ ၂ဝ၂၁ ခုနှစ် မတ်လအထိ လအလိုက်တစ်လလျှင် ၁၅ဝယူနစ် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့်ပြုခဲ့သည့်အပြင် လအလိုက်နောက်ဆုံးပေးသွင်းရမည့်ရက်များကိုလည်း ရွှေ့ဆိုင်းကာ နောက်ကျ ဒဏ်ကြေးကင်းလွတ်ခွင့်ပြု၍နောက်ကျပေးသွင်းစေခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မိမိတို့ သုံးစွဲခဲ့သော လျှပ်စစ်မီတာခများကို လစဉ်ပုံမှန်ပေးဆောင်ခြင်းဖြင့် ပြည်သူလူထုတစ် ရပ်လုံး၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း မေတ္တာရပ်ခံပန်ကြားအပ်သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#NPNews