ပြည်သူများထိုးနှံရမည့် ကိုဗစ်ဆေးများကို လုယူခဲ့သည့် စစ်ကောင်စီ အကုသိုလ်ကံ ပြန်ခံစားနေပြီဟု ဒေါက်တာ ခင်မောင်လွင် ပြော

978

ရဲပြည့် (NP news) - ဇူလိုင် ၁၁
စစ်တပ်အတွင်း ကိုဗစ်ကူးစက်မှုများပြားနေခြင်းသည် ပြည်သူများအား ထိုးနှံပေးမည့် ကိုဗစ်ကာကွယ်ဆေးများ ကို လုယူခဲ့သည့် အကုသိုလ်ကံကြောင့် ဖြစ်သည်ဟု မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ် ဦးခင်မောင်လွင် က ပြောသည်။
စစ်ကောင်စီသည် ကာကွယ်ဆေးများအား လုယူသွားမှုများရှိခဲ့ပြီး ထိုဆေးများကို မှန်ကန်စွာအသုံးမချနိုင်ခြင်း ကြောင့် ဆေးအာနိသင်ကို အပြည့်အဝမရရှိနိုင်ခြင်းဖြစ်ကြောင်း၊ ပြည်သူများထိုရမည့်ဆေးများအား လုယူ ထိုးနှံခဲ့ခြင်းကြောင့်လည်း အကုသိုလ်ကံ ခံစားနေရခြင်းဖြစ်နိုင်ကြောင်း PVTV က “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီ ရွက်လွှင့် အစီအစဉ်” တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအတွင်း တိုင်းမှူးများ၊ အရာရှိများ၊ မိသားစုဝင်များပါ ကူးစက်ခံနေရကြောင်းနှင့် စစ်တပ်က အထက် အရာရှိများတောင် ကူးစက်ခံနေရပြီဆိုလျှင် လက်အောက်ငယ်သားများသည် ပြောရန်ပင် မလိုဟု ဒေါက်တာ ခင်မောင်လွင်က ပြောသည်။
ကိုဗစ်တတိယလှိုင်းဒဏ်ကို ဖြတ်ကျော်နိုင်ရန်အတွက် ကိုဗစ်စည်းကမ်းများကိုလည်း အထူးလိုက်နာရန်လို အပ်သကဲ့သို့ ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးကို ရသည့်နေရာတွင် ထိုးနှံထားသင့်ကြောင်း ပြောသည်။
NUG အနေဖြင့်လည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိပြီး ရရှိလာပါက နီးစပ်ရာ ပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောခဲ့သည်။
#NPNews