မလေးရှားမှာ တစ်နေ့တာပိုးကူးစက်လူနာ ၁၃၀၀၀ ကျော်ထပ်တိုးပြီး ၃ ရက်ဆက်တိုက် ကိုဗစ်လူနာအရေအတွက် တစ်သောင်းကျော် ထပ်တိုးနေ

 286

ရောင်နီ ( NP News ) - ဇူလိုင် ၁၅
ကြာသပတေးနေ့ (ဇူလိုင် ၁၅ ရက်) နေ့က မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်လူနာသစ် ၁၃၁၅၅ ဦးထပ်တိုးပြီး ကူးစက်လူနာ ၁၀၀၀၀ ကျော်တဲ့ တတိယနေ့ ဖြစ်လာခဲ့ပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း ပဉ္စမမြောက် ပိုးကူးစက်လူနာ ထပ်တိုးအရေအတွက် အများဆုံး စံချိန်တင်ခြင်းဖြစ်ပြီး လူနာအရေအတွက် ၁၃၀၀၀ ကျော်တာကတော့ ဒါပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ ထပ်တိုးလူနာ ထက်ဝက်ကျော်ဟာ Klang ချိုင့်ဝှမ်းမှဖြစ်ပြီး Selangor မှ ၆၁၂၀ ဦး၊ ကွာလာလမ်ပူမှ ၁,၄၉၉ ဦး၊ Negeri Sembilan ပြည်နယ်မှ ၁,၆၀၃ ဦး၊ Johor မှ ၅၀၉ ဦးနဲ့ Penang မှ ၅၉၉ ဦး ထပ်တိုးခဲ့ပါတယ်။ ကျန်းမာရေးညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က ရောဂါကူးစက်လူနာတွေ ပိုမိုတွေ့ရှိလာရခြင်းဟာ ဗိုင်းရပ်စ်စစ်ဆေးမှုတွေကို တိုးမြှင့်လိုက်ခြင်းကြောင့်သာ ဖြစ်တယ်လို့ အင်္ဂါနေ့က ပြောဆိုပါတယ်။ နိုင်ငံအတွင်း နေ့စဉ်ပိုးကူးစက်မှုနှုန်းတွေဟာ မေလ ၂၉ ရက်နေ့က ပထမဆုံးအကြိမ် တစ်နေ့တာလူနာအရေအတွက် ၉၀၀၀ ကျော်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှာ တတိယအကြိမ်မြောက် လော့ဒေါင်းကန့်သတ်ချက် ချမှတ်ခဲ့ရပါတယ်။ ဇူလိုင် ၉ ရက်နဲ့ ဇူလိုင် ၁၀ ရက်မှာတော့ နေ့စဉ်ကူးစက်မှုတွေ စံချိန်တင် မြင့်တက်လာပြီး အင်္ဂါနေ့က ပထမဆုံးအကြိမ် တစ်နေ့တာ ကူးစက်လူနာ အရေအတွက် ၁၁၀၀၀ ကျော်လွန်သွားခဲ့ပါတယ်။

အခုဆိုရင်တော့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ စုစုပေါင်း ၈၈၀၇၈၂ ဦးထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.