အမေရိကန်အနောက်ပိုင်းတလျှောက် တောမီးပျံ့နှံ့လောင်ကျွမ်းမှုကြောင့် အော်ရီဂွန်ပြည်နယ်မှ နေထိုင်သူ ၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ

 393

ရောင်နီ (NP News) - ဇူလိုင် ၁၆
အမေရိကန် အနောက်ပိုင်းတစ်လျှောက် တောမီးလောင်မှုကြောင့် မိုးခေါင်ရေရှားမှုဒဏ် ခံစားနေရတဲ့ အော်ရီဂွန်တောင်ပိုင်းရှိ လူပေါင်း ၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ရဟတ်ယာဉ်များနဲ့ ရေဖြန်းပတ် ငြိမ်းသတ်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက်နေ့က Portland တောင်ဘက်မိုင် ၂၅၀ (ကီလိုမီတာ ၄၀၀) အကွာမှ စတင်ခဲ့တဲ့ ပေါ့ဆမီးလောင်မှုဟာ Fremont-Winema အမျိုးသားသစ်တောအတွင်းနဲ့ ပတ်ဝန်းကျင်၂၂၇၀၀၀ ဧကကို ပျက်စီးစေခဲ့ပါတယ်။ ဒီပျက်စီးမှုဧကဟာ နယူးယောက်မြို့ရဲ့ မြေအကျယ်အဝန်းထက် ပိုပါတယ်။ မီးဘေးအန္တရာယ် ထိန်းချုပ်နိုင်ရေးအတွက် တက်ကြွသူများက မီးလောင်မှုဖြစ်ပွားနေတဲ့ ပတ်လည်အတိုင်းအတာရဲ့ ၅ ရာခိုင်နှုန်းကို အစောပိုင်းက အရံအတားပြုလုပ်ခဲ့ပေမယ့် ယခုမှာတော့ ၇ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်ရပါတယ်။ သို့ပေမယ့်လည်း မီးလောင်မှု ဧရိယာ ဆက်လက်တိုးမြင့်လာဦးမယ်လို့ ခန့်မှန်းရကြောင်း၊ ခြောက်သွေ့နေတဲ့ သစ်ရွက်များနဲ့ ရာသီဥတုဟာ အခြေအနေကို မျက်နှာသာ မပေးသေးကြောင်း မီးလောင်မှု ကြီးကြပ်ရေး ဗိုလ်မှူး Joe Hessel က ပြောဆိုခဲ့ပါတယ်။ ပစိဖိတ်အနောက်မြောက်ပိုင်း မီးလောင်မှုမှာ လူမှုရေးနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာများ အပူတပြင်းတောင်းဆိုမှုများကြောင့် မီးသတ်သမား ၁၇၀၀ ကျော်ကို နေရာချထားကြောင်း အော်ရီဂွန်သစ်တောဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Jim Gersbach က ပြောကြားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ပြည်နယ် ၁၁ ခုရှိ ဧက ၁ သန်းကို ပျက်စီးစေပြီး ပြည်နယ်သစ်တောဆိုင်ရာ ကိန်းဂဏန်းများအရ အော်ရီဂွန်မှာ ၁၉၀၀ ခုနှစ်နောက်ပိုင်း ဆဌမမြောက် အကြီးဆုံး မီးလောင်မှု ဖြစ်တယ်လို့ National Interagency Fire Center က ပြောကြားခဲ့ပါတယ်။ ခုချိန်ထိ မီးအားလျော့ခြင်း မရှိသေးဘဲ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.