ကိုဗစ်ကန့်သတ်ချက်တွေကြားကနေ ဆန္ဒပြနေမှုကို ထိုင်းအစိုးရက ရဲတပ်ဖွဲ့ ၂၀၀၀ ကျော်နဲ့ တားဆီး

 731

ရောင်နီ (NP News) - ဇူလိုင် ၁၈
ထိုင်းမှာ ချမှတ်ထားတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို ဖောက်ဖျက်ကာ တနင်္ဂနွေနေ့မှာ ဒီမိုကရေစီ အထိမ်းအမှတ်နေရာမှတစ်ဆင့် အစိုးရအိမ်ယာအထိကို ချီတင်ဆန္ဒပြနေကြတာတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၂၂၅၀ ကျော် စုရုံးကာ ဆန္ဒပြမှုကို တားဆီးနေတယ်လို့ သိရပါတယ်။

Covid-19 စစ်ဌာနချုပ်ဟာ စနနေ့ကတည်းက ဘန်ကောက်ရှိ အများပြည်သူနေရာများမှာ လူ ၅ ဦးထက်ပိုတဲ့ စုရုံးမှုများ ( သို့မဟုတ် ) ဆန္ဒပြမှုများကို တားမြစ်ထားတာပါ။ အလားတူဗိုင်းရပ်စ် ကန့်သတ်ချက်များကို Nakhon Pathom, Nonthaburi, Pathum Thani, Samut Prakan နဲ့ Samut Sakhon ပြည်နယ်များမှာလည်း ချမှတ်ထားတာ ဖြစ်ပါတယ်။ Covid-19 လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များအတွက် တာဝန်ယူရသူ ဗိုလ်ချုပ်ကြီး Charlempol Srisawat က ချမှတ်ထားတဲ့ တားမြစ်ချက်ဟာ Royal Gazette. မှ ထုတ်ပြန်ထားတဲ့ ကြေညာချက်ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဗိုင်းရပ်စ် ရောဂါပျံ့နှံ့ခြင်း၊ လူမှုဆိုင်ရာ ပြဿနာများကို ပိုမိုဆိုးရွားစေခြင်း သို့မဟုတ် ရည်ရွယ်ချက် ရှိရှိ ရောဂါပျံ့နှံ့စေဖို့ လုပ်ဆောင်တဲ့ မည်သည့်လုပ်ဆောင်ချက်ကိုမဆို တားမြစ်ထားတယ်လို့ ၎င်းကဆိုပါတယ်။ Covid ကူးစက်မှု အဆိုးရွားဆုံးသော အနီရောင်ဇုန် နယ်မြေများမှာလည်း လူထုစုရုံးမှုကို ကန့်သတ်ထားပြီး ရိုးရာအခမ်းအနားများမှအပ အစည်းအဝေးများ၊ ပါတီပွဲများ ( သို့မဟုတ် ) ပွဲတော်များကို ကျင်းပခြင်း မပြုဖို့ တာမြစ်ထားတယ်လို့ သိရပါတယ်။ Metropolita Police Bureau (MPB) ရဲ့ လက်ထောက်ကော်မရှင်နာ၊ ရဲချုပ်ဗိုလ်ချုပ် Piya Tawichai ကဆန္ဒပြပွဲများနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ ချီတက်မယ့် အဓိကနေရာများမှာ နေရာချထားဖို့ ရဲနဲ့ ရဲအရာရှိ ၂၂၅၀ ရှိသည့် ရဲကုမ္မဏီ ၁၅ ခုကို MPB က စည်းရုံးသွားမည် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ Free Youth အဖွဲ့နဲ့ ပါဝင်သူများဟာ Covid-19 ကူးစက်ပျံ့ပွားခြင်းအပေါ် အစိုးရက ပျက်ကွက်ခြင်းကို ဆန့်ကျင်ဆန္ဒပြရန်အတွက် တနင်္ဂနွေနေ့ ညနေ ၂ နာရီမှာ ဒီမိုကရက်တစ်အထိမ်းအမှတ် အဆောက်အ ဦး မှ အစိုးရအိမ်တော်သို့ ချီတက်ကြမည် ဖြစ်တယ်လို့ Facebook စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်များကို စုရုံးစေခြင်းကတော့ ဗိုင်းရပ်စ်ကူးစက်ရောဂါကိုထိန်းချုပ်ရန်အတွက် လူမှုစုရုံးမှုများ တားမြစ်ရန် ချမှတ်ထားတဲ့ Covid-19 စစ်ဌာနချုပ်ရဲ့ အမိန့်နဲ့အညီ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြမယ့် ဒီမိုကရေစီအထိမ်းအမှတ် အဆောက်အဦးမှ အစိုးရအိမ်တော်ကို သွားမည့်လမ်းမကြီးပေါ်မှာ ရဲတပ်ဖွဲ့များက အတားအဆီးများ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် Piya က ပြောကြားခဲ့ပါတယ်။

Related news

© 2021. All rights reserved.