အမေရိကန် ရွေးကောက်ပွဲကို ရုရှားက နှောက်ယှက်ဟန့်တားဖို့ကြိုးစားနေတယ်လို့ သမ္မတဘိုင်ဒန် စတင်စွပ်စွဲ
942
ဂျန်ဇက် (NP News) - ဇူလိုင် ၂၈
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ၂၀၂၂ ခုနှစ်မှာကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲကို ရုရှားနိုင်ငံက နှောင့်ယှက်ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကြိုတင်ပြီး စွပ်စွဲပြစ်တင်လိုက်ပါတယ်။
ရုရှားနိုင်ငံဟာ သတင်းအမှားများဖြန့်ဝေပြီး ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်လွှတ်တော်ရွေးကောက်ပွဲ ကို နှောက်ယှက်ဟန့်တားဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ အမေရိကန်သမ္မတက ဇူလိုင်လ(၂၈)ရက်မှာ ကြိုတင် ပြောကြားလာတာလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတဟာ ဝါရှင်တန်မြို့အနီးရှိ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာရုံးကို သွားရောက်ချိန်အတွင်း အခုလိုမျိုးပြောခဲ့တာပါ။ ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖို့ ကြိုးပမ်းနေတာက အမေရိကန်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ အမေရိကန် သမ္မတက ဆိုပါတယ်။ အမေရိကန်သမ္မတဟာ မကြာခဏ ဆိုက်ဘာတိုက်ခိုက်ခံရမှုမြင့်တက်လာနေတာတွေ အတွက် စိုးရိမ်နေကြောင်း၊ ဟတ်ကာများဟာ အချက်လက်များနဲ့ ငွေကြေးတောင်းဆိုမှုများ ပိုမိုရှိလာခဲ့ကြောင်း ဆိုပါတယ်။ အင်အားကြီးနိုင်ငံတစ်နိုင်ငံနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို အဆုံးသတ်သွားမယ်ဆိုရင် စစ်မှန်တဲ့ စစ်ပွဲဖြစ်လာဖွယ်ရှိနေပြီး အဲဒီစစ်ပွဲဟာ ဆိုက်ဘာဥပဒေချိုးဖောက်မှု အကျိုးဆက်များကြောင့်သာဖြစ်ကြောင်း သမ္မတဘိုင်ဒန်က ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့စီစဉ် ထားပြီး အဲဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာအားလုံးနဲ့ အထက်လွှတ်တော်အမတ်သုံးပုံ တစ်ပုံကို မဲပေးရွေးချယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ဟာ ဆိုက်ဘာတိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားနိုင်ငံတို့ထံ မကြာခဏစွပ်စွဲပြစ်တင်လေ့ရှိသလို ပြီးခဲ့တဲ့ မတ်လတုန်းကလည်း Microsoft Exchange ကုမ္ပဏီ ဆိုက်ဘာတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်ပြီး ဒါဟာ တရုတ်ရဲ့လက်ချက် ဖြစ်တယ်လို့ စွပ်စွဲပြစ်တင်ခဲ့ဖူးပါတယ်။
ဒ့ါအပြင် ရုရှားနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံအတွင်းရှိ အဖွဲ့အစည်းတွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ဆောင်ပြီး ငွေကြေးတောင်းခံနေတာမျိုးတွေကို အရေးယူဆောင်ရွက်ဖို့ အမေရိကန်ဘက်က တောင်းဆိုနေပါတယ်။