Oxygen Concentrator (၇၅၀၀၀)နီးပါးနှင့် အောက်ဆီဂျင်ကားစီးရေ(၁၀၀၀)ကျော် တင်သွင်းရောက်ရှိထားပြီးပြီဖြစ်ကြောင်း ဝန်ကြီးဌာန အသိပေး

783

အေဝိုင်အီး (NP News) - သြဂုတ် ၆
ကိုဗစ်နှင့်ပတ်သက်၍ ဇူလိုင်လအတွင်းက အောက်ဆီဂျင်တင်သွင်းသည့်ကားအစီးရေ(၇၅၀)နီးပါးကို ခွင့်ပြုပေးခဲ့သည့်အပြင် သြဂုတ်လ၏ ၄ ရက်အတွင်းမှာပင် ကားစီးရေ(၂၉၀)နီးပါးနှင့် Oxygen Concentrator (၇၅၀၀၀)နီးပါးလည်း တင်သွင်းရောက်ရှိခဲ့ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကိုဗစ်တတိယလှိုင်းတွင် ထူးခြားစွာပင်အောက်ဆီဂျင်လိုအပ်ချက် မြင့်မားခဲ့သည့်အတွက် အောက်ဆီဂျင်တင်သွင်းမှုလုပ်ငန်းစဉ်အပါအဝင် ကိုဗစ်ကုသရေးလုပ်ငန်းသုံးပစ္စည်းမျိုးစုံ တင်သွင်းမှုတို့ကို ဝန်ကြီးဌာနဘက်က ဘက်စုံဖြေလျော့မှု၊ တင်သွင်းမှုမြန်ဆန်ရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဇူလိုင်လအတွင်း၌ ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser - ၇၂၇) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့(အိုးဖြင့်) (၁၁၄) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ အထူးသဖြင့် အောက်ဆီဂျင်ထုတ်စက် (Oxygen Concentrator) အလုံးရေ(၆၉၁၄၆) တင်သွင်းခွင့်ပြုခဲ့ခြင်းက ကျန်းမာရေးကဏ္ဍအတွက် အထူးကောင်းမွန်သော ရေတိုဖြေရှင်းနည်းဖြစ်ခဲ့ကြောင်း သိရသည်။ ယခု သြဂုတ်လအတွက်လည်း (၄)ရက်နေ့အထိ ယာဉ်စီးရေ(၂၈၉)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၂၂၈) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်)(၄၁)တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့အိုးဖြင့် (၅၂)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၃၃၄၆၆) ခု၊ Oxygen Plant (၄) ခု၊ အောက်ဆီဂျင်(Generator) (၅) ခု၊ အိမ်သုံးအောက်စီ ဂျင်စက် (Oxygen Concentrator) အခု (၃၃၆၄၀) ၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၁၉၅၀၂၂) စုံ၊ လက်အိတ်(၃၈)တန်နှင့် နှာခေါင်းစီး Mask (၄၄၈)တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းအပြင် သြဂုတ်လ(၅)ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၅၈၇၄) ခု၊ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ တာချီလိတ်၊၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည်(Bowser) ယာဉ်(၂)စီးဖြင့် (၃၇)တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၁ ဒသမ ၄၇)တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) (၅)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၉၁၁၇)ခု၊ Oxygen Plant (၄)ခု၊ အိမ်သုံး အောက်ဆီဂျင်စက်(Oxygen Concentrator) (၆၅၀၁)ခု၊ PPE အစုံ (၅၁၄၀၀) ၊ လက်အိတ် တန် (၃၀) နှင့် နှာခေါင်းစီး Mask တန် (၂၁၀) တင်သွင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါတင်သွင်းပစ္စည်းများကို ကုမ္ပဏီ(၄၃)ခုက ယာဉ်စီးရေ (၈၈) စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်နှင့်ပတ်သက်သည့်ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသကဲ့သို့ အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များထားရှိပြီး မြန်နိုင်သမျှ မြန်ဆန်စေရန် ဆောင်ရွက်ပေးနေသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။