အီရန်နိုင်ငံ၏ ယူရေနီယံသတ္တု ထုတ်လုပ်မှုများကို အမေရိကန်သတိပေးပြောဆို

 685

ဂျန်ဇက် (NP News) - သြဂုတ် ၁၇
အမေရိကန်အစိုးရသည် အီရန်နိုင်ငံမှ ယူရေနီယံသတ္တုများထုတ်လုပ်မှုများ ဆက်လက်လုပ်ကိုင်နေခြင်းနှင့် ပတ်သတ်ကာသတိပေးပြောဆိုလိုက်ပြီး အီရန်နှင့်ရပ်တန့်ထားသည့် နျူကလီးယားဆွေးနွေးမှုများတစ်ကျော့ပြန်လုပ် ကိုင်သင့်ကြောင်းတိုက်တွန်ထားသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြထားသည်။

နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီအဖွဲ့ဝင်နိုင်ငံများ၏ အီရန်နျူကလီးယားနှင့်ပတ်သက်ပြီး နောက်ဆုံးထုတ်ပြန်ချက်အပေါ် အမေရိကန်ကသံသယရှိကာ ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသည်။

အီရန်သည် မိမိတို့နိုင်ငံအနေဖြင့် ၂ဝ၁၅ ခုနှစ်ကချုပ်ဆိုခဲ့သည့် Joint Comprehensive Plan of Action (JCPOA) နျူကလီးယားဗုံးထုတ်လုပ်ရာတွင် အသုံးပြုရမည့် ယူရေနီယံသတ္တုထုတ်လုပ်မည် မဟုတ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့နိုင်ရန် နျူကလီးယား အစီအစဉ်များကို ပြန်လျော့ချလုပ်ကိုင်သွားမည်ဖြစ်ကြောင်းပြောဆိုထားသည်။

သို့သော် အီရန်အစိုးရသည် နျူကလီးယားဓါတ်ပေါင်းဖိုအတွက် လိုအပ်သည့် စွမ်းအင်လောင်စာများရနိုင်ရန် ယူရေ နီယံသတ္တု ထုတ်လုပ်ခြင်း၊ သုတေသနလုပ်ဆောင်နေကြောင်း ယခုနှစ်အစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Ned Price က" အမေရိကန်အစိုးရဟာ (JCPOA) စာချုပ်ရဲ့ကန့်သတ်ချက်တွေ ကျော်လွန်ပြီး နျူကလီးယားအရေးတင်းမာမှုတွေဖြစ်အောင်လုပ်ကိုင်နေမှုတွေကိုစာချုပ်အ တိုင်း အပြန်အလှန်လိုက်နာတဲ့ပုံစံမျိုး ပြန်ဖြစ်အောင်ဆက်လက်လုပ်ကိုင်သွားမှာပါ။ အီရန်နိုင်ငံအနေနဲ့ နျူက လီးယား အရေးတင်းမာမှုတွေဖြစ်အောင် လုပ်ကိုင်နေတာတွေကို ဖြေလျော့သင့်တယ်။ JCPOA စာချုပ်ကိုယုံကြည်မှုအပြည့်နဲ့ အပြည့်အဝအကောင်ထည့်ဖော်နိုင်အောင်ဆွေးနွေးမှုတွေ ပြန်လုပ်သင့်တယ်" ဟု ပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အီရန်နျူကလီးယားစာချုပ်ကိုပြန်ဆွေးနွေးနိုင်ရန် ဆန္ဒရှိနေသော်လည်း အမေရိကန်အစိုးရသည် အီရန်နျူကလီးယားအရေးနှင့် ပတ်သက်မှုမရှိသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် ငြင်းဆန်ခဲ့သည့်အတွက်ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိဘဲဖြစ်ခဲ့ရသည်။ အီရန်နိုင်ငံတွင် Ebrahim Raisi သမ္မတအဖြစ်တာဝန်ယူခဲ့ပြီးနောက်ပိုင်းကတည်းက အီရန်နျူကလီးယားဆွေးနွေးမှုများကရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေသည့် အခြေနေမျိုးဖြစ်နေကြောင်း သိရသည်။ အီရန်သမ္မတက အီရန်နိုင်ငံအပေါ်အမေရိကန်အစိုး ရကချမှတ်ထားသည့် ဆွေးနွေးမှုများ ဖြေလျော့နိုင်အောင် ကြိုးပမ်းမှုများကို အားပေးကူညီသွားမည်ဟု ပြောဆိုထားသည်။
#NPNews

Related news

© 2021. All rights reserved.