နေပြည်တော်အား မြို့အားလုံး၏ စံပြမြို့တော်ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

1101

ရဲပြည့် (NP News) - သြဂုတ် ၁၈
နေပြည်တော်သည် နိုင်ငံတော်၏ အစိုးရရုံးစိုက်ရာမြို့တော်ဖြစ်ပြီး မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီစေရန် အဖက်ဖက်က ပြည့်စုံသည့်မြို့အားလုံး၏ စံပြမြို့တော်ဖြစ်လာရေးအတွက် ဆောင်ရွက်သွားမည်ဟု အိမ်စောင့်အစိုးရအဖွဲ့ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံတော်၏မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေး စတင်ဆောင် ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သြဂုတ်လ(၁၇)ရက်နေ့က ပြုလုပ်သည့် နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် ယင်းက ပြော သည်။
“နေပြည်တော်က မပြည့်မစုံ နဲ့ မြို့တော်တည်ဆောက်ခဲ့ရပြီး အခုအခါမှာ အတိုင်းအတာတစ်ခုအထိပြည့်စုံလာနေပါပြီ။ ပိုမိုတိုးတက်လာစေဖို့ ဆောင်ရွက်ရမှာဖြစ်ပြီး မြို့တော်အားလုံး၏ စံပြဖြစ်လာရမယ်”ဟု ဗိုလ်ချုပ်မှူးကြီးကပြောသည်။
နေပြည်တော်သည် ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၅ နှစ်နှင့် ၆ လရှိပြီဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့သည် ယခင်က မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာမြို့တော် ဖြစ်သော်လည်း ယခုအခါ စီးပွားရေး ကုန်သွယ်မှုအဓိကဆောင်ရွက်လျက်ရှိသည့် မြို့တော်ဖြစ်ကြောင်း၊ မန္တလေးမြို့သည်လည်း ယခင်က မင်းနေပြည်တော် ဖြစ်ခဲ့ပြီး အထက်မြန်မာနိုင်ငံ၏မြို့တော် ဖြစ်သကဲ့သို့ စီးပွားရေးအရလည်း အချက်အချာကျသည့် မြို့တော်ဖြစ်ကြောင်း ယင်းကပြောသည်။
#NPNews