ဟောင်ကောင်တွင် အကြမ်းဖက်ဝါဒထောက်ခံမှုဖြင့် ကျောင်းသား (၄) ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး

578

ရောင်နီ ( NP News ) - သြဂုတ် ၁၉
ဟောင်ကောင်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့်ဇူလိုင်က ရဲတစ်ဦး ဓားထိုးအသတ်ခံရမှုနှင့် ပတ်သက်ပြီး အကြမ်းဖက်ဝါဒထောက်ခံမှုဖြင့် ကျောင်းသား (၄) ဦးကို ဩဂုတ်လ (၁၈) ရက်နေ့တွင် ဖမ်းဆီးထားကြောင်း CNA သတင်းဖော်ပြချက်အရသိရသည်။
ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုမှ တရုတ်အုပ်ချုပ်မှုကို ပြန်လည်ရောက်ရှိခဲ့သည့် နှှစ်ပတ်လည်နေ့တွင် ဆန္ဒပြစုဝေးမှုများကို တားဆီးနေစဉ် ရဲအရာရှိတစ်ဦး နောက်ကျောမှ ဓားဖြင့် အထိုးခံခဲ့ရကာ ဆေးရုံတွင် သေဆုံးမှုဖြစ်ပွားခဲ့သည်။ ထို့ပြင်အခြားသော အသက် (၂၈) နှစ်အရွယ် ရဲအရာရှိ တစ်ဦးလည်း အဆုတ်ကို အထိုးခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသွားသည့် ရဲအရာရှိအတွက် ဟောင်ကောင်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဒါဇင်အနည်းငယ်တို့သည် သတိရအောက်မေ့ကြောင်း၊ အ နစ်နာခံမှုကို တန်ဖိုးထားကြောင်း ဖော်ပြခဲ့ပြီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များက မသင့်လျော်သည့် သမဂ္ဂအ ဆိုပြုချက်အတွက် တောင်းပန်ခဲ့ကြသည်။
သမဂ္ဂကျောင်းဝန်းရုံးကို အမျိုးသား လုံခြုံရေးရဲတပ်ဖွဲ့များက စီးနင်းခဲ့ပြီးနောက် တက္ကသိုလ်သည် သမဂ္ဂနှင့် အ ဆက်အသွယ် ပြတ်တောက်ခဲ့ပြီး အဆိုပြုချက်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကျောင်းသား (၃ဝ) ခန့် ၄င်းတို့အ ဆောင်ဝင်ရောက်ခွင့် တားမြစ်ခံခဲ့ရသည်။ သမဂ္ဂအဆိုကို ထောက်ခံသည့် အသက် ၁၈ နှစ်မှ ၂ဝ နှစ်ကြား ကျောင်း သား (၄) ဦးကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရန် ဖမ်းဆီးခဲ့ပြီး ၄င်းတို့၏ အမည်များကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်းသိရသည်။
ဟောင်ကောင်သည် ၂ဝ၁၉ ခုနှစ် လမ်းပေါ်ဆန္ဒပြမှုများ ပေါ်ထွက်လာစဉ် ဆန္ဒပြသူများ တောင်းဆိုခဲ့သည့် ရဲတပ်ဖွဲ့ ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ငြင်းပယ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့် ပြီးခဲ့သည့်နှစ်က ဘေဂျင်းမှချ မှတ်ခဲ့သည့် အမျိုးသားလုံခြုံရေး ဥပဒေအရ ယင်းဆန္ဒပြမှုများ အဆုံးသတ်ခဲ့သည်။ အဆိုပါ ဥပဒေ စတင်ကတည်း က အစိုးရ၏အထင်ရှားဆုံး အတိုက်အခံများ ထောင်ကျခြင်း သို့မဟုတ် ပြည်ပသို့ ထွက်ပြေးခြင်းများရှိလာကြောင်းသိရသည်။
#NPNews