တာမွေ၊ 225 ဟိုတယ်တွင် ဂျင်လောင်းကစားဝိုင်းပြုလုပ်နေသူ (၄ဝ) ဦး ဖမ်းဆီးခံရ

 2055

ရဲပြည့်(NP News) - စက်တင်ဘာ ၂

တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော 225 ဟိုတယ်တွင် ဂျင်လောင်းကစားဝိုင်းပြုလုပ်နေသူ (၄ဝ) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေး၏ ယနေ့ စက်တင်ဘာလ ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖမ်းဆီးရမိသူများအား တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်ရိပ်သာလမ်းနှင့် ဖိုးစိန်လမ်း ထောင့်ရှိ Two Two Five Hotel တွင် သြဂုတ်လ ၃၁ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Two Two Five Hotel တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်း ရရှိခဲ့သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဟိုတယ်မန်နေဂျာအပါအဝင် လောင်းကစားပြုလုပ်နေသူ (၄ဝ)ဦး၊ လောင်းကစားပြုလုပ်သည့် ပစ္စည်းများ၊ ၎င်းတို့ ကိုင်ဆောင်ထားသည့် ဖုန်းများ၊ လောင်ကြေးငွေ (၂၆၅) သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟိုတယ်အတွင်းသို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သော်လည်း ဟိုတယ်ပိုင်ရှင်သည် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အတွက် ၎င်းအား ဖမ်းဆီးရမိရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူများအား လောင်းကစား ဥပဒေပုဒ်မ - ၁၆(က)/ ၁၇(က) တို့နှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.