Pfizer ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ၆ လအကြာမှာ ခုခံအား ၈ဝ ရာခိုင်နှုန်းကျော်ကျဆင်းသွားနိုင်ကြောင်း တွေ့ရှိ

 2759

ရောင်နီ (NP News) - စက်တင်ဘာ ၇
Pfizer ကိုဗစ်ကာကွယ်ဆေးရဲ့ COVID-19 antibodies တွေဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ၆ လအကြာမှာ ခုခံအား ၈ဝ ရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းသွားကြောင်း လေ့လာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ရှိချက်ကို Case Western Reserve တက္ကသိုလ် နဲ့ အမေရိကန်နိုင်ငံ Brown တက္ကသိုလ်တို့ကို ဦး ဆောင်တဲ့သုတေသနက ဘိုးဘွားရိပ်သာ ၁၂ဝ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သား ၉၂ ဦးတို့ရဲ့သွေးနမူနာ တွေကိုလေ့လာခဲ့ရာကနေ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သုတေသီတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ခုခံအား antibody-mediated immunity (ခေါ်) humoral immunity ရဲ့ COVID-19 ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်အပေါ် ခုခံနိုင်စွမ်းကိုတိုင်းတာကြည့်ခဲ့ကြတာဖြစ်ပါတယ်။
Preprint server medRxiv မှာ တင်ထားတဲ့ မထုတ်ဝေရသေးတဲ့ လေ့လာမှုတစ်ခုမှာလည်း ကာကွယ်ဆေးထိုး ပြီး ၆ လအကြာပြီးနောက် တစ်ဦးချင်းစီရဲ့ antibody ပမာဏဟာ ၈ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာကို တွေ့ရှိခဲ့ကြပါတယ်။ ရလဒ်တွေမှာတော့ ပျှမ်းမျှအားဖြင့် အသက် ၇၆ နှစ် သက်ကြီးရွယ်အိုတွေနဲ့ ပျှမ်းမျှအသက် ၄၈ နှစ်အရွယ် လူကြီးတွေမှာ တူညီစွာတွေ့ရတယ်လို့ သုတေသီများက ဆိုပါတယ်။

အဖွဲ့ရဲ့ အစောပိုင်း သုတေသနတွေ့ရှိချက်အရ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီး နှစ်ပတ်အတွင်း အရင်က COVID-19 ကူးစက်ခံရဖူးခြင်း မရှိတဲ့ သက်ကြီးရွယ်အိုတွေဟာ ကိုဗစ်ကူးစက်ခံရဖူးတဲ့ ငယ်ရွယ်သူထက် သိသိ သာသာ ကိုယ်ခံအားတုံ့ပြန်မှုလျော့နည်းလာတယ်လို့ သိရပါတယ်။ ကာကွယ်ဆေးထိုးပြီး ခြောက်လကြာပြီး နောက် ဘိုးဘွားရိပ်သာရှိ နေထိုင်သူ ၇ဝ ရာခိုင်နှုန်းရဲ့သွေးနမူနာတွေကို ဓာတ်ခွဲခန်းစမ်းသပ်ရာမှာ coronavirus ကူးစက်မှုကိုတိုက်ဖျက်ဖို့အတွက် အလွန်ညံ့ဖျင်းလာတာ တွေ့ရတယ်လို့ Case Western Reserve တက္ကသိုလ်မှ ပါမောက္ခ David Canaday က ပြောကြားခဲ့ပါတယ်။

ရလဒ်တွေဟာ ခုခံအား ကျဆင်းမှုကြောင့် အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ booster shot တွေထိုးပေးဖို့ လိုအပ်လာကြောင်း၊ Delta မူကွဲများ ပျံ့နှံ့လာတာနဲ့အမျှ boosters တွေဟာလည်း ပိုအရေးကြီးလာကြောင်း လေ့လာမှုက မှတ်ချက်ပြုခဲ့ပါတယ်။
#NPNews

Related news

© 2021. All rights reserved.