သြစတြေးလျကအမေရိကန်၊ ဗြိတိန်နှင့်ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော (၈)စီးတည်ဆောက်မည်

 671

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇
သြစတြေးလျနိုင်ငံသည် အမေရိကန်၊ဗြိတိန်နိုင်ငံတို့နှင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအသစ် (၈) စီးထပ်မံတည်ဆောက်သွားဖွယ်ရှိကြောင်း ရိုက်တာသတင်းဖော်ပြချက်အရသိရသည်။ အဆိုပါနျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများတည်ဆောက်မည့် သြစတြေးလျအစိုးရ၏အ စီအစဉ်သည် တရုတ်နိုင်ငံအပေါ်စိတ်ဆိုးဒေါသဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

သြစတြေးလျနိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံပြီးပါက နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတည်ဆောက်ရန် အမေရိကန်၏နျူကလီးယားနည်းပညာကိုလက်ခံရရှိသည့် ဒုတိယမြောက်နိုင်ငံဖြစ် လာဖွယ်ရှိနေသည်။

သြစတြေးလျဝန်ကြီးချုပ် Scott Morrison က "ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာပိုမိုရှုပ်ထွေးလာတယ်။ အထူးသဖြင့် ကျွန်တော်တို့ဒေသဖြစ်တဲ့အင်ဒို - ပစိဖိတ်ဒေသမှာပါ။ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့နဲ့ဒေသအတွင်းလိုအပ်တဲ့တည်ငြိမ်မှုနဲ့လုံခြုံရေးကိုကူညီပေးနိုင်ဖို့ကျွန်တော်တို့ဟာမိတ်ဖက်နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုအဆင့်တန်းအသစ်တစ်ခုလုပ်ဆောင်ရမယ်" ဟု ပြောသည်။

အမေရိကန်၊ သြစတြေးလျ နှင့် ဗြိတိန်နိုင်ငံ ခေါင်းဆောင်များပါဝင်သည့် လုံခြုံရေးအုပ်စုအသစ်တစ်ခုကိုစက်တင်ဘာလ (၁၆)ရက်ကကြေညာခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ် သက်ပြီး ယှဉ်ပြိုင်မှုများအပြင် ထိုင်ဝမ်အပေါ်ဖိအားပေးမှု၊ စစ်ရေးတည်ဆောက်မှု၊ သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုများလုပ်ဆောင်လာသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်များကို ပြန်လျော့ချသွားအောင် လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကသြစတြေးလျနိုင်ငံအနေဖြင့် သက်တမ်းကြာမြင့်နေပြီဖြစ်သည့် Collins class အမျိုးအစားသင်္ဘောအုပ်စုများနေရာတွင် အစားထိုးရန်ပြင်သစ်နှင့်ချုပ်ဆိုထားသည့် အမေရိကန်ဒေါ်လာ (၄ဝ) ဘီလီယံတန်းကြေးရှိရေငုပ်သင်္ဘောဖွံ့ဖြိုးရေးစာချုပ်ကိုဖျက်သိမ်းရဖွယ်ရှိနေကြောင်း ပြောသည်။ အဆိုပါနျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများတွင် နျူကလီးယားလက်နက်များ တပ်ဆင်သွားမည်မဟုတ်ကြောင်း သြစတြေးလျဝန်ကြီးချုပ်က ပြောသည်။

နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသည် ရေအောက်တွင်အချိန်ကြာမြင့်စွာနေနိုင်ပြီး တောင်တရုတ်ပင်လယ်ရှိ တရုတ်သင်္ဘောများရှိသည့်နေရာများကို ကိုယ်ပျောက်သွားလာနိုင်သည့် အခြေနေမျိုးရှိနေကြောင်းလုံခြုံရေးလေ့လာသုံးသပ်မှုများကပြောသည်။ အမေရိကန်နျူကလီးယားစွမ်း အင်သုံးနည်းပညာဖြင့်တည်ဆောက်မည့်သုံးပွင့်ဆိုင် ရေငုပ်သင်္ဘောတည်ဆောက်ရေးစာချုပ်အ ပေါ်တရုတ်နိုင်ငံက ခြိမ်းခြောက်မှုအဖြစ်ရှုမြင်လာနိုင်ဖွယ်ရှိကြောင်း Asia Society Policy Institute ၏ အကြီးတန်းအရာရှိ Richard Maude က ပြောသည်။ ထို့ပြင်တရုတ်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့၏ ကုန်သွယ်ရေးထိခိုက်စေနိုင်ပြီး အပြန်အလှန်ကုန်သွယ်ရေးကန့်သတ်ချက်များ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။
#NPNews

Related news

© 2021. All rights reserved.