စင်ကာပူတွင်အိမ်အကူကို တစ်နှစ်ကြာသည်အထိ လစာမပေးသည့် အိမ်ရှင်အမျိုးသမီးတရားစွဲခံရ

1314

ရောင်နီ (NP News) - စက်တင်ဘာ ၂၃
စင်ကာပူနိုင်ငံတွင် အိမ်အကူလုပ်သား၏ တစ်နှစ်စာလစာငွေကို ပေးချေခြင်းမပြုသည့် အိမ်ရှင်အမျိုးသမီးကို စွဲ ချက်တင်လိုက်ပြီဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန (MOM) က ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင်ပြောသည်။
အိမ်ရှင်ဖြစ်သည့် Santa Maria Michelle Theresa (၅၆ နှစ်) သည် သူမ၏အိမ်အကူကို၂ဝ၁၈ ခုနှစ်ဧပြီလမှ ၂ဝဝ၉ ခုနှစ်ဧပြီလအထိ တစ်နှစ်စာလစာငွေကို မပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သူမသည် နိုင်ငံခြားသား အလုပ်သ မားဥပဒေနှင့်အညီစွဲချက် (၁၃) ခုဖြင့်ရင်ဆိုင်နေရပြီး အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်စင်ကာပူဒေါ်လာ ၁ဝဝဝဝ (သို့မဟုတ်) စွဲချက်တစ်ခုစီအတွက်ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ကြောင်းသိရသည်။
ထို့ပြင် အိမ်အကူအမျိုးသမီးဖြစ်သည့် Emferatriz Borja Montefolka သည်လည်း ၂ဝ၁၈ ခုနှစ် သြဂုတ်လမှ ၂ဝ၁၉ ဧပြီလအထိ အခြားအလုပ်ရှင်များ၏နေအိမ်တွင် တရားမဝင်အချိန်ပိုင်းအလုပ်လုပ်နေကြောင်း သံသယရှိထားပြီးတ ရားဝင်အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ခြင်းကြောင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ၊ စင်ကာပူဒေါ်လာ ၂ဝဝဝဝ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။ ၎င်းကို အလုပ်ခန့်ခဲ့သည့် အလုပ်ရှင်တစ်ဦးဖြစ်သူ Norliza Kamardin သည်လည်း တရားမဝင်အလုပ်သမားကို အလုပ်ခန့်ခြင်းကြောင့် ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ စင်ကာပူဒေါ်လာ ၅ဝဝဝ မှ စင်ကာပူဒေါ်လာ ၃ဝဝဝဝ အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရနိုင်ကြောင်းသိရသည်။
စင်ကာပူ အလုပ်သမားရေးရာဝန်ကြီးဌာနက အလုပ်ရှင်များအနေဖြင့် ၎င်းတို့အိမ်အကူဝန်ထမ်း၏ လုပ်ခလစာကို အီလက်ထရောနစ်နည်း GIRO သို့မဟုတ် ဘဏ်တိုက်ရိုက်လွှဲခြင်းကဲ့သို့ ငွေပေးချေခြင်း ပြုလုပ်ရန်အားပေးထားပြီး လျင်မြန်သော ငွေပေးချေမှုကို သေချာစေသည့်ပွင့်လင်းမြင်သာသော မှတ်တမ်းများသည် လစာအငြင်းပွားမှုများကို လျော့နည်းစေကြောင်း ပြောကြားခဲ့သည်။
#NPNews