ဂါဇာကမ်းရိုးတန်းရဲ့ ရေမိုင်(၁၅၀)မိုင်အကွာအထိသာ နိုင်ငံတကာရေယာဉ်စုတွေကို လိုက်ပါစောင့်ကြပ်ပေးမယ်လို့ အီတလီပြော

 86

Pika (NP News) - အောက်တိုဘာ ၂

ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေပေးပို့ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတကာရေယာဉ်စုတွေကို စစ်သင်္ဘောတစ်စီးနဲ့ လိုက်လံစောင့်ကြည့်ပေးနေတာကို ရပ်ဆိုင်းတော့မယ်လို့ အီတလီအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Global Sumud Flotillaအဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့ပိတ်ပင်မှုတွေကို ချိုးဖျက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အရပ်ဘက်သင်္ဘောအစီးရေ(၅၀)စီးခန့်ကို အသုံးပြုနေတာလည်းဖြစ်ပြီး Global Sumud Flotillaရဲ့ လုပ်ရပ်တွေကို အစ္စရေးအစိုးရက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

အစ္စရေးရဲ့ပိတ်ပင်မှုတွေကို ချိုးဖျက်ဖို့ကြိုးပမ်းတဲ့သင်္ဘောတွေအပေါ်မှာ ဆွီဒင်ရာသီဥတုဆိုင်ရာ လှုံ့ဆော်သူ Greta Thunberg အပါအဝင် ရှေ့နေတွေ၊လွှတ်တော်အမတ်တွေနဲ့ တက်ကြွလှုပ်ရှားသူအများအပြား လိုက်ပါလာကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာရေယာဉ်စုဟာ ဂါဇာကမ်းရိုးတန်းရဲ့ ရေမိုင်(၁၅၀)မိုင်အကွာကို ရောက်တာနဲ့တစ်ပြိုင်နက် အီတလီဖရီးဂိတ်သင်္ဘောဟာ လိုက်လံစောင့်ကြည့်ပေးမှုတွေကို ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ အီတလီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဆိုက်ပရပ်စ်နိုင်ငံဆိပ်ကမ်းမှာ အကူအညီတွေချထားပေးခဲ့ဖို့နဲ့ အစ္စရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံတာမျိုးကို ရှောင်ရှားကြဖို့ Global Sumud Flotillaရေယာဉ်စုကို အီတလီအစိုးရက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ‌ပေမယ့်လည်း ဆိုက်ပရပ်စ်နိုင်ငံမှာ အကူအညီချထားပေးခဲ့ဖို့ တောင်းဆိုချက်တွေကို Global Sumud Flotillaနိုင်ငံတကာရေယာဉ်စုက ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

Related news

© 2021. All rights reserved.