အစ္စရေးကို နောက်ထပ်အကူအညီတွေ မပေးအပ်ဖို့ အမေရိကန်နိုင်ငံသားအများအပြား ထုတ်ဖော်ပြောဆို

168

Pika (NP News) - အောက်တိုဘာ ၂
အစ္စရေးနိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသမှာလုပ်ဆောင်နေတဲ့ ၎င်းရဲ့စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့လူထုထောက်ခံမှုကို လျင်မြန်စွာဆုံးရှုံးနေတယ်လို့ သိရပါတယ်။ New York Times နဲ့ Siena Research Institute တို့က ကောက်ယူထားတဲ့စစ်တမ်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ တရားဝင်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်တမ်းအရ အမေရိကန်နိုင်ငံသားတွေရဲ့ (၅၁)ရာခိုင်နှုန်းက အစ္စရေးကို စီးပွါးရေးနဲ့စစ်ဘက်ဆိုင်ရာ အကူအညီတွေ ထပ်မံပေးပို့တာကို ဆန့်ကျင်ကြောင်း ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။ဖြေဆိုသူတွေရဲ့(၃၁)ရာခိုင်နှုန်းကသာ အစ္စရေးကို နောက်ထပ်အကူအညီတွေပေးပို့ဖို့ ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။ဖြေဆိုသူ(၁၀)ဦးမှာ (၆)ဦးက ဂါဇာမှာလုပ်ဆောင်နေတဲ့စစ်ဆင်ရေးတွေကို အစ္စရေးက ချက်ချင်းရပ်တန့်သင့်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။
ဒါ့ပြင် ဖြေဆိုသူတွေရဲ့(၄၀)ရာခိုင်နှုန်းလောက်က အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ အရပ်ဘက်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတယ်လို့ ယုံကြည်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။အစ္စရေးဟာ အရပ်ဘက်ပြည်သူတွေ အသေအပျောက်မများစေရအောင် ကြိုတင်သတိပေးမှုတွေကို လုံလုံလောက်လောက်လုပ်ဆောင်တာမျိုးမရှိဘူးလို့လည်း ဖြေဆိုသူတွေရဲ့ (၆၂)ရာခိုင်နှုန်းက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
အဲဒီစစ်တမ်းကို စက်တင်ဘာလ(၂၂)ရက်ကနေ (၂၇)ရက်အတွင်း ကောက်ယူခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံသား(၁၃၁၃)ဦးကို စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
zawgyi version
အစၥေရးကို ေနာက္ထပ္အကူအညီေတြ မေပးအပ္ဖို႔ အေမရိကန္ႏိုင္ငံသားအမ်ားအျပား ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ေအာက္တိုဘာ ၂
အစၥေရးႏိုင္ငံဟာ ဂါဇာကမ္းေျမာင္ေဒသမွာလုပ္ေဆာင္ေနတဲ့ ၎ရဲ႕စစ္ဆင္ေရးေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕လူထုေထာက္ခံမႈကို လ်င္ျမန္စြာဆုံးရႈံးေနတယ္လို႔ သိရပါတယ္။ New York Times နဲ႔ Siena Research Institute တို႔က ေကာက္ယူထားတဲ့စစ္တမ္းကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဂါဇာၿငိမ္းခ်မ္းေရးအစီအစဥ္ကို ထုတ္ျပန္ၿပီး နာရီပိုင္းအၾကာမွာ တရားဝင္ထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။
စစ္တမ္းအရ အေမရိကန္ႏိုင္ငံသားေတြရဲ႕ (၅၁)ရာခိုင္ႏႈန္းက အစၥေရးကို စီးပြါးေရးနဲ႔စစ္ဘက္ဆိုင္ရာ အကူအညီေတြ ထပ္မံေပးပို႔တာကို ဆန္႔က်င္ေၾကာင္း ေျဖဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။ေျဖဆိုသူေတြရဲ႕(၃၁)ရာခိုင္ႏႈန္းကသာ အစၥေရးကို ေနာက္ထပ္အကူအညီေတြေပးပို႔ဖို႔ ေထာက္ခံခဲ့ၾကတယ္လို႔ သိရပါတယ္။ေျဖဆိုသူ(၁၀)ဦးမွာ (၆)ဦးက ဂါဇာမွာလုပ္ေဆာင္ေနတဲ့စစ္ဆင္ေရးေတြကို အစၥေရးက ခ်က္ခ်င္းရပ္တန္႔သင့္တယ္လို႔ ေျဖဆိုခဲ့ၾကပါတယ္။
ဒါ့ျပင္ ေျဖဆိုသူေတြရဲ႕(၄၀)ရာခိုင္ႏႈန္းေလာက္က အစၥေရးဟာ ဂါဇာကမ္းေျမာင္ေဒသမွာ အရပ္ဘက္ျပည္သူေတြကို ရည္႐ြယ္ခ်က္ရွိရွိ သတ္ျဖတ္ေနတယ္လို႔ ယုံၾကည္တယ္လို႔ ေျဖဆိုခဲ့ၾကပါတယ္။အစၥေရးဟာ အရပ္ဘက္ျပည္သူေတြ အေသအေပ်ာက္မမ်ားေစရေအာင္ ႀကိဳတင္သတိေပးမႈေတြကို လုံလုံေလာက္ေလာက္လုပ္ေဆာင္တာမ်ိဳးမရွိဘူးလို႔လည္း ေျဖဆိုသူေတြရဲ႕ (၆၂)ရာခိုင္ႏႈန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္။
အဲဒီစစ္တမ္းကို စက္တင္ဘာလ(၂၂)ရက္ကေန (၂၇)ရက္အတြင္း ေကာက္ယူခဲ့တာျဖစ္ၿပီး အေမရိကန္ႏိုင္ငံသား(၁၃၁၃)ဦးကို စစ္တမ္းေကာက္ယူခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)