မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ဂျပန်နိုင်ငံရှိ ကျောက်မျက်ရတနာကုမ္ပဏီများပါဝင် တက်ရောက်နိုင်

 86

Pearl (NP News) -‌ေ အောက်တိုဘာ ၂

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ဂျပန်နိုင်ငံရှိ ကျောက်မျက်ရတနာကုမ္ပဏီများပါဝင် တက်ရောက်နိုင်ကြောင်း ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမ အပတ်တွင် မြန်မာနိုင်ငံ၊ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် မြန်မာ့ပုလဲများ၊ ကျောက်မျက် ရတနာများနှင့်ကျောက်စိမ်းများကို ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် ဂျပန်နိုင်ငံရှိ ကျောက်မျက်ရတနာကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာသံရုံးသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေး ထုတ်ပြန်ထားသည်။

zawgyi version
ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ ဂ်ပန္ႏိုင္ငံရွိ ေက်ာက္မ်က္ရတနာကုမၸဏီမ်ားပါဝင္ တက္ေရာက္ႏိုင္

Pearl (NP News) -‌ေ ေအာက္တိုဘာ ၂

ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ ဂ်ပန္ႏိုင္ငံရွိ ေက်ာက္မ်က္ရတနာကုမၸဏီမ်ားပါဝင္ တက္ေရာက္ႏိုင္ေၾကာင္း ဂ်ပန္ႏိုင္ငံ ၊ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားသည္။

(၆၀)ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ပထမ အပတ္တြင္ ျမန္မာႏိုင္ငံ၊ ေနျပည္ေတာ္ရွိ မဏိရတနာေက်ာက္စိမ္းခန္းမ၌ က်င္းပျပဳလုပ္ သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ ျမန္မာ့ပုလဲမ်ား၊ ေက်ာက္မ်က္ ရတနာမ်ားႏွင့္ေက်ာက္စိမ္းမ်ားကို ေရာင္းခ်ေပးသြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲသို႔ ပါဝင္တက္ေရာက္လိုသည့္ ဂ်ပန္ႏိုင္ငံရွိ ေက်ာက္မ်က္ရတနာကုမၸဏီမ်ား၊ အဖြဲ႕အစည္းမ်ား၊ လုပ္ငန္းရွင္မ်ားအေနျဖင့္ အေသးစိတ္ အခ်က္အလက္မ်ားကို သိရွိလိုပါက ျမန္မာသံ႐ုံးသို႔ ဆက္သြယ္ႏိုင္ပါေၾကာင္း အသိေပး ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.