ကမ္ဘာကျော်လက်ဝှေ့သမား ပက်ကွီအိုက ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝကိုစွန့်လွှတ်

 786

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၉
ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသား ပက်ကွီအိုသည် ပရော်ဖက် ရှင်နယ်လက်ဝှေ့သမားအဖြစ်မှ တရားဝင်အနားယူလိုက်ပြီဖြစ်ကြောင်း ယနေ့ (စက် တင်ဘာလ၂၉)ရက်တွင် တရားဝင်ကြေညာလိုက်သည်။ ပက်ကွီအိုသည် ပရော်ဖက် ရှင်နယ်လက်ဝှေ့သမားအဖြစ် နှစ်ပေါင်းများစွာကြာထိုးသတ်ခဲ့သူဖြစ်ရာ လက်ဝှေ့သ မားအဖြစ်အနားယူလိုက်ခြင်းက ၎င်းဘဝအတွက်ခက်ခဲသည့် ဆုံးဖြတ်ချက်ကိုချရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ပက်ကွီအိုသည် ဖိလစ်ပိုင်နိုင်ငံသားဖြစ်သော်လည်း ကမ္ဘာ့လက်ဝှေ့လောကတွင် အောင်မြင်မှုသရဖူများစွာ နှင့် စံချိန်ကောင်းများ တင်ထားနိုင်ခဲ့သူဖြစ်သည်။ အသက် (၄၂) နှစ်အရွယ်ရှိ ပက်ကွီအိုသည် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝကို ၁၉၉၅ ခုနှစ် ဇန်နဝါရီလကစတင်ခဲ့ပြီး နှစ်ပေါင်း (၂၆) နှစ်အတွင်း ကမ္ဘာ့လက်ဝှေ့သမိုင်းတွင်မတူညီသည့် ဝိတ်တန်း (၈)ခုချန်ပီယံဆု နှင့် အဓိကလက်ဝှေ့ပြိုင်ပွဲများ၏ ကမ္ဘာချန်ပီယံဆု (၁၂) ကြိမ်ရယူနိုင်သည့် တစ်ဦးတည်းသောလက်ဝှေ့သမားဖြစ်သည်။
ပက်ကွီအိုသည် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ် ပွဲပေါင်း (၇၂) ပွဲထိုးသတ်ခဲ့ပြီး (၆၂)ပွဲအနိုင်ရကာ (၁ဝ) ပွဲသာရှုံးနိမ့်ခဲ့ကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လက ကျူးဘားလက်ဝှေ့သမားနှင့်ပွဲစဉ်တွင် ရှုံးနိမ့်ပြီးနောက် တစ်လကျော်အကြာတွင် လက်ဝှေ့သမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

ပက်ကွီအိုက " ကျွန်တော်ရဲ့လက်ဝှေ့သမားဘဝကပြီးဆုံးသွားပါပြီ၊ လက်ရှိအချိန်ဟာ ကျွန်တော်အတွက်ခက်ခဲတဲ့ကာလဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ လက်ဝှေ့သ မားဘဝက အနားယူဖို့ခက်ခဲ့တဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရပါတယ်" ဟု ပြောသည်။

ပက်ကွီအိုသည် ၂ဝ၁ဝ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီးလွှတ် တော်အမတ်တစ်ဦးအဖြစ်ရွေးချယ်ခံခဲ့ရကာ ဖိလစ်လိုင်သမ္မတအဖြစ် ဝင်ရောက်ယှဉ် ပြိုင်ရန်ပြီးခဲ့သည့်သီတင်းပတ်တွင် ကြေညာခဲ့သူလူလည်းဖြစ်သည်။ ကလေးငါးဦး ဖခင်ဖြစ်သည့် ပက်ကွီအိုက ကမ္ဘာတဝှမ်းရှိ ပရိသတ်အားလုံးကိုကျေးဇူးတင်ကြောင်း၊ မိမိနှင့်နှစ်ပေါင်းများစွာကြာလက်တွဲခဲ့သည့် နည်းပြဖရက်ဒီရော့ချ်ကို အ ထူးကျေးဇူးတင်ကြောင်း၊ ဖရက်ဒီရော့ချ်သည် မိမိနှင့် ညီအစ်ကိုကဲ့သို့ ရင်းနှီးသူဖြစ်ကြောင်း ထုတ်ဖော်ချီးကျူးခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.