ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးရောစပ်ထိုးနှံခဲ့တာကြောင့် ကျောင်းသူတစ်ဦးသေဆုံး

 1466

ရောင်နီ (NP News) - အောက်တိုဘာ ၂၇
ထိုင်းနိုင်ငံမှာ ဦးနှောက်ခွဲစိတ်ကုသမှုခံယူနေရပြီး ဘယ်ဘက်ခြေထောက်ဖြတ်တောက်ခံထားရတဲ့ ကျောင်းသူတစ်ဦး အမျိုးအစားမတူတဲ့ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုးထိုးမိလို့ သေဆုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရပါတယ်။

Phangga Community College မှ အသက် (၂ဝ) နှစ် အရွယ် ကျောင်း သူ Ketsiree Kongkaew ဟာ ကိုဗစ်ကာကွယ်ဆေး Sinovac ကနဦးထိုးနှံပြီးနောက် ဒုတိယအကြိမ်မှာ AstraZeneca ကိုထိုးနှံခဲ့တယ်လို့သိရပါတယ်။ Ketsiree ဟာ AstraZeneca ကာကွယ်ဆေးကို သူမရဲ့ ဒုတိ ယမြောက်ထိုးချက်အဖြစ်ခံယူပြီးနောက် အစောပိုင်းမှာပြင်းထန်တဲ့ သွေး လွှတ်ကြောပိတ်ဆို့ခြင်း၊ ခြေလက်သွေးလွှတ်ကြောပိတ်ဆို့ခြင်းတို့ကို ခံစားခဲ့ရပြီး နေမကောင်းဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ကာကွယ်ဆေးထိုးပြီး သုံးရက်ခန့်အကြာမှာ အဖျားနဲ့ရင်ဘတ်အောင့်ခြင်းတို့ ခံစားခဲ့ရပြီး ဆရာဝန်ပြတဲ့အခါ ဆီးအိမ်ပိုးဝင်နေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘယ်ဘက်ခြေထောက်ပြင်းထန်စွာ နာကျင်မှု ခံ စားခဲ့ရတာကြောင့် ဆေးရုံအမြန်တက်ခဲ့ရပြီး အဲ့ဒီ့နောက်မှာတော့ သူမရဲ့ ခြေထောက်ဖြတ်တောက်ခဲ့ရပါတယ်။ Ketsiree Kongkaew ဟာ (အောက်တိုဘာလ ၂၅) ရက်နံနက်ပိုင်းက Songklanagarind ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Songklanagarind ဆေးရုံမှ ဆရာဝန်တစ်ဦးဟာ အောက်တိုဘာလ (၂၂)ရက် ညနှောင်းပိုင်းက အဖွားဖြစ်သူထံဖုန်းဆက်ပြီး Ketsiree ဟာ ဦးနှောက်သွေးယိုမှု ဖြစ်နေတာကြောင့် ခွဲစိတ်ကုသဖို့ ခွင့်ပြုချက်တောင်း ဆိုခဲ့တယ်လို့ တစ်ရွာတည်းနေ Ketsiree ရဲ့ သူငယ်ချင်းဖြစ်သူ အသက် (၂၅) နှစ်ရှိ Anupong Thammarong က ပြောပါတယ်။ ခွဲစိတ်မှုအပြီးမှာ Ketsiree သတိလစ်သွားခဲ့ပြီး အသက်ရှုရန်အတွက် အသက်ရူစက်ကို အားကိုးနေရကာ လေဖြတ်ပြီးနောက် အောက်တိုဘာလ(၂၅) ရက်နံနက်မှာ သေဆုံးသွားခဲ့ပါတယ်။ ဦးနှောက်သွေးကြောပေါက်ခြင်းဟာ သွေးခဲခြင်းကို ကုသရာမှာ အသုံးပြုတဲ့ thrombolytic ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

Phangnga ခရိုင် Ban Thadan ကျေးရွာမှ အသက် (၈၅) နှစ်ရှိ အဖွားဖြစ်သူ Harlia Kongkaew ဟာ Songkhlanagarind ဆေးရုံကနေ မြေးဖြစ်သူရဲ့ ရုပ်အလောင်းကို လာရောက်ယူခဲ့ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆရာ၊ဆရာမတွေ ဦးဆောင်ကာ Ketsiree ရဲ့ ရုပ်အလောင်းကို Ban Bagan သင်္ချိုင်းမှာ မြုပ်နှံခဲ့ပါတယ်။ ယခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ Ketsiree အတွက် သူမရဲ့ မိသားစုကို အမျိုးသားကျန်းမာရေးလုံခြုံရေးရုံးမှ စုစုပေါင်း ဘတ် ငွေ (၄ဝဝဝဝဝ) အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။
#NPNews

Related news

© 2021. All rights reserved.