တော်လှန်ရေးပန်းခြံအတွင်းရှိ ဗိုလ်ချုပ်၏သမိုင်းဝင်စစ်ထွက်မိန့်ခွန်းပြောကြားခဲ့သည့် စစ်ထွက်သပြေပင်နှင့်မြင်းချည်သပြေပင်တို့ကိုမွမ်းမံထိန်းသိမ်း

1268

NP News - အောက်တိုဘာ ၃ဝ
သမိုင်းဝင်တော်လှန်ရေးပန်းခြံအတွင်း ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမိုင်းဝင်စစ်ထွက်မိန့်ခွန်းပြောကြားခဲ့သည့် စစ်ထွက်သပြေပင်နှင့် ဗိုလ်ချုပ်၏ စီးတော်မြင်းချည်ခဲ့သော မြင်းချည်သပြေပင်တို့ကိုမွမ်းမံထိန်းသိမ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပန်းခြံအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ယာယီပိတ်ထားရာမှ လက်ရှိအချိန်တွင် ကူးစက် ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပန်းခြံအတွင်းရှိ အလေးပြုခံစင်မြင့်နှင့် အလံတိုင်များ၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် မီးရှူးတိုင်များ၊ ကျန်းမာရေးကိုယ်လက် လေ့ကျင့်ရေးကွင်းများ၊ ရေပန်းများ၊ ကလေးကစားကွင်းများ၊ မုဒ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန် စေရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သမိုင်းဝင်တော်လှန်ရေးပန်းခြံအပါအဝင် အများပြည်သူအပန်းဖြေနေရာများအား ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ နိုဝင်ဘာ (၁) ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ (၂၉) ရက်၌ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ သမိုင်းဝင်တော်လှန်ရေး ပန်းခြံသို့ သွားရောက်စဉ် ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ သမိုင်းဝင်တော်လှန်ရေးပန်းခြံသည် မြန်မာ့လွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်းတွင်အရေးပါသည့် အထင်ကရနေရာတစ်ခုဖြစ်ပြီး ပန်းခြံတွင် တပ်မတော်နေ့ အခမ်းအနားများအား ၂ဝဝ၅ ခုနှစ်၊ နှစ်(၆ဝ)ပြည့် တပ်မတော်နေ့အထိ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံနှင့်တပ်မတော်အတွက် သမိုင်းမှတ်တမ်းဝင်ပန်းခြံဖြစ်သဖြင့် အမြဲ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေးအတွက် စနစ်တကျပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်လည်း ယင်းကပြောကြားခဲ့ကြောင်းသိရသည်။
Zawgyi Version
ေတာ္လွန္ေရးပန္းၿခံအတြင္းရွိ ဗိုလ္ခ်ဳပ္၏သမိုင္းဝင္စစ္ထြက္မိန႔္ခြန္းေျပာၾကားခဲ့သည့္ စစ္ထြက္သေျပပင္ႏွင့္ျမင္းခ်ည္သေျပပင္တို႔ကိုမြမ္းမံထိန္းသိမ္း
NP News - ေအာက္တိုဘာ ၃ဝ
သမိုင္းဝင္ေတာ္လွန္ေရးပန္းၿခံအတြင္း ၁၉၄၅ ခုႏွစ္၊ မတ္လ ၂၇ ရက္တြင္ အာဇာနည္ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းသမိုင္းဝင္စစ္ထြက္မိန႔္ခြန္းေျပာၾကားခဲ့သည့္ စစ္ထြက္သေျပပင္ႏွင့္ ဗိုလ္ခ်ဳပ္၏ စီးေတာ္ျမင္းခ်ည္ခဲ့ေသာ ျမင္းခ်ည္သေျပပင္တို႔ကိုမြမ္းမံထိန္းသိမ္ျခင္းမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ပန္းၿခံအား ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေၾကာင့္ ယာယီပိတ္ထားရာမွ လက္ရွိအခ်ိန္တြင္ ကူးစက္ ျဖစ္ပြားမႈႏႈန္း ေလ်ာ့က်လာသည့္အတြက္ ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ပန္းၿခံအတြင္းရွိ အေလးျပဳခံစင္ျမင့္ႏွင့္ အလံတိုင္မ်ား၊ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ႏွင့္ မီးရႉးတိုင္မ်ား၊ က်န္းမာေရးကိုယ္လက္ ေလ့က်င့္ေရးကြင္းမ်ား၊ ေရပန္းမ်ား၊ ကေလးကစားကြင္းမ်ား၊ မုဒ္ဦးမ်ား၊ သစ္ပင္ပန္းမန္မ်ား၊ ႐ုပ္တုမ်ား သန႔္ရွင္းသာယာလွပမႈရွိေစေရးႏွင့္ ေရစီးေရလာေကာင္းမြန္ ေစေရးတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
သမိုင္းဝင္ေတာ္လွန္ေရးပန္းၿခံအပါအဝင္ အမ်ားျပည္သူအပန္းေျဖေနရာမ်ားအား ကိုဗစ္-၁၉ စည္းမ်ဥ္း၊ စည္းကမ္း မ်ားႏွင့္အညီ ႏိုဝင္ဘာ (၁) ရက္မွစ၍ ျပန္လည္ဖြင့္လွစ္ရန္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေအာက္တိုဘာလ (၂၉) ရက္၌ ဒဂုံၿမိဳ႕နယ္၊ ဦးဝိစာရလမ္းႏွင့္ ဓမၼေစတီလမ္းေထာင့္ရွိ သမိုင္းဝင္ေတာ္လွန္ေရး ပန္းၿခံသို႔ သြားေရာက္စဥ္ ေျပာၾကားခဲ့ေၾကာင္းသိရသည္။
အဆိုပါ သမိုင္းဝင္ေတာ္လွန္ေရးပန္းၿခံသည္ ျမန္မာ့လြတ္လပ္ေရးႀကိဳး ပမ္းမႈသမိုင္းတြင္အေရးပါသည့္ အထင္ကရေနရာတစ္ခုျဖစ္ၿပီး ပန္းၿခံတြင္ တပ္မေတာ္ေန႔ အခမ္းအနားမ်ားအား ၂ဝဝ၅ ခုႏွစ္၊ ႏွစ္(၆ဝ)ျပည့္ တပ္မေတာ္ေန႔အထိ ႏွစ္စဥ္ႏွစ္တိုင္းက်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ႏိုင္ငံႏွင့္တပ္မေတာ္အတြက္ သမိုင္းမွတ္တမ္းဝင္ပန္းၿခံျဖစ္သျဖင့္ အၿမဲ စိမ္းလန္းစိုေျပ သန႔္ရွင္းသာယာလွပေရးအတြက္ စနစ္တက်ျပဳျပင္ထိန္းသိမ္း ေဆာင္႐ြက္ရန္လည္း ယင္းကေျပာၾကားခဲ့ေၾကာင္းသိရသည္။