တပ်မတော်အကြီးစားစက်ရုံမှထုတ်လုပ်လျက်ရှိသည့် မော်တော်ယာဉ်များကိုမြို့ပြစည်ပင်လုပ်ငန်းများနှင့်မီးဘေးကာကွယ်ရေးလုပ်ငန်းများတွင်ပါသုံးနိုင်ဟုဆို

 1037

NP News - နိုဝင်ဘာ ၁
တပ်မတော်အကြီးစားစက်ရုံမှထုတ်လုပ်လျက်ရှိသည့် မော်တော်ယာဉ်များသည် တပ်မတော်အတွက်သာမက မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက်များများထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအောက်တိုဘာလ (၃၁)ရက်က အဆိုပါစက်ရုံသို့သွားရောက်စဉ်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော်အကြီးစားစက်ရုံမှ ဂါလံ ၂ဝဝဝ နှင့် ၂၂ဝဝ ဆံ့မီး သတ်ယာဉ်၊ ရေသယ်ယာဉ်နှင့် ဆီသယ်ယာဉ်များ၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နှင့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများဖြစ်သည့် Jeep Frame နှင့် Bolts & Nuts များအားထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

“အဆိုပါ မော်တော်ယာဉ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူးပေးသွားဖို့လိုပါတယ်။ မော်တော်ယာဉ်တွေထုတ် လုပ်ရာမှာလည်း အခုထက်ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ နည်းပညာမြင့်ကားတွေ ထုတ်လုပ်နိုင်ဖို့ ဆက်လက်သုတေ သနပြုဆောင်ရွက်သွားဖို့လိုပါတယ်”ဟု ယင်းကပြောသည်။

တပ်မတော်အကြီးစားစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း တွင် တည်ရှိပြီး ၁၉၆ဝ ခုနှစ်တွင် တည် ထောင်ခဲ့ကာ စက်ရုံအကျယ်အဝန်းသည် (၂၅.၂၈)ဧက ရှိကြောင်းသိရသည်။

zawgyi version
တပ္မေတာ္အႀကီးစားစက္႐ုံမွထုတ္လုပ္လ်က္ရွိသည့္ ေမာ္ေတာ္ယာဥ္မ်ားကိုၿမိဳ႕ျပစည္ပင္လုပ္ငန္းမ်ားႏွင့္မီးေဘးကာကြယ္ေရးလုပ္ငန္းမ်ားတြင္ပါသုံးႏိုင္ဟုဆို
NP News - ႏိုဝင္ဘာ ၁
တပ္မေတာ္အႀကီးစားစက္႐ုံမွထုတ္လုပ္လ်က္ရွိသည့္ ေမာ္ေတာ္ယာဥ္မ်ားသည္ တပ္မေတာ္အတြက္သာမက ၿမိဳ႕ျပစည္ပင္သာယာေရးဆိုင္ရာ လုပ္ငန္းမ်ားႏွင့္ မီးေဘးအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းမ်ားတြင္လည္း အသုံးျပဳႏိုင္သည္ျဖစ္သည့္အတြက္ အရည္အေသြးျပည့္မီစြာျဖင့္ အေရအတြက္မ်ားမ်ားထုတ္လုပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားရန္လိုေၾကာင္း နစက ဥကၠ႒က ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေအာက္တိုဘာလ (၃၁)ရက္က အဆိုပါစက္႐ုံသို႔သြားေရာက္စဥ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါ တပ္မေတာ္အႀကီးစားစက္႐ုံမွ ဂါလံ ၂ဝဝဝ ႏွင့္ ၂၂ဝဝ ဆံ့မီး သတ္ယာဥ္၊ ေရသယ္ယာဥ္ႏွင့္ ဆီသယ္ယာဥ္မ်ား၊ အမႈိက္သိမ္းယာဥ္၊ ေဆးဖ်န္းယာဥ္ႏွင့္ ေမာ္ေတာ္ယာဥ္ ဆက္စပ္ပစၥည္းမ်ားျဖစ္သည့္ Jeep Frame ႏွင့္ Bolts & Nuts မ်ားအားထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

“အဆိုပါ ေမာ္ေတာ္ယာဥ္ေတြကို တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးသို႔ ပို႔ေဆာင္ျဖန႔္ျဖဴးေပးသြားဖို႔လိုပါတယ္။ ေမာ္ေတာ္ယာဥ္ေတြထုတ္ လုပ္ရာမွာလည္း အခုထက္ပိုမိုေကာင္းမြန္ၿပီး ႏိုင္ငံတကာစံႏႈန္းေတြနဲ႔ ကိုက္ညီတဲ့ နည္းပညာျမင့္ကားေတြ ထုတ္လုပ္ႏိုင္ဖို႔ ဆက္လက္သုေတ သနျပဳေဆာင္႐ြက္သြားဖို႔လိုပါတယ္”ဟု ယင္းကေျပာသည္။

တပ္မေတာ္အႀကီးစားစက္႐ုံသည္ ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးေစတီလမ္း တြင္ တည္ရွိၿပီး ၁၉၆ဝ ခုႏွစ္တြင္ တည္ ေထာင္ခဲ့ကာ စက္႐ုံအက်ယ္အဝန္းသည္ (၂၅.၂၈)ဧက ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.