တပ်ကုန်းမြို့ လျှပ်စစ်မီတာရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား

 910

NP News - နိုဝင်ဘာ ၂
နေပြည်တော်ကောင်စီနယ်မြေဖြစ်သည့် တပ်ကုန်မြို့ရှိ လျှပ်စစ်မီတာရုံးသို့ အရပ်သားလက်နက်ကိုင်တစ်ဦးမှ လက်လုပ်မိုင်းတစ်လုံး မီးရှို့ပစ်ပေါက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ မီတာရုံးပေါက်ကွဲမှုဖြစ်စဉ်သည် နိုဝင်ဘာလ(၁) ရက်၊ နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ်အ တွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အသေးစိတ်မှာ နိုဝင်ဘာလ(၁) ရက် နံနက်(၁ဝ) နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်၊ ရပ်ကွက်၊ နယ်မြေ(၁၂)၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်းအတွင်းရှိ မီးပျက်၊ မီးပြင်ရုံး နေရာအား နေသူရိန်လမ်းဘက်မှ ဆိုင်ကယ်ဖြင့် မောင်းနှင်စီးနင်းလာသည့် အရပ်သားလက်နက်ကိုင်တစ်ဦးက လက်လုပ်မိုင်းတစ်လုံးမီးရှို့ပစ်ပေါက်ခဲ့ပြီး အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် ဖြစ်စဉ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ PVC ပိုက်အပိုင်းအစများနှင့် သံ ဘောစေ့ (၂ဝ) ခန့်တို့အား တွေ့ရှိခဲ့ကြောင်း နစက ထုတ်ပြန်ချက်အရ သိရသည်။

EPC ရုံး ဖောက်ခွဲခံရမှုကြောင့် လူနှင့်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။ ထို့ကြောင့် အစိုးရပိုင်အဆောက်အဦးများအား ဖျက်ဆီးခဲ့သည့် ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး အတွက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#NPNews

ZawGyi Version;
တပ္ကုန္းၿမိဳ႕ လွ်ပ္စစ္မီတာ႐ုံးတြင္ ေပါက္ကြဲမႈျဖစ္ပြား
NP News - ႏိုဝင္ဘာ ၂
ေနျပည္ေတာ္ေကာင္စီနယ္ေျမျဖစ္သည့္ တပ္ကုန္ၿမိဳ႕ရွိ လွ်ပ္စစ္မီတာ႐ုံးသို႔ ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္းစီးနင္းလာ သည့္ အရပ္သားလက္နက္ကိုင္တစ္ဦးမွ လက္လုပ္မိုင္းတစ္လုံး မီးရႈိ႕ပစ္ေပါက္ခဲ့သျဖင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ ေၾကာင္း သတင္းရရွိသည္။
အဆိုပါ မီတာ႐ုံးေပါက္ကြဲမႈျဖစ္စဥ္သည္ ႏိုဝင္ဘာလ(၁) ရက္၊ နံနက္ပိုင္းက ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္အ တြင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္အေသးစိတ္မွာ ႏိုဝင္ဘာလ(၁) ရက္ နံနက္(၁ဝ) နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္တြင္ တပ္ကုန္းၿမိဳ႕နယ္၊ ဗိုလ္မင္းေရာင္၊ ရပ္ကြက္၊ နယ္ေျမ(၁၂)၊ ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ႐ုံးဝန္းအတြင္းရွိ မီးပ်က္၊ မီးျပင္႐ုံး ေနရာအား ေနသူရိန္လမ္းဘက္မွ ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္စီးနင္းလာသည့္ အရပ္သားလက္နက္ကိုင္တစ္ဦးက လက္လုပ္မိုင္းတစ္လုံးမီးရႈိ႕ပစ္ေပါက္ခဲ့ၿပီး အေနာက္ဘက္သို႔ ထြက္ေျပးသြားခဲ့ျခင္းျဖစ္သည္။ ယင္းေနာက္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားသည္ ျဖစ္စဥ္ေနရာသို႔သြားေရာက္စစ္ေဆးခဲ့ရာ PVC ပိုက္အပိုင္းအစမ်ားႏွင့္ သံ ေဘာေစ့ (၂ဝ) ခန႔္တို႔အား ေတြ႕ရွိခဲ့ေၾကာင္း နစက ထုတ္ျပန္ခ်က္အရ သိရသည္။

EPC ႐ုံး ေဖာက္ခြဲခံရမႈေၾကာင့္ လူႏွင့္အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးမႈ မရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ အစိုးရပိုင္အေဆာက္အဦးမ်ားအား ဖ်က္ဆီးခဲ့သည့္ က်ဴးလြန္သူမ်ားအား အျမန္ဆုံးဖမ္းဆီးႏိုင္ေရး အတြက္ စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
#NPNews

Related news

© 2021. All rights reserved.