ငပလီကမ်းခြေဆောင်းဦးပွဲတော်ကို ကိုဗစ်အလွန် စတင်ဖွင့်လှစ်

1644

NP News - နိုဝင်ဘာ ၁၄
ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငပလီကမ်းခြေတွင် ငပလီဆောင်းဦးပွဲတော်အား ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ယနေ့ ( နိုဝင်ဘာလ ၁၄) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများရပ်ဆိုင်းနေရာမှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ပြည်တွင်းခရီးသွား လုပ်ငန်းမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအနေနဲ့ လက်ရှိအချိန်မှာ လေးရာခိုင်နှုန်းခန့်သာရှိတော့တာ ကြောင့် ခရီးသွားဧည့်သည်တွေကလည်း ကမ်းခြေဒေသတွေနဲ့ အခြားခရီးစဉ်ဒေသ အများအပြားသို့ သွားရောက်လည်ပတ်နေကြပြီဖြစ်ပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးဋ္ဌေးအောင်က ပြောသည်။
ငပလီကမ်းခြေဒေသသို့ ခရီးသွားဧည့်သည်များလာရောက်တည်းခိုရာတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိသော ဝန်ဆောင်မှုကောင်းများပေးရန်လိုအပ်ပြီး ဧည့်သည်များလက်ခံရာတွင် ကိုဗစ်-၁၉လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် သရုပ်ပြရုပ်သံဗွီဒီယိုအား ဟိုတယ်များ၏ ဧည့်ခန်းမ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်းမနှင့် အိပ်ခန်းအတွင်းရှိ တီဗီများတွင် ပြသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။ ခရီးသွားလုပ်ငန်းသည် ဆင့်ပွားအကျိုးသက်ရောက်မှုရှိသော ကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက် အကူပြုမည်ဖြစ်ပြီး ငပလီကမ်းခြေ ဒေသသို့ ခရီးသွားဧည့်သည်များ ပိုမိုများပြားစွာလာရောက်လည်ပတ်နိုင်ရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပစေရေးနှင့် ရေရှည်တည့်တံ့ဖွံ့ ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်းသိရသည်။
ငပလီကမ်းခြေသည် မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး "အာရှ၏အပျိုစင်ကမ်းခြေ" အဖြစ် တင်စားခြင်းခံရသည့် ကမ္ဘာကျော်ကမ်းခြေတစ်ခုလည်းဖြစ်သည်။ ငပလီကမ်းခြေကို နှစ်စဉ်နိုင်ငံခြားသားများအပါအဝင်ခရီးသွားဧည့် သည်အများအပြားလာရောက်လည်ပတ်လျက်ရှိသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားဝင်ရောက်မှုများကျဆင်းခဲ့ရသည်။ ငပလီကမ်းခြေတွင်ဟိုတယ်အလုံးပေါင်း (၆ဝ)ခန့်ရှိကြောင်း သိရသည်။
Zawgyi Version;
ငပလီကမ္းေျခေဆာင္းဦးပြဲေတာ္ကို ကိုဗစ္အလြန္ စတင္ဖြင့္လွစ္
NP News - ႏိုဝင္ဘာ ၁၄
ငပလီကမ္းေျခေဒသ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ငပလီကမ္းေျခတြင္ ငပလီေဆာင္းဦးပြဲေတာ္အား ကိုဗစ္-၁၉ ေရာဂါ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ယေန႔ ( ႏိုဝင္ဘာလ ၁၄) ရက္တြင္ စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ခရီးသြားလုပ္ငန္းမ်ားရပ္ဆိုင္းေနရာမွ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံအသီးသီးတြင္ ေရာဂါထိန္းခ်ဳပ္ႏိုင္မႈအေပၚမူတည္၍ ခရီးသြားလုပ္ငန္းမ်ား ျပန္လည္စတင္ႏိုင္ေရးႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
“ခရီးသြားလုပ္ငန္း ျပန္လည္ဖြံ႕ၿဖိဳး တိုးတက္လာေစေရးအတြက္ ျပည္တြင္းခရီးသြား လုပ္ငန္းမွတစ္ဆင့္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာခရီးသြားလုပ္ငန္းေတြ ျပန္လည္စတင္ႏိုင္ဖို႔ ရည္႐ြယ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ ႏိုင္ငံအတြင္း ကိုဗစ္-၁၉ ကပ္ေရာဂါ ကူးစက္မႈအေနနဲ႔ လက္ရွိအခ်ိန္မွာ ေလးရာခိုင္ႏႈန္းခန႔္သာရွိေတာ့တာ ေၾကာင့္ ခရီးသြားဧည့္သည္ေတြကလည္း ကမ္းေျခေဒသေတြနဲ႔ အျခားခရီးစဥ္ေဒသ အမ်ားအျပားသို႔ သြားေရာက္လည္ပတ္ေနၾကၿပီျဖစ္ပါတယ္” ဟု ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီး ဦးေ႒းေအာင္က ေျပာသည္။
ငပလီကမ္းေျခေဒသသို႔ ခရီးသြားဧည့္သည္မ်ားလာေရာက္တည္းခိုရာတြင္ က်န္းမာေရးႏွင့္ ေဘးကင္းလုံၿခဳံမႈရွိေသာ ဝန္ေဆာင္မႈေကာင္းမ်ားေပးရန္လိုအပ္ၿပီး ဧည့္သည္မ်ားလက္ခံရာတြင္ ကိုဗစ္-၁၉လုပ္ငန္းလမ္းၫႊန္မ်ားႏွင့္အညီ ဟိုတယ္ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈကို က်ယ္က်ယ္ျပန႔္ျပန႔္သိရွိႏိုင္ေရးအတြက္ သ႐ုပ္ျပ႐ုပ္သံဗြီဒီယိုအား ဟိုတယ္မ်ား၏ ဧည့္ခန္းမ၊ အစည္းအေဝးခန္းမ၊ စားေသာက္ခန္းမႏွင့္ အိပ္ခန္းအတြင္းရွိ တီဗီမ်ားတြင္ ျပသႏိုင္ေရးစီစဥ္ေဆာင္႐ြက္ေပးရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။ ခရီးသြားလုပ္ငန္းသည္ ဆင့္ပြားအက်ိဳးသက္ေရာက္မႈရွိေသာ ေၾကာင့္ ေဒသတြင္းခရီးသြားလုပ္ငန္းမ်ား စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ျခင္းျဖင့္ ေဒသခံျပည္သူလူထု၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးကိုမ်ားစြာအေထာက္ အကူျပဳမည္ျဖစ္ၿပီး ငပလီကမ္းေျခ ေဒသသို႔ ခရီးသြားဧည့္သည္မ်ား ပိုမိုမ်ားျပားစြာလာေရာက္လည္ပတ္ႏိုင္ေရး၊ ကမ္းေျခသန႔္ရွင္းသာယာလွပေစေရးႏွင့္ ေရရွည္တည့္တံ့ဖြံ႕ ၿဖိဳးတိုးတက္ေစေရးတို႔အတြက္ ေဆာင္႐ြက္ရန္လိုအပ္မည္ျဖစ္ေၾကာင္းသိရသည္။
ငပလီကမ္းေျခသည္ ျမန္မာႏိုင္ငံ၏အလွပဆုံးကမ္းေျခထဲတြင္ တစ္ခုအပါအဝင္ျဖစ္ၿပီး "အာရွ၏အပ်ိဳစင္ကမ္းေျခ" အျဖစ္ တင္စားျခင္းခံရသည့္ ကမာၻေက်ာ္ကမ္းေျခတစ္ခုလည္းျဖစ္သည္။ ငပလီကမ္းေျခကို ႏွစ္စဥ္ႏိုင္ငံျခားသားမ်ားအပါအဝင္ခရီးသြားဧည့္ သည္အမ်ားအျပားလာေရာက္လည္ပတ္လ်က္ရွိေသာ္လည္း ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ခရီးသြားဝင္ေရာက္မႈမ်ားက်ဆင္းခဲ့ရသည္။ ငပလီကမ္းေျခတြင္ဟိုတယ္အလုံးေပါင္း (၆ဝ)ခန႔္ရွိေၾကာင္း သိရသည္။