အိန္ဒိယနှင့် တရုတ်ကြား (၅)နှစ်ကျော် ရပ်ဆိုင်းခဲ့ပြီးနောက် တိုက်ရိုက်လေကြောင်း ပျံသန်းမှု ပြန်စမည်

 76

ဂျန်ဇက် (NP News) - အောက်တိုဘာ ၄

လက်ရှိအချိန်တွင် အမေရိကန်အစိုးရ၏ ဖိအားများကိုရင်ဆိုင်နေရသော အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် (၅)ကျော်ကာလအတွင်း နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုသည် အိန္ဒိယနှင့် တရုတ်နိုင်ငံကြားဖြစ်ပွားခဲ့သော တင်းမာမှု များပြေလျော့သွားသော လက္ခဏာဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ် ဖက်နိုင်ငံဖြစ်နေသော်လည်း (၂၀၂၀)ပြည့်နှစ် နောက်ပိုင်းကတည်းက နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ပျံသန်း ပြေးဆွဲမှုမရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏အကြီးမားဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သော IndiGo ၏ လေယာဉ်များသည် အောက်တိုဘာ လ (၂၆)ရက်မှစတင်ပြီး အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့နှင့် တရုတ်နိုင်ငံ ဂွမ်ဇူးမြို့ကြား လေကြောင်းပျံသန်းပြေးဆွဲမှုများ ကို နေ့စဉ်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီကလည်း ပြီးခဲ့သောလက ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ (၇) နှစ်ကျော်အတွင်းပထမဆုံးအ ကြိမ်သွားရောက်ခဲ့ဖူးကြောင်း သိရသည်။ အိန္ဒိယဝန်ကြီးချုပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တရုတ်နှင့် အိန္ဒိယ နိုင်ငံကြား မိတ်ဖက်ဖွံ့ဖြိုးမှုပိုမိုဆောင်ရွက်ရန် သဘာတူညီခဲ့သလို နှစ်နိုင်ငံကြားကုန်သွယ်ရေး ပိုမိုကောင်းမွန်စေမည့် နည်းလမ်းများဆွေးနွေးခဲ့ကြောင်း သိရသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် (၂၀၂၀) ပြည့်နှစ်တုန်းက နယ် စပ်ဒေသ အငြင်းပွားမှုများကြောင့် ထိပ်တိုက်တွေ့ဆုံ ခဲ့ဖူးပြီး ဆက်ဆံရေးအေးစက်ခဲ့သော်လည်း လက်ရှိ အချိန်တွင် ယခင်ထက် ပိုမိုကောင်းမွန်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံထံမှ စွမ်းအင်ပစ္စည်းများ ဝယ်ယူမှု များနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင်အမေရိကန်နိုင်ငံ၏ ဖိအားပေး မှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယႏွင့္ တ႐ုတ္ၾကား (၅)ႏွစ္ေက်ာ္ ရပ္ဆိုင္းခဲ့ၿပီးေနာက္ တိုက္႐ိုက္ေလေၾကာင္း ပ်ံသန္းမႈ ျပန္စမည္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၄

လက္ရွိအခ်ိန္တြင္ အေမရိကန္အစိုးရ၏ ဖိအားမ်ားကိုရင္ဆိုင္ေနရေသာ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ (၅)ေက်ာ္ကာလအတြင္း ႏွစ္ႏိုင္ငံၾကား ပထမဆုံးအႀကိမ္ ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းေျပးဆြဲမႈသည္ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံၾကားျဖစ္ပြားခဲ့ေသာ တင္းမာမႈ မ်ားေျပေလ်ာ့သြားေသာ လကၡဏာျဖစ္ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ အႀကီးမားဆုံး ကုန္သြယ္ ဖက္ႏိုင္ငံျဖစ္ေနေသာ္လည္း (၂၀၂၀)ျပည့္ႏွစ္ ေနာက္ပိုင္းကတည္းက ႏွစ္ႏိုင္ငံၾကား တိုက္႐ိုက္ေလေၾကာင္း ပ်ံသန္း ေျပးဆြဲမႈမရွိခဲ့ေၾကာင္း သိရသည္။
အိႏၵိယႏိုင္ငံ၏အႀကီးမားဆုံးေလေၾကာင္းလိုင္းတစ္ခုျဖစ္ေသာ IndiGo ၏ ေလယာဥ္မ်ားသည္ ေအာက္တိုဘာ လ (၂၆)ရက္မွစတင္ၿပီး အိႏၵိယႏိုင္ငံ ကိုးလ္ကတၱားၿမိဳ႕ႏွင့္ တ႐ုတ္ႏိုင္ငံ ဂြမ္ဇူးၿမိဳ႕ၾကား ေလေၾကာင္းပ်ံသန္းေျပးဆြဲမႈမ်ား ကို ေန႔စဥ္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ နရမ္ဒရာမိုဒီကလည္း ၿပီးခဲ့ေသာလက ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းေဝးသို႔တက္ေရာက္ရန္ တ႐ုတ္ႏိုင္ငံသို႔ (၇) ႏွစ္ေက်ာ္အတြင္းပထမဆုံးအ ႀကိမ္သြားေရာက္ခဲ့ဖူးေၾကာင္း သိရသည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္တို႔သည္ တ႐ုတ္ႏွင့္ အိႏၵိယ ႏိုင္ငံၾကား မိတ္ဖက္ဖြံ႕ၿဖိဳးမႈပိုမိုေဆာင္႐ြက္ရန္ သဘာတူညီခဲ့သလို ႏွစ္ႏိုင္ငံၾကားကုန္သြယ္ေရး ပိုမိုေကာင္းမြန္ေစမည့္ နည္းလမ္းမ်ားေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ (၂၀၂၀) ျပည့္ႏွစ္တုန္းက နယ္ စပ္ေဒသ အျငင္းပြားမႈမ်ားေၾကာင့္ ထိပ္တိုက္ေတြ႕ဆုံ ခဲ့ဖူးၿပီး ဆက္ဆံေရးေအးစက္ခဲ့ေသာ္လည္း လက္ရွိ အခ်ိန္တြင္ ယခင္ထက္ ပိုမိုေကာင္းမြန္လာခဲ့ေၾကာင္း သိရသည္။ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ႐ုရွားႏိုင္ငံထံမွ စြမ္းအင္ပစၥည္းမ်ား ဝယ္ယူမႈ မ်ားႏွင့္ပတ္သက္ၿပီး လက္ရွိအခ်ိန္တြင္အေမရိကန္ႏိုင္ငံ၏ ဖိအားေပး မႈမ်ားကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.