အမေရိကန်နာမည်ကျော် တောင်တက်သမား ဘာလင်မေလာ၊ အယ်လ်ကပ်ပီတန် တောင်တက်ရင်း ကွယ်လွန်

 68

ရောင်နီ (NP News) - အောက်တိုဘာ ၄

အမေရိကန်နာမည်ကျော် တောင်တက်သမား ဘာလင်မေလာ ဟာ ယိုဆယ်မိုက် အမျိုးသားဥယျာဉ်ရှိ၊ အယ်လ်ကပ်ပီတန် တောင်တက်ရင်း အသက် ၂၃ နှစ်အရွယ်မှာ သေဆုံးသွားခဲ့တယ်လို့ ၄င်းရဲ့မိခင်ဖြစ်သူက ကြသပတေးနေ့ (အောက်တိုဘာ ၁ ရက်) မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
မေလာ မတော်တဆမှုဖြစ်ပွားချိန်က ယိုဆယ်မိုက်ဥယျာဉ်ရဲ့အထင်ကရ အယ်ကပ်ပီတန်ရဲ့မြေမျက်နှာပြင်မှာ အမြင့်ပေ ၃,၀၀၀ အကွာမှာ ရှိတဲ့ တောင်နံရံကို ကုပ်တွယ်တက်နေခဲ့တာ ဖြစ်တယ်လို့ မီလာရဲ့မိခင် မိုအာမန်က VIRR ဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပါတယ်။ သေဆုံးရတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
တောင်တက် လူမှုအသိုက်အဝန်းထဲမှာ နာမည်ကျော်ဖြစ်တဲ့ မေလာ ဟာ သူ့ရဲ့ထူးခြားတဲ့စခန်းချကိရိယာ တွေနဲ့ တောင်တက်ခြင်း အကျိုးကျေးဇူးတွေ မျှဝေလေ့ရှိတဲ့အတွက် Tiktok တောင်တက်သမား အုပ်စုတွေထဲမှာ နာမည်ကျော်ပါတယ်။

Zawgyi Version:
အေမရိကန္နာမည္ေက်ာ္ ေတာင္တက္သမား ဘာလင္ေမလာ၊ အယ္လ္ကပ္ပီတန္ ေတာင္တက္ရင္း ကြယ္လြန္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၄
အေမရိကန္နာမည္ေက်ာ္ ေတာင္တက္သမား ဘာလင္ေမလာ ဟာ ယိုဆယ္မိုက္ အမ်ိဳးသားဥယ်ာဥ္ရွိ၊ အယ္လ္ကပ္ပီတန္ ေတာင္တက္ရင္း အသက္ ၂၃ ႏွစ္အ႐ြယ္မွာ ေသဆုံးသြားခဲ့တယ္လို႔ ၄င္းရဲ႕မိခင္ျဖစ္သူက ၾကသပေတးေန႔ (ေအာက္တိုဘာ ၁ ရက္) မွာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။
ေမလာ မေတာ္တဆမႈျဖစ္ပြားခ်ိန္က ယိုဆယ္မိုက္ဥယ်ာဥ္ရဲ႕အထင္ကရ အယ္ကပ္ပီတန္ရဲ႕ေျမမ်က္ႏွာျပင္မွာ အျမင့္ေပ ၃,၀၀၀ အကြာမွာ ရွိတဲ့ ေတာင္နံရံကို ကုပ္တြယ္တက္ေနခဲ့တာ ျဖစ္တယ္လို႔ မီလာရဲ႕မိခင္ မိုအာမန္က VIRR ဝက္ဘ္ဆိုက္မွာ ေရးသားခဲ့ပါတယ္။ ေသဆုံးရတဲ့အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။
ေတာင္တက္ လူမႈအသိုက္အဝန္းထဲမွာ နာမည္ေက်ာ္ျဖစ္တဲ့ ေမလာ ဟာ သူ႔ရဲ႕ထူးျခားတဲ့စခန္းခ်ကိရိယာ ေတြနဲ႔ ေတာင္တက္ျခင္း အက်ိဳးေက်းဇူးေတြ မွ်ေဝေလ့ရွိတဲ့အတြက္ Tiktok ေတာင္တက္သမား အုပ္စုေတြထဲမွာ နာမည္ေက်ာ္ပါတယ္။

Related news

© 2021. All rights reserved.