ဆိုးရှားစ်ကို ထုတ်ပယ်ပြီးတဲ့နောက် ရီရဲလ် ဂန္တဝင် ဇီဒန်းကို နည်းပြတာဝန်ပေးရန် မန်ယူအသင်းဘုတ်အဖွဲ့ ကြိုးပမ်းနေ

509

မိုးတိမ် (NP News) - နိုဝင်ဘာ ၂၁
မန်ယူအသင်းရဲ့ဂန္တဝင်ကစားသမားဖြစ်သူ နည်းပြဆိုးရှားစ်ဟာ ဝက်ဖို့ဒ်အသင်းကို လေးဂိုးတစ်ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ပွဲအပြီးမှာ အသင်းကနေ ထွက်သွားခဲ့ပြီဖြစ်ပြီး အသင်းဘုတ်အဖွဲ့ကတော့ ရီရဲလ်ဂန္တဝင်ကစားသမားနဲ့နည်းပြဖြစ်ခဲ့သူ ဇီဒန်းကို ခေါ်ယူဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
မန်ယူအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆက်တိုက်ဆိုးဝါးခဲ့မှုကြောင့် နည်းပြဆိုးရှားစ်ကို ထုတ်ပယ်ပစ်ဖို့ အလားအလာတွေ ရှိနေတယ်လို့ ဆိုသည့်တိုင် ဂန္တဝင်ကစားသမားဖြစ်နေတဲ့အတွက် အခက်အခဲဖြစ်နေခဲ့ပါသေးတယ်။ သို့သော်လည်း လက်စတာအသင်းကို လေးဂိုးနှစ်ဂိုး၊ လီဗာပူးကို ငါးဂိုးပြတ်နဲ့ ဝက်ဖို့ဒ်ကို လေးဂိုးတစ်ဂိုးဆိုတဲ့ အရှုံးရလဒ်တွေဟာ အသင်းရဲ့သမိုင်းကြောင်းတစ်လျှောက် အရှက်တကွဲဖြစ်ရတဲ့အတွက် ဝက်ဖို့ဒ်နဲ့ပွဲအပြီးမှာပဲ ဆိုးရှားစ်ကို လမ်းခွဲစေခဲ့တာလည်း ဖြစ်ပါတယ်။ ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ မထင်မှတ်ထားလောက်အောင်ပဲ ပထမပိုင်းကတည်းက ရှုံးနိမ့်နေခဲ့ရတာဖြစ်သလို ဒုတိယပိုင်း အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွဲယား အထုတ်ခံရပြီးနောက် ထပ်မံပြီးတော့ နှစ်ဂိုးသွင်းခံရတဲ့အတွက် ဂိုးပြတ်ခြေပြတ်တွေ ဖြစ်သွားခဲ့ပါတယ်။ မန်ယူပရိသတ်တွေက ဒီရလဒ်တွေကို ပေါက်ကွဲခဲ့သလို အသင်းရဲ့ဂန္တဝင်ကစားသမားဖြစ်ခဲ့သည့်တိုင် ဆိုးရှားစ်အပေါ်မှာ စိတ်ရှည်သည်းခံပေးနိုင်မှု ကုန်ဆုံးသွားစေခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ဘုတ်အဖွဲ့ကတော့ ဆိုးရှားစ်နေရာမှာ ယာယီအားဖြင့် အသင်းကွင်းလယ်ကစားသမားဟောင်း ဒါရင်းဖလက်ချာကို ကိုင်တွယ်စေမှာဖြစ်ပြီး နောက်ထပ်(၂၄)နာရီအတွင်း နည်းပြသစ်တစ်ဦး ခန့်အပ်နိုင်စေဖို့ အပူအပြင်း အရေးပေါ် အစည်းအဝေးခေါ်ခဲ့ရပါတယ်။ အထူးသဖြင့် အသင်းဘုတ်အဖွဲ့ကတော့ ရီရဲလ်မက်ဒရစ် ဂန္တဝင်ကစားသမားလည်းဖြစ်သူ ဂန္တဝင်နည်းပြလည်းဖြစ်သူ ချန်ပီယံလိဂ်သုံးထပ်ကွမ်း(သုံးရာသီဆက်တိုက်)ရယူဖူးသူ ပြင်သစ်သားကြီး ဇီဒန်းကို တာဝန်ပေးချင်နေပါတယ်။ ဇီဒန်းကိုယ်တိုင်ကလည်း မန်ယူအသင်းကို နည်းပြချင်တယ်လို့ တစ်ချိန်တုန်းက ထုတ်ပြောဖူးတဲ့အတွက် ပြင်သစ်သားကြီးနဲ့ မန်ယူအသင်းတို့ရဲ့ပေါင်းစပ်မှုက ဖြစ်လာနိုင်ခြေရှိတယ်လို့ ဘွတ်ကီဒိုင်တွေက လောင်းကြေးထပ်လာပါတယ်။
မန်ယူအသင်းဟာ ဂန္တဝင်ကစားသမားဟောင်း ဆိုးရှားစ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ နည်းပြတာဝန်ပေးခဲ့တာဖြစ်ပြီး အဲဒီအချိန်ကနေစတင်ရင် ပွဲပေါင်း(၁၆၈)ပွဲမှာ အနိုင်ရတဲ့ပွဲ(၉၁)ပွဲ၊ သရေကျတဲ့ပွဲ(၃၇)ပွဲနဲ့ ရှုံးနိမ့်မှုပွဲ(၄၀)ရှိခဲ့ပါတယ်။ သုံးနှစ် တာဝန်ပေးခဲ့ပေမယ့် ဆိုးရှားစ်ရဲ့သက်တမ်းအတွင်းမှာ မန်ယူအသင်းဟာ ဘယ်ဆုဖလားမှ မရတော့ဘဲ အမြင့်ဆုံးအဖြစ် ယူရိုပါလိဂ် ဒုတိယဆုသာ ရခဲ့ဖူးတာပဲ ဖြစ်ပါတယ်။
Zawgyi Version
ဆုိးရွားစ္ကုိ ထုတ္ပယ္ျပီးတဲ့ေနာက္ ရီရဲလ္ ဂႏၱ၀င္ ဇီဒန္းကုိ နည္းျပတာ၀န္ေပးရန္ မန္ယူအသင္းဘုတ္အဖြဲ႔ ၾကိဳးပမ္းေန
မုိးတိမ္ (NP News) - ႏုိ၀င္ဘာ ၂၁
မန္ယူအသင္းရဲ႕ဂႏၱ၀င္ကစားသမားျဖစ္သူ နည္းျပဆုိးရွားစ္ဟာ ၀က္ဖုိ႔ဒ္အသင္းကုိ ေလးဂုိးတစ္ဂုိးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ရတဲ့ပြဲအျပီးမွာ အသင္းကေန ထြက္သြားခဲ့ျပီျဖစ္ျပီး အသင္းဘုတ္အဖြဲ႔ကေတာ့ ရီရဲလ္ဂႏၱ၀င္ကစားသမားနဲ႔နည္းျပျဖစ္ခဲ့သူ ဇီဒန္းကုိ ေခၚယူဖုိ႔ စီစဥ္ေနျပီလုိ႔ သိရပါတယ္။
မန္ယူအသင္းဟာ ဒီရာသီမွာ ရလဒ္ေတြဆက္တုိက္ဆုိး၀ါးခဲ့မႈေၾကာင့္ နည္းျပဆုိးရွားစ္ကုိ ထုတ္ပယ္ပစ္ဖုိ႔ အလားအလာေတြ ရွိေနတယ္လုိ႔ ဆုိသည့္တုိင္ ဂႏၱ၀င္ကစားသမားျဖစ္ေနတဲ့အတြက္ အခက္အခဲျဖစ္ေနခဲ့ပါေသးတယ္။ သုိ႔ေသာ္လည္း လက္စတာအသင္းကုိ ေလးဂုိးႏွစ္ဂုိး၊ လီဗာပူးကုိ ငါးဂုိးျပတ္နဲ႔ ၀က္ဖုိ႔ဒ္ကုိ ေလးဂုိးတစ္ဂုိးဆုိတဲ့ အရႈံးရလဒ္ေတြဟာ အသင္းရဲ႕သမုိင္းေၾကာင္းတစ္ေလွ်ာက္ အရွက္တကြဲျဖစ္ရတဲ့အတြက္ ၀က္ဖုိ႔ဒ္နဲ႔ပြဲအျပီးမွာပဲ ဆုိးရွားစ္ကုိ လမ္းခြဲေစခဲ့တာလည္း ျဖစ္ပါတယ္။ ၀က္ဖုိ႔ဒ္အသင္းနဲ႔ ပြဲစဥ္မွာ မန္ယူအသင္းဟာ မထင္မွတ္ထားေလာက္ေအာင္ပဲ ပထမပုိင္းကတည္းက ရႈံးနိမ့္ေနခဲ့ရတာျဖစ္သလုိ ဒုတိယပုိင္း အသင္းေခါင္းေဆာင္ ဟယ္ရီမက္ဂြဲယား အထုတ္ခံရျပီးေနာက္ ထပ္မံျပီးေတာ့ ႏွစ္ဂုိးသြင္းခံရတဲ့အတြက္ ဂုိးျပတ္ေျချပတ္ေတြ ျဖစ္သြားခဲ့ပါတယ္။ မန္ယူပရိသတ္ေတြက ဒီရလဒ္ေတြကုိ ေပါက္ကြဲခဲ့သလုိ အသင္းရဲ႕ဂႏၱ၀င္ကစားသမားျဖစ္ခဲ့သည့္တုိင္ ဆုိးရွားစ္အေပၚမွာ စိတ္ရွည္သည္းခံေပးႏုိင္မႈ ကုန္ဆုံးသြားေစခဲ့တာလည္း ျဖစ္ပါတယ္။ အသင္းရဲ႕ဘုတ္အဖြဲ႔ကေတာ့ ဆုိးရွားစ္ေနရာမွာ ယာယီအားျဖင့္ အသင္းကြင္းလယ္ကစားသမားေဟာင္း ဒါရင္းဖလက္ခ်ာကုိ ကုိင္တြယ္ေစမွာျဖစ္ျပီး ေနာက္ထပ္(၂၄)နာရီအတြင္း နည္းျပသစ္တစ္ဦး ခန္႔အပ္ႏုိင္ေစဖုိ႔ အပူအျပင္း အေရးေပၚ အစည္းအေ၀းေခၚခဲ့ရပါတယ္။ အထူးသျဖင့္ အသင္းဘုတ္အဖဲြ႔ကေတာ့ ရီရဲလ္မက္ဒရစ္ ဂႏၱ၀င္ကစားသမားလည္းျဖစ္သူ ဂႏၱ၀င္နည္းျပလည္းျဖစ္သူ ခ်န္ပီယံလိဂ္သုံးထပ္ကြမ္း(သုံးရာသီဆက္တုိက္)ရယူဖူးသူ ျပင္သစ္သားၾကီး ဇီဒန္းကုိ တာ၀န္ေပးခ်င္ေနပါတယ္။ ဇီဒန္းကုိယ္တုိင္ကလည္း မန္ယူအသင္းကုိ နည္းျပခ်င္တယ္လုိ႔ တစ္ခ်ိန္တုန္းက ထုတ္ေျပာဖူးတဲ့အတြက္ ျပင္သစ္သားၾကီးနဲ႔ မန္ယူအသင္းတုိ႔ရဲ႕ေပါင္းစပ္မႈက ျဖစ္လာႏုိင္ေျခရွိတယ္လုိ႔ ဘြတ္ကီဒုိင္ေတြက ေလာင္းေၾကးထပ္လာပါတယ္။
မန္ယူအသင္းဟာ ဂႏၱ၀င္ကစားသမားေဟာင္း ဆုိးရွားစ္ကုိ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ နည္းျပတာ၀န္ေပးခဲ့တာျဖစ္ျပီး အဲဒီအခ်ိန္ကေနစတင္ရင္ ပြဲေပါင္း(၁၆၈)ပြဲမွာ အႏုိင္ရတဲ့ပြဲ(၉၁)ပြဲ၊ သေရက်တဲ့ပြဲ(၃၇)ပြဲနဲ႔ ရႈံးနိမ့္မႈပြဲ(၄၀)ရွိခဲ့ပါတယ္။ သုံးႏွစ္ တာ၀န္ေပးခဲ့ေပမယ့္ ဆုိးရွားစ္ရဲ႕သက္တမ္းအတြင္းမွာ မန္ယူအသင္းဟာ ဘယ္ဆုဖလားမွ မရေတာ့ဘဲ အျမင့္ဆုံးအျဖစ္ ယူရုိပါလိဂ္ ဒုတိယဆုသာ ရခဲ့ဖူးတာပဲ ျဖစ္ပါတယ္။