ရမည်းသင်းမြို့ရှိ MAB Bank ဓါးပြတိုက်ခံရမှုတွင် ငွေကျပ်သိန်း (၁၁ဝဝ) ခန့်ပါသွား

 1347

NP News - နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ MAB Bank (မြန်မာ့ရှေ့ဆောင်ဘဏ်) တွင် ယနေ့ နိုဝင်ဘာလ (၂၆) ရက် နေ့လည်ပိုင်းက ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့ရာ တရားခံနှစ်ဦးသည် သေနတ်ပြ ခြိမ်းခြောက်၍ ဘဏ်ရှိ ငွေကျပ်သိန်း (၁ဝ၉၂) သိန်းအား လုယက်ယူဆောင်သွားကြောင်း စစ်ကောင်စီဘက်မှ နိုဝင်ဘာလ(၂၆) ရက် ညပိုင်းတွင် အတည်ပြုထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရ အရပ်သားလက်နက်ကိုင် သေနတ်သမားနှစ်ဦးသည် ယနေ့ နေ့လည် (၁) နာရီ (၂၅) မိနစ်ခန့်တွင် ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြန်မာ့ရှေ့ဆောင်ဘဏ်သို့ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြပြီး ဘဏ်ရှေ့ရှိ လုံခြုံရေးဝန်ထမ်းနှစ်ဦးအနက် တစ်ဦးအား သေနတ်အတို ဖြင့် ထောက်ကာ ဓါးစာခံအဖြစ် ဘဏ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ကျန်လက်နက်ကိုင်တစ်ဦးက ဓါးကိုင်ကာ ဘဏ်အတွင်းသို့ အနောက်မှ လိုက်ပါဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှစ်ဦး အသင့်ယူဆောင်လာသည့် ဆာလာအိတ်တစ်လုံးအား ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံပေးပြီး ခြိမ်းခြောက်ပြောဆိုလျက် ငွေများအား ထည့်ခိုင်းခဲ့ကြောင်း၊ အဆိုပါဘဏ်ဝန်ထမ်းမှ ဘဏ်ကောင်တာအတွင်းထားရှိသည့် ငွေကျပ်သိန်း(၁ဝ၉၂) အား ဆာလာအိတ်အတွင်းသို့ ထည့်ပေးခဲ့ရကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ဘဏ်အတွင်း ဓါးပြတိုက် လုယက်အပြီးတွင် ဆိုင်ကယ်ဖြင့် ပျော်ဘွယ်မြို့ဘက်သို့ ထွက်ခွာခဲ့ ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျူးလွန်သူတရားခံ နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးနိုငရေးအတွက် မြို့အတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ရမည္းသင္းၿမိဳ႕ရွိ MAB Bank ဓါးျပတိုက္ခံရမႈတြင္ ေငြက်ပ္သိန္း (၁၁ဝဝ) ခန္႔ပါသြား
NP News - ႏိုဝင္ဘာ ၂၆
မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္ရွိ MAB Bank (ျမန္မာ့ေရွ႕ေဆာင္ဘဏ္) တြင္ ယေန႔ ႏိုဝင္ဘာလ (၂၆) ရက္ ေန႔လည္ပိုင္းက ဓါးျပတိုက္ခံရမႈျဖစ္ပြားခဲ့ရာ တရားခံႏွစ္ဦးသည္ ေသနတ္ျပ ၿခိမ္းေျခာက္၍ ဘဏ္ရွိ ေငြက်ပ္သိန္း (၁ဝ၉၂) သိန္းအား လုယက္ယူေဆာင္သြားေၾကာင္း စစ္ေကာင္စီဘက္မွ ႏိုဝင္ဘာလ(၂၆) ရက္ ညပိုင္းတြင္ အတည္ျပဳထုတ္ျပန္လိုက္သည္။

စစ္ေကာင္စီသတင္းထုတ္ျပန္ခ်က္အရ အရပ္သားလက္နက္ကိုင္ ေသနတ္သမားႏွစ္ဦးသည္ ယေန႔ ေန႔လည္ (၁) နာရီ (၂၅) မိနစ္ခန႔္တြင္ ရမည္းသင္းၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္၊ လမ္းမေတာ္လမ္းရွိ ျမန္မာ့ေရွ႕ေဆာင္ဘဏ္သို႔ ဆိုင္ကယ္ႏွစ္စီးျဖင့္ ေရာက္ရွိလာခဲ့ၾကၿပီး ဘဏ္ေရွ႕ရွိ လံုျခံဳေရးဝန္ထမ္းႏွစ္ဦးအနက္ တစ္ဦးအား ေသနတ္အတို ျဖင့္ ေထာက္ကာ ဓါးစာခံအျဖစ္ ဘဏ္အတြင္းသို႔ ေခၚေဆာင္သြားၿပီး က်န္လက္နက္ကိုင္တစ္ဦးက ဓါးကိုင္ကာ ဘဏ္အတြင္းသို႔ အေနာက္မွ လိုက္ပါဝင္ေရာက္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ၎တို႔ႏွစ္ဦး အသင့္ယူေဆာင္လာသည့္ ဆာလာအိတ္တစ္လံုးအား ဘဏ္ဝန္ထမ္းအမ်ဳိးသမီးတစ္ဦးထံေပးၿပီး ၿခိမ္းေျခာက္ေျပာဆိုလ်က္ ေငြမ်ားအား ထည့္ခိုင္းခဲ့ေၾကာင္း၊ အဆိုပါဘဏ္ဝန္ထမ္းမွ ဘဏ္ေကာင္တာအတြင္းထားရွိသည့္ ေငြက်ပ္သိန္း(၁ဝ၉၂) အား ဆာလာအိတ္အတြင္းသို႔ ထည့္ေပးခဲ့ရေၾကာင္း သိရသည္။

၎တို႔ႏွစ္ဦးသည္ ဘဏ္အတြင္း ဓါးျပတိုက္ လုယက္အၿပီးတြင္ ဆိုင္ကယ္ျဖင့္ ေပ်ာ္ဘြယ္ၿမိဳ႕ဘက္သို႔ ထြက္ခြာခဲ့ ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ လံုျခံဳေရးတပ္ဖြဲ႕ဝင္မ်ားသည္ က်ဴးလြန္သူတရားခံ ႏွစ္ဦးအား ေဖာ္ထုတ္ဖမ္းဆီးႏိ္ုငေရးအတြက္ ၿမိဳ႕အတြင္း ပိတ္ဆို႔စစ္ေဆးရွာေဖြမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.