ဥရောပ ခိုးဝင် ဒုက္ခသည် အရေးအခင်းနဲ့ ဗြိတိန်-ပြင်သစ်ကြား မြုပ်နေသော တင်းမာမှုအပိုင်းအစများ

 897

ကိုလှိုင် (NP News) - နိုဝင်ဘာ ၂၇
နိုဝင်ဘာ၂၄ရက်နေ့က ပြင်သစ်နဲ့ ဗြိတိန် နှစ်နိုင်ငံအကြားက အင်္ဂလိပ်ရေလက်ကြားမှာ ပြင်သစ်ဘက်ကနေ ရာဘာလှေနဲ့ခိုးဝင်လာတဲ့ လူ(၂၇)ယောက် လှေပေါက်ပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် အမျိုးသမီး(၇)ဦးနဲ့ ကလေး(၃)ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ နိုင်ငံတကာမှာတော့ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ ဥရောပမှာ အလွန်အေးတဲ့ ရာသီဥတုထဲမှာ ရေထဲကျသွားကြတာမို့ အဖြစ်ဆိုးလှတယ်ဆိုပြီး သနားကြတာလည်း ပါမယ်ထင်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြင်သစ်နဲ့ ဗြိတိန်တို့အကြား အပြန်အလှန် အငြင်းပွားနေကြတာ ရှိသလို ဥရောပ တစ်ခွင်လုံးမှာလည်း ဒုက္ခသည်ဆိုသူတွေ တရားမဝင် ကူးဝင်လာတာကြောင့် နိုင်ငံအချင်းချင်း အငြင်းပွားနေကြရတာ တွေ့ပါတယ်။ မကြာခင်ကပဲ ဘဲလာရုစ်နဲ့ ပိုလန်တို့အကြားမှာ ဘဲလာရုစ်ဘက်ကနေ ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော်ပြီး အတင်း တင်ပို့နေတယ်ဆိုတဲ့ ပြဿနာဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ပေါ်ပေါ်ထင်ထင်မဟုတ်သော်လည်း ဈေးပေါတဲ့ လုပ်သားတွေ လိုအပ်နေပြီး ဒုက္ခသည်တွေလက်ခံဖို့ လိုလားနေတဲ့ ဂျာမနီလို နိုင်ငံမျိုးနဲ့ နိုင်ငံခြားသား အဝင်မခံချင်တဲ့ တစ်ခြားနိုင်ငံတွေအကြား သဘောထားကွဲပြားမှုတွေရှိနေတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ရှိသလို ပထဝီနိုင်ငံရေးကိစ္စတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်ကိစ္စကို ကြည့်ရင် ဒီနှစ်ပိုင်းတွေမှာ ပြင်သစ်ကနေ ဗြိတိန်ကို ရေလက်ကြားဖြတ်ပြီး ကူးဝင်သူ အရေအတွက်က သိသိသာသာ တိုးပွားလာတာတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ကူးဝင်သူအရေအတွက် ၂၀၀၀ ကျော်လောက်ပဲ ရှိခဲ့ရာက ၂၀၂၀ မှာ ၈၀၀၀ လောက်အထိမြင့်တက်လာပြီး ဒီနှစ်မှာတော့ ၂၅၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

ဒီနှစ်ထဲမှာလည်း စက်တင်ဘာနောက်ပိုင်း ၃ လမှာ ရုတ်တရက် ထိုးတက်သွားတာပါ။ ဒါကလည်း ပြင်သစ်နဲ့ ဗြိတိန်တို့အကြား တင်းမာမှုတွေမြင့်တက်လာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီ နှစ်နိုင်ငံအကြား ဖြစ်နေတဲ့ ပြဿနာက နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အင်္ဂလိပ်ရေလက်ကြား ဗြိတိသျှ ရေပိုင်နက်မှာ ပြင်သစ်ငါးဖမ်းလှေတွေ ငါးဖမ်းခွင့်ကိစ္စပါ။ အရင်ကတော့ ဗြိတိန်က ဥရောပသမဂ္ဂဝင်ဆိုတော့ ဒါက ပြဿနာ မဟုတ်ခဲ့ပေမဲ့ ဒီနှစ်ဆန်းပိုင်းကစပြီး BREXIT သဘောတူညီချက်နဲ့ EU ကနေ ခွဲထွက်သွားတဲ့အခါ သူစိမ်းတွေလို ဖြစ်သွားကြပြီး ပြင်သစ်ငါးဖမ်းလှေတွေ ဗြိတိန်ရေပိုင်နက်ထဲဝင်ဖမ်းဖို့ လိုင်စင်လိုတာတွေ ဖြစ်လာတော့တာပါပဲ။ ဒီမှာ ပြင်သစ်လှေတွေကို လိုင်စင်မပါရင် ဖမ်းတာဆီးတာ တားမြစ်တာတွေ ဖြစ်လာသလို ပြင်သစ်တွေဘက်ကလည်း အင်္ဂလိပ်တွေက လှေအတော်များများကို လိုင်စင်ချမပေးပဲ ညစ်ထားတယ် လို့ စွပ်စွဲနေကြတာဖြစ်ပါတယ်။ စိတ်တိုနေတဲ့ ငါးဖမ်းသမဂ္ဂတစ်ချို့ကတော့ ဗြိတိသျှလှေတွေ သင်္ဘောတွေကို ပြင်သစ်ဆိပ်ကမ်းတွေမှာ ကုန်ချခွင့်မပြုဘူးလို့ ခြိမ်းချောက်တာမျိုးတွေ လုပ်လာကြပါတယ်။

နောက်ပြဿနာတစ်ခုကတော့ အများသိကြတဲ့ ဩစတေလျက ပြင်သစ်ရေငုပ်သင်ဘောဝယ်ဖို့ကိစ္စမှာ အမေရိကန်နဲ့ပေါင်းပြီး ဗြိတိန်က ဖြတ်ခုတ်သွားတဲ့အတွက် နှစ်ဘက်တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ AUKUS လို့ အတိုကောက်ခေါ်တဲ့ အင်္ဂလို ဆက္ကဆွန် စစ်စာချုပ်အဖွဲ့မှာ ပြင်သစ်ကို ဖယ်ထုတ်ပြီး အင်္ဂလိပ်က အမြတ်ထုတ်သွားတာ ပြင်သစ်အတွက်တော့ အတော် ခံရခက်သွားခဲ့ပုံပါပဲ။ AUKUS စတင်ပေါ်ထွက်လာတဲ့ စက်တင်ဘာ နောက်ပိုင်း ရေလက်ကြားဖြတ် ခိုးဝင်တွေ ပြင်သစ် ကမ်းခြေကနေအများကြီး ထွက်ပေါ်လာတာက တိုက်ဆိုင်မှုဆိုရင်တောင် အံ့ဘွယ်တစ်ခုဖြစ်နေမှာပါ။ တကယ်တော့ ပြင်သစ်မှာ အင်္ဂလန်ဘက်ကူးဖို့ ဒုက္ခသည်စခန်းတွေမှာ လူပေါင်း(၄)သိန်းခွဲလောက်က အခွင့်ကောင်းစောင့်နေကြတာဖြစ်ပါတယ်။ ဒုက္ခသည် ၁၀၀ မှာ ၈၀ လောက်က ပြင်သစ်မှာထက် ဗြိတိန်မှာနေချင်ကြတယ်လို့ဆိုပါတယ်။ ဟိုဘက်ကို ကူးဖို့ အလွယ်ဆုံးနည်းကတော့ မိုင် ၂၀ လောက်ကျယ်တဲ့ရေလက်ကြားကို ရာဘာလေထိုးလှေတွေနဲ့ ဖြတ်ကူးတာပါပဲ။ ဒါပေမဲ့ လှေသေးသေးမှာ လူတွေ အဆမတန်တင်ပြီး ရေပေါ်ကို ပေါ်တယ်ဆိုရုံလောက်နဲ့ ဖြတ်ကူးကြတာကြောင့် အလွန်အန္တရာယ်များတာဖြစ်ပါတယ်။ ဘာဖြစ်ဖြစ် သေရင်မြေကြီး ရှင်ရင်ရွှေထီး ဆိုတာလို အသက်နဲ့ရင်းပြီး ကူးဝင်မယ့်သူတွေက အများကြီး ရှိပါတယ်။
ဒီလူတွေကို ရေလက်ကြားဖြတ်မကူးအောင် ပြင်သစ်ဘက်က လုံလောက်တဲ့ ကြိုတင်တားဆီး ကာကွယ်မှုတွေမရှိဘူးလို ဗြိတိသျှတွေက ယူဆတဲ့အတွက် ပြင်သစ်ကမ်းခြေတလျောက်နဲ့ ပြင်သစ်ရေပြင်ပိုင်နက်မှာ ပူးတွဲကင်းလှည့်ဖို့ တောင်းဆိုလာခဲ့ပါတယ်။ ဒါကို ပြင်သစ်တွေက သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုပြီး တူးတူးခါးခါး ငြင်းဆန်ပါတယ်။ အင်္ဂလိပ်တွေကို နာကြည်းနေတဲ့ ပြင်သစ်တွေက ဒီလို လက်မခံနိုင်တာကလည်း သိပ်တော့မဆန်းပါဘူး။ အင်္ဂလိပ်တွေက ပြင်သစ်တွေကို မယုံသင်္ကာဖြစ်နေတာကလည်း မဆန်းလှပါဘူး။ ဒီကြားထဲမှာ ပြင်သစ်ကလည်း သမ္မတရွေးကောက်ပွဲရှိနေတော့ သမ္မတ မက်ခရွန်အတွက် လျှော့ပေးလို့မဖြစ်နိုင်။

ဗြိတိန်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်မှာ ဖိအားတွေ အများကြီး ပေးခံနေရတော့ သူကလည်း တင်းခံနေရတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီရေနစ်သေဆုံးမှုဖြစ်ပြီးတာတောင် ပြင်သစ်ဘက်က ကူးလာသူတွေကတော့ ဝင်လာမစဲ ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ အင်္ဂလိပ်က ပြင်သစ်ကို အပြစ်တင်တော့ ပြင်သစ်ကလည်း တစ်ခြား ဥရောပနိုင်ငံတွေကို အပြစ်ဖို့ပါတယ်။ သူတို့ဆီရောက်နေတဲ့ ဒုက္ခသည်တွေက မှော်အတတ်နဲ့ မိုးပေါ်ကကျလာတာ မဟုတ်ဘူး၊ တစ်ခြားနိုင်ငံတွေကို ဖြတ်ကျော်ပြီး ဝင်လာကြတာဖြစ်တယ်။ဒါကြောင့်မို့ ဒီကိစ္စကို ဥရောပနိုင်ငံတွေ အားလုံး ပါဝင်ဆွေးနွေးကြဖို့လိုတယ်လို့ ပြောနေပါတယ်။ နောက်ဆုံးတော့ ဒုက္ခသည်တွေက သူတို့အတွက်အဆင်အပြေဆုံးနိုင်ငံကို ရွေးပြီး မရောက်ရောက်အောင် သွားကြမှာပါပဲ။
ဒါကတော့ တစ်ဘက်မှာ လူမှုဖူလုံရေး၊ဒုက္ခသည် ကယ်ဆယ်ရေး အစီအစဉ်တွေ ပြည့်စုံပြီး ကြွယ်ဝချမ်းသာ၊အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းမွန်တဲ့ ဥရောပနိုင်ငံတွေက ဒုက္ခသည်တွေကို သံလိုက်တုံးလို ဆွဲဆောင်နေတာဖြစ်ပါတယ်။
တစ်ဘက်မှာလည်း စစ်ဘေးကြောင့်၊ ဆင်းရဲမှုကြောင့်၊ ကိုဗစ်လို ကပ်ရောဂါကြောင့် ဒုက္ခရောက်နေကြတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေက ပြည်သူတွေကတော့ အုံလိုက် ကျင်းလိုက် ရေကြည်ရာ မြက်နုရာ ထွက်ခွာဖို့ တွန်းအားတွေဖြစ်နေတာပါ။
ဒီဒေသ နှစ်ခုက မြေထဲပင်လယ်တစ်ဘက်တစ်ချက်မှာ ကပ်လျက်တည်ရှိနေတာကလည်း ပထဝီနိုင်ငံရေးအရ ဒုက္ခသည် ခိုးဝင် ပြဿနာ ပေါ်ထွန်းဖို့ တွန်းအားဆွဲအား နှစ်ခုစလုံးနဲ့ ဖန်တီးပေးနေသလို ဖြစ်နေပါတယ်။ ဒီလူတွေကတော့ သူတို့ဘဝအတွက် ထွက်ပေါက်ရမယ်ဆိုရင် လူမှောင်ခို ဂိုဏ်းတွေ စီစဉ်တဲ့ အတိုင်း တောင်ဘက်ကနေ မြေထဲပင်လယ်ကို ဖြတ်ကူးရမယ်ဆိုလည်း သွားမှာပါပဲ။ မြောက်ဘက်ပနေ ဘဲလာရုစ် ကို လေယာဉ်စီးပြီး နှင်းဖုံးတဲ့ နယ်စပ် သစ်တောတွေကနေ ခိုးဝင်ရမယ်ဆိုလည်း သွားမှာပါပဲ။

နောက်ဆုံးတော့ ဒီဒုက္ခသည်တွေဆိုတာကိုက ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား ဆင်းရဲချမ်းသာ ကွာဟမှုနဲ့ အင်အားကြီးတွေက နိုင်ငံငယ်တွေ အပေါ် အင်အားသုံး ဝင်ရောက်စွက်ဖက်မှုတွေကနေ ဘေးထွက်ဆိုးကျိုးအဖြစ်နဲ့ ပေါ်ပေါက်လာတာဖြစ်ပြီး၊ ဘယ်သူမပြု မိမိမှု ဆိုတာလို ဒီနိုင်ငံကြီးတွေဟာ ကိုယ်မွှေးတဲ့မီးတွေက ကိုယ့်ကိုပြန်လောင်တာကို ခံနေကြရတာဖြစ်ပါတယ်။ အဲလို ကိုယ်ရေး တကယ်ကြုံလာတော့လည်း ဒီဝန်ထုပ်ဝန်ပိုး ပြဿနာထုပ်တွေကို မယူချင်ကြပြန်တော့လို့ အခုလို အငြင်းပွားနေကြတာပါ။ သနားစရာ ဒုက္ခသည်တွေကတော့ သူတို့အတွက် လောကနိဗ္ဗာန်ကို ရောက်နိုင်ဖို့ အိပ်မက်မက်နေရင်းနဲ့ လောကငရဲခရီးကြမ်းကို ဖြတ်သန်းနေကြရဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

( ဆောင်းပါးရှင် ကိုလှိုင်သည် ယခင်က နိုင်ငံရေးသုတေသီ၊ စာရေးဆရာတစ်ဦးဖြစ်ပြီး လက်ရှိတွင် နစက၏အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်)

Zawgyi Version
ဥေရာပ ခိုးဝင္ ဒုကၡသည္ အေရးအခင္းနဲ႔ ျဗိတိန္-ျပင္သစ္ၾကား ျမဳပ္ေနေသာ တင္းမာမႈအပုိင္းအစမ်ား
ကုိလိႈင္ (NP News) - ႏုိ၀င္ဘာ ၂၇
ႏိုဝင္ဘာ၂၄ရက္ေန႔က ျပင္သစ္နဲ႔ ၿဗိတိန္ ႏွစ္ႏိုင္ငံအၾကားက အဂၤလိပ္ေရလက္ၾကားမွာ ျပင္သစ္ဘက္ကေန ရာဘာေလွနဲ႔ခိုးဝင္လာတဲ့ လူ(၂၇)ေယာက္ ေလွေပါက္ၿပီး ေသဆုံးခဲ့ပါတယ္။

ေသဆုံးသူေတြထဲမွာ ကိုယ္ဝန္ေဆာင္တစ္ဦး အပါအဝင္ အမ်ိဳးသမီး(၇)ဦးနဲ႔ ကေလး(၃)ဦး ပါဝင္တယ္လို႔ ဆိုပါတယ္။ ဒီကိစၥဟာ ႏိုင္ငံတကာမွာေတာ့ ဟိုးေလးတေက်ာ္ျဖစ္သြားခဲ့ပါတယ္။ ဥေရာပမွာ အလြန္ေအးတဲ့ ရာသီဥတုထဲမွာ ေရထဲက်သြားၾကတာမို႔ အျဖစ္ဆိုးလွတယ္ဆိုၿပီး သနားၾကတာလည္း ပါမယ္ထင္ပါတယ္။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ျပင္သစ္နဲ႔ ၿဗိတိန္တို႔အၾကား အျပန္အလွန္ အျငင္းပြားေနၾကတာ ရွိသလို ဥေရာပ တစ္ခြင္လုံးမွာလည္း ဒုကၡသည္ဆိုသူေတြ တရားမဝင္ ကူးဝင္လာတာေၾကာင့္ ႏိုင္ငံအခ်င္းခ်င္း အျငင္းပြားေနၾကရတာ ေတြ႕ပါတယ္။ မၾကာခင္ကပဲ ဘဲလာ႐ုစ္နဲ႔ ပိုလန္တို႔အၾကားမွာ ဘဲလာ႐ုစ္ဘက္ကေန ဒုကၡသည္ေတြကို နယ္စပ္ျဖတ္ေက်ာ္ၿပီး အတင္း တင္ပို႔ေနတယ္ဆိုတဲ့ ျပႆနာျဖစ္ခဲ့ပါေသးတယ္။ ဒါ့အျပင္ ေပၚေပၚထင္ထင္မဟုတ္ေသာ္လည္း ေဈးေပါတဲ့ လုပ္သားေတြ လိုအပ္ေနၿပီး ဒုကၡသည္ေတြလက္ခံဖို႔ လိုလားေနတဲ့ ဂ်ာမနီလို ႏိုင္ငံမ်ိဳးနဲ႔ ႏိုင္ငံျခားသား အဝင္မခံခ်င္တဲ့ တစ္ျခားႏိုင္ငံေတြအၾကား သေဘာထားကြဲျပားမႈေတြရွိေနတာ ျဖစ္ပါတယ္။
တကယ္ေတာ့ ဒီကိစၥေတြရဲ႕ ေနာက္ကြယ္မွာ ႏိုင္ငံေရး ရႈပ္ေထြးမႈေတြ ရွိသလို ပထဝီႏိုင္ငံေရးကိစၥေတြလည္း ရွိေနခဲ့တာျဖစ္ပါတယ္။ ျပင္သစ္နဲ႔ ၿဗိတိန္ကိစၥကို ၾကည့္ရင္ ဒီႏွစ္ပိုင္းေတြမွာ ျပင္သစ္ကေန ၿဗိတိန္ကို ေရလက္ၾကားျဖတ္ၿပီး ကူးဝင္သူ အေရအတြက္က သိသိသာသာ တိုးပြားလာတာေတြ႕ရပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက ကူးဝင္သူအေရအတြက္ ၂၀၀၀ ေက်ာ္ေလာက္ပဲ ရွိခဲ့ရာက ၂၀၂၀ မွာ ၈၀၀၀ ေလာက္အထိျမင့္တက္လာၿပီး ဒီႏွစ္မွာေတာ့ ၂၅၀၀၀ ေက်ာ္ရွိလာခဲ့ပါတယ္။

ဒီႏွစ္ထဲမွာလည္း စက္တင္ဘာေနာက္ပိုင္း ၃ လမွာ ႐ုတ္တရက္ ထိုးတက္သြားတာပါ။ ဒါကလည္း ျပင္သစ္နဲ႔ ၿဗိတိန္တို႔အၾကား တင္းမာမႈေတြျမင့္တက္လာခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။ ဒီ ႏွစ္ႏိုင္ငံအၾကား ျဖစ္ေနတဲ့ ျပႆနာက ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုက အဂၤလိပ္ေရလက္ၾကား ၿဗိတိသွ် ေရပိုင္နက္မွာ ျပင္သစ္ငါးဖမ္းေလွေတြ ငါးဖမ္းခြင့္ကိစၥပါ။ အရင္ကေတာ့ ၿဗိတိန္က ဥေရာပသမဂၢဝင္ဆိုေတာ့ ဒါက ျပႆနာ မဟုတ္ခဲ့ေပမဲ့ ဒီႏွစ္ဆန္းပိုင္းကစၿပီး BREXIT သေဘာတူညီခ်က္နဲ႔ EU ကေန ခြဲထြက္သြားတဲ့အခါ သူစိမ္းေတြလို ျဖစ္သြားၾကၿပီး ျပင္သစ္ငါးဖမ္းေလွေတြ ၿဗိတိန္ေရပိုင္နက္ထဲဝင္ဖမ္းဖို႔ လိုင္စင္လိုတာေတြ ျဖစ္လာေတာ့တာပါပဲ။ ဒီမွာ ျပင္သစ္ေလွေတြကို လိုင္စင္မပါရင္ ဖမ္းတာဆီးတာ တားျမစ္တာေတြ ျဖစ္လာသလို ျပင္သစ္ေတြဘက္ကလည္း အဂၤလိပ္ေတြက ေလွအေတာ္မ်ားမ်ားကို လိုင္စင္ခ်မေပးပဲ ညစ္ထားတယ္ လို႔ စြပ္စြဲေနၾကတာျဖစ္ပါတယ္။ စိတ္တိုေနတဲ့ ငါးဖမ္းသမဂၢတစ္ခ်ိဳ႕ကေတာ့ ၿဗိတိသွ်ေလွေတြ သေဘၤာေတြကို ျပင္သစ္ဆိပ္ကမ္းေတြမွာ ကုန္ခ်ခြင့္မျပဳဘူးလို႔ ၿခိမ္းေခ်ာက္တာမ်ိဳးေတြ လုပ္လာၾကပါတယ္။

ေနာက္ျပႆနာတစ္ခုကေတာ့ အမ်ားသိၾကတဲ့ ဩစေတလ်က ျပင္သစ္ေရငုပ္သင္ေဘာဝယ္ဖို႔ကိစၥမွာ အေမရိကန္နဲ႔ေပါင္းၿပီး ၿဗိတိန္က ျဖတ္ခုတ္သြားတဲ့အတြက္ ႏွစ္ဘက္တင္းမာမႈေတြ ျမင့္တက္ေနတာ ျဖစ္ပါတယ္။ AUKUS လို႔ အတိုေကာက္ေခၚတဲ့ အဂၤလို ဆကၠဆြန္ စစ္စာခ်ဳပ္အဖြဲ႕မွာ ျပင္သစ္ကို ဖယ္ထုတ္ၿပီး အဂၤလိပ္က အျမတ္ထုတ္သြားတာ ျပင္သစ္အတြက္ေတာ့ အေတာ္ ခံရခက္သြားခဲ့ပုံပါပဲ။ AUKUS စတင္ေပၚထြက္လာတဲ့ စက္တင္ဘာ ေနာက္ပိုင္း ေရလက္ၾကားျဖတ္ ခိုးဝင္ေတြ ျပင္သစ္ ကမ္းေျခကေနအမ်ားႀကီး ထြက္ေပၚလာတာက တိုက္ဆိုင္မႈဆိုရင္ေတာင္ အံ့ဘြယ္တစ္ခုျဖစ္ေနမွာပါ။ တကယ္ေတာ့ ျပင္သစ္မွာ အဂၤလန္ဘက္ကူးဖို႔ ဒုကၡသည္စခန္းေတြမွာ လူေပါင္း(၄)သိန္းခြဲေလာက္က အခြင့္ေကာင္းေစာင့္ေနၾကတာျဖစ္ပါတယ္။ ဒုကၡသည္ ၁၀၀ မွာ ၈၀ ေလာက္က ျပင္သစ္မွာထက္ ၿဗိတိန္မွာေနခ်င္ၾကတယ္လို႔ဆိုပါတယ္။ ဟိုဘက္ကို ကူးဖို႔ အလြယ္ဆုံးနည္းကေတာ့ မိုင္ ၂၀ ေလာက္က်ယ္တဲ့ေရလက္ၾကားကို ရာဘာေလထိုးေလွေတြနဲ႔ ျဖတ္ကူးတာပါပဲ။ ဒါေပမဲ့ ေလွေသးေသးမွာ လူေတြ အဆမတန္တင္ၿပီး ေရေပၚကို ေပၚတယ္ဆို႐ုံေလာက္နဲ႔ ျဖတ္ကူးၾကတာေၾကာင့္ အလြန္အႏၲရာယ္မ်ားတာျဖစ္ပါတယ္။ ဘာျဖစ္ျဖစ္ ေသရင္ေျမႀကီး ရွင္ရင္ေ႐ႊထီး ဆိုတာလို အသက္နဲ႔ရင္းၿပီး ကူးဝင္မယ့္သူေတြက အမ်ားႀကီး ရွိပါတယ္။
ဒီလူေတြကို ေရလက္ၾကားျဖတ္မကူးေအာင္ ျပင္သစ္ဘက္က လုံေလာက္တဲ့ ႀကိဳတင္တားဆီး ကာကြယ္မႈေတြမရွိဘူးလို ၿဗိတိသွ်ေတြက ယူဆတဲ့အတြက္ ျပင္သစ္ကမ္းေျခတေလ်ာက္နဲ႔ ျပင္သစ္ေရျပင္ပိုင္နက္မွာ ပူးတြဲကင္းလွည့္ဖို႔ ေတာင္းဆိုလာခဲ့ပါတယ္။ ဒါကို ျပင္သစ္ေတြက သူတို႔ရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးတယ္ဆိုၿပီး တူးတူးခါးခါး ျငင္းဆန္ပါတယ္။ အဂၤလိပ္ေတြကို နာၾကည္းေနတဲ့ ျပင္သစ္ေတြက ဒီလို လက္မခံႏိုင္တာကလည္း သိပ္ေတာ့မဆန္းပါဘူး။ အဂၤလိပ္ေတြက ျပင္သစ္ေတြကို မယုံသကၤာျဖစ္ေနတာကလည္း မဆန္းလွပါဘူး။ ဒီၾကားထဲမွာ ျပင္သစ္ကလည္း သမၼတေ႐ြးေကာက္ပြဲရွိေနေတာ့ သမၼတ မက္ခ႐ြန္အတြက္ ေလွ်ာ့ေပးလို႔မျဖစ္ႏိုင္။

ၿဗိတိန္မွာလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္မွာ ဖိအားေတြ အမ်ားႀကီး ေပးခံေနရေတာ့ သူကလည္း တင္းခံေနရတာ ျဖစ္ပါတယ္။
ဘာပဲျဖစ္ျဖစ္ ဒီေရနစ္ေသဆုံးမႈျဖစ္ၿပီးတာေတာင္ ျပင္သစ္ဘက္က ကူးလာသူေတြကေတာ့ ဝင္လာမစဲ ပါပဲ။ ဒီကိစၥနဲ႔ပတ္သက္လို႔ အဂၤလိပ္က ျပင္သစ္ကို အျပစ္တင္ေတာ့ ျပင္သစ္ကလည္း တစ္ျခား ဥေရာပႏိုင္ငံေတြကို အျပစ္ဖို႔ပါတယ္။ သူတို႔ဆီေရာက္ေနတဲ့ ဒုကၡသည္ေတြက ေမွာ္အတတ္နဲ႔ မိုးေပၚကက်လာတာ မဟုတ္ဘူး၊ တစ္ျခားႏိုင္ငံေတြကို ျဖတ္ေက်ာ္ၿပီး ဝင္လာၾကတာျဖစ္တယ္။ဒါေၾကာင့္မို႔ ဒီကိစၥကို ဥေရာပႏိုင္ငံေတြ အားလုံး ပါဝင္ေဆြးေႏြးၾကဖို႔လိုတယ္လို႔ ေျပာေနပါတယ္။ ေနာက္ဆုံးေတာ့ ဒုကၡသည္ေတြက သူတို႔အတြက္အဆင္အေျပဆုံးႏိုင္ငံကို ေ႐ြးၿပီး မေရာက္ေရာက္ေအာင္ သြားၾကမွာပါပဲ။
ဒါကေတာ့ တစ္ဘက္မွာ လူမႈဖူလုံေရး၊ဒုကၡသည္ ကယ္ဆယ္ေရး အစီအစဥ္ေတြ ျပည့္စုံၿပီး ႂကြယ္ဝခ်မ္းသာ၊အလုပ္အကိုင္အခြင့္အလမ္းေတြ ေကာင္းမြန္တဲ့ ဥေရာပႏိုင္ငံေတြက ဒုကၡသည္ေတြကို သံလိုက္တုံးလို ဆြဲေဆာင္ေနတာျဖစ္ပါတယ္။
တစ္ဘက္မွာလည္း စစ္ေဘးေၾကာင့္၊ ဆင္းရဲမႈေၾကာင့္၊ ကိုဗစ္လို ကပ္ေရာဂါေၾကာင့္ ဒုကၡေရာက္ေနၾကတဲ့ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကႏိုင္ငံေတြက ျပည္သူေတြကေတာ့ အုံလိုက္ က်င္းလိုက္ ေရၾကည္ရာ ျမက္ႏုရာ ထြက္ခြာဖို႔ တြန္းအားေတြျဖစ္ေနတာပါ။
ဒီေဒသ ႏွစ္ခုက ေျမထဲပင္လယ္တစ္ဘက္တစ္ခ်က္မွာ ကပ္လ်က္တည္ရွိေနတာကလည္း ပထဝီႏိုင္ငံေရးအရ ဒုကၡသည္ ခိုးဝင္ ျပႆနာ ေပၚထြန္းဖို႔ တြန္းအားဆြဲအား ႏွစ္ခုစလုံးနဲ႔ ဖန္တီးေပးေနသလို ျဖစ္ေနပါတယ္။ ဒီလူေတြကေတာ့ သူတို႔ဘဝအတြက္ ထြက္ေပါက္ရမယ္ဆိုရင္ လူေမွာင္ခို ဂိုဏ္းေတြ စီစဥ္တဲ့ အတိုင္း ေတာင္ဘက္ကေန ေျမထဲပင္လယ္ကို ျဖတ္ကူးရမယ္ဆိုလည္း သြားမွာပါပဲ။ ေျမာက္ဘက္ပေန ဘဲလာ႐ုစ္ ကို ေလယာဥ္စီးၿပီး ႏွင္းဖုံးတဲ့ နယ္စပ္ သစ္ေတာေတြကေန ခိုးဝင္ရမယ္ဆိုလည္း သြားမွာပါပဲ။

ေနာက္ဆုံး​ေတာ့ ဒီဒုကၡသည္​ေတြဆိုတာကိုက ဖြံ႕ၿဖိဳးၿပီးနဲ႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံ​ေတြအၾကား ဆင္းရဲခ်မ္းသာ ကြာဟမႈနဲ႔ အင္အားႀကီး​ေတြက ႏိုင္ငံငယ္​ေတြ အ​ေပၚ အင္အားသုံး ဝင္​ေရာက္စြက္ဖက္မႈ​ေတြက​ေန ​ေဘးထြက္ဆိုးက်ိဳးအျဖစ္နဲ႔ ​ေပၚ​ေပါက္လာတာျဖစ္ၿပီး၊ ဘယ္သူမျပဳ မိမိမႈ ဆိုတာလို ဒီႏိုင္ငံႀကီး​ေတြဟာ ကိုယ္​ေမႊးတဲ့မီး​ေတြက ကိုယ့္ကိုျပန္​ေလာင္​တာကို ခံေနၾကရတာျဖစ္ပါတယ္။ အဲလို ကိုယ္​ေရး တကယ္ႀကဳံလာ​ေတာ့လည္း ဒီဝန္ထုပ္ဝန္ပိုး ျပႆနာထုပ္​ေတြကို မယူခ်င္ၾကျပန္​ေတာ့လို႔ အခုလို အျငင္းပြား​ေနၾကတာပါ။ သနားစရာ ဒုကၡသည္​ေတြက​ေတာ့ ​သူတို႔အတြက္ ေလာကနိဗၺာန္ကို ​ေရာက္ႏိုင္ဖို႔ အိပ္မက္မက္​ေနရင္းနဲ႔ ​ေလာကငရဲခရီးၾကမ္းကို ျဖတ္သန္း​ေနၾကရဆဲျဖစ္​ေၾကာင္း တင္ျပလိုက္ရပါတယ္။

( ေဆာင္းပါးရွင္ ကုိလိႈင္သည္ ယခင္က ႏုိင္ငံေရးသုေတသီ၊ စာေရးဆရာတစ္ဦးျဖစ္ျပီး လက္ရွိတြင္ နစက၏အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ၾကီးတစ္ဦးအျဖစ္ တာ၀န္ထမ္းေဆာင္ေနသူျဖစ္သည္)

Related news

© 2021. All rights reserved.