Bagram လေတပ်အခြေစိုက်စခန်းကို ပြန်ပေးဖို့ အာဖဂန်နစ္စတန်နိုင်ငံကို ဒေါ်နယ်ထရမ့် သတိပေး
                        
                            
                             
 502
 
                             
                            
                            
                         
                        
Pika (NP News) - စက်တင်ဘာ ၂၂
တာလီဘန်အဖွဲ့ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လည် ပေးအပ်တာမျိုး မလုပ်ဆောင်ဘူးဆိုရင် မထင်မှတ်ထားတဲ့ပြစ်ဒဏ်ခတ်မှုတွေကို ကြုံတွေ့ရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အာဖဂန်နစ္စတန်နိုင်ငံဟာ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်မပေးဘူးဆိုရင် ဆိုးရွားတဲ့ အရာတွေ ဖြစ်လာပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လည်သိမ်းယူလိုတဲ့စိတ်ကူးတွေကို ဗြိတိန်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြသခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုသတိပေးပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံမှာ အကြီးဆုံးလေတပ် အခြေစိုက်စခန်းဖြစ်တဲ့ Bagram ဟာ တာလီဘန်အဖွဲ့ကိုဆန့်ကျင်တဲ့ အမေရိကန်ဦးဆောင်တဲ့စစ်ပွဲမှာ အဓိကအရေးပါတဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရရှိအောင် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ အခက်အခဲတွေရှိလာနိုင်ပေမယ့် ရအောင်ပြန်လည်လုပ်ဆောင်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
                     
                        
                                                                    
Zawgyi Version: 
Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္ေပးဖို႔ အာဖဂန္နစၥတန္ႏိုင္ငံကို ေဒၚနယ္ထရမ့္ သတိေပး
Pika (NP News) - စက္တင္ဘာ ၂၂
တာလီဘန္အဖြဲ႕ ထိန္းခ်ဳပ္ထားတဲ့ အာဖဂန္နစၥတန္ႏိုင္ငံဟာ Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္လည္ ေပးအပ္တာမ်ိဳး မလုပ္ေဆာင္ဘူးဆိုရင္ မထင္မွတ္ထားတဲ့ျပစ္ဒဏ္ခတ္မႈေတြကို ႀကဳံေတြ႕ရလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အာဖဂန္နစၥတန္ႏိုင္ငံဟာ Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္မေပးဘူးဆိုရင္ ဆိုး႐ြားတဲ့ အရာေတြ ျဖစ္လာပါလိမ့္မယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံဟာ Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္လည္သိမ္းယူလိုတဲ့စိတ္ကူးေတြကို ၿဗိတိန္ႏိုင္ငံကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ျပသခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုသတိေပးေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အာဖဂန္နစၥတန္ႏိုင္ငံမွာ အႀကီးဆုံးေလတပ္ အေျခစိုက္စခန္းျဖစ္တဲ့ Bagram ဟာ တာလီဘန္အဖြဲ႕ကိုဆန႔္က်င္တဲ့ အေမရိကန္ဦးေဆာင္တဲ့စစ္ပြဲမွာ အဓိကအေရးပါတဲ့ အေျခစိုက္စခန္းတစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္လည္ရရွိေအာင္ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းေနပါတယ္။ အခက္အခဲေတြရွိလာႏိုင္ေပမယ့္ ရေအာင္ျပန္လည္လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။