ပုသိမ်မြို့နယ်အတွင်း PDF အဖွဲ့နှင့်ဆက်စပ်နေသူ(၁၆)ဦးအား လက်နက်မျိုးစုံ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဖမ်းမိဟုဆို

 3413

NP News - ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း PDF အဖွဲ့နှင့်ဆက်စပ်နေသူ(၁၆)ဦးအား လက်နက်မျိုးစုံ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်း ဆီးရမိကြောင်း စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့၏ ဒီဇင်ဘာလ (၆)ရက်ညပိုင်းထုတ်ပြန်ချက်အရသိရသည်။ ဖြစ်စဉ်တွင်အမျိုးသား(၁၄) ဦး၊ အမျိုးသမီး (၂) ဦး၊ စုစုပေါင်း (၁၆)ဦးတို့အား လက်နက်မျိုးစုံ (၄) လက်၊ ကျည်အိမ်မျိုးစုံ (၈) ခု၊ ကျည်မျိုးစုံ (၂ဝ၃)တောင့်၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဒီတိုနေတာ (၅၅) ချောင်း၊ ယမ်းထုပ် (၅) ထုပ်၊ လက်လုပ်သေ နတ်ပြုလုပ်ရန်ဆင်ထားသည့် ပိုက်(၃)ခု၊ Laptop (၁) လုံး၊ သံလိုက်အိမ် မြှောင် (၂)ခု၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ (၂)ရက်တွင် ပုသိမ်မြို့နယ်အတွင်း PDF အဖွဲ့များနှင့်ချိတ်ဆက်ဆောင်ရွက်နေသည့် စိုးပိုင်ဦး(၃၅)နှစ်နှင့် အောင်ကျော်(၅၆)နှစ်တို့ (၂) ဦးအား ပုသိမ်မြို့နယ်၊ (၉) ရပ်ကွက်၊ သင်္ဘောကျင်းတွင် ဖမ်းမိခဲ့ပြီး စိုးပိုင်ဦး၏ ထွက်ဆိုချက်ဖြင့် ဒီဇင်ဘာလ(၂)ရက်တွင် ပုသိမ်မြို့၊ (၁ဝ)ရပ်ကွက်၊ စက်ကုန်းရပ်နေသူများဖြစ်သော ချောစုလှိုင်(၄ဝ)နှစ်အား ဒီတိုနေတာ(၅)ချောင်း၊ လက် လုပ်သေနတ်ပြုလုပ်ရန်ဆင်ထားသည့် ပိုက်(၃)ခု၊ Gas Gun (၃)ခု၊ Laptop (၁) လုံး၊ သံလိုက်အိမ်မြှောင် (၂) ခုတို့ဖြင့် လည်းကောင်း၊ စုလှိုင်မိုး(၂၅)နှစ်၊ တင်လှ (၅၂) နှစ်၊ ဖြိုးလေး(ခ)ကိုဖြိုး(၃ဝ)နှစ်တို့ (၃) ဦးအားလည်းကောင်း၊ ဖြိုးလေး(ခ) ကိုဖြိုး၏ထွက်ဆိုချက်အရ ပုသိမ်မြို့ နယ်၊ တိုက်ကြီးကုန်းကျေးရွာ၌ ဇော်မင်းထွန်း(ခ)ကုလား (၃၆)နှစ်အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဒီဇင်ဘာလ(၃)ရက်တွင် ပုသိမ်မြို့နယ်၊ တိုက်ကြီးကုန်းကျေးရွာနေ နီနီ(ခ)ဘာဘူလေး(၃၈)နှစ်အားလည်းကောင်း၊ အိမ်ချောင်းကလေးကျေးရွာ စက်လှေဆိပ်၌ အောင်ဖြိုးမင်း(ခ) ဖြိုးကြီး (၂၀)နှစ်နှင့် စိုးယုကျော်(ခ) ဒေဝ(၂၆)နှစ်တို့အားလည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။ စိုးပိုင်ဦး၏ထွက်ဆိုချက်ဖြင့်ပင် ဒီဇင်ဘာလ(၄)ရက်တွင် ပုသိမ်မြို့နယ်၊ လင်းဝင်းကြီးအုပ်စု၊ ကွက်ပြင်ကြီးကျေးရွာနေ ခင်သန်း (၅၈)နှစ်အားဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ပိတောက်ချောင်းကုန်းကျေးရွာရှိဖမ်းဆီးရန်ကျန်အေးသောင်းနေအိမ်အနောက်ဘက်၌ ပစ္စတိုသေနတ် (၁) လက်၊ ပွိုင့် ၃၈ဝ ပစ္စတိုကျည်(၁၉)တောင့်၊ ကျည်အိမ်(၂)ခုတို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် ဖြိုးလေး(ခ)ကိုဖြိုး၏ထွက်ဆိုချက်အရ ဒီဇင်ဘာလ(၄)ရက်တွင် ပုသိမ်မြို့၊ (၁ဝ)ရပ်ကွက်၊ (၁ဝ)လမ်းမကြီးရှိ ဖမ်းဆီးရန်ကျန် ဒေါ်မြနှစ် နေအိမ်၌ ယမ်းထုပ် (၅) ထုပ်၊ ချိန်ကိုက်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် စားပွဲတင်နာရီ (၁ဝ) လုံး၊ ဒီတိုနေတာ (၅ဝ) ချောင်း နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအားသိမ်းဆည်းရမိခဲ့ကြောင်း၊ စိုးယုကျော်၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ(၅)ရက်တွင် ငပုတောမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု၊ လဲလောင်းကျေးရွာအနီး ခြေတော်ရာဘုန်းကြီးကျောင်းအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ ဥူးပညာနန္ဒ(ခ)ကြည်ညွန့် (၆၆)နှစ်အား ပစ္စတို(၁)လက်၊ ကျည်အိမ်(၂)ခု၊ ၉ မမကျည်(၂ဝ)တောင့်၊ M 16 (၁)လက်၊ ကျည်အိမ် (၄)ခု၊ ၅.၅၆ ကျည် (၉၆)တောင့်၊ ရှေ့ထွက်မိုင်း (၃)လုံး၊ ကျောပိုးအိတ် (၅)လုံး၊ Keypad ဖုန်း(၈)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စိုးပိုင်ဦး၏ထွက်ဆိုချက်အရ ဒီဇင်ဘာလ (၅)ရက်တွင် ပုသိမ်မြို့၊ (၁ဝ)ရပ်ကွက်၊ စက်ကုန်းလမ်းတွင် ဖိုးထွေး(၅၁)နှစ်အား ပွိုင့်-၂၂ (၁) လက်၊ ကျည် (၆၈)တောင့်ဖြင့်လည်း ကောင်း၊ လက်နက်/ခဲယမ်းများသိုဝှက်သိမ်းဆည်းရာတွင် ပူးပေါင်းပါဝင်သည့် ဆက်စပ်တရားခံများဖြစ်သော သော်ဇင်ခြူး(ခ)ကိုခြူး(၂၅)နှစ်၊ ထူးဝေ(ခ)ဟန်မျိုးဦး (၂၃)နှစ်၊ စိုးသက်ခိုင်(ခ)သားပု (၂၁)နှစ်တို့ (၃) ဦးအားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ KNLA တပ်မဟာ(၆)တွင် ထွက် ပြေးတိမ်းရှောင်နေသူဖမ်းဆီးရန်ကျန် ဂျပန်ကြီးမှရန်ကုန်မြို့နေဖမ်းဆီးရန်ကျန် ဖိုးလပြည့်(ခ)လပြည့်နှင့်ချိတ်ဆက်၍ လက်နက်/ခဲယမ်းများအား ဂက်စ်အိုးများအတွင်းထည့်သွင်းကာ ရန်ကုန်-ပုသိမ်ပြေးဆွဲသော ခရီးသည်တင်ယာဉ်များဖြင့် စိုးပိုင်ဦးထံပို့ဆောင်ခဲ့ကြောင်းနှင့်၎င်းမှတဆင့် လက်နက်သယ်ဆောင်ပေးမည့်သူများဖြစ်သည့် ဘယ်ကျော်ထံသို့ လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ချစ်ပိုင်စိုးမှတဆင့် ခင်သန်းထံသို့လည်း ကောင်း၊ ဖမ်းဆီးရန်ကျန် ဆရာဇော် မှတဆင့် ပုသိမ်မြို့၊ (၁ဝ)ရပ်ကွက်၊ စက်ကုန်းလမ်းနေ ဖိုးထွေးထံသို့လည်းကောင်း၊ ဖမ်းဆီးရန်ကျန် ရဲခေါင်မှတဆင့် ငပုတောမြို့နယ်၊ လဲလောင်းကျေးရွာအနီး၊ ခြေတော်ရာဘုန်း ကြီးကျောင်းရှိ ဥူးပညာနန္ဒ(ခ)ကြည်ညွန့်၊ ဖမ်းဆီးရန်ကျန် တိုက်ဂါး၊ ဆိတ်ကြီး၊ ကောင်းကောင်းတို့ထံသို့ပေးပို့ထားရှိခဲ့ကြောင်းထုတ်ပြန်ချက် အရသိရသည်။

ထို့အပြင် တရားခံများ၏ထွက်ဆိုချက်အရ ဂျပန်ကြီးမှပေးပို့သည့် ဒီတိုနေတာများနှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား စိုးပိုင်ဦးသည် ကိုဖြိုး(ခ)ဖြိုးလေးမှတဆင့် မအူပင်မြို့နယ်နေ ဖမ်းဆီးရန်ကျန်ကျားကြီး ထံသို့လည်းကောင်း၊ ကြံခင်းမြို့နယ်နေဖမ်းဆီးရန်ကျန် မတင်ညွန့်ထံ သို့လည်းကောင်း ခရီးသည်တင်ယာဉ်လိုင်းများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် စိုးယုကျော်(ခ)ဒေဝသည် ရဲခေါင်မှပေးပို့သည့်ဖောက်ခွဲရေးပစ္စည်းများအား ငပုတောမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု၊ လဲလောင်းကျေး ရွာရှိအေးမြင့်ထံပေးပို့ခဲ့ရာ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့်အေးမြင့်၊ ရဲခေါင်၊ တိုက်ဂါး၊ ဆိတ်ကြီးနှင့် ကောင်းကောင်းတို့(၅)ဦးမှလက် လုပ်မိုင်းများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကျန်မင်းမင်းဦးမှလက်လုပ်မိုင်းများအား ငပုတောမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု၊ လဲလောင်းကျေးရွာနေ ဖမ်း ဆီးရန်ကျန် တူကယ်ထံသို့ပို့ဆောင်ခဲ့ကြောင်းဖော်ထုတ်သိရှိရသည်ဟု ရေးသားထားသည်။

ယခုဖမ်းဆီးရမိသူများသည် ဖမ်းဆီးရန်ကျန် ပုသိမ် PDF အဖွဲ့မှနန္ဒ၏ စေခိုင်းမှုဖြင့် နစကအစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည် ရွယ်၍ စစ်ကောင်စီနှင့်ဆက်စပ်သူများအား ဒလန်ဟုဆိုကာလုပ်ကြံသတ်ဖြတ်ခြင်း၊ ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများ လုပ်ဆောင်မည့်သူများ၊ လက်နက်/ခဲယမ်းများနှင့်ဖောက် ခွဲရေးပစ္စည်းများအား ပို့ဆောင်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

zawgyi version
ပုသိမ္ၿမိဳ႕နယ္အတြင္း PDF အဖြဲ႕ႏွင့္ဆက္စပ္ေနသူ(၁၆)ဦးအား လက္နက္မ်ိဳးစုံ၊ ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူဖမ္းမိဟုဆို
NP News - ဒီဇင္ဘာ ၇
ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕နယ္အတြင္း PDF အဖြဲ႕ႏွင့္ဆက္စပ္ေနသူ(၁၆)ဦးအား လက္နက္မ်ိဳးစုံ ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္း ဆီးရမိေၾကာင္း စစ္ေကာင္စီသတင္းျပန္ၾကားေရးအဖြဲ႕၏ ဒီဇင္ဘာလ (၆)ရက္ညပိုင္းထုတ္ျပန္ခ်က္အရသိရသည္။ ျဖစ္စဥ္တြင္အမ်ိဳးသား(၁၄) ဦး၊ အမ်ိဳးသမီး (၂) ဦး၊ စုစုေပါင္း (၁၆)ဦးတို႔အား လက္နက္မ်ိဳးစုံ (၄) လက္၊ က်ည္အိမ္မ်ိဳးစုံ (၈) ခု၊ က်ည္မ်ိဳးစုံ (၂ဝ၃)ေတာင့္၊ ေရွ႕ထြက္မိုင္း (၃) လုံး၊ ဒီတိုေနတာ (၅၅) ေခ်ာင္း၊ ယမ္းထုပ္ (၅) ထုပ္၊ လက္လုပ္ေသ နတ္ျပဳလုပ္ရန္ဆင္ထားသည့္ ပိုက္(၃)ခု၊ Laptop (၁) လုံး၊ သံလိုက္အိမ္ ေျမႇာင္ (၂)ခု၊ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းမိခဲ့ေၾကာင္းသိရသည္။

စစ္ေကာင္စီ၏ လုံၿခဳံေရးပူးေပါင္းအဖြဲ႕သည္ ဒီဇင္ဘာလ (၂)ရက္တြင္ ပုသိမ္ၿမိဳ႕နယ္အတြင္း PDF အဖြဲ႕မ်ားႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ေနသည့္ စိုးပိုင္ဦး(၃၅)ႏွစ္ႏွင့္ ေအာင္ေက်ာ္(၅၆)ႏွစ္တို႔ (၂) ဦးအား ပုသိမ္ၿမိဳ႕နယ္၊ (၉) ရပ္ကြက္၊ သေဘၤာက်င္းတြင္ ဖမ္းမိခဲ့ၿပီး စိုးပိုင္ဦး၏ ထြက္ဆိုခ်က္ျဖင့္ ဒီဇင္ဘာလ(၂)ရက္တြင္ ပုသိမ္ၿမိဳ႕၊ (၁ဝ)ရပ္ကြက္၊ စက္ကုန္းရပ္ေနသူမ်ားျဖစ္ေသာ ေခ်ာစုလႈိင္(၄ဝ)ႏွစ္အား ဒီတိုေနတာ(၅)ေခ်ာင္း၊ လက္ လုပ္ေသနတ္ျပဳလုပ္ရန္ဆင္ထားသည့္ ပိုက္(၃)ခု၊ Gas Gun (၃)ခု၊ Laptop (၁) လုံး၊ သံလိုက္အိမ္ေျမႇာင္ (၂) ခုတို႔ျဖင့္ လည္းေကာင္း၊ စုလႈိင္မိုး(၂၅)ႏွစ္၊ တင္လွ (၅၂) ႏွစ္၊ ၿဖိဳးေလး(ခ)ကိုၿဖိဳး(၃ဝ)ႏွစ္တို႔ (၃) ဦးအားလည္းေကာင္း၊ ၿဖိဳးေလး(ခ) ကိုၿဖိဳး၏ထြက္ဆိုခ်က္အရ ပုသိမ္ၿမိဳ႕ နယ္၊ တိုက္ႀကီးကုန္းေက်း႐ြာ၌ ေဇာ္မင္းထြန္း(ခ)ကုလား (၃၆)ႏွစ္အားလည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ(၃)ရက္တြင္ ပုသိမ္ၿမိဳ႕နယ္၊ တိုက္ႀကီးကုန္းေက်း႐ြာေန နီနီ(ခ)ဘာဘူေလး(၃၈)ႏွစ္အားလည္းေကာင္း၊ အိမ္ေခ်ာင္းကေလးေက်း႐ြာ စက္ေလွဆိပ္၌ ေအာင္ၿဖိဳးမင္း(ခ) ၿဖိဳးႀကီး (၂၀)ႏွစ္ႏွင့္ စိုးယုေက်ာ္(ခ) ေဒဝ(၂၆)ႏွစ္တို႔အားလည္း ေကာင္း ထပ္မံဖမ္းဆီးရမိခဲ့သည္ဟုဆိုသည္။ စိုးပိုင္ဦး၏ထြက္ဆိုခ်က္ျဖင့္ပင္ ဒီဇင္ဘာလ(၄)ရက္တြင္ ပုသိမ္ၿမိဳ႕နယ္၊ လင္းဝင္းႀကီးအုပ္စု၊ ကြက္ျပင္ႀကီးေက်း႐ြာေန ခင္သန္း (၅၈)ႏွစ္အားဖမ္းဆီးရမိခဲ့ၿပီး ၎၏ ထြက္ဆိုခ်က္အရ ပိေတာက္ေခ်ာင္းကုန္းေက်း႐ြာရွိဖမ္းဆီးရန္က်န္ေအးေသာင္းေနအိမ္အေနာက္ဘက္၌ ပစၥတိုေသနတ္ (၁) လက္၊ ပြိဳင့္ ၃၈ဝ ပစၥတိုက်ည္(၁၉)ေတာင့္၊ က်ည္အိမ္(၂)ခုတို႔အားသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ၿဖိဳးေလး(ခ)ကိုၿဖိဳး၏ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ(၄)ရက္တြင္ ပုသိမ္ၿမိဳ႕၊ (၁ဝ)ရပ္ကြက္၊ (၁ဝ)လမ္းမႀကီးရွိ ဖမ္းဆီးရန္က်န္ ေဒၚျမႏွစ္ ေနအိမ္၌ ယမ္းထုပ္ (၅) ထုပ္၊ ခ်ိန္ကိုက္မိုင္းျပဳလုပ္ရာတြင္ အသုံးျပဳသည့္ စားပြဲတင္နာရီ (၁ဝ) လုံး၊ ဒီတိုေနတာ (၅ဝ) ေခ်ာင္း ႏွင့္ ေဖာက္ခြဲေရး ဆက္စပ္ပစၥည္းမ်ားအားသိမ္းဆည္းရမိခဲ့ေၾကာင္း၊ စိုးယုေက်ာ္၏ ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ(၅)ရက္တြင္ ငပုေတာၿမိဳ႕နယ္၊ ဂုံညႇင္းတန္းအုပ္စု၊ လဲေလာင္းေက်း႐ြာအနီး ေျခေတာ္ရာဘုန္းႀကီးေက်ာင္းအား ပူးေပါင္းအဖြဲ႕ျဖင့္ သြားေရာက္ရွင္းလင္းခဲ့ရာ ဥဴးပညာနႏၵ(ခ)ၾကည္ၫြန႔္ (၆၆)ႏွစ္အား ပစၥတို(၁)လက္၊ က်ည္အိမ္(၂)ခု၊ ၉ မမက်ည္(၂ဝ)ေတာင့္၊ M 16 (၁)လက္၊ က်ည္အိမ္ (၄)ခု၊ ၅.၅၆ က်ည္ (၉၆)ေတာင့္၊ ေရွ႕ထြက္မိုင္း (၃)လုံး၊ ေက်ာပိုးအိတ္ (၅)လုံး၊ Keypad ဖုန္း(၈)လုံး၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ စိုးပိုင္ဦး၏ထြက္ဆိုခ်က္အရ ဒီဇင္ဘာလ (၅)ရက္တြင္ ပုသိမ္ၿမိဳ႕၊ (၁ဝ)ရပ္ကြက္၊ စက္ကုန္းလမ္းတြင္ ဖိုးေထြး(၅၁)ႏွစ္အား ပြိဳင့္-၂၂ (၁) လက္၊ က်ည္ (၆၈)ေတာင့္ျဖင့္လည္း ေကာင္း၊ လက္နက္/ခဲယမ္းမ်ားသိုဝွက္သိမ္းဆည္းရာတြင္ ပူးေပါင္းပါဝင္သည့္ ဆက္စပ္တရားခံမ်ားျဖစ္ေသာ ေသာ္ဇင္ျခဴး(ခ)ကိုျခဴး(၂၅)ႏွစ္၊ ထူးေဝ(ခ)ဟန္မ်ိဳးဦး (၂၃)ႏွစ္၊ စိုးသက္ခိုင္(ခ)သားပု (၂၁)ႏွစ္တို႔ (၃) ဦးအားလည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ ျပထားသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ KNLA တပ္မဟာ(၆)တြင္ ထြက္ ေျပးတိမ္းေရွာင္ေနသူဖမ္းဆီးရန္က်န္ ဂ်ပန္ႀကီးမွရန္ကုန္ၿမိဳ႕ေနဖမ္းဆီးရန္က်န္ ဖိုးလျပည့္(ခ)လျပည့္ႏွင့္ခ်ိတ္ဆက္၍ လက္နက္/ခဲယမ္းမ်ားအား ဂက္စ္အိုးမ်ားအတြင္းထည့္သြင္းကာ ရန္ကုန္-ပုသိမ္ေျပးဆြဲေသာ ခရီးသည္တင္ယာဥ္မ်ားျဖင့္ စိုးပိုင္ဦးထံပို႔ေဆာင္ခဲ့ေၾကာင္းႏွင့္၎မွတဆင့္ လက္နက္သယ္ေဆာင္ေပးမည့္သူမ်ားျဖစ္သည့္ ဘယ္ေက်ာ္ထံသို႔ လည္းေကာင္း၊ ဖမ္းဆီးရန္က်န္ ခ်စ္ပိုင္စိုးမွတဆင့္ ခင္သန္းထံသို႔လည္း ေကာင္း၊ ဖမ္းဆီးရန္က်န္ ဆရာေဇာ္ မွတဆင့္ ပုသိမ္ၿမိဳ႕၊ (၁ဝ)ရပ္ကြက္၊ စက္ကုန္းလမ္းေန ဖိုးေထြးထံသို႔လည္းေကာင္း၊ ဖမ္းဆီးရန္က်န္ ရဲေခါင္မွတဆင့္ ငပုေတာၿမိဳ႕နယ္၊ လဲေလာင္းေက်း႐ြာအနီး၊ ေျခေတာ္ရာဘုန္း ႀကီးေက်ာင္းရွိ ဥဴးပညာနႏၵ(ခ)ၾကည္ၫြန႔္၊ ဖမ္းဆီးရန္က်န္ တိုက္ဂါး၊ ဆိတ္ႀကီး၊ ေကာင္းေကာင္းတို႔ထံသို႔ေပးပို႔ထားရွိခဲ့ေၾကာင္းထုတ္ျပန္ခ်က္ အရသိရသည္။

ထို႔အျပင္ တရားခံမ်ား၏ထြက္ဆိုခ်က္အရ ဂ်ပန္ႀကီးမွေပးပို႔သည့္ ဒီတိုေနတာမ်ားႏွင့္ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားအား စိုးပိုင္ဦးသည္ ကိုၿဖိဳး(ခ)ၿဖိဳးေလးမွတဆင့္ မအူပင္ၿမိဳ႕နယ္ေန ဖမ္းဆီးရန္က်န္က်ားႀကီး ထံသို႔လည္းေကာင္း၊ ႀကံခင္းၿမိဳ႕နယ္ေနဖမ္းဆီးရန္က်န္ မတင္ၫြန႔္ထံ သို႔လည္းေကာင္း ခရီးသည္တင္ယာဥ္လိုင္းမ်ားျဖင့္ ပို႔ေဆာင္ေပးခဲ့ေၾကာင္းႏွင့္ စိုးယုေက်ာ္(ခ)ေဒဝသည္ ရဲေခါင္မွေပးပို႔သည့္ေဖာက္ခြဲေရးပစၥည္းမ်ားအား ငပုေတာၿမိဳ႕နယ္၊ ဂုံညႇင္းတန္းအုပ္စု၊ လဲေလာင္းေက်း ႐ြာရွိေအးျမင့္ထံေပးပို႔ခဲ့ရာ ဖမ္းဆီးရန္က်န္တရားခံမ်ားျဖစ္သည့္ေအးျမင့္၊ ရဲေခါင္၊ တိုက္ဂါး၊ ဆိတ္ႀကီးႏွင့္ ေကာင္းေကာင္းတို႔(၅)ဦးမွလက္ လုပ္မိုင္းမ်ားျပဳလုပ္ခဲ့ၿပီး ဖမ္းဆီးရန္က်န္မင္းမင္းဦးမွလက္လုပ္မိုင္းမ်ားအား ငပုေတာၿမိဳ႕နယ္၊ ဂုံညႇင္းတန္းအုပ္စု၊ လဲေလာင္းေက်း႐ြာေန ဖမ္း ဆီးရန္က်န္ တူကယ္ထံသို႔ပို႔ေဆာင္ခဲ့ေၾကာင္းေဖာ္ထုတ္သိရွိရသည္ဟု ေရးသားထားသည္။

ယခုဖမ္းဆီးရမိသူမ်ားသည္ ဖမ္းဆီးရန္က်န္ ပုသိမ္ PDF အဖြဲ႕မွနႏၵ၏ ေစခိုင္းမႈျဖင့္ နစကအစိုးရ၏ အုပ္ခ်ဳပ္မႈယႏၲရားပ်က္ျပားေစရန္ ရည္ ႐ြယ္၍ စစ္ေကာင္စီႏွင့္ဆက္စပ္သူမ်ားအား ဒလန္ဟုဆိုကာလုပ္ႀကံသတ္ျဖတ္ျခင္း၊ ေဖာက္ခြဲေရးလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္းစသည့္ လုပ္ငန္းမ်ား လုပ္ေဆာင္မည့္သူမ်ား၊ လက္နက္/ခဲယမ္းမ်ားႏွင့္ေဖာက္ ခြဲေရးပစၥည္းမ်ားအား ပို႔ေဆာင္ျခင္းမ်ားေဆာင္႐ြက္ခဲ့ၾကေၾကာင္း စစ္ေကာင္စီ၏ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္ကိုေတြ႕ရသည္။

Related news

© 2021. All rights reserved.