ရန်ကုန်တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားသို့ လူပေါင်း ရာချီ ပါဝင်ဆင်နွှဲ

154

လင်းနောင်၊အမရာဟန် (NP News) - ဇွန်၂၁
အခမ်းအနားကို ရန်ကုန်မြို့၊ သုဝဏ္ဏအမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) ၌ ယနေ့နံနက်ပိုင်း(ဇွန် ၂၁ ရက်) တွင် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ လူပေါင်း ရာချီ ပါဝင်ဆင်နွှဲခဲ့ကြောင်း တွေ့မြင်ရသည်။
ယင်း အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ တာဝန်ရှိသူများ၊ အိန္ဒိယ နွယ်ဖွားများ နှင့် ပြည်သူများလည်း တက်ရောက် ပါဝင်ခဲ့ကြကြောင်း သိရသည်။
ယောဂသည် စိတ်၊ အတွေးနှင့် ကိုယ်ခန္ဓာတို့ကို သဟဇာတဖြစ်စေရန် ဆောင်ရွက်သည့် လေ့ကျင့်မှုဖြစ်ကြောင်း ယင်းအခမ်းအနားမိန့်ခွန်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur က ပြောသည်။
“International Yoga Day ကို ကမ္ဘာ့ကုလသမဂ္ဂမှာ ၂၀၁၄ ခုနှစ်ကစတင်ပြီး ဆုံးဖြတ်ချက်ချကာ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အဖြစ် ကျင်းပလာတာ အခုဆိုရင် (၁၁) ကြိမ်မြောက် ရှိပါပြီ။ ဒီ International Yoga Day အခမ်းအနားကို ကြွရောက်လာကြတဲ့ လူတွေအားလုံး၊ ကြည့်ရှုနေကြတဲ့ လူတွေအားလုံး၊ စိတ်ပါဝင်စားစွာ စိတ်အားထက်သန်စွာ ဆောင်ရွက်နေကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် အလားတူ ပွဲမျိုး ကျင်းပပြုလုပ်ခဲ့ကြောင်း Swami Vivekanand Cultural Centre မှ ဒါရိုက်တာ Dr. Ashish K. Kandhway က ပြောသည်။
“မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံကျော်က ဒီယောဂနေ့လေးကို ကျင်းပနေတာပဲဖြစ်ပါတယ်။ ဒီတစ်နှစ် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့လေးအတွက် ပွဲပေါင်း ၂၀ လောက် လုပ်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆိုရင် ပွဲ ၁၅ ခု၊ နေပြည်တော်မှာ ၂ ခု လုပ်ခဲ့ပါတယ်။ မန္တလေး၊ စစ်တွေမြို့မှာလည်း ပွဲလေးတွေလုပ်ခဲ့ပါတယ်။ ထိုပွဲလေးတွေကနေတစ်ဆင့် မတူညီသော လူတွေအားလုံးကို ယောဂဆိုတာဘာလဲ၊ ယောဂနဲ့ပတ်သက်တဲ့ ပညာပိုင်းဆိုင်ရာတွေကိုလည်း သင်ခန်းစာများ ပို့ချခဲ့ပါသည်။ ယောဂကို လေ့ကျင့်ခြင်းဖြင့် ကျန်းမာရေးတင် ကောင်းမွန်တာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပါကောင်းမွန်စေပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကောင်းမွန် စေပါလိမ့်မယ်” ဟု Dr. Ashish K. Kandhway က ရှင်းပြသည်။

Zawgyi Version:
ရန္ကုန္တြင္ ျပဳလုပ္ေသာ အျပည္ျပည္ဆိုင္ရာ ေယာဂေန႔အခမ္းအနားသို႔ လူေပါင္း ရာခ်ီ ပါဝင္ဆင္ႏႊဲ
လင္းေနာင္၊အမရာဟန္ (NP News) - ဇြန္၂၁
အခမ္းအနားကို ရန္ကုန္ၿမိဳ႕၊ သုဝဏၰအမ်ိဳးသားအားကစား ၿပိဳင္ပြဲ႐ုံ (၁) ၌ ယေန႔နံနက္ပိုင္း(ဇြန္ ၂၁ ရက္) တြင္ က်င္းပခဲ့ရာ အဆိုပါအခမ္းအနားသို႔ လူေပါင္း ရာခ်ီ ပါဝင္ဆင္ႏႊဲခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။
ယင္း အခမ္းအနားကို ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးက ဦးေဆာင္ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ တာဝန္ရွိသူမ်ား၊ အိႏၵိယ ႏြယ္ဖြားမ်ား ႏွင့္ ျပည္သူမ်ားလည္း တက္ေရာက္ ပါဝင္ခဲ့ၾကေၾကာင္း သိရသည္။
ေယာဂသည္ စိတ္၊ အေတြးႏွင့္ ကိုယ္ခႏၶာတို႔ကို သဟဇာတျဖစ္ေစရန္ ေဆာင္႐ြက္သည့္ ေလ့က်င့္မႈျဖစ္ေၾကာင္း ယင္းအခမ္းအနားမိန႔္ခြန္းတြင္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Mr. Abhay Thakur က ေျပာသည္။
“International Yoga Day ကို ကမာၻ႔ကုလသမဂၢမွာ ၂၀၁၄ ခုႏွစ္ကစတင္ၿပီး ဆုံးျဖတ္ခ်က္ခ်ကာ အျပည္ျပည္ဆိုင္ရာ ေယာဂေန႔အျဖစ္ က်င္းပလာတာ အခုဆိုရင္ (၁၁) ႀကိမ္ေျမာက္ ရွိပါၿပီ။ ဒီ International Yoga Day အခမ္းအနားကို ႂကြေရာက္လာၾကတဲ့ လူေတြအားလုံး၊ ၾကည့္ရႈေနၾကတဲ့ လူေတြအားလုံး၊ စိတ္ပါဝင္စားစြာ စိတ္အားထက္သန္စြာ ေဆာင္႐ြက္ေနၾကတဲ့သူေတြအားလုံးကို ေက်းဇူးတင္ပါတယ္” ဟု သံအမတ္ႀကီးက ေျပာသည္။
အျပည္ျပည္ဆိုင္ရာ ေယာဂေန႔ အတြက္ ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ အလားတူ ပြဲမ်ိဳး က်င္းပျပဳလုပ္ခဲ့ေၾကာင္း Swami Vivekanand Cultural Centre မွ ဒါ႐ိုက္တာ Dr. Ashish K. Kandhway က ေျပာသည္။
“ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၁၇၅ ႏိုင္ငံေက်ာ္က ဒီေယာဂေန႔ေလးကို က်င္းပေနတာပဲျဖစ္ပါတယ္။ ဒီတစ္ႏွစ္ (၁၁) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ေယာဂေန႔ေလးအတြက္ ပြဲေပါင္း ၂၀ ေလာက္ လုပ္ခဲ့ပါတယ္။ ရန္ကုန္မွာ ဆိုရင္ ပြဲ ၁၅ ခု၊ ေနျပည္ေတာ္မွာ ၂ ခု လုပ္ခဲ့ပါတယ္။ မႏၲေလး၊ စစ္ေတြၿမိဳ႕မွာလည္း ပြဲေလးေတြလုပ္ခဲ့ပါတယ္။ ထိုပြဲေလးေတြကေနတစ္ဆင့္ မတူညီေသာ လူေတြအားလုံးကို ေယာဂဆိုတာဘာလဲ၊ ေယာဂနဲ႔ပတ္သက္တဲ့ ပညာပိုင္းဆိုင္ရာေတြကိုလည္း သင္ခန္းစာမ်ား ပို႔ခ်ခဲ့ပါသည္။ ေယာဂကို ေလ့က်င့္ျခင္းျဖင့္ က်န္းမာေရးတင္ ေကာင္းမြန္တာမဟုတ္ဘဲ စိတ္ပိုင္းဆိုင္ရာပါေကာင္းမြန္ေစၿပီး ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာကိုပါ ေကာင္းမြန္ ေစပါလိမ့္မယ္” ဟု Dr. Ashish K. Kandhway က ရွင္းျပသည္။