တောင်ငူမြို့တွင် ရေကျသွားသဖြင့် ဒေသခံများနေရပ်ပြန်

 320

ခတ္တာဦး (NP News) - ဇွန်၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရေကျသွားသဖြင့်ဒေသခံများ နေအိမ်သို့ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း တောင်ငူမြို့ အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအဖွဲ့မှ သိရသည်။
ယမန်နေ့ ဇွန်လ ၂ဝ ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ခပေါင်းချောင်းရေလျှံသဖြင့် ရေများစတင်တက်လာကာ ဒေသခံများကို ပရဟိသအသင်းများက ဘေးလွတ်ရာသို့ပြောင်းရွေ့ပေးခဲ့ကြကြောင်း သိရသည်။
သို့သော် ယနေ့ ဇွန်လ၂၁ ရက်တွင် ရေများပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က NP News သို့ပြောသည်။
“မနေ့က ရေစတက်တာ ခပေါင်းချောင်းကရေလျှံတာပေါ့။ မနေ့ညကတည်းက ရေကတော်တော်ကျသွားပြီ။ လက်ရှိအခြေနေကတော့ မနေ့ကထက်တော့ မဆိုးတော့ဘူးပေါ့။ တော်တော်များများတော့ကျသွားပြီ။ ဒါပေမယ့် အနိမ့်ပိုင်းနေရာလေးတွေက တော့ရေနည်းနည်းကျန်သေးတာပေါ့။ တချို့ဆိုရင်တော့ပြန်သွားပါပြီ။ ဒီနေ့ပဲပြန်တဲ့လူတွေ လည်းရှိတယ်။ ညတွင်းချင်းရေကျတဲ့နေရာလေးတွေလည်းရှိတော့ ပြန်ဆင်းတဲ့လူတွေလည်းရှိတယ်။ တချို့ကျတော့လည်းစိတ်မချလို့ ပြန်အိပ်တဲ့လူတွေလည်းရှိပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာ၊ဆင်ဆိပ်ကျေးရွာ၊ဆင်ခြေဘုန်းနှင့် စိန်ပန်းမြိုင်ရှိနေအိမ်များမှ ဒေသခံများကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းခဲ့ရကြောင်း တောင်ငူမြို့အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့၏ အချက်အလက်များအရ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့(ဇွန်လ ၂၁) ရက်၊ မွန်းလွဲ (၂) နာရီထုတ်ပြန်ချက်အရ မနက်ဖြန် နံနက်အထိခန့်မှန်းချက်တွင် ပဲခူးတိုင်းဒေသကြီး အပါအဝင် နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီး ၊ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မှ ထုတ်ပြန်ထားသည်။

Zawgyi Version:
ေတာင္ငူၿမိဳ႕တြင္ ေရက်သြားသျဖင့္ ေဒသခံမ်ားေနရပ္ျပန္
ခတၱာဦး (NP News) - ဇြန္၂၁

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕တြင္ ေရက်သြားသျဖင့္ေဒသခံမ်ား ေနအိမ္သို႔ျပန္လည္ေနထိုင္ေနၿပီျဖစ္ေၾကာင္း ေတာင္ငူၿမိဳ႕ အေရးေပၚကယ္ဆယ္ေရး ပရဟိတအဖြဲ႕မွ သိရသည္။
ယမန္ေန႔ ဇြန္လ ၂ဝ ရက္က မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္အတူ ခေပါင္းေခ်ာင္းေရလွ်ံသျဖင့္ ေရမ်ားစတင္တက္လာကာ ေဒသခံမ်ားကို ပရဟိသအသင္းမ်ားက ေဘးလြတ္ရာသို႔ေျပာင္းေ႐ြ႕ေပးခဲ့ၾကေၾကာင္း သိရသည္။
သို႔ေသာ္ ယေန႔ ဇြန္လ၂၁ ရက္တြင္ ေရမ်ားျပန္လည္က်ဆင္းလာၿပီျဖစ္ေၾကာင္း အဆိုပါသတင္းရင္းျမစ္က NP News သို႔ေျပာသည္။
“မေန႔က ေရစတက္တာ ခေပါင္းေခ်ာင္းကေရလွ်ံတာေပါ့။ မေန႔ညကတည္းက ေရကေတာ္ေတာ္က်သြားၿပီ။ လက္ရွိအေျခေနကေတာ့ မေန႔ကထက္ေတာ့ မဆိုးေတာ့ဘူးေပါ့။ ေတာ္ေတာ္မ်ားမ်ားေတာ့က်သြားၿပီ။ ဒါေပမယ့္ အနိမ့္ပိုင္းေနရာေလးေတြက ေတာ့ေရနည္းနည္းက်န္ေသးတာေပါ့။ တခ်ိဳ႕ဆိုရင္ေတာ့ျပန္သြားပါၿပီ။ ဒီေန႔ပဲျပန္တဲ့လူေတြ လည္းရွိတယ္။ ညတြင္းခ်င္းေရက်တဲ့ေနရာေလးေတြလည္းရွိေတာ့ ျပန္ဆင္းတဲ့လူေတြလည္းရွိတယ္။ တခ်ိဳ႕က်ေတာ့လည္းစိတ္မခ်လို႔ ျပန္အိပ္တဲ့လူေတြလည္းရွိပါတယ္” ဟု အဆိုပါသတင္းရင္းျမစ္က ေျပာသည္။

အဆိုပါ ေရႀကီးေရလွ်ံမႈေၾကာင့္ ေတာင္ငူၿမိဳ႕၊ ကင္းဆိပ္ေက်း႐ြာ၊ဆင္ဆိပ္ေက်း႐ြာ၊ဆင္ေျခဘုန္းႏွင့္ စိန္ပန္းၿမိဳင္ရွိေနအိမ္မ်ားမွ ေဒသခံမ်ားကို ေဘးလႊတ္ရာသို႔ ေ႐ြ႕ေျပာင္းခဲ့ရေၾကာင္း ေတာင္ငူၿမိဳ႕အေရးေပၚကယ္ဆယ္ေရးပရဟိတအဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။
မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ယေန႔(ဇြန္လ ၂၁) ရက္၊ မြန္းလြဲ (၂) နာရီထုတ္ျပန္ခ်က္အရ မနက္ျဖန္ နံနက္အထိခန႔္မွန္းခ်က္တြင္ ပဲခူးတိုင္းေဒသႀကီး အပါအဝင္ ေနျပည္ေတာ္၊ ရန္ကုန္၊ စစ္ကိုင္း(အထက္ပိုင္း)၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနလၤာရီတိုင္းေဒသႀကီး ၊ကခ်င္ျပည္နယ္၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.