အီတာလျံထိုင်းကုမ္ပဏီရဲ့သူဋ္ဌေးကြီး တောရိုင်းတိရိစ္ဆာန် အမဲလိုက်မှုနဲ့ထောင်ကျ

 746

ရောင်နီ (NP News) - ဒီဇင်ဘာ ၉
လွန်ခဲ့တဲ့လေးနှစ်နီးပါးခန့်က Thungyai Naresuan Wildlife Sanctuary သဘာဝတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာအမဲလိုက်မှုနဲ့အီတာလျံထိုင်းကုမ္ပဏီရဲ့သူဋ္ဌေးကြီး Premchai Karnasuta ကို တရားရုံး ချုပ်က ထောင်ဒဏ်(၃)နှစ်နဲ့(၂)လချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို ပြည်တွင်းနဲ့ နိုင်ငံတကာတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တွေက ကြိုဆိုလက်ခံခဲ့ကြပါတယ်။

စီရင်ချက်ကို ကန်ချနပူရီရှိ Thong Pha Phum ခရိုင် တရားရုံးမှာဗုဒ္ဓ ဟူးနေ့(ဒီဇင်ဘာလ ၈ ရက်)ကဖတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။ အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်ရဲ့ အသက်(၆၆)နှစ်ရှိ ဥက္ကဋ္ဌ Premchai ဟာ လမ်းလျှောက်တုတ်၊ ဘယ်ဘက်မျက်လုံးပတ်တီးစည်းလျက်တရားရုံးကိုရောက်ရှိလာခဲ့ပြီး ဒီအမှုမှာပါဝင်တဲ့အခြားတရားခံနှစ်ဦးလည်းတရားရုံးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ၎င်းရဲ့ယာဉ် မောင်းဖြစ်သူ Yong Dodkruea (၆၈) နှစ်၊ မုဆိုး Thanee Thummat ( ၅၉)နှစ်ကတော့ ထောင်ဒဏ်(၃)နှစ်နဲ့(၉)လစီကျခံရမယ်လို့သိရပါတယ်။ အမည်မဖော်လိုတဲ့ဥပဒေရေးရာအဖွဲ့မှအဖွဲ့ဝင်တစ်ဦးက ၎င်းရဲ့အမှုဟာ တရားရုံးဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့အချက်မှလွဲပြီး မီဒီယာသို့ ပေးပို့ဖို့မက်ဆေ့ချ်မရှိကြောင်း သတင်းထောက်များအားပြောကြားခဲ့ပါတယ်။

တောရိုင်းတိရိစ္ဆာန် အသေကောင်တွေကို လက်ခံခြင်းအတွက် ပြစ်ဒဏ်မှဖယ်ထားရန် လွန်ခဲ့သည့်(၂)နှစ်က တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေး အက်ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း တရားရုံးချုပ်ကထောင် ဒဏ်များကိုချမှတ်ခဲ့ပါတယ်။ တရားမဝင်အမဲလိုက်ခြင်းကြောင့်ဖြစ်ပေါ် လာတဲ့သဘာဝပျက်စီးမှုအတွက် လျော်ကြေးငွေဘတ်(၂)သန်းပေးဆောင်ရမယ်လို့ အယူခံတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။ တရားခံတွေကို Thong Pha Phum အကျဉ်းထောင်သို့ ခေါ်ဆောင်ဖို့စောင့်ဆိုင်းနေစဉ် Covid-19 လည်း စမ်းသပ်ခဲ့တယ်လို့သိရပါတယ်။ ရှားပါးကျားနက်တစ်ကောင်၊ ကလစ်ကျားလေးတစ်ကောင်နဲ့ တောရိုင်းတိရစ္ဆာန်များကို အမဲလိုက် သတ်ဖြတ်မှုဖြင့် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်က Thungyai Naresuan Wildlife Sanctuary တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာဖမ်းဆီးခံရပြီး အခြားဆက်စပ်တရားစွဲဆိုမှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။ အသက် (၄၆)နှစ်အရွယ် ထမင်းချက် Nathee Riemsaen ကိုတော့ ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ်နဲ့ရှစ်လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စီရင်ချက်များအတွက် Seub Nakhasathien Foundation အ ထွေထွေအတွင်းရေးမှူး Panudet Kerdmali ကတရားရုံးရဲ့စီရင်ချက်အ ပေါ်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး “Premchai အမှုဟာ ထိုင်းနိုင် ငံမှာအလွန်သိသာထင်ရှားတဲ့စံနမူနာဖြစ်ပြီး လူ့အဖွဲ့အစည်းမှာတရားမျှတစွာဆက်ဆံတာကိုအခုမြင်တွေ့ချင်ပါတယ်။ အနည်းဆုံးတော့တော ရိုင်းတိရစ္ဆာန်တွေအပေါ် ရာဇဝတ်မှုကျူးလွန်ဖို့စီစဉ်သူတွေကို ဟန့်တားနိုင်လိမ့်မယ်”လို့ဆိုခဲ့ပါတယ်။

zawgyi version
အီတာလ်ံထိုင္းကုမၸဏီရဲ႕သူေ႒းႀကီး ေတာ႐ိုင္းတိရိစာၦန္ အမဲလိုက္မႈနဲ႔ေထာင္က်
ေရာင္နီ (NP News) - ဒီဇင္ဘာ ၉
လြန္ခဲ့တဲ့ေလးႏွစ္နီးပါးခန႔္က Thungyai Naresuan Wildlife Sanctuary သဘာဝေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာမွာအမဲလိုက္မႈနဲ႔အီတာလ်ံထိုင္းကုမၸဏီရဲ႕သူေ႒းႀကီး Premchai Karnasuta ကို တရား႐ုံး ခ်ဳပ္က ေထာင္ဒဏ္(၃)ႏွစ္နဲ႔(၂)လခ်မွတ္ခဲ့ၿပီး ယင္းဆုံးျဖတ္ခ်က္ကို ျပည္တြင္းနဲ႔ ႏိုင္ငံတကာေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းေရးအဖြဲ႕ေတြက ႀကိဳဆိုလက္ခံခဲ့ၾကပါတယ္။

စီရင္ခ်က္ကို ကန္ခ်နပူရီရွိ Thong Pha Phum ခ႐ိုင္ တရား႐ုံးမွာဗုဒၶ ဟူးေန႔(ဒီဇင္ဘာလ ၈ ရက္)ကဖတ္ၾကားခဲ့ျခင္းျဖစ္ပါတယ္။ အီတာလ်ံ-ထိုင္းဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီလီမိတက္ရဲ႕ အသက္(၆၆)ႏွစ္ရွိ ဥကၠ႒ Premchai ဟာ လမ္းေလွ်ာက္တုတ္၊ ဘယ္ဘက္မ်က္လုံးပတ္တီးစည္းလ်က္တရား႐ုံးကိုေရာက္ရွိလာခဲ့ၿပီး ဒီအမႈမွာပါဝင္တဲ့အျခားတရားခံႏွစ္ဦးလည္းတရား႐ုံးတက္ေရာက္ခဲ့တယ္လို႔သိရပါတယ္။ ၎ရဲ႕ယာဥ္ ေမာင္းျဖစ္သူ Yong Dodkruea (၆၈) ႏွစ္၊ မုဆိုး Thanee Thummat ( ၅၉)ႏွစ္ကေတာ့ ေထာင္ဒဏ္(၃)ႏွစ္နဲ႔(၉)လစီက်ခံရမယ္လို႔သိရပါတယ္။ အမည္မေဖာ္လိုတဲ့ဥပေဒေရးရာအဖြဲ႕မွအဖြဲ႕ဝင္တစ္ဦးက ၎ရဲ႕အမႈဟာ တရား႐ုံးဆုံးျဖတ္ခ်က္ကို ေလးစားလိုက္နာတဲ့အခ်က္မွလြဲၿပီး မီဒီယာသို႔ ေပးပို႔ဖို႔မက္ေဆ့ခ်္မရွိေၾကာင္း သတင္းေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္။

ေတာ႐ိုင္းတိရိစာၦန္ အေသေကာင္ေတြကို လက္ခံျခင္းအတြက္ ျပစ္ဒဏ္မွဖယ္ထားရန္ လြန္ခဲ့သည့္(၂)ႏွစ္က ေတာ႐ိုင္းတိရိစာၦန္ကာကြယ္ေရး အက္ဥပေဒကို ျပန္လည္ျပင္ဆင္ခဲ့ေသာ္လည္း တရား႐ုံးခ်ဳပ္ကေထာင္ ဒဏ္မ်ားကိုခ်မွတ္ခဲ့ပါတယ္။ တရားမဝင္အမဲလိုက္ျခင္းေၾကာင့္ျဖစ္ေပၚ လာတဲ့သဘာဝပ်က္စီးမႈအတြက္ ေလ်ာ္ေၾကးေငြဘတ္(၂)သန္းေပးေဆာင္ရမယ္လို႔ အယူခံတရား႐ုံးခ်ဳပ္က အမိန႔္ခ်မွတ္ခဲ့ပါတယ္။ တရားခံေတြကို Thong Pha Phum အက်ဥ္းေထာင္သို႔ ေခၚေဆာင္ဖို႔ေစာင့္ဆိုင္းေနစဥ္ Covid-19 လည္း စမ္းသပ္ခဲ့တယ္လို႔သိရပါတယ္။ ရွားပါးက်ားနက္တစ္ေကာင္၊ ကလစ္က်ားေလးတစ္ေကာင္နဲ႔ ေတာ႐ိုင္းတိရစာၦန္မ်ားကို အမဲလိုက္ သတ္ျဖတ္မႈျဖင့္ ၂ဝ၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္က Thungyai Naresuan Wildlife Sanctuary ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာမွာဖမ္းဆီးခံရၿပီး အျခားဆက္စပ္တရားစြဲဆိုမႈေတြနဲ႔လည္းရင္ဆိုင္ခဲ့ရပါတယ္။ အသက္ (၄၆)ႏွစ္အ႐ြယ္ ထမင္းခ်က္ Nathee Riemsaen ကိုေတာ့ ဆိုင္းငံ့ေထာင္ဒဏ္ တစ္ႏွစ္နဲ႔ရွစ္လ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ စီရင္ခ်က္မ်ားအတြက္ Seub Nakhasathien Foundation အ ေထြေထြအတြင္းေရးမႉး Panudet Kerdmali ကတရား႐ုံးရဲ႕စီရင္ခ်က္အ ေပၚေက်းဇူးတင္ေၾကာင္းေျပာၾကားခဲ့ၿပီး “Premchai အမႈဟာ ထိုင္းႏိုင္ ငံမွာအလြန္သိသာထင္ရွားတဲ့စံနမူနာျဖစ္ၿပီး လူ႔အဖြဲ႕အစည္းမွာတရားမွ်တစြာဆက္ဆံတာကိုအခုျမင္ေတြ႕ခ်င္ပါတယ္။ အနည္းဆုံးေတာ့ေတာ ႐ိုင္းတိရစာၦန္ေတြအေပၚ ရာဇဝတ္မႈက်ဴးလြန္ဖို႔စီစဥ္သူေတြကို ဟန႔္တားႏိုင္လိမ့္မယ္”လို႔ဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.