ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအစည်းအဝေးလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့မှဝင်ရောက်စီးနင်းရာ(၆)ဦးသေဆုံးဟုဆို

1230

NP News - ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင် ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးပြု လုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံတပ်ဖွဲ့ဝင်(၆)ဦး သေဆုံးသွားကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြား ရေးက ဒီဇင်ဘာလ(၁၇)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ၌ ဒီဇင်ဘာလ(၁၇)ရက်နေ့လည်ပိုင်းတွင် ဒေသခံကျေးရွာခေါင်းဆောင်များအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင် စီကရဟတ်ယာဉ်ဖြင့် လေကြောင်းမှပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်းလည်း လူမှုကွန်ယက်ပေါ်တွင်သတင်းထွက်ပေါ်လျက်ရှိသည်။
CNF နှင့် PDF ၊ YDF ခေါင်းဆောင်အချို့ပါဝင်သည့် အင်အား(၁ဝဝ)ဦးခန့်သည် ဒီဇင်ဘာလ(၁၇)ရက် နံနက်ပိုင်းတွင် ဂန့်ဂေါမြို့နယ်၊ နှမ်းခါး ကျေးရွာအတွင်း အစည်းအဝေးပြုလုပ်ရန်စီစဉ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ရွာအတွင်းမပြုလုပ်ရန် နည်းမျိုးစုံဖြင့် တားဆီးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် ၎င်းတို့မှ ကျေး ရွာ၏တောင်းဆိုမှုအပေါ် လစ်လျူရှု၍ မွန်းလွဲ (၁) နာရီခန့်တွင် အစည်း အဝေးပြုလုပ်ခဲ့ရာ ကျေနပ်မှုမရှိသည့် ကျေးရွာသားအချို့က ကျေးရွာနှင့်အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်၍ သတင်းပေးပို့လာခဲ့သဖြင့် ညနေ ၂ နာရီ ၄ဝ မိနစ်ခန့်တွင် စီးနင်းဝင်ရောက်ခဲ့ရာအပြန်အ လှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါအဖွဲ့များမှကျေးရွာ၏အရှေ့ဘက်မြစ်သာမြစ်အားဖြတ်ကူး ၍ထွက်ပြေးသွားခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဖြစ်စဉ်တွင် ကျေးရွာသူ/ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များဘက်မှ အားကစားဝတ်စုံဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင် အလောင်း (၆) လောင်း၊ ပစ္စတို (၂) လက်၊ ခေါက်ချိုး တစ်လုံးထိုးသေနတ် (၅) လက်၊ တူမီးသေနတ် (၃) လက်၊ ခဲယမ်းနှင့်ဆက်စပ်ပ စ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
နှမ်းခါးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့်ဒေသခံကာကွယ်ရေး တပ် ဖွဲ့များကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စက်တင်ဘာ လအတွင်း၌ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကျေးရွာအတွင်းရှိနေ အိမ်အလုံး(၅ဝ)ခန့် မီးလောင်ပျက်စီးခဲ့သေးကြောင်းသိရသည်။
zawgyi version
ဂန႔္ေဂါၿမိဳ႕နယ္၊ ႏွမ္းခါးေက်း႐ြာ၌ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားအစည္းအေဝးလုပ္ေနစဥ္ စစ္ေကာင္စီတပ္ဖြဲ႕မွဝင္ေရာက္စီးနင္းရာ(၆)ဦးေသဆုံးဟုဆို
NP News - ဒီဇင္ဘာ ၁၈
မေကြးတိုင္းေဒသႀကီး ဂန႔္ေဂါၿမိဳ႕နယ္၊ ႏွမ္းခါးေက်း႐ြာတြင္ ဒီဇင္ဘာလ (၁၇)ရက္ေန႔၌ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အစည္းအေဝးျပဳ လုပ္ေနစဥ္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွ ဝင္ေရာက္စီးနင္းခဲ့ရာ ေဒသခံတပ္ဖြဲ႕ဝင္(၆)ဦး ေသဆုံးသြားေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ၾကား ေရးက ဒီဇင္ဘာလ(၁၇)ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။
ဂန႔္ေဂါၿမိဳ႕နယ္၊ ႏွမ္းခါးေက်း႐ြာ၌ ဒီဇင္ဘာလ(၁၇)ရက္ေန႔လည္ပိုင္းတြင္ ေဒသခံေက်း႐ြာေခါင္းေဆာင္မ်ားအစည္းအေဝးျပဳလုပ္ေနစဥ္ စစ္ေကာင္ စီကရဟတ္ယာဥ္ျဖင့္ ေလေၾကာင္းမွပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ျခင္းျဖစ္ ေၾကာင္းလည္း လူမႈကြန္ယက္ေပၚတြင္သတင္းထြက္ေပၚလ်က္ရွိသည္။
CNF ႏွင့္ PDF ၊ YDF ေခါင္းေဆာင္အခ်ိဳ႕ပါဝင္သည့္ အင္အား(၁ဝဝ)ဦးခန႔္သည္ ဒီဇင္ဘာလ(၁၇)ရက္ နံနက္ပိုင္းတြင္ ဂန႔္ေဂါၿမိဳ႕နယ္၊ ႏွမ္းခါး ေက်း႐ြာအတြင္း အစည္းအေဝးျပဳလုပ္ရန္စီစဥ္ခဲ့ရာ ရပ္မိရပ္ဖမ်ားႏွင့္ ေက်း႐ြာသူ၊ ေက်း႐ြာသားမ်ားက ႐ြာအတြင္းမျပဳလုပ္ရန္ နည္းမ်ိဳးစုံျဖင့္ တားဆီးေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ သို႔ေသာ္ ၎တို႔မွ ေက်း ႐ြာ၏ေတာင္းဆိုမႈအေပၚ လစ္လ်ဴရႈ၍ မြန္းလြဲ (၁) နာရီခန႔္တြင္ အစည္း အေဝးျပဳလုပ္ခဲ့ရာ ေက်နပ္မႈမရွိသည့္ ေက်း႐ြာသားအခ်ိဳ႕က ေက်း႐ြာႏွင့္အနီးဆုံးရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားထံသို႔ လွ်ိဳ႕ဝွက္၍ သတင္းေပးပို႔လာခဲ့သျဖင့္ ညေန ၂ နာရီ ၄ဝ မိနစ္ခန႔္တြင္ စီးနင္းဝင္ေရာက္ခဲ့ရာအျပန္အ လွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ၿပီး ညေန ၃ နာရီ ၁၅ မိနစ္ခန႔္တြင္ အဆိုပါအဖြဲ႕မ်ားမွေက်း႐ြာ၏အေရွ႕ဘက္ျမစ္သာျမစ္အားျဖတ္ကူး ၍ထြက္ေျပးသြားခဲ့ေၾကာင္း စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ျဖစ္စဥ္တြင္ ေက်း႐ြာသူ/႐ြာသားမ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ ေဒသခံ လက္နက္ကိုင္တပ္ဖြဲ႕မ်ားဘက္မွ အားကစားဝတ္စုံဝတ္ဆင္ထားသည့္ တပ္ဖြဲ႕ဝင္ အေလာင္း (၆) ေလာင္း၊ ပစၥတို (၂) လက္၊ ေခါက္ခ်ိဳး တစ္လုံးထိုးေသနတ္ (၅) လက္၊ တူမီးေသနတ္ (၃) လက္၊ ခဲယမ္းႏွင့္ဆက္စပ္ပ စၥည္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ႏွမ္းခါး႐ြာအနီးတြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ေဒသခံကာကြယ္ေရး တပ္ ဖြဲ႕မ်ားၾကား မၾကာခဏ တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေနၿပီး စက္တင္ဘာ လအတြင္း၌ျဖစ္ပြားခဲ့သည့္တိုက္ပြဲမ်ားေၾကာင့္ ေက်း႐ြာအတြင္းရွိေန အိမ္အလုံး(၅ဝ)ခန႔္ မီးေလာင္ပ်က္စီးခဲ့ေသးေၾကာင္းသိရသည္။