အားပြင်းတိုင်ဖုန်းမုန်တိုင်း ရိုင်းကြောင့် ဖိလစ်ပိုင်မှာ ပြည်သူ(၃၀)ကျော် သေဆုံးထားရ

757

မိုးတိမ် (NP News) - ဒီဇင်ဘာ ၁၉
အားပြင်းတဲ့ တိုင်ဖုန်းမုန်တိုင်း ရိုင်း(Rai)ကြောင့် နှစ်ရက်အတွင်းမှာပဲ ဖိလစ်ပိုင်နိုင်ငံမှာ လူ(၃၀)ကျော် သေဆုံးခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်မယ့်သတင်းကို ကြိုတင်ရရှိခဲ့ပေမယ့် ပြင်ဆင်ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်တွေ အချိန်မမီလိုက်ခင်မှာပဲ ဖိလစ်ပိုင်ပြည်သူတွေ အခုလိုမျိုးအဖြစ်ဆိုးနဲ့ရင်ဆိုင်ရတာမျိုးဖြစ်တယ်လို့ ဒေသတွင်းနိုင်ငံတကသတင်းတွေက ဖော်ပြပါတယ်။ ကနဦးအဖြစ် ဒီဇင်ဘာ(၁၇)ရက်မှာ သေဆုံးသူစာရင်းဟာ(၁၉)ဦးလောက်ပဲရှိမယ်လို့ ဒီဇင်ဘာ(၁၈)ရက်နံနက်ပိုင်းအထိ သတင်းတွေမှာ ထင်ခဲ့ကြပေမယ့် ဖိလစ်ပိုင်အစိုးရ သဘာဝဘေးအန္တရာယ်ကူညီကယ်ရေးအဖွဲ့က ဒီဇင်ဘာ(၁၈)ရက်ညနေပိုင်းမှာ အတည်ပြုခဲ့တာကတော့ (၃၁)ဦး သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ တိုင်ဖုန်းမုန်တိုင်း ရိုင်းဟာ တောင်တရုတ်ပင်လယ်ထဲကနေ တစ်နာရီကို(၁၂၁)မိုင်နှုန်းနဲ့ ဒီဇင်ဘာ(၁၇)ရက်ညပိုင်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဖိလစ်ပိုင်ဗဟိုကျွန်းစုဒေသတွေကို ဖြတ်သန်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းစုဒေသတွေမှာ လူဦးရေ(၃)သိန်းကျော်နေထိုင်ကြသလို ဒီလူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေက အချိန်မီလုပ်ခဲ့သည့်တိုင်အောင် တိုင်ဖုန်းအန္တရာယ်ကနေ ပြည်သူ(၃၀)ကျော်ကို ကယ်တင်နိုင်ခြင်းမရှိခဲ့တာမျိုးဖြစ်ပါတယ်။ တိုင်ဖုန်းဟာ တစ်နာရီကို (၁၂၁)မိုင်ကနေ အမြင့်ဆုံးအဖြစ် တစ်နာရီ(၁၆၈)မိုင်အထိ မြင့်တက်သွားခဲ့သလို ဒီပြင်းအားဟာ ဖိလစ်ပိုင်သမိုင်းမှာတော့ ရှားပါးဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်တယ်လို့ ဆိုပါတယ်။ အလယ်ပိုင်းကျွန်းစုဒေသတစ်ခုဖြစ် ဒီနာဂက်ကျွန်းကို တိုင်ဖုန်းက ကနဦးဝင်ရောက်ခဲ့တာဖြစ်ပြီး လူပေါင်း(၁၈၀၀၀၀)ကျော်ကို ဘေးလွတ်ရာဆီ မြန်မြန်သယ်ဆောင်ပေးနိုင်ခဲ့တာကြောင့် ထိခိုက်မှုနည်းပါးခဲ့တာလည်း ဖြစ်ပါတယ်။ “ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်တို့က ရအောင်ရှင်သန်ရမှာပါပဲ။ ကျွန်တော်တို့ရဲ့ကြံ့ကြံ့ခံနိုင်စွမ်းတွေ အကန့်အသတ်ရှိတယ်ဆိုရင်တောင်မှပေ့ါဗျာ ” လို့ ဒီနာဂက်ကျွန်းရဲ့အာဏာပိုင်တစ်ဦးဖြစ်သူ ဘက်ခ်အာအိုက မီဒီယာတွေကို ပြောပါတယ်။
ဗဟိုအစိုးရဘက်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်ဆောင်ရွက်ပေးနေပြီဖြစ်သလို အသက်ရှင်ကျန်ရစ်သူတွေအတွက် လိုအပ်တဲ့အခြေခံပစ္စည်းတွေကိုပါ သယ်ယူပို့ဆောင်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ တိုင်ဖုန်းကတော့ အနည်းငယ်ငြိမ်သက်သွားပေမယ့် နောက်တစ်ကြိမ်ထပ်မလာနိုင်ဘူးလို့ ယတိပြတ်မပြောနိုင်သေးတဲ့အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။
Zawgyi Version
အားျပင္းတုိင္ဖုန္းမုန္တုိင္း ရုိင္းေၾကာင့္ ဖိလစ္ပုိင္မွာ ျပည္သူ(၃၀)ေက်ာ္ ေသဆုံးထားရ
မုိးတိမ္ (NP News) - ဒီဇင္ဘာ ၁၉
အားျပင္းတဲ့ တုိင္ဖုန္းမုန္တုိင္း ရုိင္း(Rai)ေၾကာင့္ ႏွစ္ရက္အတြင္းမွာပဲ ဖိလစ္ပုိင္ႏုိင္ငံမွာ လူ(၃၀)ေက်ာ္ ေသဆုံးခဲ့ရျပီး ကယ္ဆယ္ေရးလုပ္ငန္းစဥ္ေတြကို ခက္ခက္ခဲခဲ လုပ္ေဆာင္ေနရတယ္လုိ႔ သိရပါတယ္။
တုိင္ဖုန္းမုန္တုိင္း ၀င္ေရာက္မယ့္သတင္းကို ၾကိဳတင္ရရွိခဲ့ေပမယ့္ ျပင္ဆင္ေရႊ႕ေျပာင္းေရးလုပ္ငန္းစဥ္ေတြ အခ်ိန္မမီလုိက္ခင္မွာပဲ ဖိလစ္ပုိင္ျပည္သူေတြ အခုလုိမ်ဳိးအျဖစ္ဆုိးနဲ႔ရင္ဆုိင္ရတာမ်ဳိးျဖစ္တယ္လုိ႔ ေဒသတြင္းႏုိင္ငံတကသတင္းေတြက ေဖာ္ျပပါတယ္။ ကနဦးအျဖစ္ ဒီဇင္ဘာ(၁၇)ရက္မွာ ေသဆုံးသူစာရင္းဟာ(၁၉)ဦးေလာက္ပဲရွိမယ္လုိ႔ ဒီဇင္ဘာ(၁၈)ရက္နံနက္ပုိင္းအထိ သတင္းေတြမွာ ထင္ခဲ့ၾကေပမယ့္ ဖိလစ္ပုိင္အစုိးရ သဘာ၀ေဘးအႏၱရာယ္ကူညီကယ္ေရးအဖြဲ႔က ဒီဇင္ဘာ(၁၈)ရက္ညေနပုိင္းမွာ အတည္ျပဳခဲ့တာကေတာ့ (၃၁)ဦး ေသဆုံးသြားခဲ့ရတယ္လုိ႔ ဆုိပါတယ္။ တုိင္ဖုန္းမုန္တုိင္း ရုိင္းဟာ ေတာင္တရုတ္ပင္လယ္ထဲကေန တစ္နာရီကုိ(၁၂၁)မုိင္ႏႈန္းနဲ႔ ဒီဇင္ဘာ(၁၇)ရက္ညပုိင္းက စတင္၀င္ေရာက္ခဲ့တာျဖစ္ျပီး ဖိလစ္ပုိင္ဗဟုိကၽြန္းစုေဒသေတြကုိ ျဖတ္သန္း၀င္ေရာက္ခဲ့တယ္လုိ႔ ဆုိပါတယ္။ ကၽြန္းစုေဒသေတြမွာ လူဦးေရ(၃)သိန္းေက်ာ္ေနထုိင္ၾကသလုိ ဒီလူေတြအတြက္ ကယ္ဆယ္ေရးလုပ္ငန္းစဥ္ေတြက အခ်ိန္မီလုပ္ခဲ့သည့္တုိင္ေအာင္ တုိင္ဖုန္းအႏၱရာယ္ကေန ျပည္သူ(၃၀)ေက်ာ္ကုိ ကယ္တင္ႏုိင္ျခင္းမရွိခဲ့တာမ်ဳိးျဖစ္ပါတယ္။ တုိင္ဖုန္းဟာ တစ္နာရီကုိ (၁၂၁)မုိင္ကေန အျမင့္ဆုံးအျဖစ္ တစ္နာရီ(၁၆၈)မုိင္အထိ ျမင့္တက္သြားခဲ့သလုိ ဒီျပင္းအားဟာ ဖိလစ္ပုိင္သမုိင္းမွာေတာ့ ရွားပါးျဖစ္စဥ္အျဖစ္ မွတ္တမ္း၀င္တယ္လုိ႔ ဆုိပါတယ္။ အလယ္ပုိင္းကၽြန္းစုေဒသတစ္ခုျဖစ္ ဒီနာဂက္ကၽြန္းကုိ တုိင္ဖုန္းက ကနဦး၀င္ေရာက္ခဲ့တာျဖစ္ျပီး လူေပါင္း(၁၈၀၀၀၀)ေက်ာ္ကုိ ေဘးလြတ္ရာဆီ ျမန္ျမန္သယ္ေဆာင္ေပးႏုိင္ခဲ့တာေၾကာင့္ ထိခုိက္မႈနည္းပါးခဲ့တာလည္း ျဖစ္ပါတယ္။ “ ဘယ္လုိျဖစ္ျဖစ္ ကၽြန္ေတာ္တုိ႔က ရေအာင္ရွင္သန္ရမွာပါပဲ။ ကၽြန္ေတာ္တုိ႔ရဲ႕ၾကံ့ၾက့ံခံႏုိင္စြမ္းေတြ အကန္႔အသတ္ရွိတယ္ဆုိရင္ေတာင္မွေပ့ါဗ်ာ ” လုိ႔ ဒီနာဂက္ကၽြန္းရဲ႕အာဏာပုိင္တစ္ဦးျဖစ္သူ ဘက္ခ္အာအိုက မီဒီယာေတြကုိ ေျပာပါတယ္။
ဗဟုိအစုိးရဘက္ကလည္း ကယ္ဆယ္ေရးလုပ္ငန္းစဥ္ေတြကုိ အရွိန္ျမွင့္တင္ေဆာင္ရြက္ေပးေနျပီျဖစ္သလုိ အသက္ရွင္က်န္ရစ္သူေတြအတြက္ လုိအပ္တဲ့အေျခခံပစၥည္းေတြကုိပါ သယ္ယူပုိ႔ေဆာင္ေရးေတြ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။ တုိင္ဖုန္းကေတာ့ အနည္းငယ္ျငိမ္သက္သြားေပမယ့္ ေနာက္တစ္ၾကိမ္ထပ္မလာႏုိင္ဘူးလုိ႔ ယတိျပတ္မေျပာႏုိင္ေသးတဲ့အေနအထားမွာ ရွိတယ္လုိ႔ သိရပါတယ္။