တန့်ဆည်မြို့တွင် ကိုရင်တစ်ပါးအပါအဝင် ကျေးရွာနေပြည်သူ(၁ဝ) ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး နေအိမ်များမီးရှို့ဖျက်ဆီးခံရ

1929

NP News - ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ သာကေတကျေးရွာ၌ ကိုရင်တစ်ပါးအပါအဝင် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၅) ဦး၊ စုစုပေါင်း (၁ဝ) ဦးသည် သေနတ်ဖြင့်ပစ်သတ်ခံရပြီး နေအိမ် (၄) လုံး မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေး၏ထုတ်ပြန်ချက်တွင် PDF လက်နက်ကိုင်အဖွဲ့ ၏ လက်ချက်ဖြစ်ကြောင်း ရေးသားထားပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် (၂) နာရီခွဲခန့်အချိန်တွင် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲဖော်ပြထားသည်။
ဖြစ်စဉ်သည် လက်နက်ကိုင်အဖွဲ့က အဆိုပါကျေးရွာအတွင်းဝင်ရောက်လာပြီး ကျေးရွာနေ ပြည်သူအချို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာနေသူများဖြစ်သည့် ဦးကျော်ရွှင်၏ အုတ်တိုက် နှစ်ထပ်နေအိမ် (၁) လုံး၊ 7N/8644 FORLAND မော်တော်ယာဉ် (၁) စီး၊ ငါးမူးသားဆွဲကြိုး (၁) ကုံး၊ ငွေကျပ် (၅) သိန်း၊ စပါးတင်း (၃ဝဝ) ခန့်၊ တစ်ရွာတည်းနေ ကိုမိုးမင်း၏ သွပ်မိုးထရံကာ နှစ်ထပ်နေအိမ် (၁) လုံး၊ ဒေါ်ခင်ဌေး (၆၅) နှစ် (ဘ)ဦးဘသိန်း၏ သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ် (၁) လုံးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေါ်ခင်ဌေးနှင့် ၎င်း၏မိသားစုဝင်များဖြစ်သည့် သမီးဖြစ်သူ အသက်(၄၅) နှစ် ဒေါ်မိကြွယ် (၄၅) နှစ်၊ သားမက်ဖြစ်သူ ဦးဖိုးဇော်(ခ)သူရဇော်၊ အသက်(၂ဝ)အရါယ် မြေးဖြစ်သူ ခိုင်ထူး၊ အသက်(၁၅) နှစ် မခိုင်နွယ်နှင့် ကိုရင်စည်းထားသည့် အသက်(၁ဝ) နှစ် မောင်အာဇာနည်၊ ကိုမိုးဝင်း၏ မိသားစုဝင်များဖြစ်သော မိခင်ဖြစ်သူ အသက်(၆ဝ) ဒေါ်ညိုသေး၊ ဇနီးဖြစ်သူ အသက်(၃၂) နှစ် မစန္ဒာ၊ သားဖြစ်သူ အသက်(၁၄) နှစ် မောင်မိုးဇက်တို့သည် သေနတ်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ၎င်းတို့၏ မိသားစုဝင်များသေဆုံးခဲ့သော်လည်း ကိုမိုးမင်းနှင့် ဦးကျော်ရွှင်တို့သည် အသက်အန္တရာယ်ဘေးမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
တန့်ဆည်ဖီးနစ်အဖွဲ့ဘက်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြန်လည်တုံ့ပြန်ဖော်ပြထားခြင်းမရှိသေးသော်လည်း ဒီဇင်ဘာလ (၁၇) ရက် နံနက် (၇) နာရီ (၃ဝ) မိနစ်ခန့်အချိန်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဆိုင်ကယ်နှစ်စီးဖြင့် ဈေးဝယ်ထွက်လာစဉ် တန့်ဆည်ခန်းမအနီး ဝက်တိုးစိုက်ကွင်းအနောက်ဘက် စာကြည့်တိုက်အနီး Phoenix Defence Force - Taze (တန့်ဆည်ဖီးနစ်) အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် (၁) ဦးသေဆုံးကာ (၁) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တန့်ဆည်ဖီးနစ်အဖွဲ့က ဒီဇင်ဘာလ ၁၇ ရက် နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ရှိ ဒေါင့်ကြီးကျေးရွာတွင်လည်း ဒီဇင်ဘာလ (၁၅) ရက်တွင်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၄) ဦးအား လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး မီးရှို့ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Zawgyi Version;
တန႔္ဆည္ၿမိဳ႕တြင္ ကိုရင္တစ္ပါးအပါအဝင္ ေက်းရြာေနျပည္သူ(၁ဝ) ဦး ေသနတ္ျဖင့္ပစ္သတ္ခံရၿပီး ေနအိမ္မ်ားမီးရႈိ႕ဖ်က္ဆီးခံရ
NP News - ဒီဇင္ဘာ ၁၉
စစ္ကိုင္းတိုင္းေဒသႀကီး၊ တန႔္ဆည္ၿမိဳ႕နယ္၊ သာေကတေက်း႐ြာ၌ ကိုရင္တစ္ပါးအပါအဝင္ အမ်ိဳးသား (၅) ဦးႏွင့္ အမ်ိဳးသမီး (၅) ဦး၊ စုစုေပါင္း (၁ဝ) ဦးသည္ ေသနတ္ျဖင့္ပစ္သတ္ခံရၿပီး ေနအိမ္ (၄) လုံး မီးရႈိ႕ဖ်က္ဆီးခံရေၾကာင္း သတင္းရရွိသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရး၏ထုတ္ျပန္ခ်က္တြင္ PDF လက္နက္ကိုင္အဖြဲ႕ ၏ လက္ခ်က္ျဖစ္ေၾကာင္း ေရးသားထားၿပီး ဒီဇင္ဘာလ ၁၇ ရက္ေန႔ နံနက္ (၂) နာရီခြဲခန႔္အခ်ိန္တြင္ လုပ္ႀကံခဲ့ျခင္းျဖစ္ေၾကာင္း စြပ္စြဲေဖာ္ျပထားသည္။
ျဖစ္စဥ္သည္ လက္နက္ကိုင္အဖြဲ႕က အဆိုပါေက်း႐ြာအတြင္းဝင္ေရာက္လာၿပီး ေက်း႐ြာေန ျပည္သူအခ်ိဳ႕အား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္၍ ေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါသတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္စစ္ေဆးရာ မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ ေက်း႐ြာေနသူမ်ားျဖစ္သည့္ ဦးေက်ာ္႐ႊင္၏ အုတ္တိုက္ ႏွစ္ထပ္ေနအိမ္ (၁) လုံး၊ 7N/8644 FORLAND ေမာ္ေတာ္ယာဥ္ (၁) စီး၊ ငါးမူးသားဆြဲႀကိဳး (၁) ကုံး၊ ေငြက်ပ္ (၅) သိန္း၊ စပါးတင္း (၃ဝဝ) ခန႔္၊ တစ္႐ြာတည္းေန ကိုမိုးမင္း၏ သြပ္မိုးထရံကာ ႏွစ္ထပ္ေနအိမ္ (၁) လုံး၊ ေဒၚခင္ေဌး (၆၅) ႏွစ္ (ဘ)ဦးဘသိန္း၏ သြပ္မိုး၊ ထရံကာ ႏွစ္ထပ္ေနအိမ္ (၁) လုံးတို႔ မီးေလာင္ပ်က္စီးခဲ့ေၾကာင္း ေဒၚခင္ေဌးႏွင့္ ၎၏မိသားစုဝင္မ်ားျဖစ္သည့္ သမီးျဖစ္သူ အသက္(၄၅) ႏွစ္ ေဒၚမိႂကြယ္ (၄၅) ႏွစ္၊ သားမက္ျဖစ္သူ ဦးဖိုးေဇာ္(ခ)သူရေဇာ္၊ အသက္(၂ဝ)အရါယ္ ေျမးျဖစ္သူ ခိုင္ထူး၊ အသက္(၁၅) ႏွစ္ မခိုင္ႏြယ္ႏွင့္ ကိုရင္စည္းထားသည့္ အသက္(၁ဝ) ႏွစ္ ေမာင္အာဇာနည္၊ ကိုမိုးဝင္း၏ မိသားစုဝင္မ်ားျဖစ္ေသာ မိခင္ျဖစ္သူ အသက္(၆ဝ) ေဒၚညိဳေသး၊ ဇနီးျဖစ္သူ အသက္(၃၂) ႏွစ္ မစႏၵာ၊ သားျဖစ္သူ အသက္(၁၄) ႏွစ္ ေမာင္မိုးဇက္တို႔သည္ ေသနတ္ထိမွန္ဒဏ္ရာ၊ မီးေလာင္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ၄င္းတို႔၏ မိသားစုဝင္မ်ားေသဆံုးခဲ့ေသာ္လည္း ကိုမိုးမင္းႏွင့္ ဦးေက်ာ္႐ႊင္တို႔သည္ အသက္အႏၲရာယ္ေဘးမွ ထြက္ေျပးလြတ္ေျမာက္ခဲ့ေၾကာင္း စစ္ေကာင္စီ၏ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။
တန႔္ဆည္ဖီးနစ္အဖြဲ႕ဘက္တြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပန္လည္တံု႔ျပန္ေဖာ္ျပထားျခင္းမရွိေသးေသာ္လည္း ဒီဇင္ဘာလ (၁၇) ရက္ နံနက္ (၇) နာရီ (၃ဝ) မိနစ္ခန႔္အခ်ိန္တြင္လည္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားမွ ဆိုင္ကယ္ႏွစ္စီးျဖင့္ ေဈးဝယ္ထြက္လာစဥ္ တန႔္ဆည္ခန္းမအနီး ဝက္တိုးစိုက္ကြင္းအေနာက္ဘက္ စာၾကည့္တိုက္အနီး Phoenix Defence Force - Taze (တန႔္ဆည္ဖီးနစ္) အဖြဲ႕မွ မိုင္းဆြဲတိုက္ခိုက္မႈတြင္ ရဲတပ္ဖြဲ႕ဝင္ (၁) ဦးေသဆုံးကာ (၁) ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း တန႔္ဆည္ဖီးနစ္အဖြဲ႕က ဒီဇင္ဘာလ ၁၇ ရက္ ေန႕လည္ပိုင္းတြင္ သတင္းထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီး တန႔္ဆည္ၿမိဳ႕နယ္ရွိ ေဒါင့္ႀကီးေက်း႐ြာတြင္လည္း ဒီဇင္ဘာလ (၁၅) ရက္တြင္လည္း အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး(၄) ဦးအား လက္နက္ကိုင္လူတစ္စုမွ ေသနတ္ျဖင့္ ပစ္သတ္ခဲ့ၿပီး မီးရႈိ႕ခဲ့သည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ေသးေၾကာင္း သိရသည္။