ဆိုဗီယက်ယူနီယံ ပြိုလဲပြီးနောက် အမေရိကန်ဟာ မာန်မာနတက်လာတယ်လို့ ခေါင်းဆောင်ဟောင်းတစ်ဦး ဆို

1299

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၅
ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် အမေရိကန်ပြည်ထောင်စုဟာ “မာနထောင်လွှားလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု” တိုးလာကာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ ( နေတိုး) စစ်ဘက် မဟာမိတ်အဖွဲ့ကိုချဲ့ထွင်ဖို့ ဦးတည်နေကြောင်း ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါ်ဘာချော့ဗ်က ဒီဇင်ဘာ (၂၄) ရက်မှာ ပြောကြားခဲ့ပါတယ်။
မကြာသေးမီ နှစ်များအတွင်း၊ သမ္မတ ဗလာဒီမာပူတင်က နေတိုးဟာ ရုရှားနယ်စပ်များအနီးသို့ ကျူးကျော်ဝင်ရောက်နေတယ်လို့ ပြင်းပြင်းထန်ထန် ဆိုခဲ့ပြီး မော်စကိုဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့မှ ၎င်းရဲ့အရှေ့ဘက်သို့တိုးချဲ့မှုကို ရပ်တန့်ဖို့ "တရားဝင်အာမခံချက်" ကို တောင်းဆိုခဲ့ပါတယ်။ ဘီလာရုစ်၊ ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်များက ဆိုဗီယက်ပြည်ထောင်စု မရှိတော့ကြောင်း ပြောကြားပြီးနောက် ရက်ပိုင်းအကြာမှာ ဂေါ်ဘာချော့ဗ်ဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ပါတယ်။
"ဒီလိုအနေအထားမျိုးမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ တန်းတူဆက်ဆံရေးကို ဘယ်လိုယုံကြည်နိုင်မလဲ" လို့ Gorbachev က USSR ခေါင်းဆောင်အဖြစ် နုတ်ထွက်ခဲ့တဲ့ နှစ်ပတ်လည်နေ့အကြိုမှာ နိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti ကို ပြောကြားခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံပြိုလဲပြီးနောက် အနောက်နိုင်ငံတွေမှာ အောင်ပွဲခံချင်တဲ့စိတ်ဓာတ်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ မော်စကိုနဲ့ ဝါရှင်တန်ဟာ ထိပ်တိုက်ရင်ဆိုင်မှုများနဲ့ နျူကလီးယားပြိုင်ဆိုင်မှုမှာ "အတူတကွ" ဖြစ်ကြတယ်လို့ ၎င်းက အခိုင်အမာ ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မော်စကိုဟာ အနောက်နိုင်ငံများအား လုံခြုံရေးတောင်းဆိုချက်များအား ကျယ်ကျယ်ပြန့်ပြန့် တင်ပြခဲ့ပြီး နေတိုးအဖွဲ့ဝင်သစ်များ လက်ခံခြင်းမပြုဖို့နဲ့ ယခင် ဆိုဗီယက်နိုင်ငံများမှာ အခြေစိုက်စခန်းသစ်များ ထူထောင်ခြင်းမှ အမေရိကန်ကို တားမြစ်ဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။ ဝါရှင်တန်ဟာ အဆိုပြုချက်များကို ဆွေးနွေးဖို့ ဆန္ဒရှိကြောင်းနဲ့ လာမည့်နှစ်အစအတွင်း ဂျီနီဗာမှာ ဆွေးနွေးပွဲများ ဖြစ်လာနိုင်တယ်လို့ ပူတင်က ဒီဇင်ဘာလ(၂၃) ရက်၊ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ဆိုဗီယက္ယူနီယံ ၿပိဳလဲၿပီးေနာက္ အေမရိကန္ဟာ မာန္မာနတက္လာတယ္လို႔ ေခါင္းေဆာင္ေဟာင္း တစ္ဦး ဆို
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၅
ဆိုဗီယက္ယူနီယံၿပိဳကြဲၿပီးေနာက္ အေမရိကန္ျပည္ေထာင္စုဟာ “မာနေထာင္လႊားလာၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈ” တိုးလာကာ ေျမာက္အတၱလႏၲိတ္စာခ်ဳပ္အဖြဲ႕ ( ေနတိုး) စစ္ဘက္ မဟာမိတ္အဖြဲ႕ကိုခ်ဲ႕ထြင္ဖို႔ ဦးတည္ေနေၾကာင္း ေခါင္းေဆာင္ေဟာင္း မီေခးလ္ေဂၚဘာေခ်ာ့ဗ္က ဒီဇင္ဘာ (၂၄) ရက္မွာ ေျပာၾကားခဲ့ပါတယ္။
မၾကာေသးမီ ႏွစ္မ်ားအတြင္း၊ သမၼတ ဗလာဒီမာပူတင္က ေနတိုးဟာ ႐ုရွားနယ္စပ္မ်ားအနီးသို႔ က်ဴးေက်ာ္ဝင္ေရာက္ေနတယ္လို႔ ျပင္းျပင္းထန္ထန္ ဆိုခဲ့ၿပီး ေမာ္စကိုဟာ ၿပီးခဲ့တဲ့သီတင္းပတ္က အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕မွ ၎ရဲ႕အေရွ႕ဘက္သို႔တိုးခ်ဲ႕မႈကို ရပ္တန႔္ဖို႔ "တရားဝင္အာမခံခ်က္" ကို ေတာင္းဆိုခဲ့ပါတယ္။ ဘီလာ႐ုစ္၊ ႐ုရွားနဲ႔ ယူကရိန္းေခါင္းေဆာင္မ်ားက ဆိုဗီယက္ျပည္ေထာင္စု မရွိေတာ့ေၾကာင္း ေျပာၾကားၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေဂၚဘာေခ်ာ့ဗ္ဟာ ဆိုဗီယက္ျပည္ေထာင္စုရဲ႕သမၼတအျဖစ္မွ ႏုတ္ထြက္ခဲ့ပါတယ္။
"ဒီလိုအေနအထားမ်ိဳးမွာ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြရဲ႕ တန္းတူဆက္ဆံေရးကို ဘယ္လိုယုံၾကည္ႏိုင္မလဲ" လို႔ Gorbachev က USSR ေခါင္းေဆာင္အျဖစ္ ႏုတ္ထြက္ခဲ့တဲ့ ႏွစ္ပတ္လည္ေန႔အႀကိဳမွာ ႏိုင္ငံပိုင္သတင္းေအဂ်င္စီ RIA Novosti ကို ေျပာၾကားခဲ့ပါတယ္။ ၁၉၉၁ ခုႏွစ္က ဆိုဗီယက္ယူနီယံၿပိဳလဲၿပီးေနာက္ အေနာက္ႏိုင္ငံေတြမွာ ေအာင္ပြဲခံခ်င္တဲ့စိတ္ဓာတ္ရွိေၾကာင္း ၎က ေျပာၾကားခဲ့ပါတယ္။ ေမာ္စကိုနဲ႔ ဝါရွင္တန္ဟာ ထိပ္တိုက္ရင္ဆိုင္မႈမ်ားနဲ႔ န်ဴကလီးယားၿပိဳင္ဆိုင္မႈမွာ "အတူတကြ" ျဖစ္ၾကတယ္လို႔ ၎က အခိုင္အမာ ဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္က ေမာ္စကိုဟာ အေနာက္ႏိုင္ငံမ်ားအား လုံၿခဳံေရးေတာင္းဆိုခ်က္မ်ားအား က်ယ္က်ယ္ျပန႔္ျပန႔္ တင္ျပခဲ့ၿပီး ေနတိုးအဖြဲ႕ဝင္သစ္မ်ား လက္ခံျခင္းမျပဳဖို႔နဲ႔ ယခင္ ဆိုဗီယက္ႏိုင္ငံမ်ားမွာ အေျခစိုက္စခန္းသစ္မ်ား ထူေထာင္ျခင္းမွ အေမရိကန္ကို တားျမစ္ဖို႔ ႀကိဳးပမ္းေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဝါရွင္တန္ဟာ အဆိုျပဳခ်က္မ်ားကို ေဆြးေႏြးဖို႔ ဆႏၵရွိေၾကာင္းနဲ႔ လာမည့္ႏွစ္အစအတြင္း ဂ်ီနီဗာမွာ ေဆြးေႏြးပြဲမ်ား ျဖစ္လာႏိုင္တယ္လို႔ ပူတင္က ဒီဇင္ဘာလ(၂၃) ရက္၊ ၾကာသပေတးေန႔က ေျပာၾကားခဲ့ပါတယ္။