ထိုင်းမှာ ဝက်သားထက် ဈေးသက်သာတဲ့ မိကျောင်းသားကို အစားထိုး စားသောက်လာကြ

1293

ရောင်နီ (NP News) - ဇန်နဝါရီ ၁၄
ထိုင်းမွေးမြူရေးခြံတွေမှာ တွားသွားသတ္တဝါ မိကျောင်းသားကို တစ်ကီလိုဂရမ်ကို ဘတ် (၂ဝဝ) ဝန်းကျင်ခန့်သာ ရောင်းချလျက်ရှိတာကြောင့် ဈေးတက်လာတဲ့ဝက်သားဈေးထက် ဈေးသက်သာတဲ့အသားအဖြစ် အစားထိုး စားသောက်လာကြတယ်လို့ သိရပါတယ်။
Nakhon Pathom မှ မိကျောင်းမွေးမြုရေးလုပ်ငန်းရှင်တစ်ဦးက ၎င်းရဲ့ဖ့စ်ဘွတ်ခ်စာမျက်နှာမှာ မိကျောင်းအသား ရောင်းချခြင်းအခြေအနေကို အခွင့်ကောင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အမည်မဖော်လိုသူ Hia Sak Farm မွေးမြုရေးပိုင်ရှင်က မိကျောင်းအသားများကို တစ်ကီလိုလျှင် လက်ကားဈေး (၁ဝ၅) ဘတ်နဲ့ အနည်းဆုံး ကီလို(၃ဝ) မှ (၇ဝ) ဘတ်အထိ လက်လီရောင်းချနေရတယ်လို့ ဆိုပါတယ်။
ယခင်က ၎င်းရဲ့မွေးမြူရေးခြံဟာ ပို့ကုန်ကို အဓိကထားလုပ်ဆောင်ခဲ့ပေမယ့်လည်း Covid-19 သက်ရောက်မှု ကြောင့် ပြည်တွင်းဈေးကွက်ကိုအလေးပေးခဲ့ရာမှ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေကို ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့နေ့ကလည်း Nakhon Pathom ခရိုင်၊ ဆမ်န်ဂမ်ရှိ Rungtaweechai ခြံမှာလည်း ဒေသခံ များနဲ့ခရီးသွားများဟာ မိကျောင်းအသားဝယ်ဖို့ စုပြုံခဲ့ကြတယ်လို့ သိရပါတယ်။
အသက်(၆၅) နှစ်အရွယ်ရှိ ခြံပိုင်ရှင်တစ်ဦးဖြစ်တဲ့ Pol Sub Lt Wichai Rungtaweechai ဟာ အရွယ်အစား အမျိုးမျိုးရှိတဲ့ မိကျောင်းအကောင်ရေ (၁၂ဝဝဝ) လောက် အကြီးဆုံးအကောင်ဟာ အရှည်ငါးမီတာအထက်ထိ ရှိကြောင်း၊၊ ဝက်သားဈေးနှုန်းတွေ ကြီးမြင့်တဲ့အတွက် အခုဆိုရင် ပိုမိုဈေးသက်သာပြီး အရသာပိုရှိတဲ့ မိကျောင်း အသားကို စားသုံးလာကြကြောင်း၊ အဆီနည်းပြီး ပရိုတင်းဓာတ်လည်းမြင့်မားကြောင်း ၎င်းက ဆိုပါတယ်။
ခြံထဲမှာ မွေးမြူထားတဲ့ မိကျောင်းများဟာ အသက်(၃) နှစ်ခွဲခန့်ရှိပြီး အလေးချိန် (၃ဝ - ၄ဝ) ကီလိုဂရမ်နဲ့ အရှည် (၁၈၅) စင်တီမီတာရှိနေပြီး မိကျောင်းများကိုသတ်ဖို့ အဆင်သင့်ဖြစ်တယ်လို့ဆိုကာ မိကျောင်းတစ်ကောင်မှ အသား(၁၂) ကီလိုဂရမ်ခန့် ရနိုင်တဲ့အပြင် မိကျောင်းရဲ့အမြီးပိုင်းအထက်က အသား တွေဟာ ပိုအရသာရှိပြီး လူကြိုက်များတယ်လို့ ၎င်းက ရှင်းပြပါတယ်။ အခြားအစိတ်အပိုင်းတွေက အသားများကို အကင်၊ ဟင်းလျာများ မှာ ခေါက်ဆွဲ (သို့မဟုတ်) မွှေကြော်ကဲ့သို့ နည်းလမ်းအမျိုးမျိုးချက်ပြုတ်ကာ ထိုင်းနိုင်ငံသားတွေဟာ စားသုံးကြ တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ထိုင်းမှာ ဝက်သားထက် ဈေးသက်သာတဲ့ မိကျောင်းသားကို အစားထိုး စားသောက်လားကြ
ထိုင်းမွေးမြူရေးခြံတွေမှာ တွားသွားသတ္တဝါ မိကျောင်းသားကို တစ်ကီလိုဂရမ်ကို ဘတ် (၂ဝဝ) ဝန်းကျင်ခန့်သာ ရောင်းချလျက်ရှိတာကြောင့် ဈေးတက်လာတဲ့ဝက်သားဈေးထက် ဈေးသက်သာတဲ့အသားအဖြစ် အစားထိုး စားသောက်လားကြတယ်လို့ သိရပါတယ်။