မန္တလေးတွင် ရဲတပ်ဖွဲ့ဝင်များအသွင်ဟန်ဆောင်၍ ရွှေလွယ်အင်းကုမ္ပဏီမှ ငွေကျပ်သိန်း(၃ဝဝဝ)ခန့် ခြိမ်းခြောက်လုယူသူများဖမ်းမိ

 1458

NP News - ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ "ရွှေလွယ်အင်း"ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန)သို့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ရဲတပ်ဖွဲ့ဝင်များအသွင်ဟန်ဆောင်ကာ ကုမ္ပဏီဝန်ထမ်းများအား ခြိမ်းခြောက်၍ ငွေကျပ်သိန်း(၃ဝဝဝ)ခန့်လုယူသူများအား ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ဇန် နဝါရီလ ၁၃ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်တွင်တရားခံ(၅)ဦးနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ (၁၁၁)လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုးလမ်းအတွင်း၌ရပ်ထားခဲ့သည့် ယာဉ်ပေါ်မှတွေ့ရှိ ငွေကျပ်သိန်း(၃ဝဝ)နှင့်တရားခံများထံမှ ပြန်လည်သိမ်းဆည်းရမိ ငွေကျပ် (၈၇၄) သိန်း၊ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့်ဝယ်ယူထားသည့် မော်တော်ယာဉ် (၃)စီးခန့်မှန်းတန်ဖိုးငွေကျပ်(၅၄ဝ) သိန်းခန့်၊ ဆိုင်ကယ် (၂)စီးခန့်မှန်းတန်ဖိုးငွေကျပ် (၇) သိန်းခန့်နှင့် ၎င်းတို့ဝယ်ယူထားသည့် မြေနှင့်အခြားပစ္စည်းများခန့်မှန်းတန်ဖိုးငွေကျပ်(၆ဝ)သိန်းခန့် စုစု ပေါင်း ငွေကျပ်(၁၇၈၁)သိန်းခန့်အားပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သည် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့ နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် Blue Diamond လမ်းကြား၊ မင်္ဂလာမန္တလေးအိမ်ရာဝင်း၊ တိုက်(၃)၊ အခန်း(၃)မြေညီထပ်ရှိ ရွှေလွယ်အင်းကုမ္ပ ဏီသို့ Mask တပ်ဆင်လျှက် လက်နက်ကိုင်ဆောင် ထားသည့် လူ(၄)ဦးမှဝင်ရောက်လာကာဝန်ထမ်းများ အားခြိမ်းခြောက်၍ ကုမ္ပဏီရှိငွေကျပ်သိန်း(၃ဝဝဝ) ခန့်အား လုယူကာ MDY/xxxx နံပါတ်ပါ ESTIMA အ မျိုးအစား အဖြူရောင်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက်ကျုးလွန်သူများအားလုံခြုံရေးတပ်ဖွဲ့များက စုံစမ်းပိတ်ဆို့ ရှာဖွေခြင်းများဆောင် ရွက်ခဲ့ရာ ညပိုင်းတွင်ချမ်းမြသာစည်မြို့နယ်၊ (၁၁၁) လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုး လမ်းအတွင်းရှိ ကန္တာရခြုံများကြား၌ ပြစ်မှုကျုးလွန်သူ များ ရပ်ထားခဲ့သည့် MDY/9C-4145 နံပါတ်ပါ ESTIMA အမျိုးအစားအဖြူရောင်ယာဉ်နှင့်ယာဉ်ပေါ် ၌ ကျပ်သိန်း(၃ဝဝ)ထည့်ထားသည့်ဆာလာအိတ်ဖြူ တစ်အိတ်၊ သေနတ်အတု အရှည် (၃) လက်၊ အတို (၂)လက်၊ ပျောက်ကြား အနက်ရောင်ကျည်ကာအ င်္ကျီ (၅)ထည်၊ နိုင်ငံတော်တံဆိပ်တပ်ဆင်ထားသည့် ဦးထုပ်(၄)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် သိမ်းဆည်းရမိသည့် မော်တော်ယာဉ်အား စိစစ်ရာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး အဆိုပါယာဉ်အား မန္တ လေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ သက်ပိုင်စိုးဆိုသူ ပိုင်ဆိုင်ကြောင်းသိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ဇန်နဝါရီလ ၁၁ ရက်တွင် သက်ပိုင်စိုး (၂၈)နှစ်အား ငွေကျပ် (၇၆ဝ) သိန်း၊ မော်တော် ယာဉ် (၂) စီး၊ မော်တော်ဆိုင်ကယ် (၁)စီးတို့နှင့်အတူ ကျောက်ပန်းတောင်းမြို့နယ်၊ တက်မရေနံမှော်၊ လုပ် ကွက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တရားခံသက်ပိုင်စိုး၏ထွက်ဆိုချက်အရ “ရွှေလွယ်အင်း” ကုမ္ပဏီ(ငွေအပ်နှံ/ထုတ်ပေးဌာန)အား လုယက် မှုကို ၎င်းမှ ဦးဆောင်၍ သန့်ဇင်၊ မျိုးကိုကိုဝင်း(ခ)ကု လား၊ သန်းဇော်ထွန်း(ခ)လင်းလင်းကို နှင့် ဇင်မျိုးဦး (ခ)သားကြီး တို့အပါအဝင်(၅)ဦးမှ ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိရေးအတွက် တရားခံများတိမ်းရှောင်လျှက်ရှိသည့် ဒေသအသီးသီးမှလုံခြုံရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရာ ဇန်နဝါရီလ ၁၁ ရက်နံနက်ပိုင်းတွင် သန့်ဇင်(၂၈)နှစ်(ဘ)ဦးခင်ဇော်အား မော်တော်ဆိုင်ကယ် (၁) စီးနှင့်အတူ စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ ရွှေဒုံးရပ်ရှိ၎င်း၏နေအိမ်တွင်လည်း ကောင်း၊ မျိုးကိုကိုဝင်း(ခ) ကုလား (၁၉)နှစ်(ဘ)ဦးဝင်းမြင့်အား ငွေကျပ် (၄၅) သိန်းဖြင့် ဝယ်ယူထားသည့် မြေကွက် (၂) ကွက်၊ ဆိုင်ကယ် (၁) စီး တို့နှင့်အတူ စစ်ကိုင်းမြို့၊ အထက်တကောင်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၁၂ ရက်တွင် သန်းဇော်ထွန်း(ခ)လင်းလင်းကို (၃၂)နှစ်(ဘ)ဦးဘိုဖြူ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ၊ ကျောင်းစုရပ်နေသူအား ငွေကျပ် သိန်း (၁ဝဝ) နှင့်အ တူ မွန်ပြည်နယ်၊ သထုံမြို့၌ လည်းကောင်း၊ ဇင်မျိုးဦး (၃၂)နှစ် (ဘ)ဦးမြင့်တင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံ ကျေးရွာနေသူအား ငွေကျပ် (၁၄) သိန်း၊ မော်တော်ယာဉ် (၁) စီး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ဆိုင်ကယ် (၁) စီးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့််ကူးမြို့နယ်၊ ပျဉ်းပင်ကျေးရွာ၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရန်အတွက် သက်ပိုင်စိုး(ခ)စည်သူမှဦး ဆောင်ကာ ဇင်မျိုးဦး(ခ)သားကြီး၊ သန်းဇော်ထွန်း (ခ)လင်းလင်းကို၊ သန့်ဇင်နှင့် မျိုးကိုကိုဝင်း(ခ)ကုလား တို့သည် စစ်ကိုင်းမြို့၊ မန္တလေးမြို့တို့၌ တွေ့ဆုံ၍ လု ယက်ရာ၌ အသုံးပြုမည့် လိုင်စင်မဲ့မော်တော်ယာဉ်ဝယ်ယူခြင်း၊ လုံခြုံရေးတပ်ဖွဲ့သုံး ပစ္စည်းများနှင့်သေ နတ် အတုတို့အား ဝယ်ယူခြင်း၊ လုယက်မည့်“ရွှေလွယ်အင်း”ကုမ္ပဏီအနီးနေရာ ပတ်ဝန်းကျင်အားလေ့လာစောင့်ကြည့်ခြင်းတို့ကို ကြိုတင်ပြင်ဆင်ခဲ့ပြီးမှသာ လု ယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်သည်ကိုဖော်ထုတ်သိရှိရကြောင်းလည်း ဖော်ပြထားသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် MDY/9C 4145 ESTIMA အမျိုးအစား အဖြူရောင်ယာဉ်အား သန်းဇော်ထွန်းမောင်းနှင်၍ သက်ပိုင်စိုး(ခ)စည်သူ၊ သန့်ဇင်၊ မျိုးကိုကိုဝင်း (ခ)ကုလားနှင့် ဇင်မျိုးဦး (ခ) သားကြီးတို့ (၄) ဦးသည် လုံခြုံတပ်ဖွဲ့ဝင်များအသွင်ဝတ်ဆင်၍ စီးနင်းလိုက်ပါလာခဲ့ကြောင်း၊ လုယက်မည့်နေရာရောက်ရှိချိန်၌ သက်ပိုင်စိုး(ခ)စည်သူ၊ ဇင်မျိုးဦး (ခ)သားကြီး၊ မျိုးကိုကိုဝင်း(ခ)ကုလားနှင့် သန့်ဇင်တို့ (၄) ဦးသည် ကုမ္ပဏီအတွင်း ဝင်ရောက်လုယက်ခဲ့ကြပြီးရရှိလာသည့် ငွေများအားဆာလာအိတ်များအတွင်း ထည့်သွင်း၍ မော်တော်ယာဉ်ပေါ်သို့တင်ဆောင်ကာ မောင်းနှင်ခဲ့ကြကြောင်းနှင့် ချမ်းမြသာစည်မြို့နယ်၊ (၁၁၁) လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား၊ က-၇၊ အုန်းအင်းကျုးလမ်းအတွင်းရှိ ကန္တာရခြုံများကြားအရောက်တွင် ကားအား ရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများအနေ ဖြင့် ပြည်သူလူထု၏ စိုးရိမ်ထိတ်လန့်နေမှုများအပေါ် အခွင့်အရေးအဖြစ် အသုံးချကာ ၎င်းတို့၏ ကိုယ် ရေးကိုယ်တာနှင့် ငွေကြေးလိုအပ်ချက်များအရ လုယက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်မှုကျူးလွန်ရာ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်အသုံးပြုသည့် ကျည်ကာအင်္ကျီ၊ ဦးထုတ်၊ နံပါတ်တုတ်၊ သေနတ်အတုနှင့် စကားပြောစက်အတုများ ကိုင်ဆောင်အသုံးပြု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် အသွင်ယူကာလုယက်မှုအား ကျူးလွန်ခဲ့ခြင်း ဖြစ် ကြောင်းကိုလည်း ဖော်ထုတ်သိရှိရကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

zawgyi version
မႏၲေလးတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားအသြင္ဟန္ေဆာင္၍ ေ႐ႊလြယ္အင္းကုမၸဏီမွ ေငြက်ပ္သိန္း(၃ဝဝဝ)ခန႔္ ၿခိမ္းေျခာက္လုယူသူမ်ားဖမ္းမိ
NP News - ဇန္နဝါရီ ၁၅

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ "ေ႐ႊလြယ္အင္း"ကုမၸဏီ(ေငြအပ္ႏွံ/ထုတ္ေပးဌာန)သို႔ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၇ ရက္တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားအသြင္ဟန္ေဆာင္ကာ ကုမၸဏီဝန္ထမ္းမ်ားအား ၿခိမ္းေျခာက္၍ ေငြက်ပ္သိန္း(၃ဝဝဝ)ခန႔္လုယူသူမ်ားအား ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း စစ္ေကာင္စီ၏ ဇန္ နဝါရီလ ၁၃ ရက္ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္တြင္တရားခံ(၅)ဦးႏွင့္အတူ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ (၁၁၁)လမ္း၊ ၇၄ ႏွင့္ ၇၅ လမ္းၾကား၊ က-၇၊ အုန္းအင္းက်ဳးလမ္းအတြင္း၌ရပ္ထားခဲ့သည့္ ယာဥ္ေပၚမွေတြ႕ရွိ ေငြက်ပ္သိန္း(၃ဝဝ)ႏွင့္တရားခံမ်ားထံမွ ျပန္လည္သိမ္းဆည္းရမိ ေငြက်ပ္ (၈၇၄) သိန္း၊ ျပစ္မႈက်ဴးလြန္ရာမွရရွိသည့္ ေငြမ်ားျဖင့္ဝယ္ယူထားသည့္ ေမာ္ေတာ္ယာဥ္ (၃)စီးခန႔္မွန္းတန္ဖိုးေငြက်ပ္(၅၄ဝ) သိန္းခန႔္၊ ဆိုင္ကယ္ (၂)စီးခန႔္မွန္းတန္ဖိုးေငြက်ပ္ (၇) သိန္းခန႔္ႏွင့္ ၎တို႔ဝယ္ယူထားသည့္ ေျမႏွင့္အျခားပစၥည္းမ်ားခန႔္မွန္းတန္ဖိုးေငြက်ပ္(၆ဝ)သိန္းခန႔္ စုစု ေပါင္း ေငြက်ပ္(၁၇၈၁)သိန္းခန႔္အားျပန္လည္သိမ္း ဆည္းရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္သည္ ၂ဝ၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္ညေနပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕ နယ္၊ ၿမိဳ႕သစ္(၁)ရပ္ကြက္၊ ၇၃ လမ္းႏွင့္ Blue Diamond လမ္းၾကား၊ မဂၤလာမႏၲေလးအိမ္ရာဝင္း၊ တိုက္(၃)၊ အခန္း(၃)ေျမညီထပ္ရွိ ေ႐ႊလြယ္အင္းကုမၸ ဏီသို႔ Mask တပ္ဆင္လွ်က္ လက္နက္ကိုင္ေဆာင္ ထားသည့္ လူ(၄)ဦးမွဝင္ေရာက္လာကာဝန္ထမ္းမ်ား အားၿခိမ္းေျခာက္၍ ကုမၸဏီရွိေငြက်ပ္သိန္း(၃ဝဝဝ) ခန႔္အား လုယူကာ MDY/xxxx နံပါတ္ပါ ESTIMA အ မ်ိဳးအစား အျဖဴေရာင္ယာဥ္ျဖင့္ ထြက္ေျပးသြားခဲ့ေၾကာင္း၊ ထို႔ေနာက္က်ဳးလြန္သူမ်ားအားလုံၿခဳံေရးတပ္ဖြဲ႕မ်ားက စုံစမ္းပိတ္ဆို႔ ရွာေဖြျခင္းမ်ားေဆာင္ ႐ြက္ခဲ့ရာ ညပိုင္းတြင္ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ (၁၁၁) လမ္း၊ ၇၄ ႏွင့္ ၇၅ လမ္းၾကား၊ က-၇၊ အုန္းအင္းက်ဳး လမ္းအတြင္းရွိ ကႏၲာရၿခဳံမ်ားၾကား၌ ျပစ္မႈက်ဳးလြန္သူ မ်ား ရပ္ထားခဲ့သည့္ MDY/9C-4145 နံပါတ္ပါ ESTIMA အမ်ိဳးအစားအျဖဴေရာင္ယာဥ္ႏွင့္ယာဥ္ေပၚ ၌ က်ပ္သိန္း(၃ဝဝ)ထည့္ထားသည့္ဆာလာအိတ္ျဖဴ တစ္အိတ္၊ ေသနတ္အတု အရွည္ (၃) လက္၊ အတို (၂)လက္၊ ေပ်ာက္ၾကား အနက္ေရာင္က်ည္ကာအ က်ႌ (၅)ထည္၊ ႏိုင္ငံေတာ္တံဆိပ္တပ္ဆင္ထားသည့္ ဦးထုပ္(၄)လုံးတို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း စစ္ေကာင္၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယင္းေနာက္ သိမ္းဆည္းရမိသည့္ ေမာ္ေတာ္ယာဥ္အား စိစစ္ရာ လိုင္စင္မဲ့ယာဥ္ျဖစ္ၿပီး အဆိုပါယာဥ္အား မႏၲ ေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္ေန သက္ပိုင္စိုးဆိုသူ ပိုင္ဆိုင္ေၾကာင္းသိရသျဖင့္ ဖမ္းဆီးရမိေရး ေဆာင္႐ြက္ရာ ဇန္နဝါရီလ ၁၁ ရက္တြင္ သက္ပိုင္စိုး (၂၈)ႏွစ္အား ေငြက်ပ္ (၇၆ဝ) သိန္း၊ ေမာ္ေတာ္ ယာဥ္ (၂) စီး၊ ေမာ္ေတာ္ဆိုင္ကယ္ (၁)စီးတို႔ႏွင့္အတူ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ တက္မေရနံေမွာ္၊ လုပ္ ကြက္တြင္ ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။

တရားခံသက္ပိုင္စိုး၏ထြက္ဆိုခ်က္အရ “ေ႐ႊလြယ္အင္း” ကုမၸဏီ(ေငြအပ္ႏွံ/ထုတ္ေပးဌာန)အား လုယက္ မႈကို ၎မွ ဦးေဆာင္၍ သန႔္ဇင္၊ မ်ိဳးကိုကိုဝင္း(ခ)ကု လား၊ သန္းေဇာ္ထြန္း(ခ)လင္းလင္းကို ႏွင့္ ဇင္မ်ိဳးဦး (ခ)သားႀကီး တို႔အပါအဝင္(၅)ဦးမွ ပူးေပါင္းက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္းေဖာ္ထုတ္သိရွိသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားက ဖမ္းဆီးရမိေရးအတြက္ တရားခံမ်ားတိမ္းေရွာင္လွ်က္ရွိသည့္ ေဒသအသီးသီးမွလုံၿခဳံေရးတပ္ဖြဲ႕မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ရာ ဇန္နဝါရီလ ၁၁ ရက္နံနက္ပိုင္းတြင္ သန႔္ဇင္(၂၈)ႏွစ္(ဘ)ဦးခင္ေဇာ္အား ေမာ္ေတာ္ဆိုင္ကယ္ (၁) စီးႏွင့္အတူ စစ္ကိုင္းၿမိဳ႕၊ ထုံးဘိုရပ္ကြက္၊ ေ႐ႊဒုံးရပ္ရွိ၎၏ေနအိမ္တြင္လည္း ေကာင္း၊ မ်ိဳးကိုကိုဝင္း(ခ) ကုလား (၁၉)ႏွစ္(ဘ)ဦးဝင္းျမင့္အား ေငြက်ပ္ (၄၅) သိန္းျဖင့္ ဝယ္ယူထားသည့္ ေျမကြက္ (၂) ကြက္၊ ဆိုင္ကယ္ (၁) စီး တို႔ႏွင့္အတူ စစ္ကိုင္းၿမိဳ႕၊ အထက္တေကာင္းရပ္ကြက္ရွိ ၎၏ ေနအိမ္တြင္ လည္းေကာင္း၊ ဇန္နဝါရီလ ၁၂ ရက္တြင္ သန္းေဇာ္ထြန္း(ခ)လင္းလင္းကို (၃၂)ႏွစ္(ဘ)ဦးဘိုျဖဴ ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္၊ ေတာင္ညိဳေက်း႐ြာ၊ ေက်ာင္းစုရပ္ေနသူအား ေငြက်ပ္ သိန္း (၁ဝဝ) ႏွင့္အ တူ မြန္ျပည္နယ္၊ သထုံၿမိဳ႕၌ လည္းေကာင္း၊ ဇင္မ်ိဳးဦး (၃၂)ႏွစ္ (ဘ)ဦးျမင့္တင္ ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္၊ မရမ္းခုံ ေက်း႐ြာေနသူအား ေငြက်ပ္ (၁၄) သိန္း၊ ေမာ္ေတာ္ယာဥ္ (၁) စီး၊ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳသည့္ ေမာ္ေတာ္ဆိုင္ကယ္ (၁) စီးတို႔ႏွင့္အတူ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္္ကူးၿမိဳ႕နယ္၊ ပ်ဥ္းပင္ေက်း႐ြာ၌ လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ လုယက္မႈက်ဴးလြန္ရန္အတြက္ သက္ပိုင္စိုး(ခ)စည္သူမွဦး ေဆာင္ကာ ဇင္မ်ိဳးဦး(ခ)သားႀကီး၊ သန္းေဇာ္ထြန္း (ခ)လင္းလင္းကို၊ သန႔္ဇင္ႏွင့္ မ်ိဳးကိုကိုဝင္း(ခ)ကုလား တို႔သည္ စစ္ကိုင္းၿမိဳ႕၊ မႏၲေလးၿမိဳ႕တို႔၌ ေတြ႕ဆုံ၍ လု ယက္ရာ၌ အသုံးျပဳမည့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ဝယ္ယူျခင္း၊ လုံၿခဳံေရးတပ္ဖြဲ႕သုံး ပစၥည္းမ်ားႏွင့္ေသ နတ္ အတုတို႔အား ဝယ္ယူျခင္း၊ လုယက္မည့္“ေ႐ႊလြယ္အင္း”ကုမၸဏီအနီးေနရာ ပတ္ဝန္းက်င္အားေလ့လာေစာင့္ၾကည့္ျခင္းတို႔ကို ႀကိဳတင္ျပင္ဆင္ခဲ့ၿပီးမွသာ လု ယက္မႈက်ဴးလြန္ခဲ့ၾကျခင္းျဖစ္သည္ကိုေဖာ္ထုတ္သိရွိရေၾကာင္းလည္း ေဖာ္ျပထားသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ၂ဝ၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္ေန႔ ညေနပိုင္းတြင္ MDY/9C 4145 ESTIMA အမ်ိဳးအစား အျဖဴေရာင္ယာဥ္အား သန္းေဇာ္ထြန္းေမာင္းႏွင္၍ သက္ပိုင္စိုး(ခ)စည္သူ၊ သန႔္ဇင္၊ မ်ိဳးကိုကိုဝင္း (ခ)ကုလားႏွင့္ ဇင္မ်ိဳးဦး (ခ) သားႀကီးတို႔ (၄) ဦးသည္ လုံၿခဳံတပ္ဖြဲ႕ဝင္မ်ားအသြင္ဝတ္ဆင္၍ စီးနင္းလိုက္ပါလာခဲ့ေၾကာင္း၊ လုယက္မည့္ေနရာေရာက္ရွိခ်ိန္၌ သက္ပိုင္စိုး(ခ)စည္သူ၊ ဇင္မ်ိဳးဦး (ခ)သားႀကီး၊ မ်ိဳးကိုကိုဝင္း(ခ)ကုလားႏွင့္ သန႔္ဇင္တို႔ (၄) ဦးသည္ ကုမၸဏီအတြင္း ဝင္ေရာက္လုယက္ခဲ့ၾကၿပီးရရွိလာသည့္ ေငြမ်ားအားဆာလာအိတ္မ်ားအတြင္း ထည့္သြင္း၍ ေမာ္ေတာ္ယာဥ္ေပၚသို႔တင္ေဆာင္ကာ ေမာင္းႏွင္ခဲ့ၾကေၾကာင္းႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ (၁၁၁) လမ္း၊ ၇၄ ႏွင့္ ၇၅ လမ္းၾကား၊ က-၇၊ အုန္းအင္းက်ဳးလမ္းအတြင္းရွိ ကႏၲာရၿခဳံမ်ားၾကားအေရာက္တြင္ ကားအား ရပ္တန႔္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္တြင္ ဖမ္းဆီးရမိတရားခံမ်ားအေန ျဖင့္ ျပည္သူလူထု၏ စိုးရိမ္ထိတ္လန႔္ေနမႈမ်ားအေပၚ အခြင့္အေရးအျဖစ္ အသုံးခ်ကာ ၎တို႔၏ ကိုယ္ ေရးကိုယ္တာႏွင့္ ေငြေၾကးလိုအပ္ခ်က္မ်ားအရ လုယက္မႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း၊ လုယက္မႈက်ဴးလြန္ရာ တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ဝတ္ဆင္အသုံးျပဳသည့္ က်ည္ကာအက်ႌ၊ ဦးထုတ္၊ နံပါတ္တုတ္၊ ေသနတ္အတုႏွင့္ စကားေျပာစက္အတုမ်ား ကိုင္ေဆာင္အသုံးျပဳ၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေပၚ အထင္အျမင္လြဲမွားေစရန္ အသြင္ယူကာလုယက္မႈအား က်ဴးလြန္ခဲ့ျခင္း ျဖစ္ ေၾကာင္းကိုလည္း ေဖာ္ထုတ္သိရွိရေၾကာင္းထုတ္ျပန္ခ်က္တြင္ပါရွိသည္။

Related news

© 2021. All rights reserved.