“တရုတ်ဖြစ်စေ၊ မြန်မာဖြစ်စေ ဒေါ်လာကိုအရမ်းမှီခိုတဲ့အခါမှာ အပြောင်းအလဲတွေဖြစ်တိုင်း နိုင်ငံရဲ့စီးပွားရေးကို ကြီးမားတဲ့သက်ရောက်မှုတွေဖြစ်စေတယ်” (အင်တာဗျူး)

 2814

NP News - ဇန်နဝါရီ ၂ဝ

တွေ့ဆုံမေးမြန်း - ကျော်မျိုးမင်း၊ ရေးသား - ရဲထက်
ယွမ်- ကျပ် တိုက်ရိုက်ကုန်သွယ်ခွင့်ကနေ မြန်မာ- တရုတ်နှစ်နိုင်ငံစလုံးအတွက် ဘယ်လိုမျိုး အကျိုးအမြတ်တွေ ရရှိလာနိုင်မလဲဆိုတာနဲ့ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအခြေအနေများနဲ့ပတ်သက်ပြီး တရုတ်-မြန်မာအရေးကျွမ်းကျင်သုတေသီဒေါက်တာဟိန်းခိုင်ကို NP News က ဆက်သွယ် မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ ဆရာဟိန်းခိုင် မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခေါက်ဆရာ့ကိုဖိတ်ရတဲ့အကြောင်းရင်းက တရုတ်ယွမ်နဲ့ မြန်မာ ကျပ်ငွေ တိုက်ရိုက်လဲလှယ်တဲ့ကိစ္စနဲ့ပတ်သက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးသိချင်တာက ယွမ်နဲ့ ကျပ် တိုက်ရိုက်ကုန်သွယ်တဲ့အတွက် ဘာတွေအကျိုးကျေးဇူးရပြီးတော့ ဘာတွေများကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိလာနိုင်မလဲဆိုတာကို ဆရာဟိန်းရဲ့သုံးသပ်ချက်လေးကြားချင်ပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီကိစ္စကတော့ ယွမ်-ကျပ် ဘယ်လိုစတင်လာခဲ့သလဲ။ ပြီးတော့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအခြေအနေတချို့ကို ကျွန်တော်တို့ပြန်လှည့်ကြည့်မှ ဒီကိစ္စကိုရှင်းရှင်းလင်းလင်းသိမြင်နိုင်မှာ ဖြစ် တယ်။ ဒီကိစ္စက အခုလုပ်၊ အခုဖြစ်သွားတဲ့ကိစ္စတော့မဟုတ်ဘူး။ တကယ်တော့ တရုတ်ယွမ်ကို မြန်မာနိုင်ငံမှာ တစ်ခါတည်းငွေရှင်းနိုင်ဖို့ဆွေးနွေခဲ့တာ ၂ဝ၁၉ ခုနှစ်မှာကတည်းက နှစ်နိုင်ငံကြား သဘောတူညီချက်ရပြီးသား ဖြစ်တယ်။ အဲဒီလိုသဘောတူညီချက် ရပြီးသားပေမယ့် စာချုပ်ပေါ်မှာပဲရပ်တည်နေတယ်ဗျ။ လက်တွေ့မှာတော့ မလုပ်ဖြစ်ကြဘူး။ (၂) နှစ်ကျော်ကြာတဲ့အချိန် အခုမှပဲ နှစ်နိုင်ငံနယ်စပ်ကြားမှာ ငွေရှင်းတာလေးတွေ လုပ်လာနိုင် တာဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ယွမ်-ကျပ်နဲ့ ကုန်သွယ်မှုငွေရှင်းတာကိုလုပ်စေချင်လဲဆိုတော့ အဓိကအနေနဲ့ အပိုင်း(၃) ပိုင်းရှိတယ်။ အကျိုးကျေးဇူးလို့လည်းပြောလို့ရတယ်။ ဒါမှမဟုတ် တရုတ်-မြန်မာနယ်စပ်ကုန်သွယ် ရေးမှာဖြစ်နေတဲ့ပြဿနာဟောင်းတချို့ကိုဖြေရှင်းဖို့အတွက်လို့လည်း ကျွန်တော်ယူဆတယ်။ အဲဒီပြဿနာ ဟောင်းတွေကဘာတွေလဲဆိုရင် ပထမတစ်ချက်က ယွမ်ကို ငွေရှင်းတဲ့ငွေအဖြစ် အခုလိုအသုံးချတဲ့အတွက် ပထမရရှိမယ့်အကျိုးကျေးဇူးက ငွေလဲလှယ်မှုမှာ ကုန်ကျတဲ့စရိတ်ကို လျော့ချနိုင်တာပေါ့။ ကျွန်တော်တို့သိသင့် တာက တရုတ်-မြန်မာကုန်သွယ်ရေးမှာ တကယ်တော့ အခုကတရားဝင် ယွမ်နဲ့ကျပ် တိုက်ရိုက်ကုန်သွယ်ခွင့်ပေးလိုက်တယ်။ ငွေရှင်းခွင့် ပေးလိုက်တဲ့သဘောပေါ့။ ရေရှည်ထုံးတမ်းစဉ်လာအရကလည်း တရုတ်ငွေကို တောက် လျှောက်သုံးခဲ့တာပါပဲ။ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်း မြန်မာကျပ်ငွေကို မြန်မာလူမျိုးတွေကတောင် မယုံ ကြတာဆိုတော့ နိုင်ငံခြားသားတွေယုံဖို့က ခက်တာပေါ့။ အဲဒီတော့ နယ်စပ်ကုန်သွယ်ရေးမှာ တောက်လျှောက်ပဲ တရုတ်ယွမ်ကိုအသုံးပြုခဲ့ကြတာ။ အဲဒီလိုသုံးတဲ့အခါမှာ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် မြန်မာဘက်က ကုန်သည်တွေက မြန်မာကျပ်ငွေတွေကိုင်ပြီးတော့ တရုတ်ငွေ လိုချင်တယ်။ အဲဒီတော့ တရုတ်ငွေကို မှောင်ခိုပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တရုတ်ငွေကို လဲလှယ်လိုက်တယ်။ အဲဒီလိုလဲလှယ်ရရှိတဲ့ငွေတွေကို တရုတ်ဘက်ကို ရှင်း တာပဲဖြစ်ဖြစ်လုပ်ကြတယ်။ တရုတ်ကုန်သည်တွေကလည်း မြန်မာဘက်ကိုရှင်းစရာရှိတယ်ဆိုရင် တရားဝင် လမ်းကြောင်းကနေသွားလို့မရတဲ့အတွက် အောက်ကငွေလဲလှယ်သူတချို့ဆီကနေတဆင့် မြန်မာကျပ်ငွေကို လဲပြီးတော့ ရှင်းပေးရတယ်။ အဲဒီလိုရှင်းပေးတဲ့အချိန်မှာ ပထမဆုံးဖြစ်လာတာက ဘာလဲဆိုတော့ ဒီလိုငွေလဲ လှယ်တဲ့အတွက် ငွေလဲလှယ်စရိတ်ပေးရတယ်။ ကျွန်တော်တို့သိရသလောက်တော့ အနည်းဆုံး(၃) ရာခိုင်နှုန်း လောက်တော့ ပေးရတယ်။ အဲဒီတော့ ကျွန်တော်တို့က ကုန်သွယ်ရေးမှာ ပုံမှန်ကုန်ကျသင့်တဲ့ စရိတ်ထက်(၃) ရာခိုင်နှုန်း ပိုပြီးတော့ ပေးလိုက်ရတယ်။ အခုလိုတရားဝင်ဖြစ်သွားတဲ့အတွက် ဒီ(၃) ရာခိုင်နှုန်းက မရှိတော့ဘူး။ တရားမဝင်ငွေကြေးလဲလှယ်မှုတွေကလည်း ကွယ်ပျောက်သွားနိုင်တာပေါ့။ နောက်တစ်ခုက အဲဒီလို ငွေလဲလှယ် မှုရဲ့တရားဝင်လမ်းကြောင်းတည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုရတာပေါ့။ ဒါက ဒုတိယအချက်ဖြစ်တယ်။ တရုတ်-မြန်မာနယ်စပ်မှာ စီးပွားရေးလုပ်တိုင်း ငွေလဲလှယ်မှုက တောက်လျှောက်ရှိနေတာဖြစ်တယ်။ များသောအားဖြင့် တော့ တရားမဝင်တဲ့နည်းလမ်းနဲ့ ငွေလဲလှယ်နေကြတာဖြစ်ပါတယ်။ အခုလိုတိုက်ရိုက်လုပ်လိုက်တဲ့အတွက် ကျွန်တော်တို့ တရားဝင် ငွေလဲလှယ်လို့လည်း ရသွားတာပေါ့။ အဲဒီလိုတရားဝင်ရခြင်းက နောက်ထပ်ဘာအကျိုး ကျေးဇူးရှိလည်းဆိုတော့ ကုန်သွယ်ရေးအချက်အလက်တွေကို တရားဝင်အတိအကျသိရှိနိုင်တယ်။ ကျွန်တော် တို့က ဘဏ်ကနေတဆင့်သွားတာဖြစ်တဲ့အတွက် ဥပမာ- မြန်မာကနေ ကုန်ပစ္စည်းတန်ချိန်ဘယ်လောက်၊ တန်ဖိုးဘယ်လောက် တရုတ်ပြည်ဘက်ထွက်သွားတာကို ဘဏ်ကနေတဆင့် အရောင်းအဝယ်ကို အသိအမှတ် ပြုတယ်ဆိုရင် အဲဒီတန်ချိန်နဲ့ တန်ဖိုးကို တရားဝင်သိနိုင်တယ်။ တရုတ်ဘက်ကလည်း အလားတူပဲဖြစ်တယ်။ တရုတ်-မြန်မာကုန်သွယ်ရေးက များသောအားဖြင့် မှောင်ခိုလုပ်နေတာဖြစ်တဲ့အတွက် ကုန်သွယ်မှုပမာဏ ကိန်းဂဏန်းအစစ်အမှန်ကို မသိရှိနိုင်ဘူး။ ဥပမာအားဖြင့် တရုတ်ဘက်ကတော့ သူ့ဆီကနေ တန်ချိန်(၁ဝဝ) ထွက်လာတယ်။ တရုတ်ရဲ့အကောက်ခွန်ဌာနမှာတော့ တန်ချိန်(၁ဝဝ) ထွက်လာတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အကောက်ခွန်ထဲဝင်သွားတာက တန်ချိန်(၅ဝ) လောက်ပဲရှိတယ်။ ဆိုလိုတာက နောက်(၅ဝ) က မှောင်ခိုလမ်း ကြောင်းကနေ ဝင်လာတာဖြစ်တယ်။ အဲဒီလိုရှိတယ်။ မြန်မာကလည်း တန်ချိန်(၁ဝဝ) ထွက်သွားတယ်ဆိုရင် တရုတ်ဘက်မှာ တန်ချိန် (၅ဝ) ၊ (၆ဝ) လောက်ပဲရှိမယ်။ အဲဒီအတွက် ဒီလိုတရားဝင်လုပ်လိုက်တဲ့အတွက် ကြောင့် ကိန်းဂဏန်းအတိအကျလည်းသိနိုင်တယ်။ အဲဒီလိုသိတဲ့အတွက် ကုန်သွယ်ရေးကိုပိုပြီးတော့ စနစ်ကျ စေတယ်။ နှစ်နိုင်ငံစလုံးအတွက် အကောက်ခွန်တွေအတွက်လည်း အကျိုးရှိစေတယ်လို့ ယူဆတယ်ခင်ဗျ။

မေး ။ ။ အဲဒီတော့ အခုတရုတ်ယွမ်နဲ့ကျပ်ကို လဲလှယ်ဖို့အတွက်လည်း မြန်မာဗဟိုဘဏ်ဘက်ကနေပြီးတော့ ဒေါ်လာသန်း(၂ဝဝ) ကျော်လောက်တန်ကြေးရှိတဲ့ယွမ်ဘီလျံနဲ့ချီပြီးတော့ တရုတ်ဘဏ်ထဲကို သွားထည့်ထားတ ယ်လို့ သိရတယ်။ တရုတ်ဘက်ကရော အဲဒီလိုမျိုးကြားမိလား။ ဘယ်လိုမျိုးကြားမိလဲ။
ဖြေ ။` ။ ဒီကိစ္စတွေကိုတော့ သိပ်မကြားရသေးဘူး။ ကျွန်တော်သိတာကတော့ အခုလောလောဆယ်က စမ်းသပ်မှုကာလပဲရှိသေးတယ်ဗျ။ ဆိုတော့ တကယ်လက်တွေ့ဆောင်ရွက်တဲ့နေရာမှာအခက်အခဲတွေ ထပ်ရှိ သေးတယ်လို့ ကျွန်တော်ကြားရတယ်။ ဥပမာ- ကျွန်တော်တို့သိသလောက်ဆိုရင် ငွေရှင်းတာက(၂) ကြိမ်ပဲရှိ သေးတယ်။ တရုတ်ဘက်က ငွေလွှဲလိုက်တာ (၂) ကြိမ်ပဲရှိသေးတယ်။ ပထမတစ်ကြိမ်က တရုတ်ယွမ် (၆) သောင်း၊ ဒုတိယအကြိမ်က ထောင်ဂဏန်းပဲရှိတယ်ခင်ဗျ။ ဘာကြောင့်လည်းဆိုတော့ နောက်ထပ်ဥပဒေအရ ရော၊ စနစ်အရရော မပြည်စုံတာတွေရှိသေးတယ်။ ဘယ်လိုမျိုးတွေလည်းဆိုတော့ အခုက တရုတ်ဘဏ်နဲ့ မြန်မာ ဘဏ်နှစ်ခုက ယွမ်ငွေကို တိုက်ရိုက်ငွေရှင်းခွင့်ပြုလိုက်ပေမယ့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်တွေဟာ တရုတ်ယွမ်နဲ့ မြန်မာကျပ်ငွေ တရားဝင်လဲလှယ်ခွင့်စာချုပ်ကို မချုပ်ဆိုရသေးဘူး။ အဲဒီလိုချုပ်ဆိုထားခြင်း မရှိ သေးတဲ့အတွက် လက်တွေ့ဆောင်ရွက်ကြတဲ့အခါ အတားအဆီးအခက်အခဲတချို့တွေ ရှိလိမ့်မယ်။ ဒါကြောင့် အခုစမ်းသပ်ကာလကျော်ပြီနောက် အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ဖြစ်စေချင်တာက တရုတ်ယွမ် -မြန်မာ ကျပ်ငွေ တရားဝင်လဲလှယ်မှုစာချုပ် ချုပ်ဆိုဖို့လိုတယ်။ ခုနကပြောသလို ငွေထည့်ထားတာ ရှိ/မရှိ ဆိုတာက တော့ ကျွန်တော်သိသလောက်တော့ မရှိသေးဘူး။ တကယ်တော့ ဒီကိစ္စကိုဖြစ်မြောက်လာအောင်လုပ်စေချင် တယ်ဆိုရင် နောက်ထပ်တစ်ဆင့်က လက်တွေ့မှာဘာလုပ်ရမလဲဆိုတော့ တရုတ်ဘဏ်နဲ့ မြန်မာဘဏ် နှစ်ဖက် စလုံးက အပြန်အလှန်တစ်ဖက်နိုင်ငံမှာ ဌာနခွဲ၊ ရုံးခွဲ ဖွင့်ဖို့လိုတယ်။ အခုကတော့ သိသလောက်က တရုတ်ဘဏ် ဖြစ်တဲ့ ICBC ဘဏ်ရဲ့ ရုံးခွဲအချို့ကတော့ မြန်မာပြည်ရဲ့ရန်ကုန်မှာရှိတယ်။ ဒါပေမယ့် မလုံလောက်သေးဘူးပေါ့။ ဥပမာ- မူဆည်တို့ ဘာတို့မှာလည်း ဖွင့်နိုင်ရင် ပိုကောင်းတာပေါ့။ ပြီးတော့ အဲဒီလိုရုံးခွဲဖွင့်ရုံနဲ့ မလုံလောက်သေးပဲ ဘာထပ်လိုလဲဆိုတော့ ရုံးခွဲတွေရဲ့လုပ်ငန်းဆောင်တာကို ချဲ့ဖို့လိုတယ်။ အရေးကြီးဆုံးကတော့ ဥပမာ-တရုတ် ဘဏ်က မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်ပြီးတော့ မြန်မာနိုင်ငံမှာရောက်နေတဲ့ တရုတ်လူမျိုးများအတွက် ဘဏ်အကောင့် ဘဏ်ဝန်ဆောင်မှုဖွင့်ပေးရမယ်။ မြန်မာဘက်လည်း ဒီလိုပဲ။ မြန်မာတွေရဲ့ဘဏ်တွေကလည်း တရုတ်ပြည်ကို သွားပြီးတော့ ရုံးခွဲဖွင့်လှစ်သင့်တယ်။ ပြီးတော့ တရုတ်ပြည်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအားလုံးအတွက် ဘဏ်ဝန်ဆောင်မှုဆောင်ရွက်ပေးဖို့လိုတယ်။ ဒါက ဘာအကျိုးကျေးဇူးရှိလည်းဆိုတော့ ကျွန်တော်တို့ မသိတာ တစ်ချက်က ဥပမာ- ကျွန်တော်တို့ပြောနေကြတာဆိုရင် မြန်မာနိုင်ငံကို တရုတ်တွေအလုံးအရင်းနဲ့ဝင်လာတာတို့၊ ဥပမာ- မန္တလေးကိုဆိုရင် တရုတ်မြို့ဖြစ်နေပြီဆိုတာမျိုး အကြီးအကျယ်ပြောဖူးတယ်။ တစ်ဖက်မှာလည်း မသိ တာကဘာလဲဆိုရင် မြန်မာနိုင်ငံသားတွေကလည်း တရုတ်ပြည်မှာအမြောက်အများရှိတယ်ဗျ။ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကတည်းက ကျွန်တော်ရရှိခဲ့တဲ့အချက်အလက်အရ ဘာပြောလဲဆိုရင် တရုတ်နိုင်ငံမှာ လူဦးရေ အများဆုံး နိုင်ငံခြားသားတွေစာရင်းမှာ မြန်မာနိုင်ငံက အဆင့်(၄) မှာ ရှိနေတယ်။ ပထမက ဂျပန်၊ ဒုတိယက အမေရိကန်၊ တတိယက တောင်ကိုရီးယား၊ စတုတ္ထက မြန်မာ ဖြစ်တယ်။ အဲဒီမြန်မာတွေက ဘယ်နေရာတွေမှာ စုနေလဲဆိုရင် တရုတ်-မြန်မာနယ်စပ်တွေမှာ လုပ်ငန်းတွေလုပ်ကြတယ်။ စက်ရုံတွေ၊ ကုမ္ပဏီတွေမှာ လုပ်ကြ တယ်။ အဲဒီလိုမျိုး အလုပ်တွေလုပ်ကြပြီး ရလာတဲ့ငွေတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြန်မာပြည်က မိသားစုကို ပြန်ပို့ကြတယ်။ အဲဒီအချိန်မှာ ‌လိမ်ညာခံရတာ၊ ဝန်ဆောင်ခတွေ ထပ်ပေးလိုက်ရတာမျိုး၊ အဲဒီလိုဆုံးရှုံးမှုအချို့ တွေလည်း ရှိတယ်။ မြန်မာဘဏ်တွေသာ တရုတ်မှာ ရုံးခွဲတွေ၊ ဌာနခွဲတွေရှိမယ်။ သူတို့အတွက်လည်း ဘဏ် အကောင့်တွေ ဖွင့်ထားပေးနိုင်မယ်ဆိုရင် တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေက မြန်မာဘဏ် တွေကနေတဆင့် ကိုယ့်မြန်မာပြည်ကို တရားဝင် ငွေလွှဲလို့ရသွားပြီ။ အဲဒီအတွက် မြန်မာလုပ်သားတွေလည်း ငွေရေးကြေးရေး လုံခြုံမှုအတွက် အကျိုးရှိတာပေါ့ဗျာ။

မေး ။ ။ နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်-ကျပ် တိုက်ရိုက်လဲလှယ်တဲ့အခါ တချို့တွေပြောကြတာက မြန်မာပြည် မှာ တရုတ်ယွမ်ငွေက လွှမ်းမိုးမှုကြီးသွားတော့မယ်။ တစ်နည်းအားဖြင့် တရုတ်တွေရဲ့စီးပွားရေးက မြန်မာမှာ ဂုတ်သွေးစုပ်သလို ကြီးသွားတော့မယ်။ အဲဒီလိုမျိုးမြင်ကြတယ်။ ဥပမာ- တရုတ်ရဲ့လွှမ်းမိုးမှုကြီးသွားပြီးတော့ တရုတ်ကျွန်ဖြစ်တော့မယ်ဆိုတာမျိုး ပြောတာရှိတယ်။ အဲဒီသဘောထားကိုရော သဘောတူလား။ ဘယ်လိုပြော ချင်လည်းဗျ။
ဖြေ ။ ။ ဟုတ်ကဲ့။ ဒီကိစ္စကိုပြောမယ်ဆိုရင် မြန်မာလူထုတွေက အကျင့်တစ်ခုရှိတယ်။ ကျွန်တော်တို့တွေ တရုတ်အကြောင်းပြောလိုက်တိုင်း မြန်မာ-တရုတ်ဆိုတဲ့နေရာမှာ ရပ်ပြီးတော့ပဲ ကြည့်နေကြတယ်။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြီး ဘက်ပေါင်းစုံကကြည့်မယ်ဆိုရင် ပိုပြီးတော့မှန်ကန်မယ်လို့ ယူဆတယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ယှဉ်ပြီးကြည့်ရင် အခုက တရုတ်ယွမ်ကို စသုံးလာပြီဆိုတော့ မြန်မာက ပထမဆုံး တရုတ်နဲ့အခုလို ဆောင်ရွက်တဲ့နိုင်ငံလားဆိုတာ ပြန်စဉ်းစားရမယ်။ တကယ်တော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ကြည့်လိုက်ရင် ၂ဝ၂ဝ ပြည့်နှစ်အထိ တရုတ်နိုင်ငံနဲ့တိုက်ရိုက်ငွေရှင်းပြီး ကုန်သွယ်ရေးလုပ်နိုင်တဲ့နိုင်ငံ၊ နှစ်နိုင်ငံငွေကြေး လဲလှယ်မှုစာချုပ်ချုပ်ဆိုထားတဲ့နိုင်ငံက (၂၂) နိုင်ငံရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံက အဆင့်(၂၃) တောင် မရောက်သေးဘူး။ အဲဒီ(၂၂) နိုင်ငံကိုကြည့်လိုက်ရင် ဘယ်နိုင်ငံတွေက အသုံးများလည်းဆိုတော့ ပထမကတော့ စင်္ကာပူပေါ့။ ကျွန်တော်တို့နောက်ထပ် (၁ဝ) နှစ်၊ နှစ် (၂ဝ) မှာကျော်လွှားချင်တဲ့ပန်းတိုင်တစ်ခုဖြစ်တဲ့ စင်္ကာပူက တရုတ်ယွမ်ကိုအသုံးပြုတဲ့နိုင်ငံထဲမှာ ပမာဏအဖြစ် အများဆုံး(၁၂) ရာခိုင်နှုန်းလောက်တောင်ရှိတယ်။ နံပါတ် (၂) ချိတ်တာကတော့ UK ပေါ့။ နံပါတ်(၃) က ဂျပန်။ နံပါတ်(၄) က ဂျာမဏီ။ နံပါတ်(၅) က အမေရိကန်။ ဒီနိုင်ငံ တွေက တရုတ်ယွမ်ကိုအသုံးပြုပြီးတော့ တိုက်ရိုက်ကုန်သွယ်ရေးလုပ်ခွင့်ပေးထားတဲ့နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံ တွေက တရုတ်ကျွန်ဖြစ်သွားလား ပြန်ကြည့်ရင်မဖြစ်ပါဘူး။ အဲဒီနိုင်ငံတွေအားလုံးဟာ စီပွားရေးဖွံ့ဖြိုးတိုးတက် တဲ့နိုင်ငံတွေဖြစ်တယ်။ အဲဒီတော့ ယွမ်သုံးတာနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ကျွန် ဖြစ်တယ်/ မဖြစ်ဘူးဆိုတာက တကယ် တော့ ဘာမှမဆိုင်ပါဘူး။ အကယ်၍ ဒီလိုပြောကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ဒေါ်လာကိုအများဆုံး အသုံးပြု နေတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့က ဒေါ်လာရဲ့ကျွန်လား။ ကျွန်တော်တို့ဒေါ်လာသုံးပေမယ့် ဒေါ်လာရဲ့ ကျွန် မဟုတ်ဘူး။ ကိုယ့်နိုင်ငံဘဲပြောရရင် ကျွန်တော်တို့မြန်မာနိုင်ငံသားက မြန်မာကျပ်ငွေသုံးလို့ အစိုးရရဲ့ကျွန် လို့ပြောမှာလား။ ဒါမဟုတ်ပါဘူးနော်။ ပိုက်ဆံက ပိုက်ဆံပါပဲ။ ပိုက်ဆံက အသုံးပြုတဲ့ကိရိယာတစ်ခုပါပဲ။ အာဆီယံနဲ့နှိုင်းယှဉ်ပြီးပြောမယ်ဆိုရင်လည်း အာဆီယံနိုင်ငံထဲမှာလည်း တရုတ်နိုင်ငံနဲ့နှစ်နိုင်ငံငွေကြေး လဲလှယ် ခွင့် စာချုပ်ချုပ်ဆိုထားတဲ့နိုင်ငံက (၅) နိုင်ငံရှိသွားပါပြီ။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ လာအို အဲဒီ (၅) နိုင်ငံဖြစ်တယ်။ အာဆီယံ(၁ဝ) နိုင်ငံထဲမှာ တရုတ်နဲ့ ငွေကြေးလဲလှယ်ခွင့်စာချုပ်ချုပ်ဆိုထားတာ (၅) နိုင်ငံရှိသွား ပြီ။ အခုလည်း ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီစနစ်ကိုကျင့်သုံးနေပြီ။ ဒါပေမယ့် စာချုပ်မချုပ်ဆိုရသေးဘူး။ စာချုပ် ချုပ်ဆိုလိုက်မယ်ဆိုရင် အဆင့်(၆) မှာ ရောက်မှာဖြစ်တယ်။

မေး ။ ။ အဲဒီတော့ နားလည်အောင်ပြောရရင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်တဲ့အခါမှာ ကျွန်တော်တို့ဆီမှာ ကျပ်ငွေ ကိုကိုင်ပြီးတော့ တရုတ်ကလုပ်ငန်းရှင်တစ်ယောက်ကို ကျပ်ငွေနဲ့ပိုက်ဆံပေးချေလို့ ရသွားမယ့်သဘောပေါ့။ တရုတ်ဘက်ကပေးတဲ့ ယွမ်ငွေကိုလည်း မြန်မာနိုင်ငံမှာကိုင်ပြီး သုံးလို့ရမယ်။ အဲဒီသဘောမျိုးထိပြောလို့ရ မလား။ ဒါမှမဟုတ် လောလောဆယ် နယ်စပ်ကုန်သွယ်ရေးလွယ်ကူချောမွေ့ရေးဆိုတဲ့ခေါင်းစဉ်အောက်ကပဲ သွားတာလား။ နောက်တစ်ခုက ၂ဝ၁၉ ကတည်းက ဒီစာချုပ်ကိုချုပ်ခဲ့ကြဖို့သဘောထားရှိတယ်လို့ ပြောခဲ့ကြ တယ်။ ကြားထဲမှာ ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာကို ဆရာဘယ်လိုကြားမိလဲဗျ။
ဖြေ ။ ။ ဟုတ်ကဲ့ အရင်ပြောရမှာက ငွေအသုံးပြုတဲ့နေရာပေါ့။ အခုလောလောဆယ်ကတော့ ကုန်သွယ်ရေးမှာပဲ အဓိက အသုံးပြုဖို့ပေါ့။ မြန်မာနိုင်ငံနေရာတိုင်းမှာတော့ အသုံးပြုနိုင်ဖို့က မဖြစ်နိုင်သေးတဲ့ကိစ္စပေါ့။ မြန်မာကျပ်ငွေ ဆိုလည်း ပိုဆိုးတာပေါ့။ တူတူပါပဲ။ အဓိကကတော့ ကုန်သွယ်ရေးပိုင်းပေါ့။ ဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာ တော့ နှစ်ဖက်စဉ်းစားရမှာပေါ့။ တစ်ခုကတော့ ကုန်သွယ်ရေးကို ပိုမိုလွယ်ကူမြန်ဆန်စေဖို့ပေါ့။ နဂိုက တရားမဝင် လမ်းကြောင်းကနေ ငွေတွေလဲလှယ်ပြီး လဲပေးနေရတယ်ဆိုတော့ ကြန့်ကြာတာတစ်ခု၊ မလုံခြုံတာတစ်ခုပေါ့။ ဒီလိုတရားဝင်လမ်းကြောင်းရှိတော့ လွယ်ကူမြန်ဆန်တာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့က အမေရိကန် ဒေါ်လာကို အရမ်းအားကိုးနေကြတာ။ အဲဒါကိုလျော့ချရမယ်လို့ နိုင်ငံတိုင်းရဲ့မဟာဗျူဟာအရ စဉ်းစားရမယ့်ကိစ္စ တစ်ခုဖြစ်နေတာပေါ့။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က ဘယ်နိုင်ငံမဆိုနောက်ထပ်နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးတစ်ခုကိုအရမ်းမှီခိုသွားတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ကုန်သွယ်ရေး၊ စီးပွားရေးဟာ မလုံခြုံတဲ့အနေ အထားထဲမှာ ရောက်နေတယ်ဗျ။ ဥပမာ- ဒီနှစ်ထဲမှာ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ် ဖြစ်လာတဲ့အချိန်မှာ ဒီဒေါ်လာနဲ့ မြန်မာကျပ်ငွေရဲ့ လဲလှယ်မှုဈးနှုန်းက အကြီးအကျယ်ပြောင်းလဲမှုတွေ ရှိခဲ့တယ်။ အဲဒီလိုဖြစ်သွားတဲ့အချိန်မှာ လက်တွေ့မှာ ပြည်သူတွေ ပိုပြီးတော့ ဒုက္ခရောက်ကြရတယ်။ အကယ်၍သာ ကုန်သွယ်မှုမှာ ဒေါ်လာကို အရမ်းအားမကိုးဘဲ တရုတ်ယွမ်နဲ့လုပ်နေတယ်ဆိုရင် ဒေါ်လာနဲ့ မြန်မာကျပ်ငွေရဲ့ ပြောင်းလဲမှုဒဏ်ကို လျော့ချနိုင်မှာ ဖြစ်တယ်။

မေး ။ ။ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းစဉ်မှာ အရေးကြီးတာက ယုံကြည်မှုပေါ့။ အခုလို ကျပ်နဲ့ ယွမ် တိုက်ရိုက် ကုန်သွယ်ခွင့်လုပ်လိုက်တဲ့အတွက် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ယုံကြည်မှုက ပိုပြီးတော့ ခိုင်ခိုင် မာမာရသွားတယ်လို့ ပြောလို့ရမလား။ သာမာန်လုပ်ရိုးလုပ်စဉ်ကနေ ပုံစံပြောင်းသွားတဲ့အတွက် ယုံကြည်မှု ပိုကောင်းလာမယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ ဟုတ်ကဲ့။ နံပါတ်(၁) အချက်ကတော့ ယုံကြည်မှုပိုမြင့်လာမယ်လို့ ပြောလို့ရတာပေါ့။ ဒါကတော့ သေချာပါတယ်။ ဘာကြောင့်လည်းဆိုတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးက လက်တွေ့မှာ ကျွန်တော် တို့ထင်သလိုမဟုတ်ဘူး။ ရုပ်ရှင်တွေကြည့်တဲ့အတိုင်း ကုမ္ပဏီကြီးတွေကနေ စနစ်တကျလုပ်နေတာမဟုတ်ဘူး ဗျ။ လက်တွေ့မှာက နှစ်ဦးနှစ်ဖက် ရိုးရိုးသားသားပဲယုံကြည်မှုနဲ့လုပ်နေကြတာ။ ဆိုလိုတာကဘယ်လိုလည်းဆို တော့ ငွေလဲလှယ်မှုစနစ်တွေ တရားဝင်မရှိတဲ့အတွက် နှစ်ဦးနှစ်ဖက်ကယုံကြည်မှုနဲ့ပဲလုပ်နေရတာ။ ဘယ်လောက်အထိ ယုံကြည်ကြလဲဆိုရင် များသောအားဖြင့်က စာချုပ်တောင်မရှိကြဘူး။ ငွေလဲလှယ်မှုတွေ တရားဝင်မရှိတဲ့အတွက် ဘဏ်အကောင့်တွေ ကုမ္ပဏီနံမည်တွေလည်း မရှိကြဘူး။ အဲဒီတော့ ကိုယ့်ဘက်က ပစ္စည်းတွေကိုယုံကြည်မှုနဲ့ပို့လိုက်တယ်။ ဟိုဘက်ကလည်းငွေကို သူ့နည်းသူ့ဟန်နဲ့ပဲ လွှပေးလိုက်တာပေါ့။ အဲဒီ လိုတွေလုပ်လိုက်တော့ ကြားထဲမှာလိမ်လည်မှုတွေလည်းဖြစ်ပေါ်လာတာပေါ့။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံ တိုင်းမှာ အကျင့်စာရိတ္တပျက်ပြားသူ၊ ဥပဒေစည်းမျဉ်းကိုချိုးဖောက်တဲ့လူတွေကတော့ ထုံးစံအတိုင်း နိုင်ငံတိုင်းမှာ ရှိပါတယ်။ အဲဒါကြောင့် နယ်စပ်ကုန်သွယ်ရေးမှာလိမ်လည်မှုတွေ မကြာခဏဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက သတင်းတွေထွက်လာတဲ့အခါမှာ ပြည်သူတွေက အမြင်တွေစောင်းကုန်ကြတာဖြစ်ပါ တယ်။ အကယ်၍ တရားဝင်လမ်းကြောင်းကနေသွားတဲ့အခါမှာ ကိန်းဂဏန်းအတိအကျသိရတဲ့အတွက် နှစ်ဦး နှစ်ဖက်အပြန်အလှန် အာမခံမှုပေးနိုင်ကြတာပေါ့။ အာမခံမှုပေးနိုင်တဲ့အတွက် ပိုပြီးတော့ ယုံကြည်စိတ်ချရတာ ပေါ့။ စဉ်းစားရမှာက ယခင်က တရားဝင်လမ်းကြောင်းတွေ၊ စနစ်တွေ မတည်ဆောက်နိုင်ခင်ကတည်းက တရုတ် နဲ့မြန်မာ ကုန်သွယ်ရေးက အရေးကြီးတဲ့ကုန်သွယ်ဖက်နိုင်ငံဖြစ်နေပြီ။ အခုလိုတရားဝင်လုပ်လိုက်တဲ့အတွက် နှစ်နိုင်ငံကုန်သွယ်ရေးက ပိုပြီးတော့ တိုးတက်လာဖို့ပဲ ရှိတာပေါ့။

မေး ။ ။ နောက်တစ်ခုက ယွမ်-ကျပ် တိုက်ရိုက်ကုန်သွယ်တဲ့ကိစ္စမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေ ရဲ့စဉ်းစားပုံ၊ စဉ်းစားနည်းတွေက ဘယ်လိုရှိမလဲ။ ဆိုလိုတာက သူတို့တွေဟာ နှစ်နိုင်ငံရဲ့ဆက်ဆံရေးကြားမှာ ဒေါ်လာရဲ့လွှမ်းမိုးမှုကိုဖယ်ရှားချင်နေပြီလား။ အလွယ်ပြောရရင် ချစ်သူနှစ်ဦးကြားမှာ အလွှာပါးလေးမခြား အောင် လုပ်တဲ့သဘောလား။ ဒါမှမဟုတ် ဘာရည်ရွယ်ချက်တွေနဲ့လုပ်တယ်လို့ ပြောလို့ရလဲ။
ဖြေ ။ ။ ဒီလိုလုပ်တာကတော့ အင်မတန်ရိုးရှင်းတဲ့ဆန္ဒပါပဲ။ ဘယ်လိုရိုးရှင်းလည်းဆိုတော့ နံပါတ်တစ်အချက် အနေနဲ့ မှန်ပါတယ်။ ဒေါ်လာတွေရဲ့လွှမ်းမိုးမှုကို လျော့ချချင်တယ်။ ဘာကြောင့်လည်းဆိုတော့ တရုတ်ဖြစ်စေ၊ မြန်မာဖြစ် စေ၊ ဒေါ်လာတွေကိုရမ်းမှီခိုတဲ့အခါမှာ ဒေါ်လာအပြောင်းအလဲတွေ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့နိုင်ငံ ရဲ့ စီးပွားရေးကိုကြီးမားတဲ့သက်ရောက်မှုတွေဖြစ်စေတယ်။ ဥပမာအားဖြင့် ကမ္ဘာ့သမိုင်းတိုးတက်လာပုံကိုပြန် ကြည့်ရင် ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံတကာစနစ်ဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို ဗဟိုပြုတဲ့ နိုင်ငံတကာစနစ် ဆိုပြီးတော့ ဖြစ်ပေါ်လာတယ်။ အဲဒီကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကလည်း အမေရိကန်ရဲ့နယူးယောက်မြို့မှာရှိတယ်။ အဲဒီတော့ နိုင်ငံတကာစနစ်မှာ အမေရိကန်နိုင်ငံက ဦးဆောင်တာမျိုးဖြစ်လာတယ်။ ဒါကတစ်ချက်ပေါ့။ နောက်ထပ် နံပါတ်နှစ်အချက်က ဘာလဲဆိုရင် ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ဒေါ်လာကိုအသုံးပြုတဲ့ ကုန်သွယ်ရေးစနစ်လည်း ဖြစ်ပေါ်လာတယ်။ ဒီအချက်(၂)ချက်ကြောင့် ကမ္ဘာ့ကုလသမဂ္ဂနဲ့ အမေရိကန်ဒေါ်လာ ကြောင့် အမေရိကန်ဟာ ကမ္ဘာ့အင်အားအကြီးဆုံး၊ အတိုးတက်ဆုံး၊ ဩဇာအရှိဆုံးနိုင်ငံဖြစ်လာတယ်။ ကျွန်တော် တို့အစပိုင်းမှာ အမေရိကန်ဒေါ်လာကိုအသုံးပြုတာက လွယ်ကူချောမွေ့ပါတယ်။ ဘာကြောင့်လည်းဆိုရင် အမေရိကန်ဒေါ်လာက တခြားနိုင်ငံထက်စာရင် ပိုပြီးတော့ တည်ငြိမ်တယ်။ ဥပမာ- ကျွန်တော်တို့မသိတဲ့နိုင်ငံ တစ်နိုင်ငံရဲ့ငွေကြေးတွေထက်စာရင် အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာစနစ်နဲ့ ခိုင်မှာတဲ့စီးပွားရေး အဆောက် အအုံရှိတဲ့အတွက် အားလုံးအသုံးပြုခဲ့ကြတယ်။ ကျွန်တော်တို့အတွက် အကျိုးရှိခဲ့ကြတယ်။ ဒါပေမယ့် ခေတ် ကာလတွေပြောင်းလာတဲ့အချိန်မှာ ကျွန်တော်တို့ မခန့်မှန်းနိုင်တဲ့အခြေအနေတွေဖြစ်လာတတ်တယ်။ ဥပမာ- အမေရိကန်လိုနိုင်ငံမျိုးမှာလည်း စီးပွားရေးအကြပ်အတည်းဆိုတာ ဖြစ်တတ်တယ်ဗျ။ သူ့လို စီးပွားရေးဖြစ်ဖြစ်၊ နည်းပညာဖြစ်ဖြစ် ထိပ်တန်းနိုင်ငံတစ်ခုကလည်း သူ့ပြည်တွင်းမှာ စီးပွားရေးအကြပ်အတည်းဖြစ်တတ်တယ်။ ဥပမာ- ၂ဝဝ၈ ခုနှစ်က အမေရိကန်နိုင်ငံရဲ့ပြည်တွင်းမှာ စီးပွားရေးအကြပ်အတည်းဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ အမေရိကန်က ဘယ်လိုဖြေရှင်းလဲဆိုတော့ ဒေါ်လာတွေကိုပိုပြီးတော့ ပုံနှိပ်ထုတ်လိုက်တယ်။ အဲဒီလိုအစုလိုက် အပြုံလိုက်တိုးပြီးတော့ ထုတ်လိုက်တဲ့အတွက် သူ့ရဲ့ပြည်တွင်းစီးပွားရေးအကြပ်အတည်းကို ဖြေလျော့ပေးလိုက် တယ်။ အဲဒီလိုဖြေလျော့လိုက်တာနဲ့တပြိုင်တည်း ဒေါ်လာတွေက တန်ဖိုးကျသွားတယ်။ ဒေါ်လာငွေဈေးကျတဲ့ အတွက် ဒီဒေါ်လာနဲ့ ကုန်သွယ်ရေးလုပ်နေတဲ့နိုင်ငံ တော်တော်များများမှာ ကြီးမားတဲ့သက်ရောက်မှုတွေဖြစ် ခဲ့ဖူးတယ်။ အဲဒါကြောင့် နိုင်ငံတိုင်းက ဒေါ်လာဆိုတဲ့ တစ်ခုတည်းသော နိုင်ငံတကာငွေကြေးတစ်ခုတည်းအပေါ် မှီခိုမှုကို လျော့ချချင်တယ်။ အဲဒီအချိန်မှာပဲ ဥရောပနိုင်ငံတွေကလည်း ဥရောပသမဂ္ဂကို တည်ထောင်ခဲ့တယ်။ အဲဒီဥရောပသမဂ္ဂကလည်း တဆင့်ချင်းတိုးတက်လာတဲ့အချိန်မှာ ယူရိုငွေဆိုပြီး ထုတ်ဝေနိုင်ခဲ့တယ်။ အဲဒီတော့ ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးနီးပါးဟာ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေဖြစ်တယ်။ အဲဒီလိုနိုင်ငံတွေ စုပေါင်းပြီး ထုတ်ဝေလိုက်တဲ့ယူရိုငွေကလည်း ခိုင်မာပြီး ယုံကြည်လို့ရတယ်လို့ နိုင်ငံတော်တော်များများက ယူဆ ကြတယ်။ အဲဒါကြောင့်လည်း အမေရိကန်ဒေါ်လာတစ်ခုတည်းကိုပဲ အားမကိုးတော့ဘဲနဲ့ တချို့နိုင်ငံတွေက ယူရို ငွေကို ကုန်သွယ်ရေးမှာ အသုံးပြုလာကြတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဘာတွေ့လည်းဆိုတော့ ကျောက်မျက်ရတနာပြပွဲတိုင်းမှာ အစပိုင်းတော့ အမေရိကန်ဒေါ်လာကိုပဲအသုံးပြုကြတယ်။ ဒီနောက်ပိုင်းမှာ တော့ ယူရိုငွေကိုပါအသုံးပြုလာကြတာတွေ့ရတယ်။ အဲဒီလိုပဲ ဖိအားတွေကိုလျော့ချချင်တဲ့အတွက်ပေါ့။ နှစ်နိုင်ငံ စလုံးကလည်း ဒီလိုလိုအပ်ချက်ရှိတယ်။ အဲဒီတော့ မြန်မာအတွက်ဖြစ်စေ၊ တရုတ်အတွက်ဖြစ်စေ နံပါတ်တစ် ကတော့ ဒေါ်လာငွေဈေးရဲ့ပြောင်းလဲချက်ကြောင့် ကိုယ့်နိုင်ငံရဲ့ကုန်သွယ်ရေးပေါ်မှာ ဖြစ်စေနိုင်တဲ့သက်ရောက် မှုကိုလျော့ချချင်လို့၊ ဒုတိယအချက်ကတော့ နှစ်နိုင်ငံနဲ့ပဲ တိုက်ရိုက်ဆိုင်တယ်။ ကျွန်တော်တို့ ဒီလိုလုပ်ခြင်း အားဖြင့် နှစ်နိုင်ငံရဲ့ကုန်သွယ်ရေးက လွယ်ကူလျင်မြန် ချောမွေ့စေတယ်။

မေး ။ ။ ယွမ်နဲ့ကျပ်နဲ့တိုက်ရိုက်အသုံးပြုဖို့အတွက်ကို တရုတ်ခေါင်းဆောင်တွေက ပိုပြီး အလိုရှိနေတယ်လို့ ယူဆလား။ ဒါမှမဟုတ် မြန်မာခေါင်းဆောင်တွေကိုက အရမ်းကိုတက်တက်ကြွကြွရှိနေလို့လား။ ဘယ်ဘက်က ပိုပြီးတက်ကြွနေတယ်လို့ မြင်မိ၊ ထင်မိလဲဗျ။
ဖြေ ။ ။ ခေါင်းဆောင်တွေရဲ့စိတ်နေစိတ်ထားကိုလဲ ကျွန်တော်က မသိဘူး။ ဒါပေမယ့် ကျွန်တော်က ဘယ်လို ပြောရမလည်းဆိုတော့ နှစ်နိုင်ငံရဲ့စီးပွာရေးအခြေအနေတွေ (သို့မဟုတ်) မဟာဗျူဟာတွေကို ပြန်လေ့လာ ကြည့်ရင် ကျွန်တော်တို့အကဲခတ်နိုင်မယ်လို့တော့ ထင်ပါတယ်။ လောလောဆယ်မြန်မာနိုင်ငံအနေနဲ့ ကျွန်တော် ပြောရမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံကို နိမ့်ချတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှု အားနည်းနေသေးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဆိုတော့ နိုင်ငံတကာကုန်သွယ်ရေးပြိုင်ပွဲကြီးမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံခေါင်းဆောင်တွေကလည်း အရမ်းကြီး ရည်မှန်းချက်တွေ မထားထားဘူးလို့တော့ထင်တယ်။ ကျွန်တော်ထင်တာ နိုင်ငံတကာကုန်သွယ်ရေးမှာ လွယ်ကူချောမွေ့ပြီးတော့ တစ်ဆင့်ချင်းတစ်ဆင့်တိုးတက်လာ ဖို့ဆိုရင် မြန်မာတွေကျေနပ်နေပြီလို့ထင်တယ်။ ဒါက မြန်မာဘက်ကပေါ့နော်။ တရုတ်ဖက်ကနေ ပြန်စဉ်းစား မယ်ဆိုရင်လည်း တရုတ်ဘက်က ဒါကို ပိုလိုလားမယ်လို့တော့ထင်တယ်။ ဘာလို့ဆိုတော့ တရုတ်နိုင်ငံဟာ စီးပွားရေးအရဆို ကမ္ဘာအဆင့်(၂)ကိုရောက်နေပြီ။ တရုတ်အစိုးရကတော့ ကမ္ဘာပေါ်မှာ ဗိုလ်မလုပ်ဘူးဆိုတာ တရားဝင်ပြောခဲ့ပေမယ့်ပေါ့နော်… အနောက်နိုင်ငံတွေက ပြောကြတာရှိတယ်လေ တရုတ်က အမေရိကန်နဲ့ ယှဉ်ပြိုင်နေတယ်။ တရုတ်က ဆန္ဒရှိ/ မရှိတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့်လက်တွေ့မှာ ပြိုင်ဆိုင်မှုဖြစ်နေ တာတော့ အားလုံးတွေ့မြင်နေကြတာပဲ။ တရုတ်နဲ့အမေရိကန်က စီးပွားရေးဖက်မှာလည်း ပြိုင်ဆိုင်မှုတွေဖြစ်နေ တယ်။ ဒါကြောင့် ဒေါ်လာရဲ့သက်ရောက်မှုကိုလျှော့ချဖို့ကို တရုတ်က ပိုလိုလားမယ်လို့ထင်တယ်။ နောက်တစ်ခု က ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ ဒီစကားလုံးကို သိပ်မစိမ်းဘူးလို့ထင်တယ်။ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း(BRI) ဒီကိစ္စကို တရုတ်ရဲ့အဲဒီပေါ်လစီကို ကျွန်တော်ရှင်းပြရမယ်ဆိုရင် တကယ်စတာက ဘယ်လိုလည်းဆိုတော့ ၂ဝ၁၂ ခုနှစ်မှာ အမေရိကန်ကနေပြီးတော့ အာရှကို ခေါင်းပြန်လှည့်တယ်ဆိုပြီးတော့ ပေါ်လစီတစ်ခုချမှတ်လိုက် တယ်။ (Return To Asia Pacific) ပေါ့နော်။ ဒီလိုပေါ်လစီချမှတ်လိုက်တဲ့အချိန်မှာ တရုတ်နိုင်ငံကို အရှေ့ဘက် ကနေပြီးတော့ ပိတ်ဆို့ယှဉ်ပြိုင်မှုတွေလုပ်လာတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ကြည့်ရမယ်ဆိုရင် အိန္ဒိယ ကလည်း သူကလည်း အရှေ့ကိုချီတက်ပေါ့နော်။ အိန္ဒိယက အရှေ့ကိုချီတက်တော့ မြန်မာတွေက တရုတ်ဘက်၊ ဂျပန်ဘက်ကို ချီတက်လာတယ်။ အဲဒီလိုပေါ်လစီကြားမှာ တရုတ်ကနေပြီးတော့ BRI ဆိုတာလေး စပြီးတော့ ထွက်လာတယ်။ သူကဘာလဲဆိုတော့ ခင်ဗျားတို့အရှေ့ကနေလာတယ်။ အဲဒီတော့ ကျွန်တော်အရှေ့က ထိုးဖောက်လို့မရဘူး။ အဲဒါကြောင့် အရှေ့ကို မထိုးဖောက်ဘူး။ ကျွန်တော်အနောက်ဖက်ကို လှည့်မယ်ပေါ့နော်။ အဲဒီတော့ တရုတ်နိုင်ငံကနေပြီးတော့ အနောက်ဖက်ကို လှည့်သွားတယ်။ အရှေ့ကနေပဲသွားစရာမလိုတော့ဘူး။ အနောက်ကနေသွားမယ်။ အဲဒီတော့ တရုတ်နိုင်ငံငံကနေပြီးတော့ ဒီအာဆီယံနိုင်ငံတွေကိုတင်းသွားမယ် ရုရှား တို့၊ ပါကစ္စတန်တို့ကိုဖြတ်ပြီးတော့ ဥရောပအထိကိုသွားမယ်။ အဲဒီလိုအနောက်ကိုလှည့်ခြင်းအားဖြင့် သူရဲ့ နောက်ကွယ်က စီးပွားရေးအတွေးအခေါ်က ဘာလဲဆိုတော့ ရည်းမှန်းချက်(၃)ခုရှိတယ်လို့ ထင်တယ်။ ပထမတစ်ခုက တရုတ်က စက်မှုအခြေခံဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်နေပြီ။ အထူးသဖြင့် ဆောက်လုပ်ရေး ကုန်ကြမ်းတွေ အခိုင်အမာတစ်ခုရှိနေပြီ။ အဲဒါတွေကို တရုတ်ပြည်ထဲမှာတောင် သုံးလို့မကုန်တော့ဘူး။ ဒီကုန်ကြမ်းတွေကိုလည်း ပြည်ပကိုထပ်တင်ဖို့လိုတယ်။ အလွယ်ဆုံးပြောရရင် သံမဏီ(Steel) ပေါ့။ ဆောက်လုပ် ရေးသုံး(Steel) တွေက တရုတ်နိုင်ငံမှာ အရမ်းအပိုအလျှံဖြစ်နေပြီ။ အဲဒါတွေကလည်း နိုင်ငံတကာကို ရောက်နေ ရမယ်။ ဒါက BRI ထဲက ရည်မှန်းချက်တစ်ခုဖြစ်တယ်။ နောက်ဒုတိယတစ်ခုက ဘာလဲဆိုတော့ ယွမ်ငွေ ပဲ။ တရုတ်ယွမ်ကလည်း ကမ္ဘာ့အနှံ့ရောက်ရမယ်။ BRI ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် တရုတ်ယွမ်က လည်း နိုင်ငံတကာကိုရောက်စေရမယ်။ နောက်တတိယတစ်ချက်ကတော့ စစ်ရေးပိုင်းဖြစ်သွားပြီပေါ့။ တရုတ်ရဲ့ ပင်လယ်ရေတပ်ပေါ့။ ရေတပ်ကလည်း ကမ္ဘာပေါ်က ကြိုက်တဲ့နိုင်ငံကိုရောက်နိုင်ရမယ်။ ဒါကတော့ စစ်ရေးနဲ့ ဆိုင်သွားပြီပေါ့။ ကျွန်တော်တို့စီးပွားရေးနဲ့ သိပ်တော့မဆိုင်ဘူး။ အဲဒီတော့ ရှေ့နှစ်ချက်ကိုပဲပြောရမယ်။ အဓိက ကတော့ တရုတ်ပြည်တွင်းက စတီး(Steel) တွေကို နိုင်ငံတကာရဲ့နေရာတိုင်းကို ရောက်နိုင်တဲ့အချိန်မှာ တရုတ်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရမ်းအရေးပါတဲ့အချက်ပေါ့။ ဒုတိယအချက်ကတော့ တရုတ်ယွမ် ငွေက နိုင်ငံတကာကိုရောက်မယ်ဆိုရင် စီးပွားရေးကို ပိုပြီးတော့တိုးတက်စေမယ်။ ဆိုလိုတာကဗျာ တရုတ် ဘက်က ကျွန်တော်ပြောရရင် ကိုယ့်နိုင်ငံကိုကိုယ် တကယ်အားမရဘူး။ တရုတ်ဘက်က စီးပွားရေးပိုင်းမှာပိုပြီး တော့ စနစ်ကျတဲ့၊ ရှင်းလင်းတဲ့ရည်မှန်းချက်နဲ့ ဗျူဟာတွေရှိတယ်။ ကျွန်တော်တို့မြန်မာဘက်မှာတော့ ဒီအချက်တွေ အားနည်းနေသေးတယ်လို့ ကျွန်တော်ထင်တယ်ဗျ။

မေး ။ ။ တရုတ်ယွမ်နဲ့ မြန်မာကျပ်ငွေရဲ့ အနာဂတ်အလားအလာက မြန်မာနိုင်ငံကုန်သွယ်မှုတင်မကဘဲ မြန်မာ နိုင်ငံရဲ့ရင်နှီးမြုပ်နှံမှုကဏ္ဍတွေအထိပါ စိမ့်ဝင်သွားနိုင်ခြေရှိလား။ နောက်ပြီးတော့ တရုတ်က မြန်မာနိုင်ငံမှာ (Investment) တွေ လာလုပ်တာရှိတယ်။ ပြောချင်တာကတော့ မြန်မာကတော့ တရုတ်မှာ သွားမလုပ်နိုင်ဘူး။ အဲဒီတော့ မြန်မာမှာ တရုတ်က လာလုပ်မယ့် (Investment Project) တွေအထိပါ စိမ့်ဝင်လာနိုင်ခြေရှိလား။
ဖြေ ။ ။ စိမ့်ဝင်လာနိုင်ခြေရှိလား ဆိုတာကတော့ သိပ်မဟုတ်ဘူး။ သက်ရောက်မှုတော့ဖြစ်လာမှာပဲ။ ပထဆုံး ကတော့ ကုန်သွယ်ရေးပေါ့နော်။ အဓိက အရေးကြီးဆုံးက ဘာလည်းဆိုတော့ ကျွန်တော်တို့က မြန်မာကနေပြီး တော့ ဒီကိစ္စကို အဲဒီလိုမသင်္ကာစိတ်နဲ့ပဲကြည့်နေဖို့ ကျွန်တော် အားမပေးချင်ဘူးဗျ။ ဒါကတော့ စီးပွားရေး သဘောအရ လုပ်ဆောင်တာပဲဖြစ်တယ်။ ဆိုလိုတာက စီးပွားရေးဆိုတာ နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိတဲ့ ကိစ္စတွေ ပါ။ ကျွန်တော်တို့ဘယ်လိုပဲပြောပြော တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ကုန်သွယ်ရေးဖက်ဖြစ်နေ တယ်။ နှစ်ပေါင်းများစွာရှိပြီ။ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုနိုင်ငံလည်းဖြစ်တယ်။ ဒါလည်း နှစ်ပေါင်း များစွာ ရှိနေပြီပေါ့။ ကျွန်တော်တို့မယုံကြည်ဘူးတို့ စသဖြင့် ပြောနေပေမယ့် ဒီအခြေအနေက ပြောင်းလဲမသွား ဘူး။ လက်တွေ့မှာ ပြောင်းလဲမသွားဘူး။ ဘာကြောင့်လဲဆိုတော့ လက်တွေ့မှာနှစ်နိုင်ငံစလုံးရဲ့အခုလို ဆက်ဆံ ရေးဟာ အကျိုးပြုနေတဲ့အတွက်ဖြစ်တယ်။ အဲဒီတော့ တရုတ်ရဲ့ငွေကြေးဟာ မြန်မာနိုင်ငံရဲ့ရင်နှီးမြုပ်နှံမှုထဲကို စိမ့်ဝင်လာမလားဆိုတာကို မတွေးဘဲနဲ့ ကျွန်တော်တို့စဉ်စားရမှာက တရုတ်-မြန်မာစီးပွားရေးမှာ ယွမ်ကို အသုံးပြု နိုင်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်လုံးအကျိုးဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့အခြေခံအားဖြင့်မြင်ထားရင် အဆင်ပြေပြီလို့ ကျွန်တော်ထင်တယ်ဗျ။

မေး ။ ။ ကျွန်တော်ဆိုလိုတာက တရုတ်က မြန်မာနိုင်ငံမှာ (Investment) လုပ်မယ့်ကဏ္ဍတွေ အများကြီးရှိ တယ်။ ဥပမာ- တရုတ်-မြန်မာနယ်စပ်မှာ ကုန်သွယ်ရေးဇုန်တွေ၊ စီးပွားဇုန်တစ်ခု လုပ်ဖို့ရှိတယ်ကြားတယ်။ အဲဒီ ကနေမှ ကျွန်တော်တို့ မူဆယ်ကနေ တောက်လျှောက်ပေါ့ ကျောက်ဖြူအထိကို ရထားလမ်း၊ ကားလမ်း၊ အဝေးပြေးလမ်းတွေဆွဲဖို့အထိ ပြင်ဆင်ထားတယ်။ ကျောက်ဖြူ စီးပွားရေးစီမံကိန်းတွေလည်း ရှိတယ်။ အဲဒီလိုပဲ အခြားတော့ (Investment) တွေရှိတယ်။ ပြောချင်တာက တရုတ်က နယ်စပ်ကုန်သွယ်ဘက်မှ ဒီဘက်မြန်မာ နိုင်ငံရဲ့ပင်လယ်ထွက်ပေါက်အထိကို လမ်းဖောက်ထွက်လာမလားပေါ့။
ဖြေ ။ ။ ဟုတ်ကဲ့။ ဒီမေးခွန်းကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပေါ့နော်။ ကျွန်တော်တို့ မြန်မာပြည်သူလူထုအနေနဲ့လည်း ပိုပြီးတော့ တရုတ်နိုင်ငံရဲ့ ဒီလိုစီးပွားရေးခြေလှမ်းဟာ မြန်မာတွေအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိမလဲဆိုတဲ့အရာလေးပေါ့။ ကျွန်တော်တို့ပြန်လေ့လာသုံးသပ်ဖို့လိုတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ ငွေကြေးတစ်ခုတည်းကိုကြည့်ပြီးတော့ ဒီငွေကြေးမှာပဲ ဒီနယ်စပ်ကုန်သွယ်ရေးမှာပဲ ရပ် နေတာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတစ်ခုလုံးကိုပြန်ခြုံပြီးတော့ ကြည့်သင့်တယ်လို့ ယူဆ တယ်။ အခုက ကျွန်တော်တို့ တစ်ဆင့်ချင်းစီပြန်စဉ်းစားကြည့်မယ်ဆိုရင် ပထဆုံးအနေနဲ့ ယွမ်ကို တိုက်ရိုက်သုံး ခြင်းအားဖြင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို တိုက်ရိုက်အကျိုးကျေးဇူးဖြစ်စေတယ်ပေါ့နော်။ နောက်တစ် ခုက ဘာလည်းဆိုတော့ ကျွန်တော်တို့ဆရာပြောသလိုပေါ့ ဒီနယ်စပ်မှာ နှစ်နိုင်ငံ စီးပွားရေး၊ပူးပေါင်းရေးဇုန်ဆိုတဲ့ စီးပွားရေး Project ကြီးတစ်ခု တည်ဆောက်ဖို့ရှိတယ်။ လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ အခက်အခဲတော့ နည်းနည်းရှိနေသေးတယ်။ နှစ်နိုင်ငံလုံးကြိုးစားနေတယ်။ ဖြေရှင်းနေတယ်။ အဲဒီ စီးပွားရေးဇုန်ကြီး တည်ဆောက် လာနိုင်ဖို့အတွက် ဒီလို ယွမ်ငွေ အသုံးပြုမှုကလည်း အကျိုးကျေးဇူးဖြစ်စေတာပေါ့နော်။ ကျွန်တော်တို့ ဒီစီးပွားရေး ဇုန်ကိစ္စပြောတဲ့အချိန်မှာ ဘာထပ်စဉ်းစားရမလဲဆိုတော့ မြန်မာပြည်သူလူထုတွေက အဲဒီလို Project လေး ကြားလိုက်တာနဲ့ ကျွန်တော်တို့က ကြောက်နေကြတယ်။ မသင်္ကာတဲ့စိတ်တွေ ဖြစ်နေကြတယ်။ အဲဒီတော့ ကျွန်တော်က ဒီစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး နည်းနည်းလေးရှင်းပြချင်တယ်။ အဲဒီလိုဇုန်ကြီးဆောက်ပြီးတော့ စက်ရုံတွေဆောက်တာ ဘယ်လိုအကျိုးကျေးဇူးရှိလဲ။ ပြီးတော့ ဒီကိစ္စကနေ ကျောက်ဖြူအထိ ဘယ်လို ပတ်သက် သွားလဲဆိုတာလေးပေါ့။ ကျွန်တော်တို့တရုတ်ဟာ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးမှာ အရေးပါဆုံးနိုင်ငံဖြစ် တယ်။ ဒါပေမယ့် ကျွန်တော်အရင်လည်းအရင်က ပြောဖူးပါတယ်။ တရုတ်ဖက်ကနေကြည့်မယ်ဆိုရင်တော့ မြန်မာနဲ့ကုန်သွယ်ရေးက အင်မတန်နိမ့်ကျတဲ့ကုန်သွယ်ရေးအနေအထားတစ်ခုမှာ ရှိနေတယ်။ ဟုတ်ပြီ။ အဲဒီ တော့ ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာ ကျွန်တော်တို့ တရုတ်ရဲ့စုစုပေါင်းကုန်သွယ်မှုပမာဏကို ကြည့်လိုက်မယ်။ ဘယ်လောက်ရှိလဲဆိုတော့ အမေရိကန်ဒေါ်လာ ဘီလျံ (၅ဝဝဝ) ရှိတယ်။ တရုတ်-မြန်မာကတော့ (၂)ဘီလျံ လောက်ပဲ ရှိတယ်။ အဲဒီတော့ မြန်မာက ဘယ်လောက်ပဲပါဝင်နေတယ်ဆိုတာ ကျွန်တော်တို့ တွက်ချက်လို့ ရတယ်။ တရုတ်ရဲ့ကုန်သွယ်မှုနဲ့ ကုန်ထုတ်မှုအပါအဝင် အဲဒီဘီလျံ(၅ဝဝဝ) ဟာ ဘယ်ကနေသွားလဲဆိုတော့ မလက္ကာရေလက်ကြားကိုဖြတ်ရတယ်။ မလက္ကာရေလက်ကြားကို ဒီဘီလျံ(၅ဝဝဝ) ထဲက (၇ဝ) ရာခိုင်နှုန်း ဝန်းကျင်လောက်က မလက္ကာရေလက်ကြားဖြတ်သွားရပြီးတော့ ဒီအာဆီယံနဲ့ ဥရောပတို့ အခြားနိုင်ငံတွေကို အကုန်လုံးရောက်သွားကြတာပေါ့နော်။ မလက္ကာရေလက်ကြားဖြတ်သွားရဆိုတာ ဘာကိုဆိုလိုတာလဲဆိုတော့ စင်ကာပူကို အခွန်ဆောင်ရတယ်ဆိုတဲ့ သဘောပဲ။ အဲဒီတော့ စင်ကာပူက ဘာမှလုပ်စရာမလိုဘဲနဲ့ တရုတ်ကုန် တွေရောက်ရှိလာတဲ့အတွက် တရုတ်ကုန်တွေကနေ အခွန်ကောက်တာနဲ့တင်ကို သူတို့စင်ကာပူနိုင်ငံက ကြီးပွား ချမ်းသာနေတာဗျ။ ဟုတ်ပြီ။ ကျွန်တော်တို့စောစောကပြောသလိုပဲ တရုတ်-မြန်မာကုန်သွယ်ရေးက (၂)ဘီလျံ လောက်ပဲရှိတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မြန်မာဘက်မှာက ကုန်ကြမ်းတွေ ထုတ်လုပ်နိုင်တာ ပေါ့။ စက်မှုကုန်ချောတွေက အားနည်းနေတယ်။ အဲဒီတော့ မြန်မာက တရုတ်ဘက်ကို တင်ပို့နိုင်တာလည်း ရှား တယ်။ ပြီးတော့ တရုတ်က မြန်မာကို စက်ရုံတွေ ရင်နှီးမြုပ်နှံမှုတွေလာတာကလည်း အမှန်အတိုင်းပြောရမယ်ဆို ရင် မြန်မာအတွက်သာ များနေတာပါ။ ဒါပေမယ့် တခြားနိုင်ငံနဲ့ယှဉ်ရင် ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေက မပြောပသလောက်ပဲရှိနေတယ်။ အဲဒီတော့ နယ်စပ်စီးပွားရေး၊ ပူးပေါင်းရေးဇုန်ကြီးတည်ဆောက်လိုက်တဲ့ အချိန် မှာ ကျွန်တော်တို့က စက်ရုံတွေကို အဲဒီနေရာမှာဆောက်လိုက်မယ်။ အဲဒီဇုန်ထဲမှာ အခွန်ကင်းလွတ်ခွင့်ရှိတယ်။ ပြီးတော့ ကုန်ကြမ်းတွေ အဲဒီကိုရောက်ပြီးတော့ တရုတ်စက်ရုံတွေ၊ မြန်မာစက်ရုံတွေ၊ ကျွန်တော်တို့ မြန်မာ လုပ်သားတွေနဲ့ ကုန်ချောအဖြစ်ပြန်ပြောင်းလဲပြီးတော့ တရုတ်ပြည်ထဲကို ပြန်ပို့နိုင်တယ်။ ပြီးတော့ တရုတ်တွေက စက်ရုံတွေလာဆောက်ပြီးတော့ ကုန်ချောတွေထုတ်လုပ်နိုင်မယ်။ ထုတ်လုပ်ပြီးတော့ မလက္ကာရေလက်ကြားကို မသွားဘဲနဲ့ ကျွန်တော်တို့ဒီစီးပွားရေးဇုန်ကနေပြီးတော့ ကျောက်ဖြူဆိပ်ကမ်းကနေ ပြန်ထွက်သွားမယ်။ သူတို့ ဒီပမာဏမပြောနဲ့ အသုံးစရိတ်ကိုအရင်ပြောမယ်။ တရုတ်ဘက်ကိုကြည့်မယ်ဆိုရင် သူတို့ အကျိုးကျေးဇူးအများ ကြီးရှိသွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကွန်တိန်နာတစ်လုံးကို တရုတ်က မလက္ကာရေလက်ကြားက ဖြတ်မယ်။ ဒါမှမဟုတ် ဒီဘက်က မြန်မာနယ်စပ်ကနေဝင်လာပြီးတော့ ကျောက်ဖြူဆိပ်ကမ်းကနေ ဖြတ်မယ်ဆို ရင် ကွန်တိန်နာတစ်လုံးကို တရုတ်က ဒေါ်လာ(၂ဝဝဝ) လောက် စရိတ်သက်သာသွားမယ်။ အဲဒီအတွက် တရုတ် နိုင်ငံက ကုန်သည်ရေးသမားတွေ၊ စီးပွားရေးသမားတွေကတော့ နှစ်သက်မှာပဲလေ။ ကျွန်တော်တို့က ဈေးစကား ပြောလိုက်မယ်ဆိုရင်တော့ ကွန်တိန်နာတစ်လုံးကို စရိတ်ပို့ခ ဒေါ်လာ(၂ဝဝဝ) လျှော့ချနိုင်တယ်ဆိုရင် သူတို့က မြန်မာပြည်ကိုလာမှာပေါ့။ အဲဒီလို မြန်မာပြည်ကိုလာတဲ့အတွက် မြန်မာနိုင်ငံက ဘာအကျိုးကျေးဇူးတွေရရှိမလဲ ဆိုတော့ စင်ကာပူလိုပဲပေါ့။ ကျွန်တော်တို့ အခွန်အခကောက်ရုံနဲ့ကို ကျွန်တော်တို့က တော်တော်လေးရမယ်။ ဥပမာ- တရုတ်နိုင်ငံရဲ့စုစုပေါင်းကုန်သွယ်မှုပမာဏငွေက အမေရိကန်ဒေါ်လာဘီလျံ(၅ဝဝဝ) ရှိတယ်။ အဲဒီဘီလျံ(၅ဝဝဝ) ထဲမှာ ကျွန်တော်တို့ဆီကို ဆယ်ပုံတစ်ပုံပဲလာပါစေဦး။ ဆယ်ပုံတစ်ပုံလောက် မြန်မာပြည် ကနေထွက်မယ်ပေါ့။ ဆိုလိုတာက မြန်မာပြည်ကနေပြီးတော့ ဘီလျံ ဘယ်လောက်ရှိမလဲဆိုတော့ (၅ဝဝ) ပေါ့။ မလက္ကာရေလက်ကြားကို မဖြတ်တော့ဘဲနဲ့ ကျောက်ဖြူကနေထွက်မယ်ဆိုရင် ကျွန်တော်တို့အခွန်ကောက်ရုံနဲ့ ဒီတင်ပို့မှုတွေ၊ ကုန်ကားတွေ၊ လုပ်သားခတွေနဲ့ကို ကျွန်တော်တို့ဟာ ကြီးမာတဲ့စီးပွားအကျိုးကျေးဇူးတွေ ရလိမ့် မယ်ပေါ့နော်။ အခု တရုတ်-မြန်မာကုန်သွယ်ရေးက (၂)ဘီလျံပဲ ရှိတယ်။ မလက္ကာရေလက်ကြားဖြတ်မယ့်ကုန် တွေရဲ့ ဆယ်ပုံတစ်ပုံလောက်သာ မြန်မာပြည်ကိုဖြတ်မယ်ဆိုရင် ဘီလျံ(၅ဝဝ)ရှိတယ်ဗျ။ အဲဒီတော့ ဒါတွေက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာရမှာဖြစ်တယ်။ ဆိုတော့ ယွမ်ကိုအသုံးပြုတာဟာ ဒီစီးပွားရေးကွင်းဆက်တွေ ရဲ့ ပထမဆုံးအဆင့်အနေနဲ့ အခြေခံအကျဆုံးပဲဖြစ်ပါတယ်။ ဒီအဆင့်တွေကိုရောက်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ အများကြီးဆက်လျှောက်ရဦးမယ်။

မေး ။ ။ အဲဒီတော့ သဘောကတော့ ယွမ်နဲ့ကျပ် တိုက်ရိုက်ချိတ်ဆက်လိုက်ခြင်းအားဖြင့်က နှစ်နိုင်ငံရဲ့ ရင်းနှီး မြုပ်နှံမှုလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေကို ပိုပြီးတော့ ရှေ့ကိုတိုးဖို့အတွက်ကိုလား။ ပထမဦးဆုံး ခြေလှမ်း အဖြစ်နဲ့ကျစ်ကျစ်လစ်လစ် လုပ်နိုင်တဲ့လုပ်ရပ်တစ်ခုလို့ ပြောလို့ရပြီလား။
ဖြေ ။ ။ ဒါကတော့ တော်တော်လေးကိုကောင်းမွန်တဲ့ အဖွင့်လေးတစ်ခုလို့တော့ ပြောလို့ရတာပေါ့။ ပထမဆုံး လှပတဲ့ခြေလှမ်းတစ်လှမ်းလို့ ကျွန်တော်တို့ပြောလို့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့စဉ်းစားရမှာက ဒီလို လုပ်နိုင်ဖို့(၂ဝ၁၉) ခုနှစ်ကတည်းက ကျွန်တော်တို့သဘောတူညီချက်ရထားတယ်။ ဒါပေမယ့် ဘယ်လိုအကျိုး အကြောင်းကြောင့်လည်းတော့မသိဘူးပေါ့။ လက်တွေ့မှာတော့ အခက်အခဲတွေကြုံနေခဲ့တာပေါ့။ အခုမှပဲ ကျွန်တော်တို့တွေ လက်တွေ့အကောင်အထည်ဖော်နိုင်တာပါ။ အဲဒီလိုဆိုပေမယ့်လည်း နည်းနည်းလေးတော့ ထူးခြားတာ တစ်ခုရှိတာပေါ့နော်။ ဘာလဲဆိုတော့ နိုင်ငံတကာရဲ့လုပ်ပုံလုပ်နည်းက နှစ်နိုင်ငံကနေပြီးတော့ ဒီငွေကြေး တရားဝင်လဲလှယ်မှုစာချုပ်ကို ချုပ်ဆိုပြီးမှ ဒီလိုဝန်ဆောင်မှုကိုဆောင်ရွက်နိုင်တာ။ ကျွန်တော်တို့အခု မြန်မာပြည်မှာတော့ ပြောင်းပြန်ဖြစ်နေတယ်။ ပြောင်းပြန်ဖြစ်နေတာပေါ့နော်။ အဲဒါက နည်းနည်းထူးဆန်းတယ်။ ဒါကြောင့်မို့လို့ အရေးကြီးဆုံးက ဘာလဲဆိုတော့ နှစ်နိုင်ငံရဲ့ဗဟိုဘဏ်ကနေပြီးတော့ နှစ်နိုင်ငံငွေကြေး တရားဝင် လဲလှယ်မှုသဘောတူညီချက်ကို အမြန်ဆုံးချုပ်ဆိုသင့်တယ်လို့ ကျွန်တော်ယူဆတယ်။

မေး ။ ။ နောက်တစ်ခုက ဒီ ယွမ်-ကျပ်စီမံချက်က နောက်ပြန်ဆုတ်သွားတာမျိုး ရှိနိုင်လား။ ဒါမျိုးတွေက ပြော လို့မရဘူးလေ။ လုပ်ရင်းကိုင်ရင်းနဲ့တစ်ခါတလေ ထပြီးတော့ တစ်ခုခုဖြစ်ပြီးတော့ ရပ်သွားတာတွေဖြစ်နိုင်တယ်။ အဲဒီတော့ အခုခြေလှမ်းကိုကြည့်ချင်းအားဖြင့် အဲဒီလိုမျိုးဖြစ်သွားနိုင်ခြေရှိလား။
ဖြေ ။ ။ အဲဒီလိုတော့ သိပ်မဖြစ်နိုင်ဘူးဗျ။ များသောအားဖြင့် ဒီလိုငွေကြေးစနစ်တစ်ခုကို တည်ဆောက်လိုက်ပြီ ဆိုရင်တော့ ပြောင်းလဲရခက်တယ်။ ပြီးတော့ကြားထဲမှာတော့ တချို့သော အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ကြုံကောင်းကြုံနိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကိုတော့ ကျွန်တော်တို့ကျော်လွှားဖို့လိုတာပေါ့နော်။ ဥပမာ- ပြောရမယ်ဆိုရင် ဒေါ်လာကို ကျွန်တော်တို့မှီခိုနေရသလိုပေါ့နော်။ အမေရိကန်က ဒေါ်လာတွေ ပိုပြီးတော့ ပုံနှိပ် ထုတ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ကသောင်းကနင်းတွေဖြစ်တယ်။ အဲဒီလိုဖြစ်လို့ ကျွန်တော်တို့တွေ ဒေါ်လာ မသုံးတော့ဘူးဆိုပြီးလည်း လုပ်လို့မရဘူး။ စီးပွားရေးစနစ်ကြီးတစ်ခုက တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်။ သူတို့က ဘက်ပေါင်းစုံနဲ့ချိတ်ဆက်မိသွားတဲ့အတွက် စလိုက်တဲ့ကိစ္စကို လွယ်လွယ်ကူကူနဲ့ ပြန်နောက်ဆုတ်စရာ မရှိဘူး။ များသောအားဖြင့် ရှေ့ကိုဆက်တိုးဖို့ပဲရှိတယ်။

မေး ။ ။ ဟုတ်ကဲ့ဆရာရေ မေးမြန်းရင်းနဲ့မိနစ်လည်းကြာခဲ့ပြီဆိုတော့ ယွမ်-ကျပ် တိုက်ရိုက်ကုန်သွယ်ခြင်းရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ နိုင်ငံရေးအကြောင်းတရားတွေရှိလား ဆိုတာနဲ့ ဆရာရဲ့သုံးသပ်ချက် အနေနဲ့ရော ဘာတွေရှိမလဲ။ နောက်ဆုံးသုံးသပ်ချက်လေးပေါ့။
ဖြေ ။ ။ ကျွန်တော်တို့က တကယ်တော့ အခုမြန်မာပြည်သူလူထုတွေရဲ့အကျင့်တစ်ခုက ဘာလဲဆိုတော့ ကိစ္စ တော်တော်များများပေါ့နော်။ အဓိကကတော့ နိုင်ငံရေးကိစ္စတွေကို စီပွားရေးရှု့ထောင်ကနေ အကဲဖြတ်ပြီးတော့ စဉ်းစားကြတယ်။ စီးပွားရေးပြဿနာတွေကိုတော့ နိုင်ငံရေးရှုထောင့်ကနေ စဉ်းစားကြတယ်။ တကယ်တော့ နိုင်ငံရေးဟာ နိုင်ငံရေးပဲ။ စီးပွားရေးက စီးပွားရေးပဲ။ ဒီနှစ်ခုဟာ ဆက်စပ်မှုရှိပေမယ့် မတူညီတဲ့ ကဏ္ဍနှစ်ခုဖြစ် တယ်။ အဲဒီတော့ နိုင်ငံရေးကိစ္စကို စီးပွားရေးနဲ့မညှိသင့်သလို စီးပွားရေးကိစ္စကိုလည်း နိုင်ငံရေးနဲ့မညှိသင့်ဘူး။ အခု ယွမ်ကိစ္စကိုလည်း စီးပွားရေးရှု့ထောင်ကနေပဲ ကြည့်သင့်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့မြန်မာတွေ ပြောနေကြတာ တစ်ဖက်နိုင်ငံကပဲ အကျိုးရှိတာတို့၊ ဘာတို့ဆိုတာတွေ၊ တစ်ဖက်နိုင်ငံက သူ့အကျိုးပဲသူကြည့် တယ်ဆိုတဲ့စကားမျိုးတွေပေါ့နော်။ ကျွန်တော်တို့တကယ်တော့ ဒါက နိုင်ငံတိုင်းကလည်း ကိုယ့်နိုင်ငံအကျိုး ကို ပဲကြည့်ကြတာ မှန်ပါတယ်။ မြန်မာနိုင်ငံကလည်း ကိုယ့်နိုင်ငံအကျိုးကိုပဲ ကြည့်တာပေါ့နော်။ အခုလိုနှစ်နိုင်ငံက သဘောတူညီချက်ချလိုက်ပြီဆိုရင် ဆိုလိုတာက နှစ်နိုင်ငံအစိုးရက နှစ်ဖက်စလုံးအကျိုးရှိတယ်လို့ ယူဆလို့ ဒီကိစ္စကိုလုပ်ကြတာပေါ့နော်။ အဲဒီတော့ ဒီယွမ်ကိစ္စကနေပြီးတော့ ကျွန်တော်တို့ တရုတ်-မြန်မာစီးပွားရေး တိုးတက်လာပြီးတော့ စနစ်ကျလာဖို့ပဲ ရှိတယ်လို့ပဲ သုံးသပ်ပါရစေပေါ့နော်။

မေး ။ ။ နောက်ထပ် ထပ်သိချင်တာက Geo politics (ပထဝီနိုင်ငံရေး) ပြိုင်ပွဲကြီးအတွက် အကောင်းဆုံးတစ်ခုအဖြစ် ဒီယွမ်နဲ့ ကျပ်ကို နှစ်နိုင်ငံခေါင်းဆောင်တွေက စပြီးတော့ ပုံနှိပ်ရိုက်လိုက်တဲ့ သဘောလို့ ပြောလို့ရမလား။
ဖြေ ။ ။ ဒီကိစ္စကို ကျွန်တော်တို့က အရာရာတိုင်းကို နိုင်ငံရေးအဖြစ် အဲဒီလိုမရှု့မြင်သင့်သလိုပေါ့နော်။ အရာရာ တိုင်းကိုလည်း စီးပွားရေးအဖြစ် မရှု့မြင်သင့်ဘူး။ ဒါကတော့ စီးပွားရေးပါပဲ။ Geo politics လို့ပြောနေမယ့်အစား ကျွန်တော်က တကယ်လက်တွေ့မှာက ဒီလိုတွေလိုအပ်နေတယ်။ ကျွန်တော်တို့အစပိုင်းမှာ ပြောခဲ့သလိုပဲ မြန်မာပြည်သူလူထုတွေက နှစ်ပေါင်းဆယ်စုနှစ်မကရှိပါပြီ။ တောက်လျှောက်ကို တရုတ်နဲ့ကုန်သွယ်ရေး လုပ်လာခဲ့တာကတော့ တရုတ်ငွေ နဲ့ပဲလုပ်နေတာပဲ။ အခုက ဘာကွာသွားလည်းဆိုတော့ တရားဝင်မှုနဲ့ တရားမဝင်မှုပဲ ကွာတယ်။ အရင်က ကျွန်တော်တိုပက တရားမဝင်မှုနဲ့ တရုတ်ငွေလဲလှယ်မှုတွေလုပ်နေတယ်။ အခုကတော့ တရားဝင်ဖြစ်သွားတယ်။ ဒီလိုပဲ လွယ်လွယ်ကူကူ သုံးသပ်ချင်ပါတယ်ဗျာ။

ဟုတ်ကဲ့ အခုလိုအချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version;
“တ႐ုတ္ျဖစ္ေစ၊ ျမန္မာျဖစ္ေစ ေဒၚလာကို အရမ္းမွီခိုတဲ့အခါမွာ အေျပာင္းအလဲေတြျဖစ္တိုင္း ႏိုင္ငံရဲ႕စီးပြားေရးကို ႀကီးမားတဲ့သက္ေရာက္မႈေတြျဖစ္ေစတယ္” (အင္တာဗ်ူး)
NP News - ဇန္နဝါရီ ၂ဝ

ေတြ႕ဆုံေမးျမန္း - ေက်ာ္မ်ိဳးမင္း၊ ေရးသား - ရဲထက္
ယြမ္- က်ပ္ တိုက္႐ိုက္ကုန္သြယ္ခြင့္ကေန ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံစလုံးအတြက္ ဘယ္လိုမ်ိဳး အက်ိဳးအျမတ္ေတြ ရရွိလာႏိုင္မလဲဆိုတာနဲ႔ ျမန္မာ-တရုတ္နယ္စပ္ကုန္သြယ္ေရးအေျခအေနမ်ားနဲ႔ပတ္သက္ၿပီး တ႐ုတ္-ျမန္မာအေရးကြၽမ္းက်င္သုေတသီေဒါက္တာဟိန္းခိုင္ကို NP News က ဆက္သြယ္ ေမးျမန္းေဆြးေႏြးထားပါတယ္။

ေမး ။ ။ ဆရာဟိန္းခိုင္ မဂၤလာပါခင္ဗ်ာ။ ဒီတစ္ေခါက္ဆရာ့ကိုဖိတ္ရတဲ့အေၾကာင္းရင္းက တ႐ုတ္ယြမ္နဲ႔ ျမန္မာ က်ပ္ေငြ တိုက္႐ိုက္လဲလွယ္တဲ့ကိစၥနဲ႔ပတ္သက္တာျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ပထမဆုံးသိခ်င္တာက ယြမ္နဲ႔ က်ပ္ တိုက္႐ိုက္ကုန္သြယ္တဲ့အတြက္ ဘာေတြအက်ိဳးေက်းဇူးရၿပီးေတာ့ ဘာေတြမ်ားေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြ ရွိလာႏိုင္မလဲဆိုတာကို ဆရာဟိန္းရဲ႕သုံးသပ္ခ်က္ေလးၾကားခ်င္ပါတယ္။
ေျဖ ။ ။ ဟုတ္ကဲ့ခင္ဗ်။ ဒီကိစၥကေတာ့ ယြမ္-က်ပ္ ဘယ္လိုစတင္လာခဲ့သလဲ။ ၿပီးေတာ့ တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရးအေျခအေနတခ်ိဳ႕ကို ကြၽန္ေတာ္တို႔ျပန္လွည့္ၾကည့္မွ ဒီကိစၥကိုရွင္းရွင္းလင္းလင္းသိျမင္ႏိုင္မွာ ျဖစ္ တယ္။ ဒီကိစၥက အခုလုပ္၊ အခုျဖစ္သြားတဲ့ကိစၥေတာ့မဟုတ္ဘူး။ တကယ္ေတာ့ တ႐ုတ္ယြမ္ကို ျမန္မာႏိုင္ငံမွာ တစ္ခါတည္းေငြရွင္းႏိုင္ဖို႔ေဆြးေႏြခဲ့တာ ၂ဝ၁၉ ခုႏွစ္မွာကတည္းက ႏွစ္ႏိုင္ငံၾကား သေဘာတူညီခ်က္ရၿပီးသား ျဖစ္တယ္။ အဲဒီလိုသေဘာတူညီခ်က္ ရၿပီးသားေပမယ့္ စာခ်ဳပ္ေပၚမွာပဲရပ္တည္ေနတယ္ဗ်။ လက္ေတြ႕မွာေတာ့ မလုပ္ျဖစ္ၾကဘူး။ (၂) ႏွစ္ေက်ာ္ၾကာတဲ့အခ်ိန္ အခုမွပဲ ႏွစ္ႏိုင္ငံနယ္စပ္ၾကားမွာ ေငြရွင္းတာေလးေတြ လုပ္လာႏိုင္ တာျဖစ္ပါတယ္။ ဘာေၾကာင့္ ဒီလို ယြမ္-က်ပ္နဲ႔ ကုန္သြယ္မႈေငြရွင္းတာကိုလုပ္ေစခ်င္လဲဆိုေတာ့ အဓိကအေနနဲ႔ အပိုင္း(၃) ပိုင္းရွိတယ္။ အက်ိဳးေက်းဇူးလို႔လည္းေျပာလို႔ရတယ္။ ဒါမွမဟုတ္ တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ ေရးမွာျဖစ္ေနတဲ့ျပႆနာေဟာင္းတခ်ိဳ႕ကိုေျဖရွင္းဖို႔အတြက္လို႔လည္း ကြၽန္ေတာ္ယူဆတယ္။ အဲဒီျပႆနာ ေဟာင္းေတြကဘာေတြလဲဆိုရင္ ပထမတစ္ခ်က္က ယြမ္ကို ေငြရွင္းတဲ့ေငြအျဖစ္ အခုလိုအသုံးခ်တဲ့အတြက္ ပထမရရွိမယ့္အက်ိဳးေက်းဇူးက ေငြလဲလွယ္မႈမွာ ကုန္က်တဲ့စရိတ္ကို ေလ်ာ့ခ်ႏိုင္တာေပါ့။ ကြၽန္ေတာ္တို႔သိသင့္ တာက တ႐ုတ္-ျမန္မာကုန္သြယ္ေရးမွာ တကယ္ေတာ့ အခုကတရားဝင္ ယြမ္နဲ႔က်ပ္ တိုက္႐ိုက္ကုန္သြယ္ခြင့္ေပး လိုက္တယ္။ ေငြရွင္းခြင့္ ေပးလိုက္တဲ့သေဘာေပါ့။ ေရရွည္ထုံးတမ္းစဥ္လာအရကလည္း တ႐ုတ္ေငြကို ေတာက္ ေလွ်ာက္သုံးခဲ့တာပါပဲ။ ကြၽန္ေတာ္တို႔အားလုံးသိတဲ့အတိုင္း ျမန္မာက်ပ္ေငြကို ျမန္မာလူမ်ိဳးေတြကေတာင္ မယုံ ၾကတာဆိုေတာ့ ႏိုင္ငံျခားသားေတြယုံဖို႔က ခက္တာေပါ့။ အဲဒီေတာ့ နယ္စပ္ကုန္သြယ္ေရးမွာ ေတာက္ေလွ်ာက္ပဲ တ႐ုတ္ယြမ္ကိုအသုံးျပဳခဲ့ၾကတာ။ အဲဒီလိုသုံးတဲ့အခါမွာ တရားဝင္မဟုတ္တဲ့အတြက္ေၾကာင့္ ျမန္မာဘက္က ကုန္သည္ေတြက ျမန္မာက်ပ္ေငြေတြကိုင္ၿပီးေတာ့ တ႐ုတ္ေငြ လိုခ်င္တယ္။ အဲဒီေတာ့ တ႐ုတ္ေငြကို ေမွာင္ခိုပဲ ျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္ တ႐ုတ္ေငြကို လဲလွယ္လိုက္တယ္။ အဲဒီလိုလဲလွယ္ရရွိတဲ့ေငြေတြကို တ႐ုတ္ဘက္ကို ရွင္း တာပဲျဖစ္ျဖစ္လုပ္ၾကတယ္။ တ႐ုတ္ကုန္သည္ေတြကလည္း ျမန္မာဘက္ကိုရွင္းစရာရွိတယ္ဆိုရင္ တရားဝင္ လမ္းေၾကာင္းကေနသြားလို႔မရတဲ့အတြက္ ေအာက္ကေငြလဲလွယ္သူတခ်ိဳ႕ဆီကေနတဆင့္ ျမန္မာက်ပ္ေငြကို လဲၿပီးေတာ့ ရွင္းေပးရတယ္။ အဲဒီလိုရွင္းေပးတဲ့အခ်ိန္မွာ ပထမဆုံးျဖစ္လာတာက ဘာလဲဆိုေတာ့ ဒီလိုေငြလဲ လွယ္တဲ့အတြက္ ေငြလဲလွယ္စရိတ္ေပးရတယ္။ ကြၽန္ေတာ္တို႔သိရသေလာက္ေတာ့ အနည္းဆုံး(၃) ရာခိုင္ႏႈန္း ေလာက္ေတာ့ ေပးရတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ကုန္သြယ္ေရးမွာ ပုံမွန္ကုန္က်သင့္တဲ့ စရိတ္ထက္(၃) ရာခိုင္ႏႈန္း ပိုၿပီးေတာ့ ေပးလိုက္ရတယ္။ အခုလိုတရားဝင္ျဖစ္သြားတဲ့အတြက္ ဒီ(၃) ရာခိုင္ႏႈန္းက မရွိေတာ့ဘူး။ တရားမဝင္ေငြေၾကးလဲလွယ္မႈေတြကလည္း ကြယ္ေပ်ာက္သြားႏိုင္တာေပါ့။ ေနာက္တစ္ခုက အဲဒီလို ေငြလဲလွယ္ မႈရဲ႕တရားဝင္လမ္းေၾကာင္းတည္ေဆာက္ႏိုင္ခဲ့တယ္လို႔ ဆိုရတာေပါ့။ ဒါက ဒုတိယအခ်က္ျဖစ္တယ္။ တ႐ုတ္-ျမန္မာနယ္စပ္မွာ စီးပြားေရးလုပ္တိုင္း ေငြလဲလွယ္မႈက ေတာက္ေလွ်ာက္ရွိေနတာျဖစ္တယ္။ မ်ားေသာအားျဖင့္ ေတာ့ တရားမဝင္တဲ့နည္းလမ္းနဲ႔ ေငြလဲလွယ္ေနၾကတာျဖစ္ပါတယ္။ အခုလိုတိုက္႐ိုက္လုပ္လိုက္တဲ့အတြက္ ကြၽန္ေတာ္တို႔ တရားဝင္ ေငြလဲလွယ္လို႔လည္း ရသြားတာေပါ့။ အဲဒီလိုတရားဝင္ရျခင္းက ေနာက္ထပ္ဘာအက်ိဳး ေက်းဇူးရွိလည္းဆိုေတာ့ ကုန္သြယ္ေရးအခ်က္အလက္ေတြကို တရားဝင္အတိအက်သိရွိႏိုင္တယ္။ ကြၽန္ေတာ္ တို႔က ဘဏ္ကေနတဆင့္သြားတာျဖစ္တဲ့အတြက္ ဥပမာ- ျမန္မာကေန ကုန္ပစၥည္းတန္ခ်ိန္ဘယ္ေလာက္၊ တန္ဖိုးဘယ္ေလာက္ တ႐ုတ္ျပည္ဘက္ထြက္သြားတာကို ဘဏ္ကေနတဆင့္ အေရာင္းအဝယ္ကို အသိအမွတ္ ျပဳတယ္ဆိုရင္ အဲဒီတန္ခ်ိန္နဲ႔ တန္ဖိုးကို တရားဝင္သိႏိုင္တယ္။ တ႐ုတ္ဘက္ကလည္း အလားတူပဲျဖစ္တယ္။ တ႐ုတ္-ျမန္မာကုန္သြယ္ေရးက မ်ားေသာအားျဖင့္ ေမွာင္ခိုလုပ္ေနတာျဖစ္တဲ့အတြက္ ကုန္သြယ္မႈပမာဏ ကိန္းဂဏန္းအစစ္အမွန္ကို မသိရွိႏိုင္ဘူး။ ဥပမာအားျဖင့္ တ႐ုတ္ဘက္ကေတာ့ သူ႔ဆီကေန တန္ခ်ိန္(၁ဝဝ) ထြက္လာတယ္။ တ႐ုတ္ရဲ႕အေကာက္ခြန္ဌာနမွာေတာ့ တန္ခ်ိန္(၁ဝဝ) ထြက္လာတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံရဲ႕ အေကာက္ခြန္ထဲဝင္သြားတာက တန္ခ်ိန္(၅ဝ) ေလာက္ပဲရွိတယ္။ ဆိုလိုတာက ေနာက္(၅ဝ) က ေမွာင္ခိုလမ္း ေၾကာင္းကေန ဝင္လာတာျဖစ္တယ္။ အဲဒီလိုရွိတယ္။ ျမန္မာကလည္း တန္ခ်ိန္(၁ဝဝ) ထြက္သြားတယ္ဆိုရင္ တ႐ုတ္ဘက္မွာ တန္ခ်ိန္ (၅ဝ) ၊ (၆ဝ) ေလာက္ပဲရွိမယ္။ အဲဒီအတြက္ ဒီလိုတရားဝင္လုပ္လိုက္တဲ့အတြက္ ေၾကာင့္ ကိန္းဂဏန္းအတိအက်လည္းသိႏိုင္တယ္။ အဲဒီလိုသိတဲ့အတြက္ ကုန္သြယ္ေရးကိုပိုၿပီးေတာ့ စနစ္က် ေစတယ္။ ႏွစ္ႏိုင္ငံစလုံးအတြက္ အေကာက္ခြန္ေတြအတြက္လည္း အက်ိဳးရွိေစတယ္လို႔ ယူဆတယ္ခင္ဗ်။

ေမး ။ ။ အဲဒီေတာ့ အခုတ႐ုတ္ယြမ္နဲ႔က်ပ္ကို လဲလွယ္ဖို႔အတြက္လည္း ျမန္မာဗဟိုဘဏ္ဘက္ကေနၿပီးေတာ့ ေဒၚလာသန္း(၂ဝဝ) ေက်ာ္ေလာက္တန္ေၾကးရွိတဲ့ယြမ္ဘီလ်ံနဲ႔ခ်ီၿပီးေတာ့ တ႐ုတ္ဘဏ္ထဲကို သြားထည့္ထားတ ယ္လို႔ သိရတယ္။ တ႐ုတ္ဘက္ကေရာ အဲဒီလိုမ်ိဳးၾကားမိလား။ ဘယ္လိုမ်ိဳးၾကားမိလဲ။
ေျဖ ။` ။ ဒီကိစၥေတြကိုေတာ့ သိပ္မၾကားရေသးဘူး။ ကြၽန္ေတာ္သိတာကေတာ့ အခုေလာေလာဆယ္က စမ္းသပ္မႈကာလပဲရွိေသးတယ္ဗ်။ ဆိုေတာ့ တကယ္လက္ေတြ႕ေဆာင္႐ြက္တဲ့ေနရာမွာအခက္အခဲေတြ ထပ္ရွိ ေသးတယ္လို႔ ကြၽန္ေတာ္ၾကားရတယ္။ ဥပမာ- ကြၽန္ေတာ္တို႔သိသေလာက္ဆိုရင္ ေငြရွင္းတာက(၂) ႀကိမ္ပဲရွိ ေသးတယ္။ တ႐ုတ္ဘက္က ေငြလႊဲလိုက္တာ (၂) ႀကိမ္ပဲရွိေသးတယ္။ ပထမတစ္ႀကိမ္က တ႐ုတ္ယြမ္ (၆) ေသာင္း၊ ဒုတိယအႀကိမ္က ေထာင္ဂဏန္းပဲရွိတယ္ခင္ဗ်။ ဘာေၾကာင့္လည္းဆိုေတာ့ ေနာက္ထပ္ဥပေဒအရ ေရာ၊ စနစ္အရေရာ မျပည္စုံတာေတြရွိေသးတယ္။ ဘယ္လိုမ်ိဳးေတြလည္းဆိုေတာ့ အခုက တ႐ုတ္ဘဏ္နဲ႔ ျမန္မာ ဘဏ္ႏွစ္ခုက ယြမ္ေငြကို တိုက္႐ိုက္ေငြရွင္းခြင့္ျပဳလိုက္ေပမယ့္ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ေတြဟာ တ႐ုတ္ယြမ္နဲ႔ ျမန္မာက်ပ္ေငြ တရားဝင္လဲလွယ္ခြင့္စာခ်ဳပ္ကို မခ်ဳပ္ဆိုရေသးဘူး။ အဲဒီလိုခ်ဳပ္ဆိုထားျခင္း မရွိ ေသးတဲ့အတြက္ လက္ေတြ႕ေဆာင္႐ြက္ၾကတဲ့အခါ အတားအဆီးအခက္အခဲတခ်ိဳ႕ေတြ ရွိလိမ့္မယ္။ ဒါေၾကာင့္ အခုစမ္းသပ္ကာလေက်ာ္ၿပီေနာက္ အဆင္ေျပတယ္ဆိုရင္ ကြၽန္ေတာ္တို႔ျဖစ္ေစခ်င္တာက တ႐ုတ္ယြမ္ -ျမန္မာ က်ပ္ေငြ တရားဝင္လဲလွယ္မႈစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔လိုတယ္။ ခုနကေျပာသလို ေငြထည့္ထားတာ ရွိ/မရွိ ဆိုတာက ေတာ့ ကြၽန္ေတာ္သိသေလာက္ေတာ့ မရွိေသးဘူး။ တကယ္ေတာ့ ဒီကိစၥကိုျဖစ္ေျမာက္လာေအာင္လုပ္ေစခ်င္ တယ္ဆိုရင္ ေနာက္ထပ္တစ္ဆင့္က လက္ေတြ႕မွာဘာလုပ္ရမလဲဆိုေတာ့ တ႐ုတ္ဘဏ္နဲ႔ ျမန္မာဘဏ္ ႏွစ္ဖက္ စလုံးက အျပန္အလွန္တစ္ဖက္ႏိုင္ငံမွာ ဌာနခြဲ၊ ႐ုံးခြဲ ဖြင့္ဖို႔လိုတယ္။ အခုကေတာ့ သိသေလာက္က တ႐ုတ္ဘဏ္ ျဖစ္တဲ့ ICBC ဘဏ္ရဲ႕ ႐ုံးခြဲအခ်ိဳ႕ကေတာ့ ျမန္မာျပည္ရဲ႕ရန္ကုန္မွာရွိတယ္။ ဒါေပမယ့္ မလုံေလာက္ေသးဘူးေပါ့။ ဥပမာ- မူဆည္တို႔ ဘာတို႔မွာလည္း ဖြင့္ႏိုင္ရင္ ပိုေကာင္းတာေပါ့။ ၿပီးေတာ့ အဲဒီလို႐ုံးခြဲဖြင့္႐ုံနဲ႔ မလုံေလာက္ေသးပဲ ဘာထပ္လိုလဲဆိုေတာ့ ႐ုံးခြဲေတြရဲ႕လုပ္ငန္းေဆာင္တာကို ခ်ဲ႕ဖို႔လိုတယ္။ အေရးႀကီးဆုံးကေတာ့ ဥပမာ-တ႐ုတ္ ဘဏ္က ျမန္မာႏိုင္ငံမွာ ႐ုံးခြဲဖြင့္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာေရာက္ေနတဲ့ တ႐ုတ္လူမ်ိဳးမ်ားအတြက္ ဘဏ္အေကာင့္ ဘဏ္ဝန္ေဆာင္မႈဖြင့္ေပးရမယ္။ ျမန္မာဘက္လည္း ဒီလိုပဲ။ ျမန္မာေတြရဲ႕ဘဏ္ေတြကလည္း တ႐ုတ္ျပည္ကို သြားၿပီးေတာ့ ႐ုံးခြဲဖြင့္လွစ္သင့္တယ္။ ၿပီးေတာ့ တ႐ုတ္ျပည္မွာရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြအားလုံးအတြက္ ဘဏ္ဝန္ေဆာင္မႈေဆာင္႐ြက္ေပးဖို႔လိုတယ္။ ဒါက ဘာအက်ိဳးေက်းဇူးရွိလည္းဆိုေတာ့ ကြၽန္ေတာ္တို႔ မသိတာ တစ္ခ်က္က ဥပမာ- ကြၽန္ေတာ္တို႔ေျပာေနၾကတာဆိုရင္ ျမန္မာႏိုင္ငံကို တ႐ုတ္ေတြအလုံးအရင္းနဲ႔ဝင္လာတာတို႔၊ ဥပမာ- မႏၲေလးကိုဆိုရင္ တ႐ုတ္ၿမိဳ႕ျဖစ္ေနၿပီဆိုတာမ်ိဳး အႀကီးအက်ယ္ေျပာဖူးတယ္။ တစ္ဖက္မွာလည္း မသိ တာကဘာလဲဆိုရင္ ျမန္မာႏိုင္ငံသားေတြကလည္း တ႐ုတ္ျပည္မွာအေျမာက္အမ်ားရွိတယ္ဗ်။ လြန္ခဲ့တဲ့ႏွစ္ အနည္းငယ္ကတည္းက ကြၽန္ေတာ္ရရွိခဲ့တဲ့အခ်က္အလက္အရ ဘာေျပာလဲဆိုရင္ တ႐ုတ္ႏိုင္ငံမွာ လူဦးေရ အမ်ားဆုံး ႏိုင္ငံျခားသားေတြစာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္(၄) မွာ ရွိေနတယ္။ ပထမက ဂ်ပန္၊ ဒုတိယက အေမရိကန္၊ တတိယက ေတာင္ကိုရီးယား၊ စတုတၳက ျမန္မာ ျဖစ္တယ္။ အဲဒီျမန္မာေတြက ဘယ္ေနရာေတြမွာ စုေနလဲဆိုရင္ တ႐ုတ္-ျမန္မာနယ္စပ္ေတြမွာ လုပ္ငန္းေတြလုပ္ၾကတယ္။ စက္႐ုံေတြ၊ ကုမၸဏီေတြမွာ လုပ္ၾက တယ္။ အဲဒီလိုမ်ိဳး အလုပ္ေတြလုပ္ၾကၿပီး ရလာတဲ့ေငြေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ျမန္မာျပည္က မိသားစုကို ျပန္ပို႔ၾကတယ္။ အဲဒီအခ်ိန္မွာ ‌လိမ္ညာခံရတာ၊ ဝန္ေဆာင္ခေတြ ထပ္ေပးလိုက္ရတာမ်ိဳး၊ အဲဒီလိုဆုံးရႈံးမႈအခ်ိဳ႕ ေတြလည္း ရွိတယ္။ ျမန္မာဘဏ္ေတြသာ တ႐ုတ္မွာ ႐ုံးခြဲေတြ၊ ဌာနခြဲေတြရွိမယ္။ သူတို႔အတြက္လည္း ဘဏ္ အေကာင့္ေတြ ဖြင့္ထားေပးႏိုင္မယ္ဆိုရင္ တ႐ုတ္ႏိုင္ငံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သားေတြက ျမန္မာဘဏ္ ေတြကေနတဆင့္ ကိုယ့္ျမန္မာျပည္ကို တရားဝင္ ေငြလႊဲလို႔ရသြားၿပီ။ အဲဒီအတြက္ ျမန္မာလုပ္သားေတြလည္း ေငြေရးေၾကးေရး လုံၿခဳံမႈအတြက္ အက်ိဳးရွိတာေပါ့ဗ်ာ။

ေမး ။ ။ နယ္စပ္ကုန္သြယ္ေရးမွာ ယြမ္-က်ပ္ တိုက္႐ိုက္လဲလွယ္တဲ့အခါ တခ်ိဳ႕ေတြေျပာၾကတာက ျမန္မာျပည္ မွာ တ႐ုတ္ယြမ္ေငြက လႊမ္းမိုးမႈႀကီးသြားေတာ့မယ္။ တစ္နည္းအားျဖင့္ တ႐ုတ္ေတြရဲ႕စီးပြားေရးက ျမန္မာမွာ ဂုတ္ေသြးစုပ္သလို ႀကီးသြားေတာ့မယ္။ အဲဒီလိုမ်ိဳးျမင္ၾကတယ္။ ဥပမာ- တ႐ုတ္ရဲ႕လႊမ္းမိုးမႈႀကီးသြားၿပီးေတာ့ တ႐ုတ္ကြၽန္ျဖစ္ေတာ့မယ္ဆိုတာမ်ိဳး ေျပာတာရွိတယ္။ အဲဒီသေဘာထားကိုေရာ သေဘာတူလား။ ဘယ္လိုေျပာ ခ်င္လည္းဗ်။
ေျဖ ။ ။ ဟုတ္ကဲ့။ ဒီကိစၥကိုေျပာမယ္ဆိုရင္ ျမန္မာလူထုေတြက အက်င့္တစ္ခုရွိတယ္။ ကြၽန္ေတာ္တို႔ေတြ တ႐ုတ္အေၾကာင္းေျပာလိုက္တိုင္း ျမန္မာ-တ႐ုတ္ဆိုတဲ့ေနရာမွာ ရပ္ၿပီးေတာ့ပဲ ၾကည့္ေနၾကတယ္။ ႏိုင္ငံတကာနဲ႔ ႏႈိင္းယွဥ္ၿပီး ဘက္ေပါင္းစုံကၾကည့္မယ္ဆိုရင္ ပိုၿပီးေတာ့မွန္ကန္မယ္လို႔ ယူဆတယ္ဗ်။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ႏိုင္ငံတကာနဲ႔ယွဥ္ၿပီးၾကည့္ရင္ အခုက တ႐ုတ္ယြမ္ကို စသုံးလာၿပီဆိုေတာ့ ျမန္မာက ပထမဆုံး တ႐ုတ္နဲ႔အခုလို ေဆာင္႐ြက္တဲ့ႏိုင္ငံလားဆိုတာ ျပန္စဥ္းစားရမယ္။ တကယ္ေတာ့ မဟုတ္ဘူးဗ်။ ကြၽန္ေတာ္တို႔ၾကည့္လိုက္ရင္ ၂ဝ၂ဝ ျပည့္ႏွစ္အထိ တ႐ုတ္ႏိုင္ငံနဲ႔တိုက္႐ိုက္ေငြရွင္းၿပီး ကုန္သြယ္ေရးလုပ္ႏိုင္တဲ့ႏိုင္ငံ၊ ႏွစ္ႏိုင္ငံေငြေၾကး လဲလွယ္မႈစာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ႏိုင္ငံက (၂၂) ႏိုင္ငံရွိပါတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံက အဆင့္(၂၃) ေတာင္ မေရာက္ေသးဘူး။ အဲဒီ(၂၂) ႏိုင္ငံကိုၾကည့္လိုက္ရင္ ဘယ္ႏိုင္ငံေတြက အသုံးမ်ားလည္းဆိုေတာ့ ပထမကေတာ့ စကၤာပူေပါ့။ ကြၽန္ေတာ္တို႔ေနာက္ထပ္ (၁ဝ) ႏွစ္၊ ႏွစ္ (၂ဝ) မွာေက်ာ္လႊားခ်င္တဲ့ပန္းတိုင္တစ္ခုျဖစ္တဲ့ စကၤာပူက တ႐ုတ္ယြမ္ကိုအသုံးျပဳတဲ့ႏိုင္ငံထဲမွာ ပမာဏအျဖစ္ အမ်ားဆုံး(၁၂) ရာခိုင္ႏႈန္းေလာက္ေတာင္ရွိတယ္။ နံပါတ္ (၂) ခ်ိတ္တာကေတာ့ UK ေပါ့။ နံပါတ္(၃) က ဂ်ပန္။ နံပါတ္(၄) က ဂ်ာမဏီ။ နံပါတ္(၅) က အေမရိကန္။ ဒီႏိုင္ငံ ေတြက တ႐ုတ္ယြမ္ကိုအသုံးျပဳၿပီးေတာ့ တိုက္႐ိုက္ကုန္သြယ္ေရးလုပ္ခြင့္ေပးထားတဲ့ႏိုင္ငံျဖစ္တယ္။ အဲဒီႏိုင္ငံ ေတြက တ႐ုတ္ကြၽန္ျဖစ္သြားလား ျပန္ၾကည့္ရင္မျဖစ္ပါဘူး။ အဲဒီႏိုင္ငံေတြအားလုံးဟာ စီပြားေရးဖြံ႕ၿဖိဳးတိုးတက္ တဲ့ႏိုင္ငံေတြျဖစ္တယ္။ အဲဒီေတာ့ ယြမ္သုံးတာနဲ႔ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ကြၽန္ ျဖစ္တယ္/ မျဖစ္ဘူးဆိုတာက တကယ္ ေတာ့ ဘာမွမဆိုင္ပါဘူး။ အကယ္၍ ဒီလိုေျပာၾကမယ္ဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေဒၚလာကိုအမ်ားဆုံး အသုံးျပဳ ေနတာျဖစ္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ေဒၚလာရဲ႕ကြၽန္လား။ ကြၽန္ေတာ္တို႔ေဒၚလာသုံးေပမယ့္ ေဒၚလာရဲ႕ ကြၽန္ မဟုတ္ဘူး။ ကိုယ့္ႏိုင္ငံဘဲေျပာရရင္ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံသားက ျမန္မာက်ပ္ေငြသုံးလို႔ အစိုးရရဲ႕ကြၽန္ လို႔ေျပာမွာလား။ ဒါမဟုတ္ပါဘူးေနာ္။ ပိုက္ဆံက ပိုက္ဆံပါပဲ။ ပိုက္ဆံက အသုံးျပဳတဲ့ကိရိယာတစ္ခုပါပဲ။ အာဆီယံနဲ႔ႏႈိင္းယွဥ္ၿပီးေျပာမယ္ဆိုရင္လည္း အာဆီယံႏိုင္ငံထဲမွာလည္း တ႐ုတ္ႏိုင္ငံနဲ႔ႏွစ္ႏိုင္ငံေငြေၾကး လဲလွယ္ ခြင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ႏိုင္ငံက (၅) ႏိုင္ငံရွိသြားပါၿပီ။ အင္ဒိုနီးရွား၊ မေလးရွား၊ ထိုင္း၊ စကၤာပူ၊ လာအို အဲဒီ (၅) ႏိုင္ငံျဖစ္တယ္။ အာဆီယံ(၁ဝ) ႏိုင္ငံထဲမွာ တ႐ုတ္နဲ႔ ေငြေၾကးလဲလွယ္ခြင့္စာခ်ဳပ္ခ်ဳပ္ဆိုထားတာ (၅) ႏိုင္ငံရွိသြား ၿပီ။ အခုလည္း ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံဟာ ဒီစနစ္ကိုက်င့္သုံးေနၿပီ။ ဒါေပမယ့္ စာခ်ဳပ္မခ်ဳပ္ဆိုရေသးဘူး။ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္မယ္ဆိုရင္ အဆင့္(၆) မွာ ေရာက္မွာျဖစ္တယ္။

ေမး ။ ။ အဲဒီေတာ့ နားလည္ေအာင္ေျပာရရင္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္တဲ့အခါမွာ ကြၽန္ေတာ္တို႔ဆီမွာ က်ပ္ေငြ ကိုကိုင္ၿပီးေတာ့ တ႐ုတ္ကလုပ္ငန္းရွင္တစ္ေယာက္ကို က်ပ္ေငြနဲ႔ပိုက္ဆံေပးေခ်လို႔ ရသြားမယ့္သေဘာေပါ့။ တ႐ုတ္ဘက္ကေပးတဲ့ ယြမ္ေငြကိုလည္း ျမန္မာႏိုင္ငံမွာကိုင္ၿပီး သုံးလို႔ရမယ္။ အဲဒီသေဘာမ်ိဳးထိေျပာလို႔ရ မလား။ ဒါမွမဟုတ္ ေလာေလာဆယ္ နယ္စပ္ကုန္သြယ္ေရးလြယ္ကူေခ်ာေမြ႕ေရးဆိုတဲ့ေခါင္းစဥ္ေအာက္ကပဲ သြားတာလား။ ေနာက္တစ္ခုက ၂ဝ၁၉ ကတည္းက ဒီစာခ်ဳပ္ကိုခ်ဳပ္ခဲ့ၾကဖို႔သေဘာထားရွိတယ္လို႔ ေျပာခဲ့ၾက တယ္။ ၾကားထဲမွာ ဘယ္လိုျဖစ္သြားခဲ့လဲဆိုတာကို ဆရာဘယ္လိုၾကားမိလဲဗ်။
ေျဖ ။ ။ ဟုတ္ကဲ့ အရင္ေျပာရမွာက ေငြအသုံးျပဳတဲ့ေနရာေပါ့။ အခုေလာေလာဆယ္ကေတာ့ ကုန္သြယ္ေရးမွာပဲ အဓိက အသုံးျပဳဖို႔ေပါ့။ ျမန္မာႏိုင္ငံေနရာတိုင္းမွာေတာ့ အသုံးျပဳႏိုင္ဖို႔က မျဖစ္ႏိုင္ေသးတဲ့ကိစၥေပါ့။ ျမန္မာက်ပ္ေငြ ဆိုလည္း ပိုဆိုးတာေပါ့။ တူတူပါပဲ။ အဓိကကေတာ့ ကုန္သြယ္ေရးပိုင္းေပါ့။ ဘာေၾကာင့္ဒီလိုလုပ္ရလဲဆိုတာ ေတာ့ ႏွစ္ဖက္စဥ္းစားရမွာေပါ့။ တစ္ခုကေတာ့ ကုန္သြယ္ေရးကို ပိုမိုလြယ္ကူျမန္ဆန္ေစဖို႔ေပါ့။ နဂိုက တရားမဝင္ လမ္းေၾကာင္းကေန ေငြေတြလဲလွယ္ၿပီး လဲေပးေနရတယ္ဆိုေတာ့ ၾကန႔္ၾကာတာတစ္ခု၊ မလုံၿခဳံတာတစ္ခုေပါ့။ ဒီလိုတရားဝင္လမ္းေၾကာင္းရွိေတာ့ လြယ္ကူျမန္ဆန္တာေပါ့။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔က အေမရိကန္ ေဒၚလာကို အရမ္းအားကိုးေနၾကတာ။ အဲဒါကိုေလ်ာ့ခ်ရမယ္လို႔ ႏိုင္ငံတိုင္းရဲ႕မဟာဗ်ဴဟာအရ စဥ္းစားရမယ့္ကိစၥ တစ္ခုျဖစ္ေနတာေပါ့။ ဘာေၾကာင့္လည္းဆိုေတာ့ ကြၽန္ေတာ္တို႔က ဘယ္ႏိုင္ငံမဆိုေနာက္ထပ္ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ေငြေၾကးတစ္ခုကိုအရမ္းမွီခိုသြားတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ရဲ႕ကုန္သြယ္ေရး၊ စီးပြားေရးဟာ မလုံၿခဳံတဲ့အေန အထားထဲမွာ ေရာက္ေနတယ္ဗ်။ ဥပမာ- ဒီႏွစ္ထဲမွာ ျမန္မာႏိုင္ငံမွာစစ္အာဏာသိမ္းမႈေၾကာင့္ မတည္မၿငိမ္ ျဖစ္လာတဲ့အခ်ိန္မွာ ဒီေဒၚလာနဲ႔ ျမန္မာက်ပ္ေငြရဲ႕ လဲလွယ္မႈဈးႏႈန္းက အႀကီးအက်ယ္ေျပာင္းလဲမႈေတြ ရွိခဲ့တယ္။ အဲဒီလိုျဖစ္သြားတဲ့အခ်ိန္မွာ လက္ေတြ႕မွာ ျပည္သူေတြ ပိုၿပီးေတာ့ ဒုကၡေရာက္ၾကရတယ္။ အကယ္၍သာ ကုန္သြယ္မႈမွာ ေဒၚလာကို အရမ္းအားမကိုးဘဲ တ႐ုတ္ယြမ္နဲ႔လုပ္ေနတယ္ဆိုရင္ ေဒၚလာနဲ႔ ျမန္မာက်ပ္ေငြရဲ႕ ေျပာင္းလဲမႈဒဏ္ကို ေလ်ာ့ခ်ႏိုင္မွာ ျဖစ္တယ္။

ေမး ။ ။ ႏွစ္ႏိုင္ငံကုန္သြယ္ေရးလုပ္ငန္းစဥ္မွာ အေရးႀကီးတာက ယုံၾကည္မႈေပါ့။ အခုလို က်ပ္နဲ႔ ယြမ္ တိုက္႐ိုက္ ကုန္သြယ္ခြင့္လုပ္လိုက္တဲ့အတြက္ ႏွစ္ႏိုင္ငံစီးပြားေရးလုပ္ငန္းရွင္ေတြၾကားမွာ ယုံၾကည္မႈက ပိုၿပီးေတာ့ ခိုင္ခိုင္ မာမာရသြားတယ္လို႔ ေျပာလို႔ရမလား။ သာမာန္လုပ္႐ိုးလုပ္စဥ္ကေန ပုံစံေျပာင္းသြားတဲ့အတြက္ ယုံၾကည္မႈ ပိုေကာင္းလာမယ္လို႔ ေျပာလို႔ရမလား။
ေျဖ ။ ။ ဟုတ္ကဲ့။ နံပါတ္(၁) အခ်က္ကေတာ့ ယုံၾကည္မႈပိုျမင့္လာမယ္လို႔ ေျပာလို႔ရတာေပါ့။ ဒါကေတာ့ ေသခ်ာပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးက လက္ေတြ႕မွာ ကြၽန္ေတာ္ တို႔ထင္သလိုမဟုတ္ဘူး။ ႐ုပ္ရွင္ေတြၾကည့္တဲ့အတိုင္း ကုမၸဏီႀကီးေတြကေန စနစ္တက်လုပ္ေနတာမဟုတ္ဘူး ဗ်။ လက္ေတြ႕မွာက ႏွစ္ဦးႏွစ္ဖက္ ႐ိုး႐ိုးသားသားပဲယုံၾကည္မႈနဲ႔လုပ္ေနၾကတာ။ ဆိုလိုတာကဘယ္လိုလည္းဆို ေတာ့ ေငြလဲလွယ္မႈစနစ္ေတြ တရားဝင္မရွိတဲ့အတြက္ ႏွစ္ဦးႏွစ္ဖက္ကယုံၾကည္မႈနဲ႔ပဲလုပ္ေနရတာ။ ဘယ္ေလာက္အထိ ယုံၾကည္ၾကလဲဆိုရင္ မ်ားေသာအားျဖင့္က စာခ်ဳပ္ေတာင္မရွိၾကဘူး။ ေငြလဲလွယ္မႈေတြ တရားဝင္မရွိတဲ့အတြက္ ဘဏ္အေကာင့္ေတြ ကုမၸဏီနံမည္ေတြလည္း မရွိၾကဘူး။ အဲဒီေတာ့ ကိုယ့္ဘက္က ပစၥည္းေတြကိုယုံၾကည္မႈနဲ႔ပို႔လိုက္တယ္။ ဟိုဘက္ကလည္းေငြကို သူ႔နည္းသူ႔ဟန္နဲ႔ပဲ လႊေပးလိုက္တာေပါ့။ အဲဒီ လိုေတြလုပ္လိုက္ေတာ့ ၾကားထဲမွာလိမ္လည္မႈေတြလည္းျဖစ္ေပၚလာတာေပါ့။ ဘာေၾကာင့္လည္းဆိုေတာ့ ႏိုင္ငံ တိုင္းမွာ အက်င့္စာရိတၱပ်က္ျပားသူ၊ ဥပေဒစည္းမ်ဥ္းကိုခ်ိဳးေဖာက္တဲ့လူေတြကေတာ့ ထုံးစံအတိုင္း ႏိုင္ငံတိုင္းမွာ ရွိပါတယ္။ အဲဒါေၾကာင့္ နယ္စပ္ကုန္သြယ္ေရးမွာလိမ္လည္မႈေတြ မၾကာခဏျဖစ္တတ္ပါတယ္။ အဲဒီလိုျဖစ္တဲ့ အတြက္ ျမန္မာႏိုင္ငံက သတင္းေတြထြက္လာတဲ့အခါမွာ ျပည္သူေတြက အျမင္ေတြေစာင္းကုန္ၾကတာျဖစ္ပါ တယ္။ အကယ္၍ တရားဝင္လမ္းေၾကာင္းကေနသြားတဲ့အခါမွာ ကိန္းဂဏန္းအတိအက်သိရတဲ့အတြက္ ႏွစ္ဦး ႏွစ္ဖက္အျပန္အလွန္ အာမခံမႈေပးႏိုင္ၾကတာေပါ့။ အာမခံမႈေပးႏိုင္တဲ့အတြက္ ပိုၿပီးေတာ့ ယုံၾကည္စိတ္ခ်ရတာ ေပါ့။ စဥ္းစားရမွာက ယခင္က တရားဝင္လမ္းေၾကာင္းေတြ၊ စနစ္ေတြ မတည္ေဆာက္ႏိုင္ခင္ကတည္းက တ႐ုတ္ နဲ႔ျမန္မာ ကုန္သြယ္ေရးက အေရးႀကီးတဲ့ကုန္သြယ္ဖက္ႏိုင္ငံျဖစ္ေနၿပီ။ အခုလိုတရားဝင္လုပ္လိုက္တဲ့အတြက္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးက ပိုၿပီးေတာ့ တိုးတက္လာဖို႔ပဲ ရွိတာေပါ့။

ေမး ။ ။ ေနာက္တစ္ခုက ယြမ္-က်ပ္ တိုက္႐ိုက္ကုန္သြယ္တဲ့ကိစၥမွာ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ၊ တာဝန္ရွိသူေတြ ရဲ႕စဥ္းစားပုံ၊ စဥ္းစားနည္းေတြက ဘယ္လိုရွိမလဲ။ ဆိုလိုတာက သူတို႔ေတြဟာ ႏွစ္ႏိုင္ငံရဲ႕ဆက္ဆံေရးၾကားမွာ ေဒၚလာရဲ႕လႊမ္းမိုးမႈကိုဖယ္ရွားခ်င္ေနၿပီလား။ အလြယ္ေျပာရရင္ ခ်စ္သူႏွစ္ဦးၾကားမွာ အလႊာပါးေလးမျခား ေအာင္ လုပ္တဲ့သေဘာလား။ ဒါမွမဟုတ္ ဘာရည္႐ြယ္ခ်က္ေတြနဲ႔လုပ္တယ္လို႔ ေျပာလို႔ရလဲ။
ေျဖ ။ ။ ဒီလိုလုပ္တာကေတာ့ အင္မတန္႐ိုးရွင္းတဲ့ဆႏၵပါပဲ။ ဘယ္လို႐ိုးရွင္းလည္းဆိုေတာ့ နံပါတ္တစ္အခ်က္ အေနနဲ႔ မွန္ပါတယ္။ ေဒၚလာေတြရဲ႕လႊမ္းမိုးမႈကို ေလ်ာ့ခ်ခ်င္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ တ႐ုတ္ျဖစ္ေစ၊ ျမန္မာျဖစ္ ေစ၊ ေဒၚလာေတြကိုရမ္းမွီခိုတဲ့အခါမွာ ေဒၚလာအေျပာင္းအလဲေတြ ျဖစ္တဲ့အခါမွာ ကြၽန္ေတာ္တို႔ႏိုင္ငံ ရဲ႕ စီးပြားေရးကိုႀကီးမားတဲ့သက္ေရာက္မႈေတြျဖစ္ေစတယ္။ ဥပမာအားျဖင့္ ကမာၻ႔သမိုင္းတိုးတက္လာပုံကိုျပန္ ၾကည့္ရင္ ဒုတိယကမာၻစစ္ၿပီးေနာက္ ႏိုင္ငံတကာစနစ္ဟာ ကမာၻ႔ကုလသမဂၢအဖြဲ႕ကို ဗဟိုျပဳတဲ့ ႏိုင္ငံတကာစနစ္ ဆိုၿပီးေတာ့ ျဖစ္ေပၚလာတယ္။ အဲဒီကမာၻ႔ကုလသမဂၢ႐ုံးခ်ဳပ္ကလည္း အေမရိကန္ရဲ႕နယူးေယာက္ၿမိဳ႕မွာရွိတယ္။ အဲဒီေတာ့ ႏိုင္ငံတကာစနစ္မွာ အေမရိကန္ႏိုင္ငံက ဦးေဆာင္တာမ်ိဳးျဖစ္လာတယ္။ ဒါကတစ္ခ်က္ေပါ့။ ေနာက္ထပ္ နံပါတ္ႏွစ္အခ်က္က ဘာလဲဆိုရင္ ဒုတိယကမာၻစစ္ၿပီးေနာက္ အေမရိကန္ေဒၚလာကိုအသုံးျပဳတဲ့ ကုန္သြယ္ေရးစနစ္လည္း ျဖစ္ေပၚလာတယ္။ ဒီအခ်က္(၂)ခ်က္ေၾကာင့္ ကမာၻ႔ကုလသမဂၢနဲ႔ အေမရိကန္ေဒၚလာ ေၾကာင့္ အေမရိကန္ဟာ ကမာၻ႔အင္အားအႀကီးဆုံး၊ အတိုးတက္ဆုံး၊ ဩဇာအရွိဆုံးႏိုင္ငံျဖစ္လာတယ္။ ကြၽန္ေတာ္ တို႔အစပိုင္းမွာ အေမရိကန္ေဒၚလာကိုအသုံးျပဳတာက လြယ္ကူေခ်ာေမြ႕ပါတယ္။ ဘာေၾကာင့္လည္းဆိုရင္ အေမရိကန္ေဒၚလာက တျခားႏိုင္ငံထက္စာရင္ ပိုၿပီးေတာ့ တည္ၿငိမ္တယ္။ ဥပမာ- ကြၽန္ေတာ္တို႔မသိတဲ့ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ေငြေၾကးေတြထက္စာရင္ အေမရိကန္ေဒၚလာဟာ ႏိုင္ငံတကာစနစ္နဲ႔ ခိုင္မွာတဲ့စီးပြားေရး အေဆာက္ အအုံရွိတဲ့အတြက္ အားလုံးအသုံးျပဳခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔အတြက္ အက်ိဳးရွိခဲ့ၾကတယ္။ ဒါေပမယ့္ ေခတ္ ကာလေတြေျပာင္းလာတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ မခန႔္မွန္းႏိုင္တဲ့အေျခအေနေတြျဖစ္လာတတ္တယ္။ ဥပမာ- အေမရိကန္လိုႏိုင္ငံမ်ိဳးမွာလည္း စီးပြားေရးအၾကပ္အတည္းဆိုတာ ျဖစ္တတ္တယ္ဗ်။ သူ႔လို စီးပြားေရးျဖစ္ျဖစ္၊ နည္းပညာျဖစ္ျဖစ္ ထိပ္တန္းႏိုင္ငံတစ္ခုကလည္း သူ႔ျပည္တြင္းမွာ စီးပြားေရးအၾကပ္အတည္းျဖစ္တတ္တယ္။ ဥပမာ- ၂ဝဝ၈ ခုႏွစ္က အေမရိကန္ႏိုင္ငံရဲ႕ျပည္တြင္းမွာ စီးပြားေရးအၾကပ္အတည္းျဖစ္ခဲ့တယ္။ အဲဒီအခ်ိန္မွာ အေမရိကန္က ဘယ္လိုေျဖရွင္းလဲဆိုေတာ့ ေဒၚလာေတြကိုပိုၿပီးေတာ့ ပုံႏွိပ္ထုတ္လိုက္တယ္။ အဲဒီလိုအစုလိုက္ အၿပဳံလိုက္တိုးၿပီးေတာ့ ထုတ္လိုက္တဲ့အတြက္ သူ႔ရဲ႕ျပည္တြင္းစီးပြားေရးအၾကပ္အတည္းကို ေျဖေလ်ာ့ေပးလိုက္ တယ္။ အဲဒီလိုေျဖေလ်ာ့လိုက္တာနဲ႔တၿပိဳင္တည္း ေဒၚလာေတြက တန္ဖိုးက်သြားတယ္။ ေဒၚလာေငြေဈးက်တဲ့ အတြက္ ဒီေဒၚလာနဲ႔ ကုန္သြယ္ေရးလုပ္ေနတဲ့ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ ႀကီးမားတဲ့သက္ေရာက္မႈေတြျဖစ္ ခဲ့ဖူးတယ္။ အဲဒါေၾကာင့္ ႏိုင္ငံတိုင္းက ေဒၚလာဆိုတဲ့ တစ္ခုတည္းေသာ ႏိုင္ငံတကာေငြေၾကးတစ္ခုတည္းအေပၚ မွီခိုမႈကို ေလ်ာ့ခ်ခ်င္တယ္။ အဲဒီအခ်ိန္မွာပဲ ဥေရာပႏိုင္ငံေတြကလည္း ဥေရာပသမဂၢကို တည္ေထာင္ခဲ့တယ္။ အဲဒီဥေရာပသမဂၢကလည္း တဆင့္ခ်င္းတိုးတက္လာတဲ့အခ်ိန္မွာ ယူ႐ိုေငြဆိုၿပီး ထုတ္ေဝႏိုင္ခဲ့တယ္။ အဲဒီေတာ့ ဥေရာပသမဂၢရဲ႕ အဖြဲ႕ဝင္ႏိုင္ငံအားလုံးနီးပါးဟာ စက္မႈဖြံ႕ၿဖိဳးတိုးတက္တဲ့ႏိုင္ငံေတြျဖစ္တယ္။ အဲဒီလိုႏိုင္ငံေတြ စုေပါင္းၿပီး ထုတ္ေဝလိုက္တဲ့ယူ႐ိုေငြကလည္း ခိုင္မာၿပီး ယုံၾကည္လို႔ရတယ္လို႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ယူဆ ၾကတယ္။ အဲဒါေၾကာင့္လည္း အေမရိကန္ေဒၚလာတစ္ခုတည္းကိုပဲ အားမကိုးေတာ့ဘဲနဲ႔ တခ်ိဳ႕ႏိုင္ငံေတြက ယူ႐ို ေငြကို ကုန္သြယ္ေရးမွာ အသုံးျပဳလာၾကတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း ဘာေတြ႕လည္းဆိုေတာ့ ေက်ာက္မ်က္ရတနာျပပြဲတိုင္းမွာ အစပိုင္းေတာ့ အေမရိကန္ေဒၚလာကိုပဲအသုံးျပဳၾကတယ္။ ဒီေနာက္ပိုင္းမွာ ေတာ့ ယူ႐ိုေငြကိုပါအသုံးျပဳလာၾကတာေတြ႕ရတယ္။ အဲဒီလိုပဲ ဖိအားေတြကိုေလ်ာ့ခ်ခ်င္တဲ့အတြက္ေပါ့။ ႏွစ္ႏိုင္ငံ စလုံးကလည္း ဒီလိုလိုအပ္ခ်က္ရွိတယ္။ အဲဒီေတာ့ ျမန္မာအတြက္ျဖစ္ေစ၊ တ႐ုတ္အတြက္ျဖစ္ေစ နံပါတ္တစ္ ကေတာ့ ေဒၚလာေငြေဈးရဲ႕ေျပာင္းလဲခ်က္ေၾကာင့္ ကိုယ့္ႏိုင္ငံရဲ႕ကုန္သြယ္ေရးေပၚမွာ ျဖစ္ေစႏိုင္တဲ့သက္ေရာက္ မႈကိုေလ်ာ့ခ်ခ်င္လို႔၊ ဒုတိယအခ်က္ကေတာ့ ႏွစ္ႏိုင္ငံနဲ႔ပဲ တိုက္႐ိုက္ဆိုင္တယ္။ ကြၽန္ေတာ္တို႔ ဒီလိုလုပ္ျခင္း အားျဖင့္ ႏွစ္ႏိုင္ငံရဲ႕ကုန္သြယ္ေရးက လြယ္ကူလ်င္ျမန္ ေခ်ာေမြ႕ေစတယ္။

ေမး ။ ။ ယြမ္နဲ႔က်ပ္နဲ႔တိုက္႐ိုက္အသုံးျပဳဖို႔အတြက္ကို တ႐ုတ္ေခါင္းေဆာင္ေတြက ပိုၿပီး အလိုရွိေနတယ္လို႔ ယူဆလား။ ဒါမွမဟုတ္ ျမန္မာေခါင္းေဆာင္ေတြကိုက အရမ္းကိုတက္တက္ႂကြႂကြရွိေနလို႔လား။ ဘယ္ဘက္က ပိုၿပီးတက္ႂကြေနတယ္လို႔ ျမင္မိ၊ ထင္မိလဲဗ်။
ေျဖ ။ ။ ေခါင္းေဆာင္ေတြရဲ႕စိတ္ေနစိတ္ထားကိုလဲ ကြၽန္ေတာ္က မသိဘူး။ ဒါေပမယ့္ ကြၽန္ေတာ္က ဘယ္လို ေျပာရမလည္းဆိုေတာ့ ႏွစ္ႏိုင္ငံရဲ႕စီးပြာေရးအေျခအေနေတြ (သို႔မဟုတ္) မဟာဗ်ဴဟာေတြကို ျပန္ေလ့လာ ၾကည့္ရင္ ကြၽန္ေတာ္တို႔အကဲခတ္ႏိုင္မယ္လို႔ေတာ့ ထင္ပါတယ္။ ေလာေလာဆယ္ျမန္မာႏိုင္ငံအေနနဲ႔ ကြၽန္ေတာ္ ေျပာရမယ္ဆိုရင္ေတာ့ ကိုယ့္ႏိုင္ငံကို နိမ့္ခ်တာေတာ့ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံဟာ စီးပြားေရးဖြံ႕ၿဖိဳးမႈ အားနည္းေနေသးတဲ့ ႏိုင္ငံတစ္ခုျဖစ္တယ္။ ဆိုေတာ့ ႏိုင္ငံတကာကုန္သြယ္ေရးၿပိဳင္ပြဲႀကီးမွာလည္း ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံေခါင္းေဆာင္ေတြကလည္း အရမ္းႀကီး ရည္မွန္းခ်က္ေတြ မထားထားဘူးလို႔ေတာ့ထင္တယ္။ ကြၽန္ေတာ္ထင္တာ ႏိုင္ငံတကာကုန္သြယ္ေရးမွာ လြယ္ကူေခ်ာေမြ႕ၿပီးေတာ့ တစ္ဆင့္ခ်င္းတစ္ဆင့္တိုးတက္လာ ဖို႔ဆိုရင္ ျမန္မာေတြေက်နပ္ေနၿပီလို႔ထင္တယ္။ ဒါက ျမန္မာဘက္ကေပါ့ေနာ္။ တ႐ုတ္ဖက္ကေန ျပန္စဥ္းစား မယ္ဆိုရင္လည္း တ႐ုတ္ဘက္က ဒါကို ပိုလိုလားမယ္လို႔ေတာ့ထင္တယ္။ ဘာလို႔ဆိုေတာ့ တ႐ုတ္ႏိုင္ငံဟာ စီးပြားေရးအရဆို ကမာၻအဆင့္(၂)ကိုေရာက္ေနၿပီ။ တ႐ုတ္အစိုးရကေတာ့ ကမာၻေပၚမွာ ဗိုလ္မလုပ္ဘူးဆိုတာ တရားဝင္ေျပာခဲ့ေပမယ့္ေပါ့ေနာ္… အေနာက္ႏိုင္ငံေတြက ေျပာၾကတာရွိတယ္ေလ တ႐ုတ္က အေမရိကန္နဲ႔ ယွဥ္ၿပိဳင္ေနတယ္။ တ႐ုတ္က ဆႏၵရွိ/ မရွိေတာ့ ကြၽန္ေတာ္မသိဘူး။ ဒါေပမယ့္လက္ေတြ႕မွာ ၿပိဳင္ဆိုင္မႈျဖစ္ေန တာေတာ့ အားလုံးေတြ႕ျမင္ေနၾကတာပဲ။ တ႐ုတ္နဲ႔အေမရိကန္က စီးပြားေရးဖက္မွာလည္း ၿပိဳင္ဆိုင္မႈေတြျဖစ္ေန တယ္။ ဒါေၾကာင့္ ေဒၚလာရဲ႕သက္ေရာက္မႈကိုေလွ်ာ့ခ်ဖို႔ကို တ႐ုတ္က ပိုလိုလားမယ္လို႔ထင္တယ္။ ေနာက္တစ္ခု က ဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ ဒီစကားလုံးကို သိပ္မစိမ္းဘူးလို႔ထင္တယ္။ ရပ္ဝန္းနဲ႔ ပိုးလမ္းမ စီမံကိန္း(BRI) ဒီကိစၥကို တ႐ုတ္ရဲ႕အဲဒီေပၚလစီကို ကြၽန္ေတာ္ရွင္းျပရမယ္ဆိုရင္ တကယ္စတာက ဘယ္လိုလည္းဆိုေတာ့ ၂ဝ၁၂ ခုႏွစ္မွာ အေမရိကန္ကေနၿပီးေတာ့ အာရွကို ေခါင္းျပန္လွည့္တယ္ဆိုၿပီးေတာ့ ေပၚလစီတစ္ခုခ်မွတ္လိုက္ တယ္။ (Return To Asia Pacific) ေပါ့ေနာ္။ ဒီလိုေပၚလစီခ်မွတ္လိုက္တဲ့အခ်ိန္မွာ တ႐ုတ္ႏိုင္ငံကို အေရွ႕ဘက္ ကေနၿပီးေတာ့ ပိတ္ဆို႔ယွဥ္ၿပိဳင္မႈေတြလုပ္လာတယ္။ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔ၾကည့္ရမယ္ဆိုရင္ အိႏၵိယ ကလည္း သူကလည္း အေရွ႕ကိုခ်ီတက္ေပါ့ေနာ္။ အိႏၵိယက အေရွ႕ကိုခ်ီတက္ေတာ့ ျမန္မာေတြက တ႐ုတ္ဘက္၊ ဂ်ပန္ဘက္ကို ခ်ီတက္လာတယ္။ အဲဒီလိုေပၚလစီၾကားမွာ တ႐ုတ္ကေနၿပီးေတာ့ BRI ဆိုတာေလး စၿပီးေတာ့ ထြက္လာတယ္။ သူကဘာလဲဆိုေတာ့ ခင္ဗ်ားတို႔အေရွ႕ကေနလာတယ္။ အဲဒီေတာ့ ကြၽန္ေတာ္အေရွ႕က ထိုးေဖာက္လို႔မရဘူး။ အဲဒါေၾကာင့္ အေရွ႕ကို မထိုးေဖာက္ဘူး။ ကြၽန္ေတာ္အေနာက္ဖက္ကို လွည့္မယ္ေပါ့ေနာ္။ အဲဒီေတာ့ တ႐ုတ္ႏိုင္ငံကေနၿပီးေတာ့ အေနာက္ဖက္ကို လွည့္သြားတယ္။ အေရွ႕ကေနပဲသြားစရာမလိုေတာ့ဘူး။ အေနာက္ကေနသြားမယ္။ အဲဒီေတာ့ တ႐ုတ္ႏိုင္ငံငံကေနၿပီးေတာ့ ဒီအာဆီယံႏိုင္ငံေတြကိုတင္းသြားမယ္ ႐ုရွား တို႔၊ ပါကစၥတန္တို႔ကိုျဖတ္ၿပီးေတာ့ ဥေရာပအထိကိုသြားမယ္။ အဲဒီလိုအေနာက္ကိုလွည့္ျခင္းအားျဖင့္ သူရဲ႕ ေနာက္ကြယ္က စီးပြားေရးအေတြးအေခၚက ဘာလဲဆိုေတာ့ ရည္းမွန္းခ်က္(၃)ခုရွိတယ္လို႔ ထင္တယ္။ ပထမတစ္ခုက တ႐ုတ္က စက္မႈအေျခခံဖြံ႕ၿဖိဳးတိုးတက္တဲ့ႏိုင္ငံတစ္ခုျဖစ္ေနၿပီ။ အထူးသျဖင့္ ေဆာက္လုပ္ေရး ကုန္ၾကမ္းေတြ အခိုင္အမာတစ္ခုရွိေနၿပီ။ အဲဒါေတြကို တ႐ုတ္ျပည္ထဲမွာေတာင္ သုံးလို႔မကုန္ေတာ့ဘူး။ ဒီကုန္ၾကမ္းေတြကိုလည္း ျပည္ပကိုထပ္တင္ဖို႔လိုတယ္။ အလြယ္ဆုံးေျပာရရင္ သံမဏီ(Steel) ေပါ့။ ေဆာက္လုပ္ ေရးသုံး(Steel) ေတြက တ႐ုတ္ႏိုင္ငံမွာ အရမ္းအပိုအလွ်ံျဖစ္ေနၿပီ။ အဲဒါေတြကလည္း ႏိုင္ငံတကာကို ေရာက္ေန ရမယ္။ ဒါက BRI ထဲက ရည္မွန္းခ်က္တစ္ခုျဖစ္တယ္။ ေနာက္ဒုတိယတစ္ခုက ဘာလဲဆိုေတာ့ ယြမ္ေငြ ပဲ။ တ႐ုတ္ယြမ္ကလည္း ကမာၻ႔အႏွံ႔ေရာက္ရမယ္။ BRI ရဲ႕ပူးေပါင္းေဆာင္႐ြက္မႈေတြကတစ္ဆင့္ တ႐ုတ္ယြမ္က လည္း ႏိုင္ငံတကာကိုေရာက္ေစရမယ္။ ေနာက္တတိယတစ္ခ်က္ကေတာ့ စစ္ေရးပိုင္းျဖစ္သြားၿပီေပါ့။ တ႐ုတ္ရဲ႕ ပင္လယ္ေရတပ္ေပါ့။ ေရတပ္ကလည္း ကမာၻေပၚက ႀကိဳက္တဲ့ႏိုင္ငံကိုေရာက္ႏိုင္ရမယ္။ ဒါကေတာ့ စစ္ေရးနဲ႔ ဆိုင္သြားၿပီေပါ့။ ကြၽန္ေတာ္တို႔စီးပြားေရးနဲ႔ သိပ္ေတာ့မဆိုင္ဘူး။ အဲဒီေတာ့ ေရွ႕ႏွစ္ခ်က္ကိုပဲေျပာရမယ္။ အဓိက ကေတာ့ တ႐ုတ္ျပည္တြင္းက စတီး(Steel) ေတြကို ႏိုင္ငံတကာရဲ႕ေနရာတိုင္းကို ေရာက္ႏိုင္တဲ့အခ်ိန္မွာ တ႐ုတ္ရဲ႕စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အရမ္းအေရးပါတဲ့အခ်က္ေပါ့။ ဒုတိယအခ်က္ကေတာ့ တ႐ုတ္ယြမ္ ေငြက ႏိုင္ငံတကာကိုေရာက္မယ္ဆိုရင္ စီးပြားေရးကို ပိုၿပီးေတာ့တိုးတက္ေစမယ္။ ဆိုလိုတာကဗ်ာ တ႐ုတ္ ဘက္က ကြၽန္ေတာ္ေျပာရရင္ ကိုယ့္ႏိုင္ငံကိုကိုယ္ တကယ္အားမရဘူး။ တ႐ုတ္ဘက္က စီးပြားေရးပိုင္းမွာပိုၿပီး ေတာ့ စနစ္က်တဲ့၊ ရွင္းလင္းတဲ့ရည္မွန္းခ်က္နဲ႔ ဗ်ဴဟာေတြရွိတယ္။ ကြၽန္ေတာ္တို႔ျမန္မာဘက္မွာေတာ့ ဒီအခ်က္ေတြ အားနည္းေနေသးတယ္လို႔ ကြၽန္ေတာ္ထင္တယ္ဗ်။

ေမး ။ ။ တ႐ုတ္ယြမ္နဲ႔ ျမန္မာက်ပ္ေငြရဲ႕ အနာဂတ္အလားအလာက ျမန္မာႏိုင္ငံကုန္သြယ္မႈတင္မကဘဲ ျမန္မာ ႏိုင္ငံရဲ႕ရင္ႏွီးျမဳပ္ႏွံမႈက႑ေတြအထိပါ စိမ့္ဝင္သြားႏိုင္ေျခရွိလား။ ေနာက္ၿပီးေတာ့ တ႐ုတ္က ျမန္မာႏိုင္ငံမွာ (Investment) ေတြ လာလုပ္တာရွိတယ္။ ေျပာခ်င္တာကေတာ့ ျမန္မာကေတာ့ တ႐ုတ္မွာ သြားမလုပ္ႏိုင္ဘူး။ အဲဒီေတာ့ ျမန္မာမွာ တ႐ုတ္က လာလုပ္မယ့္ (Investment Project) ေတြအထိပါ စိမ့္ဝင္လာႏိုင္ေျခရွိလား။
ေျဖ ။ ။ စိမ့္ဝင္လာႏိုင္ေျခရွိလား ဆိုတာကေတာ့ သိပ္မဟုတ္ဘူး။ သက္ေရာက္မႈေတာ့ျဖစ္လာမွာပဲ။ ပထဆုံး ကေတာ့ ကုန္သြယ္ေရးေပါ့ေနာ္။ အဓိက အေရးႀကီးဆုံးက ဘာလည္းဆိုေတာ့ ကြၽန္ေတာ္တို႔က ျမန္မာကေနၿပီး ေတာ့ ဒီကိစၥကို အဲဒီလိုမသကၤာစိတ္နဲ႔ပဲၾကည့္ေနဖို႔ ကြၽန္ေတာ္ အားမေပးခ်င္ဘူးဗ်။ ဒါကေတာ့ စီးပြားေရး သေဘာအရ လုပ္ေဆာင္တာပဲျဖစ္တယ္။ ဆိုလိုတာက စီးပြားေရးဆိုတာ ႏွစ္ဦးႏွစ္ဖက္လုံးအက်ိဳးရွိတဲ့ ကိစၥေတြ ပါ။ ကြၽန္ေတာ္တို႔ဘယ္လိုပဲေျပာေျပာ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံရဲ႕အႀကီးဆုံးေသာ ကုန္သြယ္ေရးဖက္ျဖစ္ေန တယ္။ ႏွစ္ေပါင္းမ်ားစြာရွိၿပီ။ ျမန္မာႏိုင္ငံရဲ႕အႀကီးမားဆုံး ရင္းႏွီးျမဳပ္ႏွံမႈႏိုင္ငံလည္းျဖစ္တယ္။ ဒါလည္း ႏွစ္ေပါင္း မ်ားစြာ ရွိေနၿပီေပါ့။ ကြၽန္ေတာ္တို႔မယုံၾကည္ဘူးတို႔ စသျဖင့္ ေျပာေနေပမယ့္ ဒီအေျခအေနက ေျပာင္းလဲမသြား ဘူး။ လက္ေတြ႕မွာ ေျပာင္းလဲမသြားဘူး။ ဘာေၾကာင့္လဲဆိုေတာ့ လက္ေတြ႕မွာႏွစ္ႏိုင္ငံစလုံးရဲ႕အခုလို ဆက္ဆံ ေရးဟာ အက်ိဳးျပဳေနတဲ့အတြက္ျဖစ္တယ္။ အဲဒီေတာ့ တ႐ုတ္ရဲ႕ေငြေၾကးဟာ ျမန္မာႏိုင္ငံရဲ႕ရင္ႏွီးျမဳပ္ႏွံမႈထဲကို စိမ့္ဝင္လာမလားဆိုတာကို မေတြးဘဲနဲ႔ ကြၽန္ေတာ္တို႔စဥ္စားရမွာက တ႐ုတ္-ျမန္မာစီးပြားေရးမွာ ယြမ္ကို အသုံးျပဳ ႏိုင္ျခင္းအားျဖင့္ ႏွစ္ဦးႏွစ္ဖက္လုံးအက်ိဳးျဖစ္တဲ့ကိစၥတစ္ခုျဖစ္တယ္လို႔ ကြၽန္ေတာ္တို႔အေျခခံအားျဖင့္ျမင္ထားရင္ အဆင္ေျပၿပီလို႔ ကြၽန္ေတာ္ထင္တယ္ဗ်။

ေမး ။ ။ ကြၽန္ေတာ္ဆိုလိုတာက တ႐ုတ္က ျမန္မာႏိုင္ငံမွာ (Investment) လုပ္မယ့္က႑ေတြ အမ်ားႀကီးရွိ တယ္။ ဥပမာ- တ႐ုတ္-ျမန္မာနယ္စပ္မွာ ကုန္သြယ္ေရးဇုန္ေတြ၊ စီးပြားဇုန္တစ္ခု လုပ္ဖို႔ရွိတယ္ၾကားတယ္။ အဲဒီ ကေနမွ ကြၽန္ေတာ္တို႔ မူဆယ္ကေန ေတာက္ေလွ်ာက္ေပါ့ ေက်ာက္ျဖဴအထိကို ရထားလမ္း၊ ကားလမ္း၊ အေဝးေျပးလမ္းေတြဆြဲဖို႔အထိ ျပင္ဆင္ထားတယ္။ ေက်ာက္ျဖဴ စီးပြားေရးစီမံကိန္းေတြလည္း ရွိတယ္။ အဲဒီလိုပဲ အျခားေတာ့ (Investment) ေတြရွိတယ္။ ေျပာခ်င္တာက တ႐ုတ္က နယ္စပ္ကုန္သြယ္ဘက္မွ ဒီဘက္ျမန္မာ ႏိုင္ငံရဲ႕ပင္လယ္ထြက္ေပါက္အထိကို လမ္းေဖာက္ထြက္လာမလားေပါ့။
ေျဖ ။ ။ ဟုတ္ကဲ့။ ဒီေမးခြန္းကေတာ့ ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေမးခြန္းေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ျမန္မာျပည္သူလူထုအေနနဲ႔လည္း ပိုၿပီးေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ဒီလိုစီးပြားေရးေျခလွမ္းဟာ ျမန္မာေတြအတြက္ ဘယ္လိုအက်ိဳးေက်းဇူး ရွိမလဲဆိုတဲ့အရာေလးေပါ့။ ကြၽန္ေတာ္တို႔ျပန္ေလ့လာသုံးသပ္ဖို႔လိုတယ္။ ဘာလို႔လည္း ဆိုေတာ့ ကြၽန္ေတာ္တို႔ ေငြေၾကးတစ္ခုတည္းကိုၾကည့္ၿပီးေတာ့ ဒီေငြေၾကးမွာပဲ ဒီနယ္စပ္ကုန္သြယ္ေရးမွာပဲ ရပ္ ေနတာမဟုတ္ဘဲနဲ႔ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးအေျခအေနတစ္ခုလုံးကိုျပန္ၿခဳံၿပီးေတာ့ ၾကည့္သင့္တယ္လို႔ ယူဆ တယ္။ အခုက ကြၽန္ေတာ္တို႔ တစ္ဆင့္ခ်င္းစီျပန္စဥ္းစားၾကည့္မယ္ဆိုရင္ ပထဆုံးအေနနဲ႔ ယြမ္ကို တိုက္႐ိုက္သုံး ျခင္းအားျဖင့္ တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးကို တိုက္႐ိုက္အက်ိဳးေက်းဇူးျဖစ္ေစတယ္ေပါ့ေနာ္။ ေနာက္တစ္ ခုက ဘာလည္းဆိုေတာ့ ကြၽန္ေတာ္တို႔ဆရာေျပာသလိုေပါ့ ဒီနယ္စပ္မွာ ႏွစ္ႏိုင္ငံ စီးပြားေရး၊ပူးေပါင္းေရးဇုန္ဆိုတဲ့ စီးပြားေရး Project ႀကီးတစ္ခု တည္ေဆာက္ဖို႔ရွိတယ္။ လက္ေတြ႕မွာ အေကာင္အထည္ေဖာ္ဖို႔ အခက္အခဲေတာ့ နည္းနည္းရွိေနေသးတယ္။ ႏွစ္ႏိုင္ငံလုံးႀကိဳးစားေနတယ္။ ေျဖရွင္းေနတယ္။ အဲဒီ စီးပြားေရးဇုန္ႀကီး တည္ေဆာက္ လာႏိုင္ဖို႔အတြက္ ဒီလို ယြမ္ေငြ အသုံးျပဳမႈကလည္း အက်ိဳးေက်းဇူးျဖစ္ေစတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ဒီစီးပြားေရး ဇုန္ကိစၥေျပာတဲ့အခ်ိန္မွာ ဘာထပ္စဥ္းစားရမလဲဆိုေတာ့ ျမန္မာျပည္သူလူထုေတြက အဲဒီလို Project ေလး ၾကားလိုက္တာနဲ႔ ကြၽန္ေတာ္တို႔က ေၾကာက္ေနၾကတယ္။ မသကၤာတဲ့စိတ္ေတြ ျဖစ္ေနၾကတယ္။ အဲဒီေတာ့ ကြၽန္ေတာ္က ဒီစီးပြားေရးဇုန္နဲ႔ပတ္သက္ၿပီး နည္းနည္းေလးရွင္းျပခ်င္တယ္။ အဲဒီလိုဇုန္ႀကီးေဆာက္ၿပီးေတာ့ စက္႐ုံေတြေဆာက္တာ ဘယ္လိုအက်ိဳးေက်းဇူးရွိလဲ။ ၿပီးေတာ့ ဒီကိစၥကေန ေက်ာက္ျဖဴအထိ ဘယ္လို ပတ္သက္ သြားလဲဆိုတာေလးေပါ့။ ကြၽန္ေတာ္တို႔တ႐ုတ္ဟာ ျမန္မာႏိုင္ငံအတြက္ ကုန္သြယ္ေရးမွာ အေရးပါဆုံးႏိုင္ငံျဖစ္ တယ္။ ဒါေပမယ့္ ကြၽန္ေတာ္အရင္လည္းအရင္က ေျပာဖူးပါတယ္။ တ႐ုတ္ဖက္ကေနၾကည့္မယ္ဆိုရင္ေတာ့ ျမန္မာနဲ႔ကုန္သြယ္ေရးက အင္မတန္နိမ့္က်တဲ့ကုန္သြယ္ေရးအေနအထားတစ္ခုမွာ ရွိေနတယ္။ ဟုတ္ၿပီ။ အဲဒီ ေတာ့ ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ တ႐ုတ္ရဲ႕စုစုေပါင္းကုန္သြယ္မႈပမာဏကို ၾကည့္လိုက္မယ္။ ဘယ္ေလာက္ရွိလဲဆိုေတာ့ အေမရိကန္ေဒၚလာ ဘီလ်ံ (၅ဝဝဝ) ရွိတယ္။ တ႐ုတ္-ျမန္မာကေတာ့ (၂)ဘီလ်ံ ေလာက္ပဲ ရွိတယ္။ အဲဒီေတာ့ ျမန္မာက ဘယ္ေလာက္ပဲပါဝင္ေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ တြက္ခ်က္လို႔ ရတယ္။ တ႐ုတ္ရဲ႕ကုန္သြယ္မႈနဲ႔ ကုန္ထုတ္မႈအပါအဝင္ အဲဒီဘီလ်ံ(၅ဝဝဝ) ဟာ ဘယ္ကေနသြားလဲဆိုေတာ့ မလကၠာေရလက္ၾကားကိုျဖတ္ရတယ္။ မလကၠာေရလက္ၾကားကို ဒီဘီလ်ံ(၅ဝဝဝ) ထဲက (၇ဝ) ရာခိုင္ႏႈန္း ဝန္းက်င္ေလာက္က မလကၠာေရလက္ၾကားျဖတ္သြားရၿပီးေတာ့ ဒီအာဆီယံနဲ႔ ဥေရာပတို႔ အျခားႏိုင္ငံေတြကို အကုန္လုံးေရာက္သြားၾကတာေပါ့ေနာ္။ မလကၠာေရလက္ၾကားျဖတ္သြားရဆိုတာ ဘာကိုဆိုလိုတာလဲဆိုေတာ့ စင္ကာပူကို အခြန္ေဆာင္ရတယ္ဆိုတဲ့ သေဘာပဲ။ အဲဒီေတာ့ စင္ကာပူက ဘာမွလုပ္စရာမလိုဘဲနဲ႔ တ႐ုတ္ကုန္ ေတြေရာက္ရွိလာတဲ့အတြက္ တ႐ုတ္ကုန္ေတြကေန အခြန္ေကာက္တာနဲ႔တင္ကို သူတို႔စင္ကာပူႏိုင္ငံက ႀကီးပြား ခ်မ္းသာေနတာဗ်။ ဟုတ္ၿပီ။ ကြၽန္ေတာ္တို႔ေစာေစာကေျပာသလိုပဲ တ႐ုတ္-ျမန္မာကုန္သြယ္ေရးက (၂)ဘီလ်ံ ေလာက္ပဲရွိတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ကြၽန္ေတာ္တို႔ျမန္မာဘက္မွာက ကုန္ၾကမ္းေတြ ထုတ္လုပ္ႏိုင္တာ ေပါ့။ စက္မႈကုန္ေခ်ာေတြက အားနည္းေနတယ္။ အဲဒီေတာ့ ျမန္မာက တ႐ုတ္ဘက္ကို တင္ပို႔ႏိုင္တာလည္း ရွား တယ္။ ၿပီးေတာ့ တ႐ုတ္က ျမန္မာကို စက္႐ုံေတြ ရင္ႏွီးျမဳပ္ႏွံမႈေတြလာတာကလည္း အမွန္အတိုင္းေျပာရမယ္ဆို ရင္ ျမန္မာအတြက္သာ မ်ားေနတာပါ။ ဒါေပမယ့္ တျခားႏိုင္ငံနဲ႔ယွဥ္ရင္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အေျခအေနက မေျပာပသေလာက္ပဲရွိေနတယ္။ အဲဒီေတာ့ နယ္စပ္စီးပြားေရး၊ ပူးေပါင္းေရးဇုန္ႀကီးတည္ေဆာက္လိုက္တဲ့ အခ်ိန္ မွာ ကြၽန္ေတာ္တို႔က စက္႐ုံေတြကို အဲဒီေနရာမွာေဆာက္လိုက္မယ္။ အဲဒီဇုန္ထဲမွာ အခြန္ကင္းလြတ္ခြင့္ရွိတယ္။ ၿပီးေတာ့ ကုန္ၾကမ္းေတြ အဲဒီကိုေရာက္ၿပီးေတာ့ တ႐ုတ္စက္႐ုံေတြ၊ ျမန္မာစက္႐ုံေတြ၊ ကြၽန္ေတာ္တို႔ ျမန္မာ လုပ္သားေတြနဲ႔ ကုန္ေခ်ာအျဖစ္ျပန္ေျပာင္းလဲၿပီးေတာ့ တ႐ုတ္ျပည္ထဲကို ျပန္ပို႔ႏိုင္တယ္။ ၿပီးေတာ့ တ႐ုတ္ေတြက စက္႐ုံေတြလာေဆာက္ၿပီးေတာ့ ကုန္ေခ်ာေတြထုတ္လုပ္ႏိုင္မယ္။ ထုတ္လုပ္ၿပီးေတာ့ မလကၠာေရလက္ၾကားကို မသြားဘဲနဲ႔ ကြၽန္ေတာ္တို႔ဒီစီးပြားေရးဇုန္ကေနၿပီးေတာ့ ေက်ာက္ျဖဴဆိပ္ကမ္းကေန ျပန္ထြက္သြားမယ္။ သူတို႔ ဒီပမာဏမေျပာနဲ႔ အသုံးစရိတ္ကိုအရင္ေျပာမယ္။ တ႐ုတ္ဘက္ကိုၾကည့္မယ္ဆိုရင္ သူတို႔ အက်ိဳးေက်းဇူးအမ်ား ႀကီးရွိသြားလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြန္တိန္နာတစ္လုံးကို တ႐ုတ္က မလကၠာေရလက္ၾကားက ျဖတ္မယ္။ ဒါမွမဟုတ္ ဒီဘက္က ျမန္မာနယ္စပ္ကေနဝင္လာၿပီးေတာ့ ေက်ာက္ျဖဴဆိပ္ကမ္းကေန ျဖတ္မယ္ဆို ရင္ ကြန္တိန္နာတစ္လုံးကို တ႐ုတ္က ေဒၚလာ(၂ဝဝဝ) ေလာက္ စရိတ္သက္သာသြားမယ္။ အဲဒီအတြက္ တ႐ုတ္ ႏိုင္ငံက ကုန္သည္ေရးသမားေတြ၊ စီးပြားေရးသမားေတြကေတာ့ ႏွစ္သက္မွာပဲေလ။ ကြၽန္ေတာ္တို႔က ေဈးစကား ေျပာလိုက္မယ္ဆိုရင္ေတာ့ ကြန္တိန္နာတစ္လုံးကို စရိတ္ပို႔ခ ေဒၚလာ(၂ဝဝဝ) ေလွ်ာ့ခ်ႏိုင္တယ္ဆိုရင္ သူတို႔က ျမန္မာျပည္ကိုလာမွာေပါ့။ အဲဒီလို ျမန္မာျပည္ကိုလာတဲ့အတြက္ ျမန္မာႏိုင္ငံက ဘာအက်ိဳးေက်းဇူးေတြရရွိမလဲ ဆိုေတာ့ စင္ကာပူလိုပဲေပါ့။ ကြၽန္ေတာ္တို႔ အခြန္အခေကာက္႐ုံနဲ႔ကို ကြၽန္ေတာ္တို႔က ေတာ္ေတာ္ေလးရမယ္။ ဥပမာ- တ႐ုတ္ႏိုင္ငံရဲ႕စုစုေပါင္းကုန္သြယ္မႈပမာဏေငြက အေမရိကန္ေဒၚလာဘီလ်ံ(၅ဝဝဝ) ရွိတယ္။ အဲဒီဘီလ်ံ(၅ဝဝဝ) ထဲမွာ ကြၽန္ေတာ္တို႔ဆီကို ဆယ္ပုံတစ္ပုံပဲလာပါေစဦး။ ဆယ္ပုံတစ္ပုံေလာက္ ျမန္မာျပည္ ကေနထြက္မယ္ေပါ့။ ဆိုလိုတာက ျမန္မာျပည္ကေနၿပီးေတာ့ ဘီလ်ံ ဘယ္ေလာက္ရွိမလဲဆိုေတာ့ (၅ဝဝ) ေပါ့။ မလကၠာေရလက္ၾကားကို မျဖတ္ေတာ့ဘဲနဲ႔ ေက်ာက္ျဖဴကေနထြက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔အခြန္ေကာက္႐ုံနဲ႔ ဒီတင္ပို႔မႈေတြ၊ ကုန္ကားေတြ၊ လုပ္သားခေတြနဲ႔ကို ကြၽန္ေတာ္တို႔ဟာ ႀကီးမာတဲ့စီးပြားအက်ိဳးေက်းဇူးေတြ ရလိမ့္ မယ္ေပါ့ေနာ္။ အခု တ႐ုတ္-ျမန္မာကုန္သြယ္ေရးက (၂)ဘီလ်ံပဲ ရွိတယ္။ မလကၠာေရလက္ၾကားျဖတ္မယ့္ကုန္ ေတြရဲ႕ ဆယ္ပုံတစ္ပုံေလာက္သာ ျမန္မာျပည္ကိုျဖတ္မယ္ဆိုရင္ ဘီလ်ံ(၅ဝဝ)ရွိတယ္ဗ်။ အဲဒီေတာ့ ဒါေတြက တစ္ဆင့္ၿပီးတစ္ဆင့္ တိုးတက္လာရမွာျဖစ္တယ္။ ဆိုေတာ့ ယြမ္ကိုအသုံးျပဳတာဟာ ဒီစီးပြားေရးကြင္းဆက္ေတြ ရဲ႕ ပထမဆုံးအဆင့္အေနနဲ႔ အေျခခံအက်ဆုံးပဲျဖစ္ပါတယ္။ ဒီအဆင့္ေတြကိုေရာက္ဖို႔အတြက္ကေတာ့ ကြၽန္ေတာ္တို႔ေတြ အမ်ားႀကီးဆက္ေလွ်ာက္ရဦးမယ္။

ေမး ။ ။ အဲဒီေတာ့ သေဘာကေတာ့ ယြမ္နဲ႔က်ပ္ တိုက္႐ိုက္ခ်ိတ္ဆက္လိုက္ျခင္းအားျဖင့္က ႏွစ္ႏိုင္ငံရဲ႕ ရင္းႏွီး ျမဳပ္ႏွံမႈလုပ္ငန္းေတြ၊ ကုန္ထုတ္လုပ္ငန္းေတြကို ပိုၿပီးေတာ့ ေရွ႕ကိုတိုးဖို႔အတြက္ကိုလား။ ပထမဦးဆုံး ေျခလွမ္း အျဖစ္နဲ႔က်စ္က်စ္လစ္လစ္ လုပ္ႏိုင္တဲ့လုပ္ရပ္တစ္ခုလို႔ ေျပာလို႔ရၿပီလား။
ေျဖ ။ ။ ဒါကေတာ့ ေတာ္ေတာ္ေလးကိုေကာင္းမြန္တဲ့ အဖြင့္ေလးတစ္ခုလို႔ေတာ့ ေျပာလို႔ရတာေပါ့။ ပထမဆုံး လွပတဲ့ေျခလွမ္းတစ္လွမ္းလို႔ ကြၽန္ေတာ္တို႔ေျပာလို႔ရတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔စဥ္းစားရမွာက ဒီလို လုပ္ႏိုင္ဖို႔(၂ဝ၁၉) ခုႏွစ္ကတည္းက ကြၽန္ေတာ္တို႔သေဘာတူညီခ်က္ရထားတယ္။ ဒါေပမယ့္ ဘယ္လိုအက်ိဳး အေၾကာင္းေၾကာင့္လည္းေတာ့မသိဘူးေပါ့။ လက္ေတြ႕မွာေတာ့ အခက္အခဲေတြႀကဳံေနခဲ့တာေပါ့။ အခုမွပဲ ကြၽန္ေတာ္တို႔ေတြ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္တာပါ။ အဲဒီလိုဆိုေပမယ့္လည္း နည္းနည္းေလးေတာ့ ထူးျခားတာ တစ္ခုရွိတာေပါ့ေနာ္။ ဘာလဲဆိုေတာ့ ႏိုင္ငံတကာရဲ႕လုပ္ပုံလုပ္နည္းက ႏွစ္ႏိုင္ငံကေနၿပီးေတာ့ ဒီေငြေၾကး တရားဝင္လဲလွယ္မႈစာခ်ဳပ္ကို ခ်ဳပ္ဆိုၿပီးမွ ဒီလိုဝန္ေဆာင္မႈကိုေဆာင္႐ြက္ႏိုင္တာ။ ကြၽန္ေတာ္တို႔အခု ျမန္မာျပည္မွာေတာ့ ေျပာင္းျပန္ျဖစ္ေနတယ္။ ေျပာင္းျပန္ျဖစ္ေနတာေပါ့ေနာ္။ အဲဒါက နည္းနည္းထူးဆန္းတယ္။ ဒါေၾကာင့္မို႔လို႔ အေရးႀကီးဆုံးက ဘာလဲဆိုေတာ့ ႏွစ္ႏိုင္ငံရဲ႕ဗဟိုဘဏ္ကေနၿပီးေတာ့ ႏွစ္ႏိုင္ငံေငြေၾကး တရားဝင္ လဲလွယ္မႈသေဘာတူညီခ်က္ကို အျမန္ဆုံးခ်ဳပ္ဆိုသင့္တယ္လို႔ ကြၽန္ေတာ္ယူဆတယ္။

ေမး ။ ။ ေနာက္တစ္ခုက ဒီ ယြမ္-က်ပ္စီမံခ်က္က ေနာက္ျပန္ဆုတ္သြားတာမ်ိဳး ရွိႏိုင္လား။ ဒါမ်ိဳးေတြက ေျပာ လို႔မရဘူးေလ။ လုပ္ရင္းကိုင္ရင္းနဲ႔တစ္ခါတေလ ထၿပီးေတာ့ တစ္ခုခုျဖစ္ၿပီးေတာ့ ရပ္သြားတာေတြျဖစ္ႏိုင္တယ္။ အဲဒီေတာ့ အခုေျခလွမ္းကိုၾကည့္ခ်င္းအားျဖင့္ အဲဒီလိုမ်ိဳးျဖစ္သြားႏိုင္ေျခရွိလား။
ေျဖ ။ ။ အဲဒီလိုေတာ့ သိပ္မျဖစ္ႏိုင္ဘူးဗ်။ မ်ားေသာအားျဖင့္ ဒီလိုေငြေၾကးစနစ္တစ္ခုကို တည္ေဆာက္လိုက္ၿပီ ဆိုရင္ေတာ့ ေျပာင္းလဲရခက္တယ္။ ၿပီးေတာ့ၾကားထဲမွာေတာ့ တခ်ိဳ႕ေသာ အဆင္မေျပမႈေတြ၊ အခက္အခဲေတြ ႀကဳံေကာင္းႀကဳံႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒါေတြကိုေတာ့ ကြၽန္ေတာ္တို႔ေက်ာ္လႊားဖို႔လိုတာေပါ့ေနာ္။ ဥပမာ- ေျပာရမယ္ဆိုရင္ ေဒၚလာကို ကြၽန္ေတာ္တို႔မွီခိုေနရသလိုေပါ့ေနာ္။ အေမရိကန္က ေဒၚလာေတြ ပိုၿပီးေတာ့ ပုံႏွိပ္ ထုတ္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ကေသာင္းကနင္းေတြျဖစ္တယ္။ အဲဒီလိုျဖစ္လို႔ ကြၽန္ေတာ္တို႔ေတြ ေဒၚလာ မသုံးေတာ့ဘူးဆိုၿပီးလည္း လုပ္လို႔မရဘူး။ စီးပြားေရးစနစ္ႀကီးတစ္ခုက တစ္ခုနဲ႔တစ္ခုခ်ိတ္ဆက္ေနတယ္။ သူတို႔က ဘက္ေပါင္းစုံနဲ႔ခ်ိတ္ဆက္မိသြားတဲ့အတြက္ စလိုက္တဲ့ကိစၥကို လြယ္လြယ္ကူကူနဲ႔ ျပန္ေနာက္ဆုတ္စရာ မရွိဘူး။ မ်ားေသာအားျဖင့္ ေရွ႕ကိုဆက္တိုးဖို႔ပဲရွိတယ္။

ေမး ။ ။ ဟုတ္ကဲ့ဆရာေရ ေမးျမန္းရင္းနဲ႔မိနစ္လည္းၾကာခဲ့ၿပီဆိုေတာ့ ယြမ္-က်ပ္ တိုက္႐ိုက္ကုန္သြယ္ျခင္းရဲ႕ ေနာက္ကြယ္မွာ ကြၽန္ေတာ္တို႔ မျမင္ႏိုင္တဲ့ ႏိုင္ငံေရးအေၾကာင္းတရားေတြရွိလား ဆိုတာနဲ႔ ဆရာရဲ႕သုံးသပ္ခ်က္ အေနနဲ႔ေရာ ဘာေတြရွိမလဲ။ ေနာက္ဆုံးသုံးသပ္ခ်က္ေလးေပါ့။
ေျဖ ။ ။ ကြၽန္ေတာ္တို႔က တကယ္ေတာ့ အခုျမန္မာျပည္သူလူထုေတြရဲ႕အက်င့္တစ္ခုက ဘာလဲဆိုေတာ့ ကိစၥ ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္။ အဓိကကေတာ့ ႏိုင္ငံေရးကိစၥေတြကို စီပြားေရးရႈ႕ေထာင္ကေန အကဲျဖတ္ၿပီးေတာ့ စဥ္းစားၾကတယ္။ စီးပြားေရးျပႆနာေတြကိုေတာ့ ႏိုင္ငံေရးရႈေထာင့္ကေန စဥ္းစားၾကတယ္။ တကယ္ေတာ့ ႏိုင္ငံေရးဟာ ႏိုင္ငံေရးပဲ။ စီးပြားေရးက စီးပြားေရးပဲ။ ဒီႏွစ္ခုဟာ ဆက္စပ္မႈရွိေပမယ့္ မတူညီတဲ့ က႑ႏွစ္ခုျဖစ္ တယ္။ အဲဒီေတာ့ ႏိုင္ငံေရးကိစၥကို စီးပြားေရးနဲ႔မညႇိသင့္သလို စီးပြားေရးကိစၥကိုလည္း ႏိုင္ငံေရးနဲ႔မညႇိသင့္ဘူး။ အခု ယြမ္ကိစၥကိုလည္း စီးပြားေရးရႈ႕ေထာင္ကေနပဲ ၾကည့္သင့္တယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ျမန္မာေတြ ေျပာေနၾကတာ တစ္ဖက္ႏိုင္ငံကပဲ အက်ိဳးရွိတာတို႔၊ ဘာတို႔ဆိုတာေတြ၊ တစ္ဖက္ႏိုင္ငံက သူ႔အက်ိဳးပဲသူၾကည့္ တယ္ဆိုတဲ့စကားမ်ိဳးေတြေပါ့ေနာ္။ ကြၽန္ေတာ္တို႔တကယ္ေတာ့ ဒါက ႏိုင္ငံတိုင္းကလည္း ကိုယ့္ႏိုင္ငံအက်ိဳး ကို ပဲၾကည့္ၾကတာ မွန္ပါတယ္။ ျမန္မာႏိုင္ငံကလည္း ကိုယ့္ႏိုင္ငံအက်ိဳးကိုပဲ ၾကည့္တာေပါ့ေနာ္။ အခုလိုႏွစ္ႏိုင္ငံက သေဘာတူညီခ်က္ခ်လိုက္ၿပီဆိုရင္ ဆိုလိုတာက ႏွစ္ႏိုင္ငံအစိုးရက ႏွစ္ဖက္စလုံးအက်ိဳးရွိတယ္လို႔ ယူဆလို႔ ဒီကိစၥကိုလုပ္ၾကတာေပါ့ေနာ္။ အဲဒီေတာ့ ဒီယြမ္ကိစၥကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ တ႐ုတ္-ျမန္မာစီးပြားေရး တိုးတက္လာၿပီးေတာ့ စနစ္က်လာဖို႔ပဲ ရွိတယ္လို႔ပဲ သုံးသပ္ပါရေစေပါ့ေနာ္။

ေမး ။ ။ ေနာက္ထပ္ ထပ္သိခ်င္တာက Geo politics (ပထဝီႏိုင္ငံေရး) ၿပိဳင္ပြဲႀကီးအတြက္ အေကာင္းဆုံးတစ္ခုအျဖစ္ ဒီယြမ္နဲ႔ က်ပ္ကို ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြက စၿပီးေတာ့ ပုံႏွိပ္႐ိုက္လိုက္တဲ့ သေဘာလို႔ ေျပာလို႔ရမလား။
ေျဖ ။ ။ ဒီကိစၥကို ကြၽန္ေတာ္တို႔က အရာရာတိုင္းကို ႏိုင္ငံေရးအျဖစ္ အဲဒီလိုမရႈ႕ျမင္သင့္သလိုေပါ့ေနာ္။ အရာရာ တိုင္းကိုလည္း စီးပြားေရးအျဖစ္ မရႈ႕ျမင္သင့္ဘူး။ ဒါကေတာ့ စီးပြားေရးပါပဲ။ Geo politics လို႔ေျပာေနမယ့္အစား ကြၽန္ေတာ္က တကယ္လက္ေတြ႕မွာက ဒီလိုေတြလိုအပ္ေနတယ္။ ကြၽန္ေတာ္တို႔အစပိုင္းမွာ ေျပာခဲ့သလိုပဲ ျမန္မာျပည္သူလူထုေတြက ႏွစ္ေပါင္းဆယ္စုႏွစ္မကရွိပါၿပီ။ ေတာက္ေလွ်ာက္ကို တ႐ုတ္နဲ႔ကုန္သြယ္ေရး လုပ္လာခဲ့တာကေတာ့ တ႐ုတ္ေငြ နဲ႔ပဲလုပ္ေနတာပဲ။ အခုက ဘာကြာသြားလည္းဆိုေတာ့ တရားဝင္မႈနဲ႔ တရားမဝင္မႈပဲ ကြာတယ္။ အရင္က ကြၽန္ေတာ္တိုပက တရားမဝင္မႈနဲ႔ တ႐ုတ္ေငြလဲလွယ္မႈေတြလုပ္ေနတယ္။ အခုကေတာ့ တရားဝင္ျဖစ္သြားတယ္။ ဒီလိုပဲ လြယ္လြယ္ကူကူ သုံးသပ္ခ်င္ပါတယ္ဗ်ာ။

ဟုတ္ကဲ့ အခုလိုအခ်ိန္ေပးေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.