နောင်ချိုမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ အလေးချိန် (၂)ပိဿာကျော်ရှိ ရွှေထည်ပစ္စည်းများလုယက်ခံရမှုဖြစ်ပွား

853

NP News - ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဇန် နဝါရီလ ၂၅ ရက်၌ ရွှေဆိုင်တစ်ဆိုင်အား လက်နက် ကိုင်အမျိုးသား (၅) ဦးကသေနတ်ဖြင့် ပစ်ခတ်ခြိမ်း ခြောက်၍ အလေးချိန် (၂) ပိဿာကျော်ရှိ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့် ဘွေး ကျေးရွာ၊ အမှတ်(၄)ရပ်ကွက်၊ မန္တလေး-မူဆယ်ကားလမ်းဘေးရှိ ဦးကျော်ဇော်လင်း (ခ) ဇော်လင်းဦး ပိုင်ဆိုင်သည့် “ကျော်ဇောလင်း”ရွှေဆိုင်၌ ဇန်နဝါရီ လ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အရောင်းဝန်ထမ်း ဒေါ်စုစု(၄၄)နှစ် နှင့် မခြူးစံ (စိစစ်ဆဲ)တို့သည် ဆိုင်ကောင်တာတွင် ရှိနေပြီး ကျန်ဝန်ထမ်း (၄) ဦးမှာ ဆိုင်ရှိထမင်းစားခန်းအ တွင်း ထမင်းစားလျက်ရှိနေစဉ် ဆိုင်ရှေ့သို့ WISH အ မျိုးအစားမော်တော်ယာဉ် (၁)စီးဖြင့် Maskအမဲရောင် တပ်ဆင်ထားသည့် အမျိုးသား (၅) ဦးရောက်ရှိလာပြီး အမျိုးသား (၁) ဦးမှာ ၎င်းယာဉ်ပေါ်တွင် အသင့်စောင့်နေကြောင်း၊ ကျန်အမျိုးသား (၄) ဦးတို့မှာပစ္စတိုသေနတ် (၁) လက်နှင့် တုတ်/ဓားများကိုင်ဆောင် ၍ ဆိုင်အတွင်းသို့ဝင်ရောက်လာပြီး သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ကာ ဆိုင်ကောင်တာတွင်ရှိနေသူ အရောင်းဝန်ထမ်း ဒေါ်စုစုနှင့် မခြူးစံတို့ (၂) ဦးအား ထိုင်ခိုင်း၍ ရွှေကောင်တာအတွင်းရှိ ရွှေဆွဲကြိုး (၂၂၁) ကုံး၊ အလေးချိန် ၁၅၁ ကျပ် ၄ ပဲ၊ ရွေလက် ကောက် (၅၉) ကွင်း၊ အလေးချိန် ၂၂ ကျပ် ၈ ပဲ၊ ရွှေဆွဲသီး (၁၄၅) ခု၊ အလေးချိန် ၃၁ ကျပ် ၈ ပဲ၊ ရွှေဟန်းချိန်း (၁၆) ခု၊ အလေးချိန် ၁၆ ကျပ် ၄ ပဲ၊ ရွှေဆံကုတ် (၁) ခု၊ အလေးချိန် ၃ ပဲ၊ စုစုပေါင်းရွှေထည်ပစ္စည်းမျိုးစုံ (အလေးချိန် ၂ ပိဿာ ၂၁ ကျပ်သား၊ တန်ဖိုးငွေကျပ်သိန်း ၃၇၆ဝ ကျော်)အား ကျောပိုးအိတ်အတွင်းထည့်၍ လုယက်ယူဆောင်ကာ နောင်ချိုမြို့ဘက်သို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက ဇန်နဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင်လည်း ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်၌ မြို့ထဲရှိဝိန့်လီရွှေဆိုင်သို့ လက်နက်ကိုင် အမျိုးသား (၄) ဦးက ဆိုင်ကယ် (၂) စီးဖြင့် ရောက်လာကာ ရွှေထည်ပစ္စည်းများ ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့သေးသည်။

zawgyi version
ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ေ႐ႊဆိုင္တစ္ဆိုင္မွ အေလးခ်ိန္ (၂) ပိႆာေက်ာ္ရွိ ေ႐ႊထည္ပစၥည္းမ်ားလုယက္ခံရမႈျဖစ္ပြား
NP News - ဇန္နဝါရီ ၂၇
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ ဇန္ နဝါရီလ ၂၅ ရက္၌ ေ႐ႊဆိုင္တစ္ဆိုင္အား လက္နက္ ကိုင္အမ်ိဳးသား (၅) ဦးကေသနတ္ျဖင့္ ပစ္ခတ္ၿခိမ္း ေျခာက္၍ အေလးခ်ိန္ (၂) ပိႆာေက်ာ္ရွိ ေ႐ႊထည္ပစၥည္းမ်ား လုယက္ယူေဆာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ဘန႔္ ေဘြး ေက်း႐ြာ၊ အမွတ္(၄)ရပ္ကြက္၊ မႏၲေလး-မူဆယ္ကားလမ္းေဘးရွိ ဦးေက်ာ္ေဇာ္လင္း (ခ) ေဇာ္လင္းဦး ပိုင္ဆိုင္သည့္ “ေက်ာ္ေဇာလင္း”ေ႐ႊဆိုင္၌ ဇန္နဝါရီ လ ၂၅ ရက္၊ မြန္းလြဲ ၂ နာရီခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ အေရာင္းဝန္ထမ္း ေဒၚစုစု(၄၄)ႏွစ္ ႏွင့္ မျခဴးစံ (စိစစ္ဆဲ)တို႔သည္ ဆိုင္ေကာင္တာတြင္ ရွိေနၿပီး က်န္ဝန္ထမ္း (၄) ဦးမွာ ဆိုင္ရွိထမင္းစားခန္းအ တြင္း ထမင္းစားလ်က္ရွိေနစဥ္ ဆိုင္ေရွ႕သို႔ WISH အ မ်ိဳးအစားေမာ္ေတာ္ယာဥ္ (၁)စီးျဖင့္ Maskအမဲေရာင္ တပ္ဆင္ထားသည့္ အမ်ိဳးသား (၅) ဦးေရာက္ရွိလာၿပီး အမ်ိဳးသား (၁) ဦးမွာ ၎ယာဥ္ေပၚတြင္ အသင့္ေစာင့္ေနေၾကာင္း၊ က်န္အမ်ိဳးသား (၄) ဦးတို႔မွာပစၥတိုေသနတ္ (၁) လက္ႏွင့္ တုတ္/ဓားမ်ားကိုင္ေဆာင္ ၍ ဆိုင္အတြင္းသို႔ဝင္ေရာက္လာၿပီး ေသနတ္ျဖင့္ ေျခာက္လွန႔္ပစ္ခတ္ကာ ဆိုင္ေကာင္တာတြင္ရွိေနသူ အေရာင္းဝန္ထမ္း ေဒၚစုစုႏွင့္ မျခဴးစံတို႔ (၂) ဦးအား ထိုင္ခိုင္း၍ ေ႐ႊေကာင္တာအတြင္းရွိ ေ႐ႊဆြဲႀကိဳး (၂၂၁) ကုံး၊ အေလးခ်ိန္ ၁၅၁ က်ပ္ ၄ ပဲ၊ ေ႐ြလက္ ေကာက္ (၅၉) ကြင္း၊ အေလးခ်ိန္ ၂၂ က်ပ္ ၈ ပဲ၊ ေ႐ႊဆြဲသီး (၁၄၅) ခု၊ အေလးခ်ိန္ ၃၁ က်ပ္ ၈ ပဲ၊ ေ႐ႊဟန္းခ်ိန္း (၁၆) ခု၊ အေလးခ်ိန္ ၁၆ က်ပ္ ၄ ပဲ၊ ေ႐ႊဆံကုတ္ (၁) ခု၊ အေလးခ်ိန္ ၃ ပဲ၊ စုစုေပါင္းေ႐ႊထည္ပစၥည္းမ်ိဳးစုံ (အေလးခ်ိန္ ၂ ပိႆာ ၂၁ က်ပ္သား၊ တန္ဖိုးေငြက်ပ္သိန္း ၃၇၆ဝ ေက်ာ္)အား ေက်ာပိုးအိတ္အတြင္းထည့္၍ လုယက္ယူေဆာင္ကာ ေနာင္ခ်ိဳၿမိဳ႕ဘက္သို႔ ေမာ္ေတာ္ယာဥ္ျဖင့္ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရးက ဇန္နဝါရီလ ၂၆ ရက္တြင္ ထုတ္ျပန္ခဲ့သည္။
မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္လည္း ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၈ ရက္၌ ၿမိဳ႕ထဲရွိဝိန႔္လီေ႐ႊဆိုင္သို႔ လက္နက္ကိုင္ အမ်ိဳးသား (၄) ဦးက ဆိုင္ကယ္ (၂) စီးျဖင့္ ေရာက္လာကာ ေ႐ႊထည္ပစၥည္းမ်ား ဓားျပတိုက္ လုယက္ယူေဆာင္သြားခဲ့မႈျဖစ္ပြားခဲ့ေသးသည္။